📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မင်္ဂလာဆောင်လုပ်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှု များပြား

—

by

in

မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်အတွင်း ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် မင်္ဂလာဆောင်လုပ်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှု များပြားကာ အရေအတွက် အတိအကျ မသိရသေး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်ဒေသအတွင်း ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် မင်္ဂလာဆောင်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူအမြောက်အများ ထိခိုက်သေဆုံးမှု ရှိကြောင်း မြိုင်ပကဖ မှ ဗိုလ် Cross က ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော် ဒေသ၊ ဆုံ ကုန်းရွာ ဘုန်း ကြီးကျောင်း၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက် ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်တည့် တည့်ကျ ရောက် ပေါက်ကွဲခဲ့ပြီး မင်္ဂလာဆောင် ထမင်းချက်နေသောပြည်သူများအပါအဝင် ပြည်သူအမြောက်အများ သေဆုံးမှုရှိကြောင်း သိရသည်။

“လက်ရှိအထိတော့ အထိအခိုက်ရှိတယ်ပဲ သိရသေးတယ်၊ ဘုန်းကြီးကျောင်းပေါ်တည့်တည့်ကျ တယ်၊ သူတို့ကို ထမင်းဟင်းချက်ကျွေးနေတဲ့ စားဖိုတွေရော အကုန်လုံးမီးလောင်သွားတာ။ အဲဒီ အပေါ်တွေ တည့်ကျတာဆိုတော့ ။ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်လာကျဲသွားတာ၊ ဘယ်နှစ်ယောက်ထိ တယ်၊ သေတယ် တိတိကျကျမသိရသေးဘူး။ တချို့ဟာတွေက အခုမှ ဆွဲထုတ်နေတုန်းပဲရှိ သေး တာ။ ထိခိုက်တာတွေ တော်တော်များတယ်လို့ သိရတယ်။” ဟု မြိုင်ပကဖ မှ ဗိုလ်Cross က ပြောကြားသည်။

လက်ရှိ လေယာဉ်ဖြင့် ဗုံးကျဲခံရသည့် ဓာတ်ပုံများကို သတင်းရေးသား တင်ပြရာတွင် လုံခြုံရေးအရ ဝါးထားပေးရန်နှင့် အလျှင်အမြန်သတင်းထုတ်ပြန်ခြင်းများကြောင့် နောက်ဆက်တွဲ လေကြောင်းအန္တရာယ် ထပ်မံစိုးရိမ်ရသဖြင့် မီဒီယာများအနေဖြင့် သတိပြုပေးရန် မြိုင်ပကဖက မေတ္တာရပ်ခံသည။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ ဗုံးကျဲတိုက်ခိုက်မှုများ ဆက် တိုက်လုပ်ဆောင်နေမှုကြောင့် မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း အန္တရယ်ကို သတိထားကြရန်နှင့်လူစုလူဝေးမလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးတိုက်တွန်းထားသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် မြင်ကွင်းတချို့။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်