Category: News
-

“မဲစာရင်း မှားယွင်းမှုကို လာရောက်ဖြေရှင်းတဲ့ ပြည်သူများကို မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးက ခွေးနဲ့ခိုင်းနှိုင်း ပြောဆိုခဲ့”
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ ပြည်သူများဟာ စစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှာ ထပ်မံပါဝင်နေတဲ့အတွက် ဖြေရှင်းရန် လာရောက်ခဲ့ချိန်မှာ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အချင်းများခဲ့ကြပါတယ်။ အဆိုပါ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူများကို ခွေးနဲ့နှိုင်းခိုင်း ပြောဆိုခဲ့ခြင်းကြောင့် ပြည်သူများနဲ့ အချင်းများခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ရုပ်သံ – လူမှုကွန်ရက်
-

ချောင်းဦး ရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်အုပ်စုတပ်သားတချို့ သေဆုံး
ချောင်းဦး ရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်အုပ်စုတပ်သားတချို့ သေဆုံး စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က စစ်အုပ်စုတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ မြို့မရဲစခန်းကို အောက်တိုဘာလ ၁၀ ရက်မှာ တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးဒရုန်းတွေ ပစ်ချတိုက်ခိုက်ခဲ့တာလို့ Chaung U People’Defence Force အဖွဲ့ကထုတ်ပြန်ပါတယ်။ ၆၀- မမ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ရာမှာ ရဲစခန်းအတွင်းက ပစ္စည်းသိုလှောင်ထားတဲ့ ဂိုထောင်ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဗုံးသီးကျရောက် ပေါက်ကွဲတာကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ၊ တစ်ဦးဒဏ်ရာရခဲ့ပြီး သေဆုံးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို Chaung U People’Defence Forceနဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မနေ့က ညပိုင်းမှာပဲ…
-

ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်တွင် လူသတ်မှု အပါအဝင် ရာဇဝတ်ပုဒ်မများစွာဖြင့် ထပ်မံ တရားစွဲ
တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းကျားဖြန့် လိမ်လည်မှုအတွက် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်တွင် လူသတ်မှု အပါအဝင် ရာဇဝတ်ပုဒ်မများစွာဖြင့် ထပ်မံ တရားစွဲ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်သော အွန်လိုင်းကျားဖြန့် လိမ်လည်မှုအတွက် ကိုးကန့်ပည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်၊ Quanzhou မြို့ တွင် လူသတ်မှုအပါအဝင် ရာဇဝတ်ပုဒ်မများစွာဖြင့် ထပ်မံ တရားစွဲလိုက်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်သော ကိုးကန့်ကို အခြေပြု၍ ကျားဖြန့်ဂိုဏ်းများ ထူထောင်၍ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်ခြင်း၊ ရာဇ၀တ်မှုများ လုပ်ဆောင်ရန် လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးချခဲခြင်းတို့အတွက် ဝေဆန်း အပါအဝင် ၃ ဦးကို တရားစွဲလိုက်ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ယမန်နေ့က…
-

ချောင်းဦးမီးထွန်းပွဲဗုံးကြဲမှု၌ ပါဝင်ပတ်သက်သူများ၏သတင်း ပေးပို့ရန် မုံရွာ ပလဖ ဖိတ်ခေါ်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ဘုံတိုကျေးရွာက သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲကို လေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ ဆက်စပ်သူတွေရဲ့ သတင်းအချက်အလက်တွေ ပေးပို့ကြဖို့ People’s Security Force – PSF (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) က ဖိတ်ခေါ်ထားပါတယ်။ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဘုံတိုရွာနားမှာ ဒေသခံပြည်သူတွေစုပေါင်းပြီး လပြည့်ညဆီမီးထွန်းပွဲတော်ပြုလုပ်နေချိန်ကို စစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိ ပါရာမိုတာနဲ့ ရက်ရက်စက်စက် လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ပါရာမိုတာ Pilot မောင်းသူတရားခံနဲ့ ဆက်စပ်တဲ့ စစ်တပ်သတင်းပေးသူတွေကို အပြစ်ပေးစီရင်နိုင်ဖို့ သူတို့တွေရဲ့ သက်ဆိုင်တဲ့သတင်းအချက်အလက်တွေကို တောင်းယူရတာဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။ ပြည်သူတွေနဲ့ တော်လှန်ရေးရေးတပ်ဖွဲ့တွေအနေနဲ့ အဲဒီဗုံးကြဲတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေရဲ့ သတင်းအချက်အလက်တွေကို People’s Security Force – PSF ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် လုံခြုံစိတ်ချစွာပေးပို့နိုင်တယ်လို့လည်း သူက…
-

နေပြည်တော်တွင် မဲစာရင်း ၁ သောင်းကျော် မှားယွင်းနေ
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ မြို့နယ် ၈ မြိုနယ်မှာ မဲစာရင်း တသောင်းကျော် ကွာဟနေတာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လျှောက်ထားနေရတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပျဉ်းမနားနဲ့ ဇမ္မူသီရိမြို့နယ်က မဲစာရင်းမှာ လက်ရှိနေထိုင်သူတွေမပါဘဲ ပြောင်းရွှေ့သွားသူတွေနဲ့ သေဆုံးသွားသူတွေ ပါနေတာကြောင့် ပုံစံ ၄ အရ ကန့်ကွက်နေရတယ်လို့ Non CDM ဝန်ထမ်းတယောက်က ပြောပါတယ်။ “ပျဉ်းမနားခရိုင်မှာ ရပ်ကျေးအုပ်ချုပ်ရေးက စာရင်းမကောက်ဘဲ အရင်စာရင်းဟောင်းကိုတွေကို ထွေအုပ်ကိုပို့၊ ထွေအုပ်ကလည်း မစိစစ်ဘဲ UEC ကိုပို့တာ။ အချို့ရပ်ကွက်တွေမှာ ဘယ်လောက်ဆိုးလဲဆိုရင် ကိုယ်စားလှယ်နာမည်တောင် မဲစာရင်းမှာမပါဘူး။ ပုံစံ ၄ အရ ကန့်ကွက်လွှာပြန်တင်၊ အစကနေ ပြန်လုပ်နေရတယ်” လို့ပြောပါတယ်။ ပုဗ္ဗသီရိနဲ့ဇေယျာသီရိမြို့နယ်မှာတော့ မဲစာရင်းကွာဟမှု ၃,၂၀၀ ကျော်ရှိပြီး ပုံစံ ၃ အရ မဲစာရင်းမှာ…