Category: News

  • ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်ရှိလာပြီး စစ်တပ်ကို အနိုင်ယူနိုင်ရေး စည်းလုံးညီညွတ်မှု အရေးကြီးဟု KNDF ဒုစစ်ဦးစီးချုပ် သတိပေး

    ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်ရှိလာပြီး စစ်တပ်ကို အနိုင်ယူနိုင်ရေး စည်းလုံးညီညွတ်မှု အရေးကြီးဟု KNDF ဒုစစ်ဦးစီးချုပ် သတိပေး အောက်တိုဘာလ ၁ ရက် ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်ရှိလာပြီး စစ်တပ်ကို အနိုင်ယူနိုင်ရေး စည်းလုံးညီညွတ်မှု အရေးကြီးကြောင်း KNDF ဒုစစ်ဦးစီးချုပ်မာဝီက သတိပေးပြောဆိုလိုက်သည်။ စက်တင်ဘာလ ၂၈ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ကယား (ကရင်နီ) ရိုးရာ ဒီးကူပွဲတော်၌ အမှာစကားပြောရာတွင် ဒုစစ်ဦးစီးချုပ် မာဝီက ထိုသို့ သတိပေးပြောဆိုလာခြင်းဖြစ်သည်။ ကရင်နီပြည်တွင် စစ်တပ်စစ်ကြောင်းများက ဖရူဆိုအထိ ရောက်လာကြောင်း၊ ၂၀၂၃ ခုနစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တစ်လေးလုံးစစ်ဆင်ရေး မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ တော်လှန်ရေးတပ်များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့်…

  • ရန်ကုန်တွင် ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံး ၂ ရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

    ရန်ကုန်တွင် ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံး ၂ ရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက် မဇ္ဈိမ။ ။ ရန်ကုန်တိုင်း ဗဟန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ စသည့်မြို့နယ်များတွင် ရဲစခန်းနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံး ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ရန်ကုန်တိုင်းအတွင်း စစ်ရေးလှုပ်ရှားမှူများ ပြုလုပ်နေသည့် မြပြပြောက်ကျားတပ်များထံမှ သိရသည်။ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် (၂၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယမန်နေ့ (စက်တင် ဘာလ ၃၀ ရက်) ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ ပူးပေါင်းအဖွဲ့က ပြင်းအားနြှင့် မိုင်းတလုံး၊ လက်ပစ်ဗုံးနှစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YA တာဝန်ရှိသူက ပြောသည်။ “ အုပ်ကြီးအပါလေးယောက်…

  • တောသားတွေပေါနေလို့သာ ရပ်တည်နိုင်တာ

    “ဘယ်လိုပဲ ဖျော်ဖြေရေး လို့ ပြောပြော နိုင်ငံတနိုင်ငံရဲ့ အရည်အချင်းက အဲ့နိုင်ငံမှာ ရုံတင်နေတဲ့ ဇာတ်ကားတွေအပေါ်အများကြီး မူတည်တယ်” India ဆို အရင်က လာဘ်ပေးလာဘ်ယူမှုတွေ တအားပေါတယ် ။ အာ့တာတွေကို သူတို့အနုပညာရှင်တွေက တိုက် ထုတ်ချင်တဲ့အခါ သူတို့ဇာတ်ကားတိုင်းမှာ အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျင်ကြောင်းအမြဲပါတယ်။ အကျင့်ပျက်ခြစားတာက ရှက်စရာကောင်းမှန်း လူကြီးတွေမသိရင်တောင် သူတို့ သားသမီးတွေနားလည်ပြီး ရွံရှာတတ်အောင်သင်ပေးနေတာ။ အာ့အတွက်လည်း လက်ရှိ india မာ လာဘ်ပေးလာဘ်ယူမှု အတိုင်းတာတခုထိ ပပျောက်သွားတယ်။ Korea drama တွေမှာဆို အမြဲ တယောက်နဲ့တယောက် ယှဥ်ပြိုင်မှုတွေ ရိုးရိုးသားသားကြိုးစားမှုတွေ ကိုမြင်ရလိမ့်မယ် ။ အာ့ကြောင့်လည်း ကျောက်ဆောင်တွေပေါပြီး စိုက်ပျိုးရေးမြေမရှိလို့ အရင်က ဖုန်းဆိုးမြေကြောင့် အာလူးပဲစားခဲ့ရတဲ့ နိုင်ငံတခုက အခုထိ ယှဥ်ပြိုင်ကြိုးစားတဲ့ ဇာတ်လမ်းတွေပဲ…

  • သထုံမှာ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ

    သထုံမှာ အသက်မပြည့်သေးတဲ့သူတွေအပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ သထုံ၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီးနောက် အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၅ နာရီကျော်လောက်မှာ ကရင်လေးဆိပ်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီနောက် စစ်ကော်မရှင်တပ်ဟာ အသက် ၁၃ နှစ်အရွယ်တွေဖြစ်တဲ့ ကလေးငယ် ၅ ဦး ၊ အမျိုးသ မီး ၁၀ ဦးနဲ့အမျိုးသား ၁၅ ဦးထက်မနည်း ၊ စုစုပေါင်း ၃၀…

  • အင်တာနက်လိုင်းကျ၍ကျန်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၆၀ စာရင်း ထပ်တိုးကြေညာ

    အင်တာနက်လိုင်းကျ၍ကျန်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၆၀ စာရင်း ထပ်တိုးကြေညာ ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၅ ကိုယ်စားလှယ်လောင်းလျှောက်လွှာများ တင်သွင်းရာတွင် အင်တာနက်လိုင်းချို့ယွင်းမှုကြောင့် ကျန်နေခဲ့သူ ၆၀ ဦး စာရင်းအား ထပ်မံဖြည့်စွက်ပြီး လာမည့်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းလျှောက်ထားသူ ၅,၀၂၃ ဦးရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC)က ယမန်နေ့ရက်စွဲဖြင့် ပြင်ဆင်ကြေညာသည်။ ကျန်နေခဲ့သည့် ကိုယ်စားလှယ်လောင်းတင်သွင်းသူများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)မှ ၃၀ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ၁၀ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၆ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၄ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ)မှ ၂ ဦး၊ ပြည်သူ့ပါတီမှ ၁ ဦး၊ တိုင်းနှင့်ပြည်နယ်အလိုက် ယှဉ်ပြိုင်မည့် ၅၁ ပါတီမှ ၆ ဦးနှင့်…