📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံး

—

by

in

ထားဝယ်မြို့၊ ကြက်စားပြင်ဆိပ်ကမ်းဘောတံတားတွင် ဆိုက်ကပ်ထားသော စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံးဟုဆို

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘောတံတား၌ ဆိုက်ကပ်ထားသော စစ် တပ်စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန် ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘော တံတား၌ စစ်ကောင်စီတပ်သားတင်ဆောင်ကာ ကမ်းကပ်ထားသည့် လှေအား ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၊ အထူးပြောက်ကျားတပ်ဖွဲ့မှ RPG ဖြင့် စတင်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

“အဲဒီစခလှေက အမြဲတမ်းကပ်ထားတာတော့မဟုတ်ဘူးဗျ။ စစ်ကူ ဒါမှမဟုတ် တစ်ခုခုကြောင့် ထွက် ဖို့ကပ်ထားတာပါ၊ ထားဝယ်မြို့ပေါ်က စခတွေပါပဲ။ အရေအတွက်ဘယ်လောက်ရှိလဲတော့ အတိအ ကျ မသိရဘူး။ ကျနော်တို့ဘက်က RPG စပစ်ပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အမှောင် ထဲကနေ အခွင့်ယူပြီးတိုက်ခိုက်ခဲ့တာမို့ အချိန်သိပ်မကြာလိုက်ပါဘူး” ဟု ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလျင်အမြန်ဆုတ်ခွာခဲ့ရပြီး မည်သူ တစ်ဦးတစ်ယောက်မျှ အထိအခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိ ခိုက်သေဆုံးမှု အတိအကျ ရရှိရန် စုံစမ်းနေသဖြင့် ထုတ်ပြန်ချက်နောက်ကျခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြေအနေအရ ထိတွေ့ဆက်ဆံရမှု များရှိနိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရှိရာနေရာများမှ အတတ်နိုင်ဆုံး ကြိုး စားကာ ရှောင်ရှားနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ဓာတ်ပုံ- မန္တလေးအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၏ အသုဘနာရေး။ (ပုံအဟောင်းဖြစ်ပါသည်။)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်