Category: News

  • သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော်

    သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော်

    သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော်

    ရာဇာနေဝင်း ဖုန်းကို အိမ်ကို လာနေကျသူကဘဲ ညအချိန်မတော် ပြူတင်းပေါက်ကနေ ယူသွားတာတဲ့👇

    635116273 26409949188686454 8121747731398299265 N

    လူရင်းတွေက ပိုကြောက်ဖို့ ကောင်းတယ်

    ပြန်မပေးရင်တော့ ရဲတိုင်မယ်တဲ့

    My I ph 17pro orange ကိုညကအဲပြူတင်းပေါက်ဖွင့်ပီးဝိုင်းထားတဲ့နေရာမာထားတာခိုးသွားတယ်

    628723685 26509289865419052 5089985778943527105 N

    wifi speakerကတော့မယူတော့ဘဲ(ထားတဲ့နေရာမဟုတ်)အဲ့နေရာပြန်ချသွားတယ်

    641055720 26509290048752367 8631479682153882313 N

    ခိုးတဲ့သူကmy home လာနေကြသူ

    သူဘယ်လိုခြံထဲဝင်ရမလဲph ဘယ်မာထားလဲသူသိတယ်

    I m home alone လဲသူသိတယ်

    သူမသိတာကအဲ့ph ကpassword မသိဘဲ

    သူံးမရတာရယ်

    gpsဖွင့်ပီးပြန်ရှာရင်ရတယ်ဆိုတာဘဲ

    အေးဆေးပြန်လာပေးရင်တော့no problem

    cctv တွေဖွင့်ကြည့်ပီးမမိရင်တော့ရဲကရှင်းလိမ့်မယ်

    I Ph ကapple I D မသိဘဲ ဘယ်သူမသူံးမရပါ

    ခိုးတုန်းကအသူံးပြုသွားသည့်တုတ်နှင့်ဖွင့်ခိုးသွားသည့်ပြူတင်းပေါက်

    641536009 26509740318707340 3005565810268368457 N

    642735035 26509740182040687 4291901429731966002 N

  • နဂါးကို အကြမ်းဖက်စစ်တပ်ထံ ကယ်ထုတ်ပေးတဲ့ ဘုန်းကြီးကို ပုလဲပလဖ ​ထိန်းသိမ်းထား

    နဂါးကို အကြမ်းဖက်စစ်တပ်ထံ ကယ်ထုတ်ပေးတဲ့ ဘုန်းကြီးကို ပုလဲပလဖ ​ထိန်းသိမ်းထား

    ရွာသူရွာသား​တွေက ဘုန်းကြီးကိုပြန်လွှတ်​ပေးဖို အသနားခံစာပို့

    “ဘုန်းကြီး အသက်ကို အာမခံတယ်။ အကောင်းပတိ ရှိပြီး စစ်ဆေးစရာတွေ များကြီး ရှိတယ်။ ဥပဒေအထက်တော့ မည်သူမျှမရှိရပေ” – ပုလဲပကဖ

    စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ် ၊ကံကြီးရွာကဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ကို ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။

    ဖေ‌ဖော်ဝါရီလ ၁၈ရက်နေ့ ညနေမှာ စစ်ကောင်စီထံ ဗိုလ်နဂါးပူးပေါင်းသွားပြီးနောက်ပိုင်း ဒက္ခိဏာရုံ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသကို ခေါ်ယူထိန်းသိမ်းခဲ့တာလို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    “၁၇ရက်နဲ့ ၁၈ရက်နေ့က နဂါးကို ပိတ်ဆို့ထားချိန်မှာ ဆရာတော်က အကာအကွယ်ပေးပြီး ခေါ်ထုတ်သွားတာ။နဂါးနဲ့ BNRA အဖွဲ့ပိုင် ပစ္စည်းတွေ၊ စာရင်းတွေကလည်း ဆရာတော်ဆီမှာ ရှိနေတာဖြစ်တယ်”လို့ပြောပါတယ်။

    ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDFတပ်ရင်းတွေကဖေဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာ စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။ဖေဖော်ဝါရီလ၁၈ ရက်နေ့မှာ ဗိုလ်နဂါးက စစ်တပ်နဲ့ပူး​ပေါင်းသွားပြီး စစ်တပ်ကရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့ပါတယ်။

    ဗိုလ်နဂါးရှိနိုင်တဲ့ နေရာအချို့ကို PDFနဲ့ ပကဖတပ်တွေက ပိတ်ဆို့ထားချိန်မှာဆရာတော် ဦးအရိယာဝံသကအကာအကွယ်ပေးပြီး ဘယ်သူမှမသိအောင် ခေါ်ထုတ်သွားတာလို့ဒေသခံတဦးကပြောပါတယ်။

    ဆရာတော်ဦးအရိယာဝံသဟာ သက်တော် ၄၅ နှစ်အရွယ်ရှိပါပြီ။၂၀၂၁နောက်ပိုင်း စစ်အာဏာသိမ်းမှုတော်လှန်ဆန့်ကျင်ရေးမှာ ပါပေမယ့် နောက်ပိုင်းမှာ ဗိုလ်နဂါးနဲ့ ဆရာဒကာဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးဘက်ကို မပါတော့ဘူးလို့ ပုလဲမြို့ခံတဦးကပြောပါတယ်။

    “အဲ့ဒီဘုန်းကြီးက နဂါးနဲ့ရင်းနှီးတဲ့အဆက်အသွယ်ရှိတာလည်းမှန်ပါတယ်။ နဂါးသွားပြီးနောက် ဒေသတွင်းအခြေအနေတွေပိုဆိုးမလာအောင် ပကဖက ဘုန်းကြီးကိုထိန်းသိမ်းစစ်ဆေးနေတဲ့ သဘောမျိုးပေါ့။ ဒါပေမယ့် ဒီဘုန်းကြီးကိုဒေသတွင်းကိုးကွယ်နေကြတဲ့ ဒကာ၊ဒကာမတွေလည်းရှိတော့ ထိန်းသိမ်းထားတဲ့ပေါ်မှာစိုးရိမ်နေကြတာမျိုးပေါ့။ နဂါးအလင်းဝင်ပြီး စကစဘက်ကလေကြောင်းရော စစ်ကြောင်းရောလာတော့ တော်လှန်ရေးအဖွဲ့တွေကလည်း မဖြစ်သင့်တာမဖြစ်အောင်ပတ်သက်စပ်ဆက်သူတွေကို ထိန်းသိမ်းစစ်ဆေးနေတာ”လို့ လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဖေဖော်ဝါရီလ ၁၈ရက်က ဆရာတော်ဦးအရိယာဝံသနဲ့အတူ သီတင်းကံကြီးရွာသားဦးထွန်းလင်းကိုပါ ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ထိန်းသိမ်းခဲ့တာပါ။ဦးထွန်းလင်းကိုတော့ ဖေဖော်ဝါရီလ ၁၉ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ဆရာတော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

    ဆရာတော်ကို ပြန်လွှတ်ပေးဖို့ ကံကြီးရွာရပ်ရွာ​ဒေသခံ​တွေက ​ဖေ​ဖော်ဝါရီ ၂၁ ရက် ရက်စွဲနဲ့ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ)ဆီစာပို့တောင်းဆိုထားတာလည်းရှိပါတယ်။ဆရာ​တော်ကိုဖမ်းသွားပြီးပြန်မလွတ်​ပေး​သေးလို့ဒါကာ ၊ဒါယိကာမ​တွေက ​ပူ​ဆွေး​သောက​ရောက်​နေတယ်လို့​ဖော်​ပြထားပါတယ်။ယခုဖြစ်စဥ်မှာအပြစ်ရှိရင်​တောင် ​နောက်​နောင် အခုလိုအပြစ်ထပ်မံမကျူးလွန်​စေရဟုအာမခံပြီး ထပ်မံကျူးလွန်ရင်ကြိုက်နှစ်သက်သလို စီမံ​ဆောင်ရွက်ပါဟုရွာသား​တွေ​ရေးသားထားတဲ့စာမှာ​ဖော်ပြထားပါတယ်။

    ဆရာတော်ကို လိုအပ်တာ မေးမြန်းနေခြင်းသာဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “ဟုတ်ပါတယ်အဓိကကတော့ နဂါးကိုကယ်ထုတ်သွားတယ်လို့ သတင်းရလို့ပါတဲ့။ အဲ့ဆရာတော်က နဂါးနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတယ်။ ပစ္စည်းတွေ လက်နက်တွေ သူ့ဆီမှာအပ်ထားတယ်လို့လည်း သတင်းရလို့ခဏထိန်းထားတာပါ”

    ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချပြီးတဲ့နောက်ပိုင်းပုလဲမြို့ထဲကို အင်အားဖြည့်ထားတဲ့ စစ်တပ်တွေထဲက အင်အား ၄၀၀ ခန့်ဟာရွာအချို့ကို စစ်ကြောင်းထိုးနေပါတယ်။ လက်ရှိအချိန်အထိ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းတော့ မရှိသေးပါဘူး။

    ဗိုလ်နဂါးအပြင် BNRA အဖွဲ့က စစ်ရေးတာဝန်ခံ ဘဏ္ဍာရေးတာဝန်ခံနဲ့ BNRA တပ်ရင်းမှူးအချို့လည်း စစ်တပ်ထံလက်နက်ချသွားတာမို့ ပုလဲမြို့နယ်အတွင်း လုံခြုံရေးနဲ့ စစ်ရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

  • လာမည့်ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြော

    လာမည့်ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြော

    အကြမ်းဖက်စစ်တပ်က လာမည့် ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတော် ၏ တာဝန်ကို ပြန်လည် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုသည်။

    ယမန်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ နောင်၀ိုးတပ်နယ်တွေ့ဆုံပွဲတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။

    လာမည့် မတ်လ ၁၆ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်း ပရန်နှင့် မတ်လ ၁၈ ရက်နေ့တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်း အဝေးများကျင်းပရန် ခေါ်ယူထားကြောင်း၊ ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုသည်။

    စစ်တပ်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း ၃ ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်း အကြမ်းဖက် စိုးဝင်းက ဆက်လက်ပြောဆိုသည်။

    စစ်တပ်က ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများပါဝင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် ပါတီငယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေးစင်မြင့်တွင် ပါဝင်လာနိုင်စေရေး FPTP စနစ်၊ PR စနစ်တို့ကို ကျင့်သုံးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ပါတီငယ်များမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်းအကြမ်းဖက် စိုးဝင်းက ဆိုသည်။

    သို့ရာတွင် စစ်တပ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်အမတ်နေရာ ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော်အမတ်နေရာ ၁၀၈ စုစုပေါင်း အမတ်နေရာ ၃၃၉ နေရာ အနိုင်ရရှိထားပြီး ကြံ့ဖွတ်ပါတီတစ်ခုတည်းဖြင့် အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ပြီဖြစ်သည်။

    အခြားတစ်ဖက်တွင်လည်း စစ်တပ်က ပြည်သူ့လွှတ်တော်အမတ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အမတ် ၅၆ ဦး စုစုပေါင်း ၁၆၆ ဦး ပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျောက် ရရှိနေခြင်းဖြစ်သည်။

    လက်ရှိ ကြံ့ဖွတ်ပါတီက ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်အတွက် သမ္မတ တင်မြှောက်ရမည်ဖြစ်ပြီး ကနဦးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒုတိယသမ္မတ ၁ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦး စုစုပေါင်း ဒုတိယသမ္မတ ၃ ဦးကို ရွေးချယ်ရမည်ဖြစ် သည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်က အစုအဖွဲ့ ၃ ခုက ရွေးချယ်လိုက်သော ဒုတိယသမ္မတ ၃ ဦးအနက်မှ သမ္မတ ၁ ဦးကို ရွေးချယ်ရမည်ဖြစ်သည်။

  • တာချီလိတ်တွင်  ဒဏ်ရာများနှင့် လမ်းဘေးတွင် အလောင်း စွန့်ပစ်ခဲ့သော မဖြူဖြူအေး အသတ်ခံရမှု

    တာချီလိတ်တွင် ဒဏ်ရာများနှင့် လမ်းဘေးတွင် အလောင်း စွန့်ပစ်ခဲ့သော မဖြူဖြူအေး အသတ်ခံရမှု

    တာချီလိတ်တွင် ဒဏ်ရာများနှင့် လမ်းဘေးတွင် အလောင်း စွန့်ပစ်ခဲ့သော မဖြူဖြူအေး အသတ်ခံရမှုအတွက် စစ်တပ်နှင့်ရဲများက အမှုမှန်ကို ဖုံးကွယ်ပြီး ကျူးလွန်ထားသူများကို ကာကွယ်ပေးထား

    ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒဏ်ရာများနှင့် လမ်းဘေးတွင် စွန့်ပစ်ထားသော မဖြူဖြူအေး အသတ်ခံရမှုအတွက် စစ်တပ်နှင့်ရဲများက အမှုမှန်ကို ဖုံးကွယ်ပြီး ကျူးလွန်ထားသူများကို ကာကွယ်ပေးထားကြောင်း မဖြူဖြူအေး၏ မိတ်ဆွေများက ပြောဆိုသည်။

    မဖြူဖြူအေးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က Sky Club 1688 KTV မှ ညပိုင်းအပြန်တွင် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တာချီလိတ်မြို့ပတ်လမ်းတစ်နေရာတွင် မဖြူဖြူအေး၏ အလောင်းကို စောင်ဖြင့်ထုပ်ကာ ဆားများသိပ်လျက် အထုပ်လိုက် စွန့်ပစ်ထားကြောင်း၊ မိသားစုက လူပျောက်ကြော်ငြာပြီးနောက် အသက် ၂၁ နှစ်အရွယ်ရှိ မဖြူဖြူအေး၏ အလောင်းကို ရက်ရက်စက်စက် သတ်ဖြတ်၍ လမ်းဘေးတွင် စွန့်ပစ်ထားသည့်ပုံစံဖြင့် ပြန်လည် တွေ့ရှိခဲ့ရကြောင်း

