📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရ

—

by

in

စစ်တပ်က လုံခြုံရေးတိုးမြှင့်ခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရမှု ပြည်ထဲရေးဝန်ကြီးသစ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သတိပေးခံရ

အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ရန် အမိန့်ပေး စေခိုင်းခဲ့သည့်ကြားမှ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရ ထားလမ်း ရဲကင်းစခန်း ၇ ခုကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ပြည် ထဲရေးဝန်ကြီးသစ် ဒုဗိုလ် ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ရုံးက သတိပေးကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်လာသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်မှာ ပြည်ထဲရေးဝန်ကြီးလုပ်ငန်းများကို စတင်တာဝန်ယူနေစဉ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နယ်နှင့် ဖြူးမြို့နယ် အတွင်းမှ ရန်ကုန် – မန္တလေး လမ်းဟောင်းနှင့်ရထားလမ်းစောင့် ရဲကင်းစခန်း ၇ ခုကို တော်လှန်ရေးတပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

“ရဲကင်းစခန်းတွေအတိုက်ခံရလို့ ဒုတပ်ချုပ်(စိုးဝင်း)က ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်ကို ကောင်းကောင်း ဖိအားပေးတယ်။ ဒုတိယဗိုလ်ချုပ်​ကြီးထွန်းထွန်းနောင်က ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူထားတာ ၁ လ မပြည့်သေးတော့ အောက်ကို ပြန်ဖိတယ်။ နယ်မြေခံ ရဲမှူးကြီးတွေကတော့ လုံခြုံရေး ပေါ့လျှော့မှုနဲ့ ပိုပြီးအထောင်းခံရတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

ယခင်ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့မှာ စစ်တက္ကသိုလ် အပတ် စဉ်တူ အမှတ်စဉ် ၂၂ ကျောင်းဆင်းများဖြစ်ကြပြီး စိုးဝင်းနှင့် ရာပြည့်အကြား ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့ကြောင်း၊ သို့ရာ တွင် ရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် မင်းအောင်လှိုင်က ပြောင်းရွှေ့ပြီးနောက် ယခု အသစ်ရောက်ရှိလာသော ပြည်ထဲရေးဝန်ကြီး သစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်(DSA ၂၅) မှာမူ ဒုစစ်ခေါင်းဆောင်စိုးဝင်းနှင့် ဆက်ဆံရေး မချောမွေ့ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရန်ကုန်နှင့်ပဲခူးဒေသ စိုးမိုးရေးအတွက် PDF တပ်များသို့ ပြောကြားသည့် တပ်ထွက် မိန့်ခွန်းကို NUG က ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တရားဝင်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ မိန့်ခွန်းကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်၍ စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်းနှင့် ပဲခူး-ရန်ကုန် တိုင်းအစပ် မြို့ အဝင်အထွက်များတွင် လုံခြုံရေးများ အထူးတိုးမြှင့်ရန် ညွှန်ကြားချက် အရေးပေါ် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်