Category: News

  • နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ် တပ်က အမျိုးသမီး တိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြု

    နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ် တပ်က အမျိုးသမီး တိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြု

    မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ်တပ်က လေတပ်အရာရှိ အမျိုးသမီးတိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ယခင်က တိုက်လေယာဉ်အုပ်များတွင် အမျိုးသားလေတပ်အရာရှိများသာ တိုက်ခိုက်ရေးများတွင် အဓိက အသုံးပြု ခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှစတင်ပြီး စစ်တပ်က အမျိုးသမီးလေယာဉ်မှူးများကိုပါ တိုက်ခိုက်ရေးအတွက်ပါ လေ့ကျင့်သင်ကြား နေရာပေးလာကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း လေတပ်အရာရှိ အမျိုးသမီးလေယာဉ်မှူးများကို တိုက်လေယာဉ်အုပ်များတွင် ထည့်သွင်းကာ တိုက်ခိုက်ရေး အဓိကလေယာဉ်မှူးများအဖြစ် အသုံးပြုလာနေကြောင်း သိရှိရသည်။

    “တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေမှာ အမျိုးသမီး ပိုင်းလော့တွေ ပါလာကြပြီ။ အရင်က တွဲဘက်လောက်ပဲ သုံးရာက အခု တိုက်လေယာဉ်အုပ်တွေထဲမှာ အဓိက လေယာဉ်မှူးတွေအဖြစ် အသုံးပြုနေပါပြီ။ တိုက်ခိုက်မှုနဲ့ ပျံသန်းမှု စွမ်းရည်(ဗုံးကျဲမှု) ပေါ်မူတည်​ပြီး အမျိုးသားလေတပ်အရာရှိတွေနဲ့ တန်းတူ အပြိုင် ရာထူးတိုး၊ ဆုပေး စနစ်တွေလည်း ကျင့်သုံးနေတယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်တပ်က အမျိုးသမီးလေသူရဲများကို လေ့ကျင့် မွေးထုတ်နေရာတွင် တိုက်လေယာဉ် ပိုင်းလော့လေသူ ရဲများနှင့် Mi 17 ၊ Mi 35 ရဟတ်ယာဉ်ပိုင်းလော့များကို တစ်ပတ်စဉ်လျှင် အနည်းဆုံး ၁၀ ဦးဝန်းကျင်ဖြင့် မွေးထုတ်နေကြောင်း သိရှိရသည်။

    ထိုကဲ့သို့ စစ်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်သည့် စစ်ဆင်ရေးများတွင် အမျိုးသမီးလေသူရဲများကို လေ့ကျင့်သင်ကြား အသုံးပြုလာခြင်းမှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန် ကြားချက်အရ ဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က မွေးထုတ်ထားသော အမျိုးသမီး တိုက်လေယာဉ်မှူး ၁ ဦး။

  • Walk For Peace ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲသို့ စာရင်းမသွင်းဘဲ ဝင်ရောက်ရောနှောသဖြင့် သဘာဝတရားရိပ်သာ ဆရာတော် မောင်းထုတ်ခံရ

    Walk For Peace ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲသို့ စာရင်းမသွင်းဘဲ ဝင်ရောက်ရောနှောသဖြင့် သဘာဝတရားရိပ်သာ ဆရာတော် မောင်းထုတ်ခံရ

    အမေရိကန်ပြည်ထောင်စု၌ ပြုလုပ်ပြီးစီးခဲ့သည့် “Walk For Peace” ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ၏ (၁၀၈) ရက်မြောက်နေ့တွင် သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရသည် ကြိုတင်ခွင့်ပြုချက်မတင်ဘဲ လမ်းဝင်လျှောက်ခဲ့သဖြင့် မောင်းထုတ်ခံခဲ့ရကြောင်း သိရသည်။

    အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ (၁၀၈) ရက်မြောက်နေ့အဖြစ် ဝါရှင်တန်ဒီစီမြို့အတွင်း ဦးဆောင်ဆရာတော်များဖြစ်ကြသည့် ဗုဒ္ဓဘာသာရဟန်း (၁၉) ပါးနှင့် အမေရိကန်ပြည်သူများ ဝန်းရံကာ ကြွချီနေစဉ်၊ အရှင်ဥတ္တမသာရက စေတနာ့ဝန်ထမ်းတစ်ဦးကို အသိပေးကာ လမ်းလျှောက်အဖွဲ့အတွင်းသို့ ဝင်ရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

    သို့သော် ၎င်းဝင်ရောက်လာပြီးနောက် (၅) မိနစ်ခန့်အကြာတွင် တာဝန်ရှိသူများက ၎င်းအား အဖွဲ့အတွင်းမှ မောင်းထုတ်ခဲ့သည်ကို “Walk For Peace” ၏ တိုက်ရိုက်ထုတ်လွှင့်မှု (Live) များတွင် တွေ့ရှိခဲ့ရသည်။

    “လုံခြုံရေးအရ ကြိုတင်ခွင့်ပြုချက်တင်ပြီးမှ ဝင်လျှောက်လို့ရပါတယ်။ မည်သည့်သံဃာ၊ သီလရှင်မဆို ပါဝင်လို့ရတယ်ဆိုပေမဲ့ စာရင်း (Register) သွင်းရပါတယ်။ အခုက စာရင်းမတင်ဘဲ ဝင်လာလို့ လုံခြုံရေးအရ ပါဝင်ခွင့်မပြုတာပါ” ဟု အမေရိကန်ရောက် မြန်မာတစ်ဦးက အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ပြောကြားသည်။

    အရှင်ဥတ္တမသာရသည် တက္ကဆက်ပြည်နယ်မှ စတင်ခဲ့သည့် “Walk For Peace” ခရီးစဉ်၏ အဆုံးသတ်ဖြစ်သော ဝါရှင်တန်ဒီစီမြို့သို့ ရောက်ရှိချိန်မှသာ ပါဝင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး၊ မြန်မာပြည်သူများက ၎င်း၏လုပ်ရပ်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်လှောင်ပြောင်နေကြသည်ကိုလည်း တွေ့ရသည်။

    “ဒီဘုန်းကြီးက တော်တော် မျက်နှာပြောင်တိုက်တာ။ ပါချင်ရင် ဟိုးအစ တက္ကဆက်က စထွက်ကတည်းက ပါပေါ့။ အခုက ဝါရှင်တန်ရောက်မှ ရုပ်တည်နဲ့ ဝင်လာတယ်။ တော်တော် နှမ်းဖြူးကောင်းတဲ့ ဘုန်းကြီး။ ဒီလိုဘုန်းကြီးတွေကြောင့် မြန်မာပြည် ဗုဒ္ဓဘာသာဟာ သိက္ခာကျနေရတာ” ဟု အသက် (၃၀) ကျော်အရွယ် မြန်မာပြည်သူတစ်ဦးက ပြောသည်။

    အရှင်ဥတ္တမသာရသည် အာဏာသိမ်းစစ်ကောင်စီကို ဗြောင်ကျကျ ထောက်ခံသူအဖြစ် လူသိများပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းကလည်း NLD နာယက ဦးတင်ဦးကို သွားရောက်တွေ့ဆုံကာ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှ အနားယူရန် တိုက်တွန်းခဲ့သည့် လုပ်ရပ်ကြောင့် ပြည်သူများ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရသူဖြစ်သည်။

    အာဏာသိမ်းစစ်ခေါင်းဆောင်၏ မတရားမှုများကို တရားမချဘဲ ဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင်အပေါ် အပြစ်ရှာခဲ့သည့်အတွက် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် သဘာဝတရားရိပ်သာအတွက် ဆွမ်းမလောင်းဘဲ သပိတ်မှောက်သည့် ဖြစ်စဉ်များအထိ ဖြစ်ပွားခဲ့သည်။

    စစ်တပ်က ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေချိန်တွင်လည်း အဆိုပါဘုန်းကြီးသည် စစ်တပ်၏ လုပ်ရပ်များကို ဝေဖန်ခြင်းမရှိဘဲ မြန်မာပြည်သူများမှာ ဝဋ်ကြွေးရှိ၍ ယခုဘဝတွင် ခံစားနေရခြင်းဖြစ်သည်ဟူသော စာသားပါ လက်ကမ်းစာစောင်များကို ရန်ကုန်မြို့အတွင်း ဖြန့်ဝေခဲ့သည်။

    ဤကဲ့သို့ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သည့် လုပ်ရပ်များကြောင့် ၎င်းအမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုသို့ ရောက်ရှိစဉ်တွင်လည်း အမေရိကန်ရောက် မြန်မာများ၏ ကန့်ကွက်ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

    ယမန်နှစ်ကလည်း အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ သဘာဝတရားရိပ်သာအတွက် ရူပီးငွေ သိန်းပေါင်း ၇၁၀ ပေးချေရန်ရှိသည်ဟုဆိုကာ သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရက ၎င်းအား လှူဒါန်းထားသည့် ရန်ကုန်မြို့ရှိ သာသနာ့မြေနှစ်ကွက်ကို မဖြစ်မနေ ရောင်းချမည်ဟု ကြေညာခဲ့သေးသည်။

  • မရမ်းကုန်း မီးလောင်မှုကနေ လူတိုင်း သင်ခန်းစာယူသင့်တဲ့ ဝမ်းနည်းဖွယ်ရာ အဖြစ်

    မရမ်းကုန်း မီးလောင်မှုကနေ လူတိုင်း သင်ခန်းစာယူသင့်တဲ့ ဝမ်းနည်းဖွယ်ရာ အဖြစ်

    ၁၅-၂-၂၀၂၆၊ မနက် ၃ နာရီခွဲမှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ မောင်ဝင်း ကုန်မာဆိုင် မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။

    အမျိုးသမီး ၃ ဦး အတူနေထိုင်ကြပေမယ့် တဦးက ဘုရားဖူးခရီးသွားတာကြောင့် ကျန်ရှိတဲ့သူ ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။

    အပေါ်ထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ကုန်မာဆိုင် ဖြစ်တာကြောင့် ဒုစရိုက်သမားရန်ကို ကြောက်လို့ ဆိုင်တံခါးကို သော့ကိုးလုံး ခတ်ထားမှုကြောင့် အလွယ်တကူ ဖွင့်မရ ဖြစ်ခဲ့ပါတယ်။

    နောက်ဖေးခန်းကလည်း အလွယ်တကူ ထွက်လို့ မရတာကြောင့် ကွယ်လွန်သူ ညီအစ်မ ၂ ဦးဟာ နောက်ဖေးခန်းမှာ ဖက်လျက်လေး မီးလောင် ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာ သော့ကိုးလုံး ခတ်ထားတဲ့ တံခါးကို ပုဆိန်များဖြင့် ဖျက်ထုတ်ခဲ့ရပြီး နောက်ဖေးခန်းမှာ ဖက်လျက် ကွယ်လွန်နေတဲ့ ညီအစ်မ ၂ ဦးကို မနည်းဖြည်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

    ဒီဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ရဲ့ သင်ခန်းစာကတော့ ကုန်စုံဆိုင်လိုမျိုး ပစ္စည်းတွေ အများအပြားရှိတဲ့ ဆိုင်တွေမှာ မီးဘေးလုံခြုံရေးကို အထူး ဂရုစိုက်သင့်ပြီး ဝင်လမ်း ထွက်လမ်းတွေကို အဆင်ပြေအောင် ပြုလုပ်ထားသင့်ပါတယ်။

    ဒုစရိုက်သမားတွေရဲ့ ရန်ကြောက်လို့ သော့ကိုးလုံး ခတ်ထားမှုကြောင့် မဖြစ်သင့်ပဲ ဖြစ်ခဲ့ရတဲ့ ညီအစ်မ ၂ ဦးရဲ့ အဖြစ်ကတော့ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရမလား ခေတ်ကြီးကိုပဲ အပြ၊စ်ပုံချရမလား ဆိုတာကတော့…

  • သြစတြေးလျ အထက်လွှတ်တော်ကော်မတီမှာ မြန်မာ့အရေး လူထုကြားနာပွဲ ပြုလုပ်

    သြစတြေးလျ အထက်လွှတ်တော်ကော်မတီမှာ မြန်မာ့အရေး လူထုကြားနာပွဲ ပြုလုပ်

    မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအတွက် ပထမဆုံး လူထုကြားနာပွဲတစ်ရပ်ကို သြစတြေးလျ အထက်လွှတ်တော်ရဲ့နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဥပဒေပြုရေးကော်မတီမှာ ပြုလုပ်သွားပါတယ်။

    ဒီဇင်ဘာကစပြီး အပိုင်းလိုက်ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေး‌‌ကောက်ပွဲနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အရပ်သားအစိုးရပြန်လည်ပေါ်‌ပေါက်ရေး အတားအဆီးတွေအပါအဝင် မြန်မာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာတင်ပြချက်တွေကို အထက်လွှတ်တော်ကော်မတီမှာ ဖေဖော်ဝါရီလ ၁၃ ရက်တုန်းက ကြားနာခဲ့တာဖြစ်ပါတယ်။

    ဒီကြားနာပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch)၊ မြန်မာ့အရေးလှုံ့ဆော်ကွန်ရက်(Myanmar Campaign Network)၊ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု(ISP-Myanmar)နဲ့ သြစတြေးလျရောက် CRPH/NUG ထောက်ခံတဲ့အဖွဲ့တို့က သူတို့ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွေကို ကော်မတီမှာ တင်သွင်း ဖတ်ကြားခဲ့ကြတာဖြစ်ပါတယ်။

    ဒါအပြင် သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနကလည်း အစီရင်ခံတင်သွင်းခဲ့ပါတယ်။

    “မြန်မာလူထုအပေါ် အကြမ်းဖက်နေတဲ့စစ်တပ်ရဲ့လုပ်ရပ်ကို ဟန့်တားဖို့ရာ အစိုးရက ပိုအားကောင်းတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ပြီး လူသားချင်းစာနာ‌ထောက်ထားမှု အရှိန်မြှင့်ဖို့ သြစတြေးလျလူမှုအသိုက်အဝန်းက လိုလားတယ်ဆိုတာ ဒီအစီရင်ခံမှုတွေက ပြသနေပါတယ်” လို့ သြစတြေးလျ အထက်လွှတ်တော်အမတ် ဒင်းစမစ်က သူ့ရဲ့လူမှုကွန်ရက်မှာ ဒီနေ့ ရေးတင်ပါတယ်။

    ဒီလိုလွှတ်တော်တစ်ရပ်ရဲ့ကော်မတီကနေ တင်သွင်းချက်တွေ ဖိတ်ခေါ်ပြီး ကြားနာစစ်ဆေးကာ လွှတ်တော်ကို အစီရင်ခံစာတင်သွင်းမှာ ဖြစ်ပါတယ်။

    ကြားနာပွဲတွေပါဝင်တဲ့ကော်မတီရဲ့စုံစမ်းစစ်ဆေးချက်ကနေ သြစတြေးလျအစိုးရရဲ့ မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်နိုင်မှာဖြစ်တယ်လို့ သြစတြေးလျဥပဒေကောင်စီက ဆိုပါတယ်။

    သြစတြေးလျဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာက လူ့အခွင့်အရေးအခြေအနေတွေကို စိုးရိမ်ကြောင်း အခါအားလျော်စွာ လူသိရှင်ကြား ထုတ်ပြောနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

    မြန်မာ့အရေးကို စိုးရိမ်ကြောင်းပြောပြီး မြန်မာစစ်စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ဆက်နွှယ်ဆိုပြီး လုပ်ငန်းအချို့အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြုလုပ်ထားပါတယ်။

    ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ သြစတြေးလျရဲ့ မိုင်းတွင်းလုပ်ငန်းဆိုင်ရာကုမ္ပဏီအချို့နဲ့ ရင်းနှီးမြှုပ်နှံသူ အချို့ဟာ မြန်မာစစ်တပ်လက်အောက်က သတ္တုတွင်းဝန်ကြီးဌာန ဆက်လက် လည်ပတ်နိုင်မယ့် နည်းပညာနဲ့ သုတေသနလို ဝန်ဆောင်မှုတွေကို ပေးနေတုန်းလို့ ထောက်ပြနေကြပါတယ်။

    ဒီအခြေအနေကို မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ သုတေသနအဖွဲ့ (Justice for Myanmar) ကလည်း ၂၀၂၄ ခုနှစ်ထုတ် သူတို့ရဲ့အစီရင်ခံစာမှာ ဖော်ပြဖူးပါတယ်။

    ဒါကြောင့် သြစတြေးလျ ဗဟိုအစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေ ပြုလုပ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတိုင်းအဆ ပမာဏအထိ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူ ဒဏ်ခတ်မှု ပြုလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေပါတယ်။

  • မော်လမြိုင်မှာ လူသတ်ပြီး ငါးကန်အဟောင်းထဲ စွန်ပစ်ခဲ့သူကို ဖမ်းဆီးရမိ

    မော်လမြိုင်မှာ လူသတ်ပြီး ငါးကန်အဟောင်းထဲ စွန်ပစ်ခဲ့သူကို ဖမ်းဆီးရမိ

    မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်း၊ လှိုင်ရတနာမြို့သစ် စီမံကိန်းဝန်းက ငါးကန်ဟောင်း ရေအိုင်အတွင်းမှာ ဇန်နဝါရီလ ၁၈ ရက် မနက် ၆ နာရီ ၄၅ မိနစ်ခန့်က အမျိုးသား ၁ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ရုပ်အလောင်းတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ သိရပါတယ်။

    သေဆုံးသွားသူဟာ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်းနေ အသက် (၄၂) နှစ်အရွယ် LGBT တစ်ဦးဖြစ်သူ စိုးမိုးထိုက် ဖြစ်တယ်လို့ သိရပြီး ကျူးလွန်သူဟာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ အသက် (၃၃) နှစ်အရွယ် လင်းစိုးသက် (ခ) အမန်း ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

    လင်းစိုးသက်ရဲ့ ထွက်ဆိုချက်တွေအရ သူဟာ ဇန်နဝါရီလ အတွင်းက ကိုစိုးမိုးထိုက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြောင်း၊ စိုးမိုးထိုက် က ဘီယာတိုက်မယ်လို့ ပြောဆိုကာ သူ့ရဲ့နေအိမ်ကို ခေါ်သွားပြီး လိင်ဆက်ဆံ ခိုင်းခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၇ ရက်နေ့က စိုးမိုးထိုက် က သူ့ထံ ဖုန်းဆက်ခေါ်ပြီး ငါးကန်ဟောင်းဘေးမှာ တွေ့ဆုံကာ လိင်ဆက်ဆံပေးဖို့ ပြောဆိုခဲ့ကြောင်း၊ သူက မလုပ်ချင်ဘူးလို့ ငြင်းဆန်ခဲ့ရာက စကားများပြီး ကိုစိုးမိုးထိုက် ရဲ့ လည်ပင်းကို ပါလာတဲ့ ဓါးနဲ့ လှီးခဲ့ကြောင်း၊ ဘေးမှာရှိတဲ့ ကျောက်တုံးနဲ့ ဦးခေါင်းကို လေး၊ ငါး ချက် ထုခဲ့ကာ ငါးကန်ဟောင်းအတွင်းသို့ ဆွဲချထားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

    ကျူးလွန်သူ လင်းစိုးသက် ဟာ အသတ်ခံရသူ စိုးမိုးထိုက်ဆီက ယူဆောင်လာတဲ့ လက်ဝတ်ရတနာ၊ ငွေကြေးနဲ့ ပစ္စည်းတွေကို မြဝတီမြို့မှာ ရောင်းချပြီး အွန်လိုင်းလောင်းကစားဂိမ်း ဆော့ခဲ့ရာက ငွေတွေအားလုံးကုန်သွားတာကြောင့် မော်လမြိုင်မြို့ကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။

    စိုးမိုးထိုက် ရဲ့ လက်ကိုင်ဖုန်းကို မုဒုံမြို့က ဖုန်းဆိုင်မှာ Lock ဖြည့်ခိုင်းခဲ့ပြီး Telegram အကောင့်ဖွင့်ကာ အသုံးပြုခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ သူရဲ့နေအိမ်မှာ ဖုန်းသုံးနေစဉ် ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

    ပြစ်မှုကျူးလွန်သူ လင်းစိုးသက် (ခ) အမန်း ကို မော်လမြိုင် မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ – ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားပြီး ဆက်လက်စုံ စမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။