Category: News

  • ပဲခူးတွင် ဆရာက ကျောင်းသားကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး ထွက်ပြေး

    ပဲခူးတွင် ဆရာက ကျောင်းသားကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး ထွက်ပြေး

    ပဲခူးမြို့နယ် အင်းတကော်မြို့မှာ လက်ထောက်မူလတန်းပြ ကျောင်းဆရာတစ်ယောက်က G7 ကျောင်းသားတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

    အင်းတကော်မြို့ နိုင်သာယာကျေးရွာ အလယ်တန်းကျောင်းခွဲက လက်ထောက်မူလတန်းပြ ကျောင်းဆရာ ဦးအောင်သူဝင်းက G7 ကျောင်းသားတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ပြီး ထွက်ပြေးနေတာလို့ ကျောင်းသားမိဘတစ်ယောက်က ပြောပါတယ်။

    “G7 က ကလေးရော၊ ကျန်တဲ့ကလေးတွေပါ လိင်ပိုင်းဆိုင်ရာကျူးလွန်တာ သိတာက ဖေဖော်ဝါရီလ အစကတည်းက၊ ကလေးတွေစာမေးပွဲဖြေပြီးအောင် စောင့်နေလို့ ၂၆ ရက်ကမှ အမှုဖွင့်တာ၊ အဲ့ဒီကျောင်းဆရာကတော့ ထွက်ပြေးသွားပြီ။”

    ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာကျူးလွန်နေတာကို ကျောင်းသား၊ ကျောင်းသူတွေက မိဘတွေကို ဖေဖော်ဝါရီ ၁၅ ရက်က ပြန်ပြောပြခဲ့လို့ ကျောင်းသားမိဘတွေ သိရတာလို့ သူက ပြောပါတယ်။

    ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာကျူးလွန်တာကို သိသွားတဲ့မိဘတွေမှာ မခံမရပ်နိုင်ဖြစ်ပြီး နိုင်သာယာကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာမကြီးကို တိုင်ကြားခဲ့ပြီးနောက် ဦးအောင်သူဝင်းမှာ ထွက်ပြေးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ကျောင်းဆရာက ငြင်းတာ။ အဲ့လိုငြင်းလို့ ကျောင်းသားတွေကို သေချာမေးတယ်၊ ညအိပ်စာသွားသင်တဲ့ ကလေးက သူ့ကို ညတိုင်းဆရာက လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ပြောလို့ အမှုဖွင့်တာ။ သူနေတဲ့ ရှမ်းကုန်းရွာမှာ သွားရှာတယ်မတွေ့ဘူး၊ ကျောင်းဘက်ကလည်း တာဝန်ကနားထားတယ်ဆိုပြီး ရှောင်ထွက်သွားတယ်။”

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း ပဲခူးမြို့ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲမှာ G5 ကနေ G8 ကျောင်းသား ၄၈ ယောက် လိင်ပိုင်းဆိုင်ရာကျူလွန်ခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး ဦးသက်ဇော်အောင်ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

  • လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ  ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရ

    လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရ

    စစ်တပ်က လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရမှု ပြည်ထဲရေးဝန်ကြီးသစ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သတိပေးခံရ

    အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ရန် အမိန့်ပေး စေခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရ ထားလမ်း ရဲကင်းစခန်း ၇ ခုကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပြည် ထဲရေးဝန်ကြီးသစ် ဒုဗိုလ် ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ရုံးက သတိပေးကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၃၁ ရက်နေ့ ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်လာသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်မှာ ပြည်ထဲရေးဝန်ကြီးလုပ်ငန်းများကို စတင်တာဝန်ယူနေစဉ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နယ်နှင့် ဖြူးမြို့နယ် အတွင်းမှ ရန်ကုန် – မန္တလေး လမ်းဟောင်းနှင့်ရထားလမ်းစောင့် ရဲကင်းစခန်း ၇ ခုကို တော်လှန်ရေးတပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

    “ရဲကင်းစခန်းတွေအတိုက်ခံရလို့ ဒုတပ်ချုပ်(စိုးဝင်း)က ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်ကို ကောင်းကောင်း ဖိအားပေးတယ်။ ဒုတိယဗိုလ်ချုပ်​ကြီးထွန်းထွန်းနောင်က ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူထားတာ ၁ လ မပြည့်သေးတော့ အောက်ကို ပြန်ဖိတယ်။ နယ်မြေခံ ရဲမှူးကြီးတွေကတော့ လုံခြုံရေး ပေါ့လျှော့မှုနဲ့ ပိုပြီးအထောင်းခံရတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

    ယခင်ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့မှာ စစ်တက္ကသိုလ် အပတ် စဉ်တူ အမှတ်စဉ် ၂၂ ကျောင်းဆင်းများဖြစ်ကြပြီး စိုးဝင်းနှင့် ရာပြည့်အကြား ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့ကြောင်း၊ သို့ရာ တွင် ရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် မင်းအောင်လှိုင်က ပြောင်းရွှေ့ပြီးနောက် ယခု အသစ်ရောက်ရှိလာသော ပြည်ထဲရေးဝန်ကြီး သစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်(DSA ၂၅) မှာမူ ဒုစစ်ခေါင်းဆောင်စိုးဝင်းနှင့် ဆက်ဆံရေး မချောမွေ့ကြောင်း သိရှိရသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရန်ကုန်နှင့်ပဲခူးဒေသ စိုးမိုးရေးအတွက် PDF တပ်များသို့ ပြောကြားသည့် တပ်ထွက် မိန့်ခွန်းကို NUG က ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တရားဝင်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ မိန့်ခွန်းကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်၍ စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်းနှင့် ပဲခူး-ရန်ကုန် တိုင်းအစပ် မြို့ အဝင်အထွက်များတွင် လုံခြုံရေးများ အထူးတိုးမြှင့်ရန် ညွှန်ကြားချက် အရေးပေါ် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

  • မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း  စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံး

    မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံး

    မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံးပြီး တော်လှန် ရေးရဲဘော် ၄ ဦးကျဆုံး

    ကရင်နီပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၄၂၂ တပ်ရင်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင် စီ၏ ခလရ ၄၂၂ တပ်ရင်းကို အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၅ ဦး သေ ဆုံးခဲ့ကြောင်း၊ ၂ တာတိုက်ခိုက်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၃ ဦး သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “၂ တာတိုက်ခိုက်မှုအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေတာပါ၊ ဒီရက်ပိုင်းတိုက်ပွဲတွေ မှာလည်း စစ်ကောင်စီတပ်သားတွေ အကျအဆုံးများပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း ၄ ဦးကျဆုံးထားပါတယ်” ဟု အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ အကြမ်းဖက် စစ်တပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ သို့သော်လည်း အကြမ်းဖက်စစ်သားများမှာ အထိနာပြီး ထိုးဖောက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ မိုးဗြဲမြို့ကို အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ၊ PDF ၊ KNDF ၊ တပ်ပေါင်းစုများက ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

  • ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့

    ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့

    အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော မင်းအောင် လှိုင်က ရုရှားနိုင်ငံသို့သွားရောက်ပြီး ယူကရိန်းကို ကျူးကျော်သူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည်

    ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့ပြီး ကမ္ဘာ့ခေါင်းဆောင်ကြီး အဖြစ်မြှောက်ပင့်ပြောဆိုခဲ့

    အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယူကရိန်းနိုင်ငံကို စတင် ကျူး ကျော်ကာ ယူကရိန်းပြည်သူများကို သတ်ဖြတ်နေသူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။

    ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်က ခရီးစဉ်အတွင်း ရုရှား စစ်ခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ၊ ရုရှားနိုင်ငံ ဝန်ကြီးချုပ် ၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ အပါအဝင် ရုရှားအစိုးရ အဖွဲ့ တာဝန်ရှိသူများနှင့်ပါ တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

    လတ်တလော စစ်ကောင်စီက တနင်္သာရီတိုင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် စီမံကိန်း စာချုပ်ကို ၉ ခုကို ရုရှားနှင့်လုပ်ကိုင်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

    မင်းအောင်လှိုင်က ၂၀၂၂ခုနှစ် စက်တင်ဘာလ ရုရှားနိုင်ငံသို့ Eastern Economic Forum အစည်းအဝေး သွားတက်စဉ် ရုရှား စစ်ခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် ဗလာဒီမာပူတင်ကို မင်းအောင်လှိုင်က လက်အုပ်ချီကန်တော့ခဲ့ကာ ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် မြှောက်ပင့်ပြောဆိုခဲ့ဖူးသည်။

    ဓာတ်ပုံ- မင်းအောင်လှိုင်က ပူတင်ကို တွေ့ဆုံစဉ် လက်အုပ်ချီကန်တော့နေခဲ့စဉ်။

  • မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်

    မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်

    စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား

    မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်းများအား လာရောက် စစ်ဆေးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ မကျီးစင်ရွာ သို့ စစ်ကား အကြီး ၅ စီး ၊ စစ်ကား အသေး ၂ စီး ဖြင့် ဆိပ်ဖြူဘက်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး ကပစ-၂၁ ကို သွယ်တန်းထားသော လျှပ်စစ်မီးတိုင်များကို လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

    ယင်းနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စလင်း (ပကဖ-ဇုန်၃) ရဲဘော်များ အပါအဝင် တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက ၂ ရက်ဆက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်၊

    ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် လက်နက်ကြီးများ ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခြင်းများပါ လုပ်ဆောင်ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “စစ်ခွေး စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၇ ကောင်ထက်မနည်း ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်။ တခြား ဒဏ်ရာရတဲ့ စစ်ခွေးတွေလည်း များတယ်။ ခွေးစစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားပြီ” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်းမြို့နယ် -ပကဖ) ၊ (ဇုန် ၃-ပကဖ) ၊ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း ၊ ဒေါင်းစစ်အောင် (LPDF) ၊ မကွေးခရိုင်အမှတ် (၂) တပ်ရင်း၊ မကွေး (ပကဖ) နှင့် မကွေးတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၄၂ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့ဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။