မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံးပြီး တော်လှန် ရေးရဲဘော် ၄ ဦးကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၄၂၂ တပ်ရင်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင် စီ၏ ခလရ ၄၂၂ တပ်ရင်းကို အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၅ ဦး သေ ဆုံးခဲ့ကြောင်း၊ ၂ တာတိုက်ခိုက်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၃ ဦး သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂ တာတိုက်ခိုက်မှုအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေတာပါ၊ ဒီရက်ပိုင်းတိုက်ပွဲတွေ မှာလည်း စစ်ကောင်စီတပ်သားတွေ အကျအဆုံးများပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း ၄ ဦးကျဆုံးထားပါတယ်” ဟု အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ အကြမ်းဖက် စစ်တပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ သို့သော်လည်း အကြမ်းဖက်စစ်သားများမှာ အထိနာပြီး ထိုးဖောက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးဗြဲမြို့ကို အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ၊ PDF ၊ KNDF ၊ တပ်ပေါင်းစုများက ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *