📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်

—

by

in

စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်းများအား လာရောက် စစ်ဆေးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ မကျီးစင်ရွာ သို့ စစ်ကား အကြီး ၅ စီး ၊ စစ်ကား အသေး ၂ စီး ဖြင့် ဆိပ်ဖြူဘက်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး ကပစ-၂၁ ကို သွယ်တန်းထားသော လျှပ်စစ်မီးတိုင်များကို လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စလင်း (ပကဖ-ဇုန်၃) ရဲဘော်များ အပါအဝင် တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက ၂ ရက်ဆက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်၊

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် လက်နက်ကြီးများ ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခြင်းများပါ လုပ်ဆောင်ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၇ ကောင်ထက်မနည်း ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်။ တခြား ဒဏ်ရာရတဲ့ စစ်ခွေးတွေလည်း များတယ်။ ခွေးစစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားပြီ” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်းမြို့နယ် -ပကဖ) ၊ (ဇုန် ၃-ပကဖ) ၊ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း ၊ ဒေါင်းစစ်အောင် (LPDF) ၊ မကွေးခရိုင်အမှတ် (၂) တပ်ရင်း၊ မကွေး (ပကဖ) နှင့် မကွေးတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၄၂ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့ဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်