    641398744 1284679883759615 496899711488621724 N

    အသတ်ခံရသူ မဖြူဖြူအေး၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာများစွာ အထင်အရှား ရှိနေသော်လည်း ရဲနှင့်စစ်တပ်က တစ်စုံတစ်ရာ အရေးယူမှုမရှိဘဲ အလောင်းကို သဂြိုလ်လိုက်ကြောင်း၊ သဂြိုလ်ရာတွင်

    မိသားစုကို အသိမပေးဘဲ အလျင်စလို သဂြိုလ်လိုက်ခြင်းဖြစ်ပြီး အပုပ်နံ့ထွက်နေသည်ဟု အကြောင်းပြ သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

    ရုပ်အလောင်းကို ပြန်လည် တွေ့ရှိချိန်က လူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ထားခဲ့သော်လည်း အနံ့ထွက်လာသည်ဟု အကြောင်းပြကာ မိသားစုထံ အကြောင်းကြားခြင်း မရှိဘဲ စစ်တပ်နှင့်ရဲက ချက်ချင်း သဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ရစ်သူ မိသားစုဝင်များက ရုပ်အလောင်းအား နောက်ဆုံးအနေဖြင့် မြင်ခွင့်မရလိုက်သလို၊ ကောင်းမွန်စွာ သဂြိုဟ်ခွင့်လည်း ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

    မဖြူဖြူအေး ရက်ရက်စက်စက် အသတ်ခံရပြီး အလောင်းကို စွန့်ပစ်ခံခဲ့ရသော်လည်း ယင်းအမှုကို တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း၊ အမှုမှာ လူသတ်မှုဖြစ်သော်လည်း တာချီလိတ် (တခလ) ဗျူဟာမှူးနှင့် ရဲမှူး၊ တာချီလိတ်ပြည်သူ့ဆေးရုံအုပ်ကြီး၊ Sky Club 1688 KTV နှင့် ရွှေအေးစေ တည်းခိုခန်းတို့က အမှုအခင်းအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိဘဲ သာမန် သေမှုသေခင်းပုံစံဖြင့် လျစ်လျူရှုထားကြောင်း သိရှိရသည်။

    မဖြူဖြူအေး နောက်ဆုံးသွားရောက်ခဲ့သည့် Sky Club 1688 KTV နှင့် ရွှေအေးစေ တည်းခိုခန်းများတွင် CCTV မှတ်တမ်းများ ရှိသော်လည်း ထုတ်မပေးဘဲ ဖုံးကွယ်ထားကြောင်း၊ ယင်းအပြင် ဆေးရုံကလည်း အလောင်းကို စစ်ဆေး၍ ဆေးမှတ်တမ်းများ ပြုလုပ်ရန် ပျက်ကွက်ခဲပြီး အလောင်းကို အလျင်စလို သဂြိုဟ်၍ သက်သေဖျောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    မဖြူဖြူအေးကို သတ်ဖြတ်ခဲ့ကြသည့် တရားခံဟု သံသယရှိဖွယ်ရှိနေသော သူများမှာ လက်နက်ကိုင်အဖွဲ့များ၊ စစ်တပ်နှင့် ရဲအရာရှိကြီးများနှင့်အတူ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများကို ပူးတွဲလုပ်ကိုင်နေသည့် ငွေကြေးအင်အား တောင့်တင်းသူများ ဖြစ်ကြောင်း သိရှိရသည်။

    လက်ရှိတွင် အာဏာပိုင်များသည် သက်သေများကို သိမ်းဆည်းရမိထားသော်လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ခြင်း မရှိဘဲ တရားခံများကိုသာ အကာအကွယ် ပေးလျက် ရှိကြောင်း၊ ကျန်ရစ်သူမိသားစုကမူ မဖြူဖြူအေးအတွက် နာရေးရက်လည်အစီအစဉ်ကို လုပ်ဆောင်ရန် သေဆုံးသည့် ရက်ကို ဖေဖော်ဝါရီလ ၂၂ ရက် (တနင်္ဂနွေနေ့) ဟုဖော်ပြပြီး လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရှိ နေအိမ်၌ ရက်လည်ဆွမ်းသွတ် တရားတော်နာ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

    ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

    ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။

    ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky Club 1688 KTV) မှ အပြန်တွင် ပျောက်ဆုံးသွားခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဉီးက ပြောသည်။

    “1688 KTV မှာ သွားလည်ပြီး ပျောက်သွားတာ။ လူများတွေ နောက်ဆုံးတွေ့တာတော့ ဗိုလ်ကြီးတစ်ယောက်နဲ့ ထွက်သွားတယ် ပြောတယ်။ သေချာလားဆိုတာတော့ မပြောတတ်ဘူး”ဟု ဆွေမျိုးနီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

    အဆိုပါအမျိုးသမီး ပျောက်ဆုံးသွားပြီးနောက် ၃ ရက်အကြာ (ဖေဖော်ဝါရီလ ၁၆ ရက်) တွင် စောင်ဖြင့် ပတ်ထားသည့် ရုပ်အလောင်းကို တာချီလိတ်မြို့ အရှေ့မြို့ပတ်လမ်း တစ်နေရာတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

    အသက် ၂၁ နှစ်အရွယ်ရှိ ထိုအမျိုးသမီးငယ် ပျောက်ဆုံးသည့်အကြောင်းကို ၎င်း၏ အစ်မဖြစ်သူက တာချီလိတ်မြို့ ဟောင်လိတ်ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားရန် သွားရောက်ချိန်တွင် စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့မှ မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း၊ မိသားစုဝင်များကို အကြောင်းမကြားဘဲ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

    “သူ့ရဲ့ အစ်မက လူပျောက်တယ်ဆိုပြီး တင်ထားတာ ၃ ရက်ရှိပြီ။ အိမ်ပြန်မလာသေးဘူး ဆိုပြီး ရဲစခန်းသွားမေးမှ မီးသင်္ဂြိုဟ်လိုက်ပြီ ပြောတာ။ သူ့ကို ပြန်တွေ့တော့ မြို့ပတ်လမ်းမှာ စောင်နဲ့ လာပစ်ထားသွားတယ်တဲ့။ အလောင်းကို မိသားစုဝင်တွေ တစ်ယောက်မှ မတွေ့လိုက်ရဘူး၊ သူ့ရဲ့ နောက်ဆုံးခရီးကိုတောင် မိသားစုဝင်တွေက ဘာမှ မသိလိုက်ရဘူး”ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

    လက်ရှိတွင် အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး သေဆုံးသူ၏ မိသားစုကို ဆက်သွယ်သိရှိသည်အထိ မစောင့်ဘဲ ရဲတပ်ဖွဲ့မှ အလောင်းဖျောက် မီးသင်္ဂြိုဟ်လိုက်သည့် ကိစ္စအပေါ် မြို့ခံများမှ အကြီးအကျယ် ဝေဖန်မှုများ ရှိနေကြောင်း သေဆုံးသူ၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

    “လူမှုကူညီရေးအဖွဲ့က ဆေးရုံတင်ပြီး ထားတော့ အနံ့ထွက်တယ်ဆိုပြီး မီးသင်္ဂြိုဟ်ပစ်လိုက်တာ လို့ ပြောတယ်။ အခု ဒီကိစ္စက တမင်ဖုံးထားသလို ဖြစ်နေတယ်။ အရင်က လမ်းဘေးမှာ ပိုင်ရှင်မဲ့ အလောင်း သေနေရင်တောင် တင်တာကို”ဟု ၎င်းသူငယ်ချင်းဖြစ်သူက ပြောဆိုသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့တွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာသည့်အပြင် အပြစ်မဲ့ ပြည်သူများ ပျောက်ဆုံးခြင်း၊ ပြန်ပေးဆွဲခံရခြင်း စသည့် ပြစ်မှုကျူးလွန်ခြင်း အမျိုးမျိုးကို ခံနေရသည့် အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူပေးနိုင်ခြင်း မရှိ‌ကြောင်း ဒေသခံများက ပြောသည်။

    “မိသားစုဝင်တွေ နောက်ဆုံးခရီးတောင် မပို့လိုက်ရဘဲ လမ်းဘေးမှာ စောင်နဲ့ပတ် ဆားသိပ်ခံရပြီး d.b စွန့်ပစ်ခံခဲ့ရတဲ့ မဖြူဖြူအေး

    တာချီလိတ်မြို့မှာ လူပျောက်ကြော်ငြာထားတဲ့ အသက် (၂၁) နှစ်အရွယ် မဖြူဖြူအေး ဟာ ရက်ရက်စက်စက် သ.တ်.ဖြတ်ခံခဲ့ရပြီး လမ်းဘေးမှာ စောင်နဲ့ပတ်၊ ဆားတွေနဲ့သိပ်လျက်သား အထုပ်လိုက် စွန့်ပစ်ခံထားရတဲ့ သတင်းက လူမှုကွန်ရက်မှာ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်နေပါတယ်။

    ဖြစ်စဉ်အကျဉ်း

    မဖြူဖြူအေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က Sky Club 1688 KTV ကနေအပြန်မှာ စတင်ပျောက်ဆုံးခဲ့တာပါ။ မိသားစုက ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ဖို့ ကြိုးစားနေချိန်မှာပဲ တုန်လှုပ်စရာ အမှန်တရားကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။

    မိသားစုမသိဘဲ သဂြိုဟ်ခံလိုက်ရခြင်း

    ဖေဖော်ဝါရီ (၁၆) ရက်နေ့မှာ မြို့ပတ်လမ်းတစ်နေရာ၌ စောင်နဲ့ထုပ်ပြီး ဆားတွေသိပ်ထားတဲ့ d.b တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။

    လူမှုကူညီရေးအသင်းတွေက ဆေးရုံမှာ ထားရှိခဲ့ပေမယ့် အနံ့ထွက်လာတာကြောင့် မိသားစုထံ အကြောင်းမကြားဘဲ ချက်ချင်း သဂြိုဟ်လိုက်တယ် လို့ သိရပါတယ်။

    မိသားစုဝင်တွေအနေနဲ့ သူမရဲ့ ရုပ်အလောင်းကို နောက်ဆုံးအနေနဲ့တောင် မြင်ခွင့်မရလိုက်သလို၊ နာရေးကိုလည်း ကောင်းကောင်းမွန်မွန် လုပ်ဆောင်ပေးခွင့် မရခဲ့ပါဘူး။

    မိသားစုရဲ့ ရင်ကွဲသံ

    မဖြူဖြူအေးရဲ့ အစ်မဖြစ်သူက “ကျွန်မညီမလေးကို ရက်ရက်စက်စက် လုပ်သွားကြတာပါ။ ဒဏ်ရာဒဏ်ချက်တွေနဲ့ လမ်းဘေးမှာ ပစ်ထားခဲ့ကြတယ်။ ရဲတွေကလည်း မိသားစုကိုမရှာဘဲ သဂြိုဟ်လိုက်ကြတယ်” လို့ ဝမ်းနည်းကြေကွဲစွာ ပြောကြားထားပါတယ်။

    လက်ရှိမှာ သေဆုံးရတဲ့ ရက်စွဲအတိအကျကို မသိရတဲ့အတွက် လာမယ့် ဖေဖော်ဝါရီ (၂၂) ရက်နေ့ မှာ ရက်လည်ဆွမ်းကျွေးကို ခန့်မှန်းရက်နဲ့ပဲ ပြုလုပ်သွားရမယ်လို့ သိရပါတယ်။

    တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ပါစေကြောင်းနဲ့ မဖြူဖြူအေး ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

    ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

    သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။

    ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky Club 1688 KTV) မှ အပြန်တွင် ပျောက်ဆုံးသွားခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဦး  ပြောသည်။

    “1688 KTV မှာ သွားလည်ပြီး ပျောက်သွားတာ။ လူများတွေ နောက်ဆုံးတွေ့တာတော့ ဗိုလ်ကြီးတစ်ယောက်နဲ့ ထွက်သွားတယ် ပြောတယ်။ သေချာလားဆိုတာတော့ မပြောတတ်ဘူး”ဟု ဆွေမျိုးနီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

    အဆိုပါအမျိုးသမီး ပျောက်ဆုံးသွားပြီးနောက် ၃ ရက်အကြာ (ဖေဖော်ဝါရီလ ၁၆ ရက်) တွင် စောင်ဖြင့် ပတ်ထားသည့် ရုပ်အလောင်းကို တာချီလိတ်မြို့ အရှေ့မြို့ပတ်လမ်း တစ်နေရာတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

    အသက် ၂၁ နှစ်အရွယ်ရှိ ထိုအမျိုးသမီးငယ် ပျောက်ဆုံးသည့်အကြောင်းကို ၎င်း၏ အစ်မဖြစ်သူက တာချီလိတ်မြို့ ဟောင်လိတ်ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားရန် သွားရောက်ချိန်တွင် စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့မှ မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း၊ မိသားစုဝင်များကို အကြောင်းမကြားဘဲ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

    “သူ့ရဲ့ အစ်မက လူပျောက်တယ်ဆိုပြီး တင်ထားတာ ၃ ရက်ရှိပြီ။ အိမ်ပြန်မလာသေးဘူး ဆိုပြီး ရဲစခန်းသွားမေးမှ မီးသင်္ဂြိုဟ်လိုက်ပြီ ပြောတာ။ သူ့ကို ပြန်တွေ့တော့ မြို့ပတ်လမ်းမှာ စောင်နဲ့ လာပစ်ထားသွားတယ်တဲ့။ အလောင်းကို မိသားစုဝင်တွေ တစ်ယောက်မှ မတွေ့လိုက်ရဘူး၊ သူ့ရဲ့ နောက်ဆုံးခရီးကိုတောင် မိသားစုဝင်တွေက ဘာမှ မသိလိုက်ရဘူး”ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

    လက်ရှိတွင် အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး သေဆုံးသူ၏ မိသားစုကို ဆက်သွယ်သိရှိသည်အထိ မစောင့်ဘဲ ရဲတပ်ဖွဲ့မှ အလောင်းဖျောက် မီးသင်္ဂြိုဟ်လိုက်သည့် ကိစ္စအပေါ် မြို့ခံများမှ အကြီးအကျယ် ဝေဖန်မှုများ ရှိနေကြောင်း သေဆုံးသူ၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

    “လူမှုကူညီရေးအဖွဲ့က ဆေးရုံတင်ပြီး ထားတော့ အနံ့ထွက်တယ်ဆိုပြီး မီးသင်္ဂြိုဟ်ပစ်လိုက်တာ လို့ ပြောတယ်။ အခု ဒီကိစ္စက တမင်ဖုံးထားသလို ဖြစ်နေတယ်။ အရင်က လမ်းဘေးမှာ ပိုင်ရှင်မဲ့ အလောင်း သေနေရင်တောင် တင်တာကို”ဟု ၎င်းသူငယ်ချင်းဖြစ်သူက ပြောဆိုသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့တွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာသည့်အပြင် အပြစ်မဲ့ ပြည်သူများ ပျောက်ဆုံးခြင်း၊ ပြန်ပေးဆွဲခံရခြင်း စသည့် ပြစ်မှုကျူးလွန်ခြင်း အမျိုးမျိုးကို ခံနေရသည့် အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူပေးနိုင်ခြင်း မရှိ‌ကြောင်း ဒေသခံများက ပြောသည်။

  • ဗိုလ်နဂါး ရဲ့ အဓိက ထောက်ပို့တွေ ပြည်သူကို တောင်းပန်သင့်ဟုဆို

    ဗိုလ်နဂါး ရဲ့ အဓိက ထောက်ပို့တွေ ပြည်သူကို တောင်းပန်သင့်ဟုဆို

    ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးဟာ တော်လှန်ရေးအတွက် ထောက်ပို့ခဲ့တဲ့ ငွေကြေးအများအပြားကို ကိုယ်ကျိုးအတွက်အသုံးပြုခဲ့ပြီး သူ့ပိုင်ဆိုင်မှုတွေဟာ သိန်းပေါင်းသောင်းနဲ့ချီပြီး ရှိတယ်လို့ ပုလဲမြို့နယ်အတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

    BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်နဲ့ ပူးပေါင်းသွားပြီးတဲ့နောက် PDF တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ရာ ပုလဲမြို့နယ်၊ ဂွေးပင်ရိုးရွာမှာ မြေအောက်ခန်းကို ကြွေပြားတွေကပ်ထားတဲ့ ဗိုလ်နဂါးပိုင် အိမ်တလုံးကို တွေ့ရှိခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

    အိမ်ခြံဝန်းထဲမှာ ဗိုလ်နဂါး ပိုင်ဆိုင်တဲ့ မြင်းမွေးတဲ့ခြံတခုနဲ့ မြင်းတွေကိုလည်းတွေ့ရှိခဲ့ပြီး အဲဒီမြင်းခြံက မြင်းတွေနဲ့ မွေးဘက်ပေးထားတဲ့မြင်းတွေ အပါဆိုရင် ဗိုလ်နဂါးပိုင် ဆိုင်တဲ့ မြင်းအကောင်ရေ ၃၀ လောက်ရှိတယ်လို့ ဗိုလ်နဂါးရဲ့ အရင် MRDA ကနေ MOD အောက်ကို ပြောင်းလာတဲ့ တပ်ဖွဲ့ဝင် က ဆိုပါတယ်။

    “မြင်းက အကောင် ၃၀ ဆိုတာ ကျနော်တို့ မေးမြန်းထားတာလောက်ပဲ ရှိသေးတာပါ၊ အဲဒီထက်လည်း များနိုင်တယ်၊ မွေးဘက်ပေးထားတယ် ဆိုတာတွေလည်း အများကြီးရှိသေးတယ်၊ ဘယ်နေရာတွေကို မွေးဘက်ပေးထားတာဆိုတာကိုလည်း စုံစမ်းတုန်းပါ၊ ဂွေးပင်ရိုးအိမ်မှာ သူ(ဗိုလ်နဂါး) အိပ်တဲ့ ဆွိတီဟုမ်း မွေ့ယာကြီးကလည်း တတောင်လောက် ရှိတယ်” လို့ ပြောပါတယ်။

    မြင်းအကြောင်း နားလည်တဲ့ အမျိုးသားတဦးရဲ့ ပြောပြချက်အရ ဗိုလ်နဂါးမွေးထားတဲ့ မြင်းတွေဟာ မြင်းကောင်း မြင်းသန့်တွေ ဖြစ်ပြီး တကောင်ကို ကာလပေါက်ဈေး သိန်း ၁၀၀ ကျော်လောက် တန်ကြေးရှိတယ်လို့ ဆိုပါတယ်။

    ဗိုလ်နဂါးက မြင်းအလွန်ဝါသနာပါသူလို့ သိရပြီး မြင်းတွေကို တော်လှန်ရေးအတွက် တတောင့်တနေရာမှာ အသုံးပြုဖို့ထက် ဝါသနာအရ ငွေကုန်ကြေးကျခံကာ မြင်းကောင်းတွေကို စုဆောင်းပြီး မွေးမြူထားတာ ဖြစ်တယ်လို့ BNRA တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

    ဒါ့အပြင် ဗိုလ်နဂါးဟာ သူ့ရဲ့ညီမဖြစ်သူတွေကို (-) နဲ့ (-)တွေ ရွာမှာ ဈေးဆိုင်ဖွင့်ပေးခဲ့ကြောင်း လက်ရှိမှာ ဈေးဆိုင်ဖွင့်ထားတဲ့ ဗိုလ်နဂါးရဲ့ ညီမဖြစ်သူဟာလည်း စစ်တပ်နဲ့ ပူးပေါင်းသွားပြီဖြစ်ကြောင်း ဒေသခံတွေက ပြောပြပါတယ်။

    “အရင်က သူ့ညီမတွေက ဒီလိုပဲ ဆင်းဆင်းရဲရဲနေနေကြတာ၊ နဂါးအလှူငွေတွေ ရလာမှ အဲဒီဆိုင်တွေ ထဖွင့်တာ၊ သူတင်မကဘူး သူ့မိသားစုတွေလည်း တော်လှန်ရေးငွေတွေကို အလွဲသုံးစားလုပ်နေတာလို့ ပြောလို့ရတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။

    ပုလဲမြို့နယ် မင်းမရွာ နဲ့ ကြောင်သန်းရွာမှာလည်း ဗိုလ်နဂါးဝယ်ထားတဲ့ ခြံဝန်းတွေရှိကြောင်း၊ BNRA ရဲဘော်တဦးရဲ့ ပြောပြချက်အရ စပါးတင်း တထောင်နီးပါးကိုလည်း ဗိုလ်နဂါးက ဝယ်ထားတယ်လို့ သိရကြောင်း PDF တပ်ဖွဲ့ဝင်က ပြောဆိုပါတယ်။

    ဗိုလ်နဂါးရဲ့ BNRA တပ်စခန်းတွေကို PDF တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာလည်း BNRA က ကျွန်းသစ်အများအပြားကို ခုတ်ပြီး စုဆောင်းထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆက်လက် ပြောဆိုပါတယ်။

    ပုလဲမြို့နယ် သပြေရေရွာက ဦးလှ(အမည်လွှဲ) နဲ့ ဂွေးပင်ရိုးရွာက ဦးဘ(အမည်လွှဲ) တို့နဲ့လည်း ဗိုလ်နဂါးဟာ သစ်မှောင်ခိုလုပ်ငန်းကို စပ်တူ လုပ်ကိုင်ခဲ့ပြီး အခြားသူနဲ့အတူ သစ်မှောင်ခိုလုပ်ကိုင်ခဲ့တဲ့လူတွေလည်း ရှိသေးကြောင်း၊ သူနဲ့ စပ်တူ သစ်မှောင်ခိုလုပ်ကိုင်ခဲ့သူတွေကိုလည်း သူအလိုမကျရင် ဖမ်းဆီးတာတွေရှိခဲ့ကြောင်း ပြောပြပါတယ်။

    အခုလို တော်လှန်ရေးငွေတွေကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တာနဲ့ ပတ်သက်ပြီး တော်လှန်ရေး ထောက်ပို့တဦးက-

    ” အရင်ကတော့ အဆိပ်ပင်မှန်း မသိလို့ ရေလောင်းခဲ့ကြတာပေါ့၊ အခုတော့ အဆိပ်ပင်မှန်းလည်း သိရတဲ့အပြင် ပြည်သူ့ငွေတွေကို အလွဲသုံးစား လုပ်သွားတာလည်း သိရက်နဲ့တောင် ဗိုလ်နဂါး မှန်တယ်လို့ ပြောနေကြသေးတဲ့ ဗိုလ်နဂါးရဲ့ အဓိကထောက်ပို့တွေအနေနဲ့ ပြည်သူကို တောင်းပန်သင့်တယ်” လို့ ပြောပါတယ်။

    လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့ ပူးပေါင်းခဲ့တဲ့ BNRAတပ်ဖွဲ့ဝင်အများအပြားကို PDF တွေက ကောင်းမွန်စွာထိန်းသိမ်းထားပြီး အကြမ်းဖက် စစ်တပ် နဲ့ ပူးပေါင်းခဲ့တဲ့ BNRA တပ်ဖွဲ့ဝင်အချို့လည်း ရှိနေကြောင်း၊ ပုလဲမြို့ နယ်အတွင်းကို စစ်တပ်ဘက်က စစ်ကြောင်းတွေ ထိုးနေကြောင်း သတင်းရရှိပါတယ်။