မန္တလေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းတွေဆီကစုံစမ်းသိရပါတယ်။ မန္တလေးနန်းတွင်းရဲ့အရှေ့ဘက် ၆၆ လမ်းကနေ ၅၆ လမ်းအထိ၊အနောက်ဘက်လမ်း၈၀ကနေ လမ်း ၉၀ အထိ၊တောင်ဘက် ၂၆ လမ်းကနေ ၃၅ လမ်းအထိ၊မြောက်ဘက်၁၂ လမ်းကနေ ၅ လမ်းအထိ အထပ်မြင့်တိုက်ဆောက်လုပ်ခွင့်ကန့်သတ်ထားတာပါ။ မန္တလေးမြို့ရဲ့လမ်းတွေဟာ မြောက်ဘက်မြို့အဝင်ကို ၁ လမ်းအဖြစ်သတ်မှတ်ပြီးတောင်ဘက်ကို အစဥ်လိုက်နံပါတ်စဥ်ကြီးသွားတာပါ။ အလားတူ မြို့အရှေ့ဘက်မှာလည်း မြို့ပတ်လမ်း၊ ၅၁ လမ်းကနေ အနောက်(ဧရာဝတီမြစ်ဘက်)ကို ၅၂၊ ၅၃ အလိုက် နံပါတ်စဥ်ကြီးသွားတာပါ။ လက်ရှိအထပ်မြင့်အဆောက်အဦး ဆောက်လုပ်ခွင့်ပိတ်လိုက်တဲ့ လမ်းနံပါတ်တွေကိုကြည့်မယ်ဆိုရင် မြို့ရဲ့အဓိကအချက်အချာကျတဲ့နေရာတွေအားလုံးကို ပိတ်ထားတာဖြစ်ပြီး ကျုံးအရှေ့ဘက်နဲ့အနောက်ဘက်ဆိုရင် မြို့ပတ်လမ်းဘေးတွေသာ အဆောက်အဦးဆောက်လုပ်ခွင့်ရတော့မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလုပ်ငန်းစဥ်ကို သိတဲ့ ရင်းမြစ်တဦးဆီ မေးကြည့်တဲ့အခါ “ဟုတ်တယ်။ဘယ်နေ့အထိပိတ်မယ်မသိဘူး “လို့ပြောပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့အကြိမ်ကြိမ်ပစ်ခတ်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်ကတော့…
တခြားမြို့၊ရွာတွေက စျေးသည်စျေးဝယ်တွေလည်း မုံရွာမြို့ပေါ် မသွားလာရဲ စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ စစ်အုပ်စုက တွေ့သမျှလူကို ပေါ်တာဆွဲ ဖမ်းဆီးကာ အသေခံ စစ်သားသစ်အဖြစ် စုဆောင်းနေလို့ ပြည်သူတွေ အိမ်အပြင်ထွက် သွားလာတာတွေ မလုပ်ဝံ့တော့ဘဲ စျေးတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုဟာ ဇန်နဝါရီလ ၂၅ ရက်က စလို့ မုံရွာမြို့မှာ တွေ့သမျှလူကို ပေါ်တာဆွဲ ဖမ်းဆီးကာ အသေခံ စစ်သားသစ် အဖြစ် စုဆောင်းနေတာလို့ ဆိုပါတယ်။ လက်ရှိမှာ ပေါ်တာဆွဲခံရမှာ ကြောက်ရွံ့ကြတာကြောင့် မုံရွာမြို့ရဲ့ စီးပွားကူးသန်း ရောင်းဝယ်ကြသူတွေ အသွားအလာ မလုပ်ဝံ့ကြဘဲ မြို့တွင်း လမ်းသွားလမ်းလာ ကင်းမဲ့ကာ ခြောက်ကပ် တိတ်ဆိတ်နေသလို စျေးတွေလည်း ပိတ်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မုံရွာမြို့…
သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း သာပေါင်းမြို့နယ်ရဲစခန်းမှ ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူးသည် သစ်ဖြူကျေး ရွာအုပ်စုရှိ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန်သွားရော်ကစဉ် စနိုက်ပါဖြင့် ပစ် ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၊ သာပေါင်းမြို့နယ်အတွင်းတွင် AA တပ်တချို့ ရောက်ရှိနေပြီး AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း၊ သစ်ဖြူကျေးရွာ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန် ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး…
ရခိုင်-ပဲခူး နယ်ခြားဂိတ်စခန်းဖြစ်တဲ့ မိုးထိတောင် စခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာပြင်းထန်ရရှိထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သေဆုံးသွားတဲ့ သူတွေကို ဉသျှစ်ပင်မြို့ကို ဇန်နဝါရီ ၂၇၊ ၂၈ ရက်တွေမှာ ကားတွေနဲ့ တင်ဆောင်ပြောင်းရွှေ့နေတယ်လို့ သတင်းရရှိပါတယ်။ မိုးထိတောင် တိုက်ပွဲက နောက်ဆုတ်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးနဲ့ ချင်းကုန်းအမြှောက်စခန်း မှာ စခန်းချဆေးကုနေပြီး သေဆုံးသူတွေလည်းရှိနေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ “ညောင်ကျိုးစခန်းကို ရိက္ခာ နဲ့ စစ်ကူ လာပို့တဲ့ ကားတွေနဲ့ အလောင်းတွေ၊ ဒဏ်ရာပြင်းတဲ့ သူတွေကို ပြန်တင်သွားတယ်၊ သေတဲ့လူတွေကတော့ ဉသျှစ်ပင်မှာ သဂြိုလ်တယ်လို့ ကြားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ပြန်လည်တင်ဆောင်သွားတဲ့ ဒဏ်ရာရရှိသူနဲ့ သေဆုံးသူအရေအတွက်ဟာ ၁၀၀ ကျော်ရှိနေပြီး အဲ့ဒီလူတွေကို ဉသျှစ်ပင်မြို့မှာ ညအချိန်တွေ မြေမြုပ်သဂြိုလ်နေရတယ်လို့ သတင်းရင်းမြစ်တွေက…
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဥ်အန္တရယ်ကင်းရှင်းရေးတွေ ပြုလုပ်နေပါတယ်။ အဲဒီအာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ပြည်သူတွေဝင်ရောက်နေတဲ့အချိန်မှစလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူတွေအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ ပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေက ယာဥ်အသွားအလာများတဲ့ လမ်းတွေမှာ အာရက္ခစစ်သည်တော်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက အာရက္ခပြည်သူလူထူတွေယာဥ်အန္တရာယ်မဖြစ်စေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေက ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊မိတ်သိုင်းကြိုးတပ်ရန်နဲ့ ဆိုင်ကယ်တစီးမှာ လူနှစ်ယောက်ထက်ပိုမစီးရန် စတဲ့စည်းကမ်းချက်တွေကို လမ်းသွားလမ်းလာတွေလိုက်နာဖို့ သတိပေးနှိုးဆော်နေပြီး နောက်ထပ်စည်းကမ်းချိုးဖောက်ခဲ့ရင် အပြစ်ဒဏ်ပေးသွားမယ်လို့ဆိုပါတယ်။ အဲဒီစည်းကမ်းချက်ဆိုင်းဘုတ်တွေကို လမ်းခွဆုံတွေ၊အဝေးပြေးကားလမ်းမတွေမှာ ထောင်ထားပြီး သတိပေးနှိုးဆော်နေတာဖြစ်ပါတယ်။ ခုလိုမျိုး သတိပေးစစ်ဆေးနေတာဟာ အာရက္ခပြည်သူတွေကို ယာဥ်အန္တရာယ်တွေကြောင်းထိခိုက်ဒဏ်ရာမရစေဖို့၊ယာဥ်နဲ့ပတ်သက်ပြီးအသက်ဘေးအန္တရာယ်မဖြစ်စေတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့ကိုလည်းဆိုထားပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ…