Category: News

  • စစ်ခေါင်းဆောင် အထွတ်အမြတ်ထားသည့် ဆင်ဖြူ ၁ ကောင် သေဆုံး

    စစ်ခေါင်းဆောင် အထွတ်အမြတ်ထားသည့် ဆင်ဖြူ ၁ ကောင် သေဆုံး

    အမြတ်တနိုး မွေးမြူထားသည့် ဆင်ဖြူများကျန်းမာရွှင်လန်းကြောင်း သတင်း ထုတ်ပြန်လေ့ရှိသည့် စစ်ဗိုလ်ချုပ်များက ဆင်ဖြူတစ်ကောင် သေဆုံးသွားမှုကို သတင်းအမှောင်ချထားသည်။

    အာဏာသိမ်း စစ်ခေါင်းဆောင် အထွတ်အမြတ်ထား မွေးမြူထားသော ဆင်ဖြူတော်များအနက် ဆင်ဖြူ တစ်ကောင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က သေဆုံးသွားရာ အယူသည်းသောစစ်ဗိုလ်ချုပ်များက တိတ်တဆိတ်မြှုပ်နှံခဲ့ကြောင်း သိရသည်။

    နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီအရှေ့ဘက်မုခ်အနီး ထားရှိသော ၅၃ နှစ် အရွယ် ဆင်မကြီး ဘဒ္ဒဝတီ ထိုနေ့ နံနက် ၁၀ နာရီခန့်က လဲကျသေဆုံးခဲ့သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    “အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းဘဲ သေဆုံးသွားတာပါ။ အစားစားနေရင်းနဲ့၊ ခုတော့ ဘုရားထဲက ဆင်ဖြူတွေထားတဲ့နေရာမှာပဲ တွင်းတူးပြီးတော့ မြှုပ်နှံလိုက်ပြီ” ဟု သူက ပြောသည်။

    ဆင်မကြီး သေဆုံးသည့်သတင်းကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။

    စစ်ကောင်စီအရာကြီးတချို့ လာရောက်ပြီး အဆိုပါအဆောင်ဝင်းအတွင်း နေ့တွင်းချင်း မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

    “ဆင်ဖြူမကြီး သေတဲ့နေ့ကစပြီး ဆင်အစာရောင်းတဲ့သူတွေရော၊ အဲဒီနားက ဈေးရောင်းတဲ့သူတွေရော မရောင်းခိုင်းဘူး၊ ဘုရားကိုရော ပိတ်ထားတာ၊ မြှုပ်ပြီးသွားမှ ပြန်ဖွင့်ပေးတာ”ဟု ယင်းအမျိုးသမီးက ကာယကံရှင်များကို ကိုးကား၍ ပြောသည်။

    ဆင်မကြီးဘဒ္ဒဝတီသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှဖြစ်ပြီး နေပြည်တော်ကို ၂၀၁၀ ပြည့်နှစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မွေးဖွားခဲ့ပြီး အရပ်အမြင့် ၇ ပေ ၇ လက်မ၊ ကိုယ်လုံးပတ် ၁၁ ပေ ၈ လက်မ ရှိသည်။

    ဆင်ဖြူတော် အမတစ်ကောင် သေဆုံးခြင်းကို သတင်းထုတ်ပြန်မည်မဟုတ်ကြောင်း အမည်မဖော်လိုသူ နေပြည်တော်မှ စစ်အရာရှိတစ်ဦးက ဆိုသည်။

    စစ်တပ်ဝါဒဖြန့် အွန်လိုင်းမီဒီယာတချို့တွင် အဆိုပါဆင်မကြီး သေဆုံးခဲ့ကြောင်း ဖေဖာ်ဝါရီ ၂၄ ရက်က ဖော်ပြထားသည်။

    ဆင်အဖြူရောင်ကို တွေ့ရှိလျှင် စစ်ဗိုလ်ချုပ်များက နေပြည်တော်သို့ ခေါ်ဆောင်ထားလေ့ရှိကြသည်၊ အသက်ရှင်နေသေးသော အခြားဆင်ဖြူများမှာ နန္ဒဝတီ၊ ဟေမဝတီ၊ ငွေဆဒ္ဒန်၊ ဇာတကလျာ၊ သီရိမာလာ နှင့် ရဋ္ဌနန္ဒက တို့ ဖြစ်ကြသည်။

    ယခင်က ဥပ္ပါတသန္တိစေတီအနီး ဆင်ဖြူအထီး ၂ ကောင်၊ အမ ၅ ကောင် ရှိသည်။ ပုံမှန်ဆင်လည်း ၃ ကောင် ရှိသည်။ ယခုရက်ပိုင်း ထိုနေရာတွင် ဆင်ဖြူ ၄ ကောင်နှင့် ပုံမှန်ဆင် ၂ ကောင်သာ တွေ့ရသည်ဟု သိရသည်။

    ဆင်ဖြူ မွေးဖွားမှု၊ မွေးနေ့ပွဲများ အကြောင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ ရှိသော်လည်း ဆင်ဖြူ ၁ ကောင်သေဆုံးသည့်သတင်းကို ဖော်ပြထားခြင်း မရှိပေ။

    ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဆင်ဖြူလေး ရဋ္ဌနန္ဒ မိခင်ဆင်မကြီးနှင့်အတူ “ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း “ ထည့်သွင်းဖော်ပြခဲ့သည်။

    အဆိုပါဆင်ဖြူ၏ ၁ နှစ်ပြည့်မွေးနေ့ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့က ပြုလုပ်ခဲ့စဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့သေးသည်။

    ဆင်ဖြူကို ယခင်က ဘုရင်၏ ဘုန်းတန်ခိုးအဖြစ် ယူဆလေ့ရှိကြရာ အယူသည်းသော စစ်ကောင်စီ ဗိုလ်ချုပ်များသည်လည်း ဆင်ဖြူတို့ကို တိရိစ္ဆာန်ရုံသို့ မပို့ဘဲ ဘုရားစေတီအနီး တခမ်းတနား မွေးမြူထားလေ့ရှိသည်။

    စစ်ကောင်စီတပ်က ၂၀၂၁ တွင် အာဏာသိမ်းပြီး ဆန္ဒပြသူများကို သတ်ဖြတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်ပြီး တနိုင်ငံလုံးအနှံ့ စစ်မြေပြင်ဖြစ်နေရာ စစ်ကောင်စီသည် ထိန်းချုပ်နယ်မြေ ပမာဏ အများအပြားကို လက်လွှတ်ထားရသည်။

  • စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံး

    ထားဝယ်မြို့၊ ကြက်စားပြင်ဆိပ်ကမ်းဘောတံတားတွင် ဆိုက်ကပ်ထားသော စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံးဟုဆို

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘောတံတား၌ ဆိုက်ကပ်ထားသော စစ် တပ်စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

    ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန် ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘော တံတား၌ စစ်ကောင်စီတပ်သားတင်ဆောင်ကာ ကမ်းကပ်ထားသည့် လှေအား ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၊ အထူးပြောက်ကျားတပ်ဖွဲ့မှ RPG ဖြင့် စတင်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

    “အဲဒီစခလှေက အမြဲတမ်းကပ်ထားတာတော့မဟုတ်ဘူးဗျ။ စစ်ကူ ဒါမှမဟုတ် တစ်ခုခုကြောင့် ထွက် ဖို့ကပ်ထားတာပါ၊ ထားဝယ်မြို့ပေါ်က စခတွေပါပဲ။ အရေအတွက်ဘယ်လောက်ရှိလဲတော့ အတိအ ကျ မသိရဘူး။ ကျနော်တို့ဘက်က RPG စပစ်ပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အမှောင် ထဲကနေ အခွင့်ယူပြီးတိုက်ခိုက်ခဲ့တာမို့ အချိန်သိပ်မကြာလိုက်ပါဘူး” ဟု ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

    ထိုသို့ တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလျင်အမြန်ဆုတ်ခွာခဲ့ရပြီး မည်သူ တစ်ဦးတစ်ယောက်မျှ အထိအခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိ ခိုက်သေဆုံးမှု အတိအကျ ရရှိရန် စုံစမ်းနေသဖြင့် ထုတ်ပြန်ချက်နောက်ကျခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

    ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြေအနေအရ ထိတွေ့ဆက်ဆံရမှု များရှိနိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရှိရာနေရာများမှ အတတ်နိုင်ဆုံး ကြိုး စားကာ ရှောင်ရှားနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

    ဓာတ်ပုံ- မန္တလေးအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၏ အသုဘနာရေး။ (ပုံအဟောင်းဖြစ်ပါသည်။)

  • စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း

    စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း

    စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန်တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် JFM တိုက်တွန်း

    အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ(ခ) စံမြင့်၊ တင်ဝင်းနှင့် မုတ်သုန် တို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် Justice for Myanmar (JFM)က ယနေ့ တိုက်တွန်းလိုက်သည်။

    BGF ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်သော စောချစ်သူ (အမည်ရင်း စံမြင့်)၊ တင်ဝင်းနှင့် မုတ်သုန်တို့ သုံးဦးအား လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေသော သတင်းများကို Justice For Myanmar က ကြိုဆိုကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန်နှင့် တရားရုံးတွင် အဆိုပါ ဖမ်းဝရမ်းများကို လျှောက်ထားရန် တိုက်တွန်းကြောင်း၊ ယင်းဖမ်းဝရမ်းများ ထုတ်ပေးမှုသည် ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း JFM က ပြောဆိုသည်။

    နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းလုပ်ငန်းများကို အလျှင်အမြန်နှိပ်ကွပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာနေပြီဖြစ်ရာ ဖမ်းဝရမ်းလျှောက်ထားမှုကိုလည်း လိုက်ပါလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးများတည်ရှိရာ မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဖြတ်တောက်မှုများကို မကြာသေးမီ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    လက်ရှိရက်ပိုင်းအတွင်း ငွေလိမ်ခြံကြီးများအတွင်း ပိတ်မိနေခဲ့ကြသည့် ရာနှင့်ချီသော အလုပ်သမား များကို ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ထိုင်းနိုင်ငံက ကြိုဆိုလက်ခံပေးခဲ့ကြောင်း၊ သို့ရာတွင် စိုးရိမ် ပူပန်နေကြသည့် သက်ဆိုင်သူများအနေဖြင့် ယင်းလုပ်ငန်းတစ်ရပ်လုံးကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေး အတွက် ဆက်လက်တွန်းအားပေးနေဆဲ ဖြစ်ကြောင်း၊ အပြစ်ရှိသူများကို တရားစွဲဆိုခြင်းသည် အဓိက လုပ်ဆောင်ရမည့်အခန်းကဏ္ဍဖြစ်ပြီး၊ ယင်းအတွက် ဖမ်းဝရမ်းများသည် နောက်တစ်ဆင့် အနေဖြင့် ယခုလုပ်ဆောင်ရမည့် ခြေလှမ်းဖြစ်ကြောင်း JFM က ထောက်ပြထားသည်။

    ဆိုက်ဘာငွေလိမ်လုပ်ငန်းနယ်ပယ်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ ပါဝင်ပတ်သက်မှု အတိမ်အနက်ထုထည်သည် အခြေ အနေများငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်ပြမှုလောက်ဖြင့် ၎င်းတို့အား တရားစီရင်မှုမှ လွတ်မြောက်ခွင့်မပေးသင့်
    ကြောင်း ၂၀၂၄ ခုနှစ် Justice For Myanmar ၏ အစီရင်ခံစာတစ်စောင်တွင် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များနှင့် မိသားစုဝင်များအနေဖြင့် မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းများတွင် တိုက်ရိုက် ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနှင့် လူသုံးကုန်ရောင်းချမှုများမှတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနေပုံကို ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

    ချစ်သူနှင့် သားသမီးများသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီ ၉ ခုတွင် စုပေါင်းပိုင်ဆိုင်ထားကြပြီး၊ ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေပြီး ယင်းမိသားစု၏ ပိုင်ဆိုင်မှုများတွင် Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) တို့မှတဆင့် အနည်းဆုံးအနေဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးနှစ်ခုတွင် ရှယ်ယာများလည်း ပါဝင်ကြောင်း သိရှိရသည်။

    တင်ဝင်းသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီများဖြစ်ကြသည့် Shwe Myint Thaung Yinn Holdings Limited နှင့် Shwe Myint Thaung Yinn Industry & Manufacturing Company Limited တို့ကို ၎င်း၏ ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းနှင့် ပူးတွဲထိန်းချုပ်ထားကြောင်း၊ Shwe Myint Thaung Yinn Industry & Manufacturing Company Limited သည် ထိုင်းနိုင်ငံပိုင် ခရိုင်လျှပ်စစ်အာဏာပိုင် အဖွဲ့ (PEA) ထံမှ စွမ်းအင်တင်သွင်းရန် စာချုပ်ချုပ်ဆိုထားပြီး၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုက်ဘာငွေလိမ်စင်တာများနှင့် အွန်လိုင်းကာစီနို လုပ်ငန်းများကို လျှပ်စစ်စွမ်းအင် ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

    ရွှေမြစ်သောင်ရင်းကုမ္ပဏီသည် PTT ထံမှ ရေနံများကိုလည်း ဝယ်ယူရောင်းချမှု လုပ်နေပြီး ယင်းက ထိုင်းနိုင်ငံပိုင်လုပ်ငန်းစုကြီးအား ၎င်းတို့၏ ရာဇဝတ်လုပ်ငန်းများတွင် ကြံရာပါ ပတ်သက်စေကြောင်း၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်သုံးဦးအား ဖမ်းဝရမ်းထုတ်ခြင်းအပြင် ထိုင်းအာဏာပိုင်များ အနေဖြင့် ၎င်းတို့၏ မိသားစုဝင်များ၊ စီးပွားမိတ်ဖက်များ၊ နယ်ခြားစောင့်တပ်ဖွဲ့၏ မြန်မာစစ်တပ်မှ တပ်မှူးများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကို အားပေးကူညီပြီး အကျိုးအမြတ်ရရှိနေကြသည့် ထိုင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများ တိုးချဲ့လုပ်ဆောင်သင့်ကြောင်း JFM က တိုက်တွန်းထားသည်။

    Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေအပေါ် DSI က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေခြင်းက အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ ကရင်နယ်ခြားစောင့်တပ်မိသားစုဝင်တွေ၊ သူတို့ရဲ့ စစ်အုပ်စုတပ်မှူးတွေ၊ မြန်မာနဲ့ထိုင်းနိုင်ငံအတွင်း သူတို့မိတ်ဖက်တွေကို ဖမ်းဝရမ်းတွေထုတ်ပြီး လူကုန်ကူးမှုတွေအပေါ် အရေးယူဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အကြမ်းဖက်စစ်ကောင်စီ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသားများကို နေရပ်မိခင်နိုင်ငံများ ပြန်ပို့နိုင်ရေး စီစဉ်မှုများ လုပ်ဆောင်နေသော်လည်း ကျားဖြန့်ဂိုဏ်းများကို အဓိက ထူထောင်ခဲ့ကာ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော တရုတ်လုပ်ငန်းရှင်များကိုမူ ဖမ်းဆီးအရေးယူမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ကျားဖြန့်အရေးစောင့်ကြည့်နေသည့် ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ရန်ကုန်ခေတ်သစ်နှင့်ချိတ်ဆက် ဆက်သွယ်နေသော ရွှေက္ကိုလ်အတွင်းမှ သတင်းရင်းမြစ်များကလည်း လက်ရှိအချိန်အထိ ကျားဖြန့် လုပ်ငန်းများ ဆက်လက် လည်ပတ်နေဆဲဖြစ်ပြီး လုပ်ကိုင်နေသူများလည်း ရှိနေဆဲဖြစ်ကြောင်း၊ ပြန်ပို့နေသော နိုင်ငံခြားသားများမှာ ၎င်းတို့၏ ဆန္ဒအရ ပြန်ရန် ဆန္ဒပြုသူများဖြစ်ကြောင်း ပြောဆိုကြသည်။

  • မင်္ဂလာဆောင်လုပ်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှု များပြား

    မင်္ဂလာဆောင်လုပ်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှု များပြား

    မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်အတွင်း ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် မင်္ဂလာဆောင်လုပ်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှု များပြားကာ အရေအတွက် အတိအကျ မသိရသေး

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်ဒေသအတွင်း ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် မင်္ဂလာဆောင်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူအမြောက်အများ ထိခိုက်သေဆုံးမှု ရှိကြောင်း မြိုင်ပကဖ မှ ဗိုလ် Cross က ပြောကြားသည်။

    ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော် ဒေသ၊ ဆုံ ကုန်းရွာ ဘုန်း ကြီးကျောင်း၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက် ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်တည့် တည့်ကျ ရောက် ပေါက်ကွဲခဲ့ပြီး မင်္ဂလာဆောင် ထမင်းချက်နေသောပြည်သူများအပါအဝင် ပြည်သူအမြောက်အများ သေဆုံးမှုရှိကြောင်း သိရသည်။

    “လက်ရှိအထိတော့ အထိအခိုက်ရှိတယ်ပဲ သိရသေးတယ်၊ ဘုန်းကြီးကျောင်းပေါ်တည့်တည့်ကျ တယ်၊ သူတို့ကို ထမင်းဟင်းချက်ကျွေးနေတဲ့ စားဖိုတွေရော အကုန်လုံးမီးလောင်သွားတာ။ အဲဒီ အပေါ်တွေ တည့်ကျတာဆိုတော့ ။ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်လာကျဲသွားတာ၊ ဘယ်နှစ်ယောက်ထိ တယ်၊ သေတယ် တိတိကျကျမသိရသေးဘူး။ တချို့ဟာတွေက အခုမှ ဆွဲထုတ်နေတုန်းပဲရှိ သေး တာ။ ထိခိုက်တာတွေ တော်တော်များတယ်လို့ သိရတယ်။” ဟု မြိုင်ပကဖ မှ ဗိုလ်Cross က ပြောကြားသည်။

    လက်ရှိ လေယာဉ်ဖြင့် ဗုံးကျဲခံရသည့် ဓာတ်ပုံများကို သတင်းရေးသား တင်ပြရာတွင် လုံခြုံရေးအရ ဝါးထားပေးရန်နှင့် အလျှင်အမြန်သတင်းထုတ်ပြန်ခြင်းများကြောင့် နောက်ဆက်တွဲ လေကြောင်းအန္တရာယ် ထပ်မံစိုးရိမ်ရသဖြင့် မီဒီယာများအနေဖြင့် သတိပြုပေးရန် မြိုင်ပကဖက မေတ္တာရပ်ခံသည။

    အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ ဗုံးကျဲတိုက်ခိုက်မှုများ ဆက် တိုက်လုပ်ဆောင်နေမှုကြောင့် မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း အန္တရယ်ကို သတိထားကြရန်နှင့်လူစုလူဝေးမလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးတိုက်တွန်းထားသည်။

    ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် မြင်ကွင်းတချို့။

  • ဗထူးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး မင်းဇော်ဦးနှင့် တောင်ကြီး အမတ ၃၅၇ မှ တပ်ခွဲ တပ်ကြပ်ကြီး အောင်မြင့်တို့ စကားများပြီး အချင်းချင်း ပစ်ခတ်၍ ၂ ဦးလုံး သေဆုံး

    ဗထူးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး မင်းဇော်ဦးနှင့် တောင်ကြီး အမတ ၃၅၇ မှ တပ်ခွဲ တပ်ကြပ်ကြီး အောင်မြင့်တို့ စကားများပြီး အချင်းချင်း ပစ်ခတ်၍ ၂ ဦးလုံး သေဆုံး

    ဗထူးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး မင်းဇော်ဦးနှင့် တောင်ကြီး အမတ ၃၅၇ မှ တပ်ခွဲ တပ်ကြပ်ကြီး အောင်မြင့်တို့ စကားများပြီး အချင်းချင်း ပစ်ခတ်၍ ၂ ဦးလုံး သေဆုံး

    ရှမ်းပြည်နယ်၊ ဗထူး တိုက်ခိုက်ရေးသင်တန်းကျောင်းတွင် တပ်ကြပ်ကြီး မင်းဇော်ဦးနှင့် အမှတ် ၃၅၇ အမြောက်တပ်(တောင်ကြီး)မှ တပ်ခွဲ တပ်ကြပ်ကြီး အောင်မြင့် တို့ စကားများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်၍ ၂ ဦးစလုံး သေဆုံးခဲ့ကြကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က စစ်ရေးသတင်းအရင်းအမြစ်ကို ကိုးကား၍ ပြောကြားသည်။

    ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထိုကဲ့သို့ နှစ်ဦးစလုံး အချင်းချင်း စကားရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား၍ ၂ ဦးလုံး သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း၊ ၂ ဦးစလုံး၏ အလောင်းများကို စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးအကြောင်းအရင်းကိုမူ မတော်တဆဟု ဖော်ပြခဲ့ကြောင်း သိရှိရသည်။

    “ဗထူးက တစ်ယောက်ရော တောင်ကြီး အမြောက်တပ်က တစ်ယောက်ရော သေတာ။ သူတို့ အချင်းချင်း စကားများပြီး ပစ်တာ ။ သူတို့က ဖြစ်စဉ်ကတော့ လိမ်ပြီးတော့ တင်တာပေါ့ အချင်းချင်းပစ်တယ်ဆိုရင် သူတို့ အမှုတက်မှာစိုးလို့ မတော်တဆ ပုံစံမျိုးနဲ့ ဆေးစာအတုလုပ်ပြီးတော့ သေဆုံးလက်မှတ်လုပ်လိုက်တာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း တိုက်ခိုက်ရေးတပ်များနှင့် လက်ရုံးတပ်များကို နောက်တန်းသို့ပြန်၍ ခွင့်ဖြင့် အေးဆေးစွာ အနားယူခွင့်မပေးတော့ဘဲ စစ်ဆင်ရေးနှင့်လုံခြုံရေး တာဝန်များ ခိုင်းစေသဖြင့် စိတ်ဖိစီးမှုများ ခံစားရကာ မကြာခဏဆိုသလို အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိကြောင်း တပ်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

    ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ အကြပ်သင်တန်းတက် စစ်သင်တန်းသားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

    ဗထူးနဲ့ တောင်ကြီး ချကု-န်ကြပါပြီ ခင်ဗျာ။နှစ် ယောက်စလုံး မတ်စိကို-က်ပါတယ်။ဗထူး အ-ခြေ- စို-က် တခရ (တမာတော (ကြ-ည်း) တို-က်ခို-က်ရေးကျော-င်း )က ကို-ယ်ပို-င်အမှတ် ၊ တ ၂၃၁၀၃ တောကျွဲ-ကြီး မ-င်းဇော်-ဦးနဲ့ တော-င်-ကြီး အ-ခြေစို-က် အမတ ၃၅၇ (အ-မြော-က်တ-ပ်ရင်း)က ကို-ယ်ပို-င်အမှတ် ၈၃၈၃၄၄ စီကြူသူ-ခိုး-ကြီး အော-င်မြ-င့်တို့ နှစ်ယောက် ဘာအဝေမတ-ည့်ကြလဲမသိ။ပ-စ်ကြခ-တ်ကြရင်း နိဂုံးချု-ပ်သွားပါတယ်။တို-င်းစ-စ်ဌာနချု-ပ်ကိုတော့ မတော်-တဆမှု ပုံစံ-မျိုးဖြစ်အောင် အော-င်ပ-န်း တဆရ ၂/၇၀၀(တမာတောဆေး-ရုံ) နဲ့ ညှိ-ပြီး တင်ပြထားပါတယ်။ယခုလ ၂၀ ရက်နေ့မှာ ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

    ပ-န်းတော-င်း စ-စ်မျ-က်နှာပြင် ညော-င်ကျိုး တို-က်ပွဲ မှာတော့ စ-က်တ-ပ်လေထီးနှစ်စီးကို ပ-စ်ချထားနိုင်ပြီလို့ ကြားသိရပါတယ်။သတ-င်းသာ မှန်ခဲ့ရင်တော့ နောက်ဆိုရင် သကော-င့်သားတွေ စ-က်တ-ပ်လေထီးမှာ အလံဖြူလွှ-င့်ပြီး ဒီဘ-က်ကို ပြေး-လာနိုင်ချေရှိပါတယ်။

    ❗❕လာမယ့်ရက် အနည်းငယ်အတွင်း အာ-ရ-က္ခနဲ့ ပတ်သက်တဲ့ သတ-င်းကော-င်း ကြားရဖို့ ရှိနေပါတယ် ‼️❕❗

    ဗ-န်းမော်နဲ့ ပ-တ်သက်ပြီး လာ-မေးကြသူတွေ များပါတယ်။လု-ပ်ကို-င်နေဆဲသာ ဖြစ်ပါတယ်။တိုးတ-က်မှုရှိနေပါတယ်။ရာခို-င်နှုန်းကတော့ ၆၅ : ၃၅ ပဲရှိပါသေးတယ်။စ-စ်လော်-ဘီတွေ ပြောနေကြလို့ စိ-တ်-ပူနေကြပါတယ်တဲ့။သူတို့တွေ ပြောနေပြီ ဆိုရင် လုံး-ဝကို မ-ပူပါနဲ့။ပြောပါစေ။ဆုတော-င်းနေရုံပါပဲ။သူတို့ ပြောပြီးရင် မကြာဘူးလေ

    ဇင်ယော်

    ၂၀၂၅ ဖေ ၂၅ ၀၈၄၀