အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့် ပညာတော်သင်ဆု(Diversity and Inclusion Scholarship)အတွက် ဒေါ်လာ ၄၅ သန်းကို မနေ့က(ဇန်နဝါရီ ၂၉ ရက်)ပိတ်ပင်လိုက်ပါတယ်။ သမ္မတဒေါ်နယ်ထရန့်ဟာ ‘The Laken Riley Act’ကို လက်မှတ်ထိုးပြဋ္ဌာန်းကြောင်း ကြေညာရာမှာ မြန်မာနိုင်ငံအတွက် ပေးအပ်ထားတဲ့ ဒေါ်လာ ၄၅ သန်းကိုလည်း ပိတ်ဆို့လိုက်ကြောင်း ထုတ်ဖော်ကြေညာခဲ့တာပါ။ “မြန်မာနိုင်ငံမှာ မတူကွဲပြားမှုဆိုင်ရာပညာတော်သင်ဆုအတွက် ဒေါ်လာ ၄၅ သန်းကို ကျွန်တော်တို့ ကတိပြုပေးအပ်ခဲ့ပါတယ်။ ဒေါ်လာ ၄၅ သန်းဆိုတာ တော်တော်များပြားတဲ့ ပမာဏပါ။ ဒီငွေကြေးတွေ ဘယ်ရောက်သွားမလဲဆိုတာ ခင်ဗျားတို့တွေ တွေးကြည့်နိုင်ပါတယ်။ ဒီငွေကြေးတွေကို တကယ်အကျိုးရှိတဲ့ သင့်တော်တဲ့နေရာတွေမှာ စီးဆင်းသွားစေဖို့ကျွန်တော်တို့အမြန်ဆုံး လုပ်ဆောင်သွားမှာပါ” လို့ အမေရိကန်သမ္မတ ထရန့်က ပြောပါတယ်။ မတူကွဲပြားမှုနဲ့…
ထားဝယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ၂ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာရှိ ရွှေဂူ စစ်တပ် ဂိတ်စခန်းနှင့် စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၅ နာရီ ဝန်းကျင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို…
အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲတွေမှာ အသုံးပြုနေတဲ့ ဗုံးသီးတွေ ၊ မိုင်းတွေမှာ ဗုဒ္ဓဘာသာဝင်တွေ ရွတ်ဆိုပူဇော်လေ့ရှိတဲ့ ပဋ္ဌာန်းစာသားတွေကို ကပ်ပြီးတော့ အသုံးပြုနေတယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Bay News – ABN က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ Arakan Bay News – ABN က ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာ အကြမ်းဖက်စစ်အုပ်စုက လက်ပစ်ဗုံးတွေ ၊ မြေမြှပ်မိုင်းတွေ ၊ ဒုံးကျည် တွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ထားတာကို တွေ့မြင်ရပါတယ်။ အာရက္ခတပ်တော် (AA) က ရက္ခိုင်ပြည်မှာ ၁၄ မြို့ နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့အပါအဝင် မြို့ပေါင်း ၁၃ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။ ရက္ခိုင်ပြည်မှာ တိုက်ခိုက်သိမ်းပိုက်ဖို့အတွက်…
စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံး မကွေးတိုင်း ၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက စလင်းမြို့နယ်၊ ဆင်းကျုံးကျေးရွာထိပ်ရှိအကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးခန့်ဖြင့် တပ်စွဲပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နံနက် ၆ နာရီခန့်တွင် တစ်ကြိမ်၊ ၈ နာရီခန့်တွင် တစ်ကြိမ်နှင့် ၉ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်…
ပဲခူးတိုင်းနှင့်ရခိုင်အစပ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်၊ သာယာဝတီတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ ပဲခူးတိုင်းနှင့်ရခိုင်အစပ် ပန်းတောင်းမြို့နယ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်တိုးချဲ့နေပြီး ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသ သတင်းရင်းမြစ်များက ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ပြည်မြို့နှင့် ဥသျှစ်ပင်မြို့ဘက်မှ စစ်ကား ၂၅ စီးထက်မနည်း အင်အားအပြည့်ဖြင့် ပန်းတောင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာသို့ ဝင်ရောက်လာကြောင်း ၊ အဆိုပါ စစ်ကောင်စီ တပ်သားများသည် ညောင်ခြေတောက်ရွာရှိ ကပစ ၆ နှင့်…