နေပြည်တော်တွင် စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ် (၅) ရပ်ကွက်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရမည့်စာရင်းတွင် ပါဝင်နေသည့် အမျိုးသားတစ်ဦးမှ မကျေနပ်၍ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ခုတ်ရာ ရာအိမ်မှူးမှဟန့်တားသဖြင့် ရာအိမ်မှူးခေါင်းကို ခုတ်မိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (-) တွင် တက်ရောက်ရန်အတွက် စာရင်းထည့်ခံထားရသူ ကိုသန့်ဇင်ဖြိုးဆိုသူမှ အုပ်ချုပ်ရေးမှူးနေအိမ်သို့ သွားရောက်၍ စာရင်းထဲပါဝင်သည်ကို မကျေနပ်ကြောင်းပြောဆိုရာ အုပ်ချုပ်ရေးမှူးနှင့် စကားများပြီး ဓားခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အုပ်ချုပ်ရေးမှူးက ရှောင်လိုက်ချိန် မှောက်လျက်လဲကျပြီး မခုတ်မိဘူး။ လဲကျတဲ့ဒဏ်ရာကြောင့် ဒူးပွန်းသွားတာ။ ဝင်လုံးတဲ့ ရာအိမ်မှူးက ခေါင်းကို အခုတ်ခံလိုက်ရတယ်။ အတွင်းလူနာနဲ့…
မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်ဖို့အင်အားအများအပြားပို့ဆောင်နေပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်နဲ့အတရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်တဲ့ Alpha ဘိလပ်မြေစက်ရုံဘက်တွေကို အင်အားပို့ဆောင်နေတယ်လို့ စုံစမ်းသိရပါတယ်။ ဒါ့အပြင် ကွန်ပျူတာတက္ကသိုလ်၊ကျောက်တံတား၊မတ္တရာမြို့တွင်းကို ဒီဇင်ဘာလနဲ့ဇန်နဝါရီလဆန်းတွေမှာ ရိက္ခာနဲ့အင်အားဖြည့်တင်းတာတွေဆက်တိုက်လုပ် ဆောင်ထားတယ်လို့ဒေသခံ တချို့ဆီကသိရပါတယ်။ အထက်မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်သလို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တည်ရှိရာမန္တလေးမြို့နဲ့ မတ္တရာမြို့ဟာ မိုင် ၂၀ ကျော်ပဲကွာဝေးတာဖြစ်ပါတယ်။ မန္တလေး PDF က ၁၀၂၇ ဒုတိယပိုင်း နဲ့ ရှမ်းမန်းစစ်ဆင်ရေးအတွင်းမှာ စဥ့်ကူးတစ်မြို့နယ်လုံးကိုသိမ်းယူသလို ၊ မတ္တရာမြို့နယ်ထဲက လေကြောင်းရန်ကာကွယ်ရေးတပ် ၊ Alpha ဘိလပ်မြေက စစ်တပ်စခန်း ၊ဆည်တော်ကြီးရဲစခန်း ၊ဖယောင်တောင် စစ်တပ်စခန်း တွေအပါအဝင် စစ်တပ်စခန်းပေါင်း ၄၀ ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားပါတယ် ။ မန္တလေး PDF သိမ်းပိုက်ထားတဲ့စခန်းအများစုဟာ မတ္တရာမြို့နယ် အရှေ့ပိုင်းက ဖြစ်ပါတယ် ။ “အဓိကက…
စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသော စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲမှ ကိုမိုးကြိုးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မုံရွာမြို့ နမခ ဌာနချုပ်မှ ထွက်လာသော မိုးကာအုပ် ကား ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် နမခ ဌာနချုပ်မှ…
ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းခိုင်းရန် နေ့ရောညပါ စစ်တပ်နှင့် သင်္ကန်းဝတ် ဝါသ၀က အတင်း အဓမ္မဖမ်းဆီးနေ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူငယ်အများအပြားကို အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းခိုင်းရန် နေ့ရောညပါအတင်းအဓမ္မ ဖမ်ဆီးခေါ်ဆောင်နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီ လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ကန့်ဘလူမြို့ပေါ်၊ အမှတ်၂ ရပ်ကွက်ရှိ ဘိလိယက်ခုံတစ်ခုတွင် ဘိလိယက်ထိုးနေသည့် လူငယ် ၇ ဦးကို စစ်တပ်လက်အောက်ခံ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး မိုးကျော်နှင့်အဖွဲ့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံပြည်သူများထံမှ သိရသည်။ “လူငယ် ၇ ဦးကို စစ်ကောင်စီရဲ့ ၆၀၀၆ တပ်ကနေ တစ်ဆင့် လေကြောင်းနဲ့ ပို့တာလို့သိရပါတယ်။…
စစ်ကောင်စီ အပါအဝင် နိုင်ငံ ၆ ခုပူးပေါင်း၍ ကျားဖြန့် နှိမ်နင်းရေး နှင့်လူကုန်ကူးခံရသူများကို ကယ်တင်ရေး “ဇင်ယော်” လှုပ် ရှားမှု ဒုတိယအပိုင်း စတင်မည်ဟု တရုတ်က ကြေညာ လက်ရှိ နာမည်ဆိုးထွက်နေသည့် နေရာမှာ BGF ခေါင်းဆောင်ဗိုလ်မှူး ကြီး စောချစ်သူ ကာကွယ်ထားသည့် မြ၀တီမြို့ ကျားဖြန့်ဇုန်နယ်မြေ ဖြစ်နေ တရုတ်က မြန်မာစစ်ကောင်စီ အပါအဝင် နိုင်ငံ ၆ ခုပူးပေါင်း၍ ကျားဖြန့်နှိမ်နင်ရေး ဇင်ယော် ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်း စတင်သွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာသည်။ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊…