မန္တလေးတိုင်းအတွင်းက ပုပ္ပါး-တောင်သာလမ်းကို ပြည်သူတွေအနေနဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာတာမလုပ်ဖို့ Popa Guerilla Force(PGF) က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ရေးအရှိန်မြှင့်မှာကြောင့် ညဘက်မှာ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ထုတ်ပြန်တာလို့ Popa Guerilla Force(PGF) တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။ “စစ်ကောင်စီက အဓိက ညဘက်တွေမှာ စစ်ရေးလှုပ်ရှားလာတာတွေရှိတယ်။ ခရီးသည်တင်ကားတွေနဲ့ လိုက်လာတာတွေရှိတယ်။ ညဘက်တွေမှာ ပေါ်တာဆွဲတာတွေရှိတယ်။ အဲဒါကြောင့် ပြည်သူတွေက အပြင်မထွက်ရဲကြဘူး။ ကျွန်တော်တို့က စစ်ရေးအရှိန်မြှင့်မှာကြောင့် ညဘက်မထွက်ဖို့ ထုတ်ပြန်တာဖြစ်တယ်” ညဘက်မှာ ပြည်သူတွေမသွားလာရင် စစ်ရေးဖော်ဆောင်မှုတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာအောင် လုပ်နိုင်မယ်လို့လည်း ရဲဘော်ဗျတ္တက ပြောပါတယ်။ ကျန်းမာရေးကိစ္စအပါအဝင်…
ကြို့ပင်ကောက်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ ကိုမိုးကြိုးလေးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ဂွေးကောင်းပင်ရွာ အုပ်ချုပ်ရေးမှူး ကံမြင့်ကို သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်စဉ် ကံမြင့်…
တော်လှန်ရေးကာလတလျှောက် တိုက်ပွဲငြိမ်သက်နေခဲ့သည့် ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာ နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလက တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။ အထူးသဖြင့် အာရက္ခတပ်တော် AA ဟာ ဂွမြို့သိမ်းတိုက်ပွဲအပြီး ဧရာ၀တီတိုင်းနယ်စပ်အထိ ရောက်ရှိလာကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ နွေဦးတော်လှန်ရေးကာလတွေမှာ နိုင်ငံတစ်ဝန်း အငြိမ်သက်ဆုံးဖြစ်ခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေဟာ သာပေါင်းမြို့နယ်၊ ရခိုင်ရိုးမအစပ်က ငါးသိုင်းချောင်းအနီးနဲ့ ကမ်းရိုးတမ်းဒေသ ငွေသောင်ယံနဲ့…
သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ ရွှေလုပ်ကွက်နေရာတွေ စစ်တပ်ကလေကြောင်းတိုက်ခိုက် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို ရွှေလုပ်ကွက်နေရာတွေကိုလည်း စစ်တပ်ကလေကြောင်းတိုက်တာတွေ ပြုလုပ်နေတယ်လို့ဒေသခံတွေဆီက ပြောပါတယ်။ ဇန်နဝါရီ ၂၂ ရက်က ချောင်းကြီးကျေးရွာအနီးက ရွှေလုပ်ကွက်ထဲကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူတစ်ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့မနက်ပိုင်းကလည်း သပိတ်ကျင်းမြို့နယ်ထဲကနေရာကို စစ်တပ်ကထပ်မံလေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒီနေ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်မှုတော့ မသိရသေးပါဘူး။ သပိတ်ကျင်းမြို့နယ်အတွင်း အခုလိုလေကြောင်းတိုက်ခိုက်မှုတွေကို စစ်တပ်က မကြာခဏပြုလုပ်လေ့ရှိပြီး လူသေဆုံးမှုတွေလည်းများပြားခဲ့ပါတယ်။ လက်ရှိမှာ သပိတ်ကျင်းမြို့နယ်က တွင်းငယ်ကျေးရွာအနီးနဲ့ (၇)မိုင်ဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေရှိနေဆဲဖြစ်တာမို့ တော်လှန်ရေးတပ်တွေကို သက်ဆိုင်ရာက အင်တာဗျူးဖြေဆိုခွင့် ပိတ်ထားတယ်လို့လည်းသိရပါတယ်။ ၂၀၂၄ ဒီဇင်ဘာ၂ ရက် ညပိုင်းကလည်း သပိတ်ကျင်းမြို့နယ်က ချောင်းကြီးကျေးရွာကို…
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ရှိသော ဓညဝတီရေတပ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်းများအားလုံးကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ မြို့အနီးရှိ အမှတ်(၃၂) ရဲတပ်ရင်း၊ တောင်မော်ကြီးရေတပ်ဌာနခွဲ၊ ကျောက်တလုံးဘုရားအနီးရှိ ခမရ (၅၄၂)၊ ဂုံးချွိန်ရွာအနီးရှိ ခမရ (၅၄၃)၊ ခလရ (၃၄) တို့ကို ပိတ်ဆို့ထားနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ “အာရက္ခတပ်တော်(AA)က စစ်ကောင်စီရဲ့တပ်တွေ ဓညဝတီရေတပ်ဌာနချုပ်ကိုရော၊ကျန်တဲ့တပ်ရင်း နှစ်ရင်းကိုရော ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားပြီးပြီ။မနေ့ကတုန်းဆိုသစ်ပုတ်တောင် ဓညဝတီရေတပ်စခန်းဌာနချုပ်ကနေလက်နက်ကြီးနဲ့ပစ်တယ်။လက်နက်ကြီးနဲ့ပစ်တဲ့အချိန်မှာ အာရက္ခတပ်တော်(AA)ဘက်က ကောင်တာပြန်ပစ်လို့ သူတို့လက်နက်ကြီးနေရာရွှေ့ရတယ်ဆိုတဲ့တပ်တွင်းသတင်းအရင်းအမြစ်တွေဆီကနေကျွန်တော်တို့ ချက်ချင်းရတယ်”ဟု ၎င်းက ပြောသည်။ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်(AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီး ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့)တွင် အာရက္ခတပ်တော်(AA) က သစ်ပုတ်တောင်လမ်းခွဲတွင်…