📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်ခေါင်းဆောင် အထွတ်အမြတ်ထားသည့် ဆင်ဖြူ ၁ ကောင် သေဆုံး

—

by

in

အမြတ်တနိုး မွေးမြူထားသည့် ဆင်ဖြူများကျန်းမာရွှင်လန်းကြောင်း သတင်း ထုတ်ပြန်လေ့ရှိသည့် စစ်ဗိုလ်ချုပ်များက ဆင်ဖြူတစ်ကောင် သေဆုံးသွားမှုကို သတင်းအမှောင်ချထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် အထွတ်အမြတ်ထား မွေးမြူထားသော ဆင်ဖြူတော်များအနက် ဆင်ဖြူ တစ်ကောင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က သေဆုံးသွားရာ အယူသည်းသောစစ်ဗိုလ်ချုပ်များက တိတ်တဆိတ်မြှုပ်နှံခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီအရှေ့ဘက်မုခ်အနီး ထားရှိသော ၅၃ နှစ် အရွယ် ဆင်မကြီး ဘဒ္ဒဝတီ ထိုနေ့ နံနက် ၁၀ နာရီခန့်က လဲကျသေဆုံးခဲ့သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းဘဲ သေဆုံးသွားတာပါ။ အစားစားနေရင်းနဲ့၊ ခုတော့ ဘုရားထဲက ဆင်ဖြူတွေထားတဲ့နေရာမှာပဲ တွင်းတူးပြီးတော့ မြှုပ်နှံလိုက်ပြီ” ဟု သူက ပြောသည်။

ဆင်မကြီး သေဆုံးသည့်သတင်းကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။

စစ်ကောင်စီအရာကြီးတချို့ လာရောက်ပြီး အဆိုပါအဆောင်ဝင်းအတွင်း နေ့တွင်းချင်း မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဆင်ဖြူမကြီး သေတဲ့နေ့ကစပြီး ဆင်အစာရောင်းတဲ့သူတွေရော၊ အဲဒီနားက ဈေးရောင်းတဲ့သူတွေရော မရောင်းခိုင်းဘူး၊ ဘုရားကိုရော ပိတ်ထားတာ၊ မြှုပ်ပြီးသွားမှ ပြန်ဖွင့်ပေးတာ”ဟု ယင်းအမျိုးသမီးက ကာယကံရှင်များကို ကိုးကား၍ ပြောသည်။

ဆင်မကြီးဘဒ္ဒဝတီသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှဖြစ်ပြီး နေပြည်တော်ကို ၂၀၁၀ ပြည့်နှစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မွေးဖွားခဲ့ပြီး အရပ်အမြင့် ၇ ပေ ၇ လက်မ၊ ကိုယ်လုံးပတ် ၁၁ ပေ ၈ လက်မ ရှိသည်။

ဆင်ဖြူတော် အမတစ်ကောင် သေဆုံးခြင်းကို သတင်းထုတ်ပြန်မည်မဟုတ်ကြောင်း အမည်မဖော်လိုသူ နေပြည်တော်မှ စစ်အရာရှိတစ်ဦးက ဆိုသည်။

စစ်တပ်ဝါဒဖြန့် အွန်လိုင်းမီဒီယာတချို့တွင် အဆိုပါဆင်မကြီး သေဆုံးခဲ့ကြောင်း ဖေဖာ်ဝါရီ ၂၄ ရက်က ဖော်ပြထားသည်။

ဆင်အဖြူရောင်ကို တွေ့ရှိလျှင် စစ်ဗိုလ်ချုပ်များက နေပြည်တော်သို့ ခေါ်ဆောင်ထားလေ့ရှိကြသည်၊ အသက်ရှင်နေသေးသော အခြားဆင်ဖြူများမှာ နန္ဒဝတီ၊ ဟေမဝတီ၊ ငွေဆဒ္ဒန်၊ ဇာတကလျာ၊ သီရိမာလာ နှင့် ရဋ္ဌနန္ဒက တို့ ဖြစ်ကြသည်။

ယခင်က ဥပ္ပါတသန္တိစေတီအနီး ဆင်ဖြူအထီး ၂ ကောင်၊ အမ ၅ ကောင် ရှိသည်။ ပုံမှန်ဆင်လည်း ၃ ကောင် ရှိသည်။ ယခုရက်ပိုင်း ထိုနေရာတွင် ဆင်ဖြူ ၄ ကောင်နှင့် ပုံမှန်ဆင် ၂ ကောင်သာ တွေ့ရသည်ဟု သိရသည်။

ဆင်ဖြူ မွေးဖွားမှု၊ မွေးနေ့ပွဲများ အကြောင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ ရှိသော်လည်း ဆင်ဖြူ ၁ ကောင်သေဆုံးသည့်သတင်းကို ဖော်ပြထားခြင်း မရှိပေ။

ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဆင်ဖြူလေး ရဋ္ဌနန္ဒ မိခင်ဆင်မကြီးနှင့်အတူ “ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း “ ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါဆင်ဖြူ၏ ၁ နှစ်ပြည့်မွေးနေ့ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့က ပြုလုပ်ခဲ့စဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့သေးသည်။

ဆင်ဖြူကို ယခင်က ဘုရင်၏ ဘုန်းတန်ခိုးအဖြစ် ယူဆလေ့ရှိကြရာ အယူသည်းသော စစ်ကောင်စီ ဗိုလ်ချုပ်များသည်လည်း ဆင်ဖြူတို့ကို တိရိစ္ဆာန်ရုံသို့ မပို့ဘဲ ဘုရားစေတီအနီး တခမ်းတနား မွေးမြူထားလေ့ရှိသည်။

စစ်ကောင်စီတပ်က ၂၀၂၁ တွင် အာဏာသိမ်းပြီး ဆန္ဒပြသူများကို သတ်ဖြတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်ပြီး တနိုင်ငံလုံးအနှံ့ စစ်မြေပြင်ဖြစ်နေရာ စစ်ကောင်စီသည် ထိန်းချုပ်နယ်မြေ ပမာဏ အများအပြားကို လက်လွှတ်ထားရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်