Category: News

  • စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်း

    စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်း

    စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်းပြီး စီးပွားရေးကပ်ဘေးသင့်ကာ ကမ္ဘာ့အပယ်ခံနိုင်ငံအဖြစ် မြန်မာနိုင်ငံရောက်ရှိဟု ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ပါမောက္ခရှောင်တာနယ်ပြောဆို

    မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမှစ၍ ၅ နှစ်တာကာလအတွင်း မြန်မာ ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့ပြီး စီးပွားရေးတစ်ခုလုံး ကပ်ဘေးသင့်ကာ ကမ္ဘာ့အပယ်ခံနိုင်ငံအဖြစ်သို့​ ရောက်ရှိသွားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အထူးအကြံပေး ပါမောက္ခ ရှောင်တာနယ် (Sean Turnell) က ပြောဆိုသည်။

    ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ The Sydney Institute တွင် ကျင်းပပြုလုပ်သော “၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၏ အနာဂတ် ဘာဖြစ်လာမလဲ” (Myanmar in 2026: What is the future?) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

    စစ်အာဏာသိမ်းမှု ၅ နှစ်တာအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) သည် ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပြီး အဆိုးရွားဆုံး ဆင်းရဲနွမ်းပါးမှုနှုန်းမှာလည်း နှစ်ဆတိုးမြင့်လာခဲ့ကြောင်း၊ အလုပ်လက်မဲ့နှင့် အလုပ်အကိုင်မလုံလောက်မှုများ အဆမတန် မြင့်တက်လာခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပါအဝင် ရင်းနှီးမြှုပ်နှံမှုများနီးပါး လုံးဝပြိုလဲသွားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

    ငွေဖောင်းပွမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ယင်းသည် ကုန်ဈေးနှုန်းတည်ငြိမ်လေ့ရှိသည့် အာဆီယံနိုင်ငံများ၏ ပျမ်းမျှနှုန်းထက် ၁၀ ဆခန့် ပိုမိုမြင့်မားနေကြောင်း ၊ မြန်မာကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်းပြီး နိုင်ငံခြားကြွေးမြီ ၂ ဆတိုးလာကြောင်း၊ အကြွေးဟောင်းများကိုလညး မဆပ်နိုင်ဘဲ တင်နေသဖြင့် မြန်မာနိုင်ငံသည် ကြွေးရှင်များအပေါ် ကြွေးမြီပျက်ကွက် (Default)သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ပါမောက္ခရှောင်တာနယ်က ပြောသည်။

    လက်ရှိ စစ်တပ်က ငွေစက္ကူများ ရိုက်ထုတ်ကာ အသက်ဆက်နေရပြီး ယင်းနည်းလမ်းသည် ရှေးရိုးစွဲဖြစ်သော်လည်း အလွန်ပျက်စီးစေသည့် နည်းလမ်းဖြစ်ကြောင်း ၎င်းက ဝေဖန်ခဲ့သည်။ ထိုကြောင့် ငွေဖောင်းပွမှုနှင့် ငွေတန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်နေခြင်းမှာ အံ့သြစရာမဟုတ်ကြောင်း ၎င်းက ဆိုသည်။

    ပါမောက္ခရှောင်တာနယ်က လက်ရှိ မြန်မာနိုင်ငံမှ အဓိက တင်ပို့နေရသည်မှာ လူများ၊ မငြိမ်မသက်မှုများနှင့် ပိုမိုဆိုးရွားလာသည့် ရာဇဝတ်မှုများသာ ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam centers) လုပ်ငန်းများ အကြီးအကျယ် ပေါ်ပေါက်လာပြီး နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများ အခြေစိုက်ရာ နေရာတစ်ခုဖြစ်လာကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံ တကာအသိုင်းအဝိုင်းအတွင်း “အပယ်ခံနိုင်ငံ” (Pariah nation) အဖြစ် ပြန်လည်ရောက်ရှိနေပြီး စီး ပွားရေးပိတ်ဆို့မှုများမှာလည်း မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာ တကျော့ပြန် ရှိနေကြောင်း ၎င်းက ထောက်ပြသည်။

    မြန်မာနိုင်ငံသည် ယနေ့ခေတ်တွင် တရုတ်နိုင်ငံ၏ ဩဇာသက်ရောက်မှု အလွန်မြင့်မားသည့် အခြေ အနေသို့ ရောက်ရှိနေပြီး ယင်းအခြေအနေသည် ယခင်က စစ်တပ်ကိုယ်တိုင် ကြောက်ရွံ့ခဲ့သည့် အခြေအနေမျိုး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

    မြန်မာစစ်တပ်က နှစ်ပေါင်း ၆၀ ကျော် စီးပွားရေးကို ဖျက်ဆီးလာခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်ပြီးနောက်ကာလတွင် စက်မှုနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်မည့် နိုင်ငံအဖြစ် ခန့်မှန်းခံခဲ့ရသော်လည်း ယနေ့တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူတို့နောက် အပြတ်အသတ် ကျန်ရစ်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

    စစ်တပ်အနေဖြင့် ပြသနိုင်သည့် စီးပွားရေးအောင်မြင်မှု မရှိသကဲ့သို့ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ပိုမိုပျက်စီးသွားခြင်းကြောင့် လူမှုစီးပွား ကဏ္ဍ တွင်လည်း လုံးဝ ရှုံးနိမ့်နေပြီဖြစ်ကြောင်း ပါမောက္ခရှောင်တာနယ်က သုံးသပ်ပြောကြားသည်။

  • ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို AIF အမျိုးသမီး ဒရုန်းတပ်ဖွဲ့က အသေခံဒရုန်းများဖြင့် အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက် (ရုပ်/သံ)

    ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို AIF အမျိုးသမီး ဒရုန်းတပ်ဖွဲ့က အသေခံဒရုန်းများဖြင့် အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက် (ရုပ်/သံ)

    ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို AIF အမျိုးသမီး ဒရုန်းတပ်ဖွဲ့က အသေခံဒရုန်းများဖြင့် အကြိမ်ကြိမ် လိုက်လံ တိုက် ခိုက်ခဲ့ကြောင်း AIF Myanmar က ပြောဆိုသည်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းမှ စတင်ပြီး ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို ဒရုန်း စစ်ဆင်ရေးအဖြစ် AIF Myanmar ၏ အမျိုးသမီးတပ်ဖွဲ့ဖြစ်သော WITCH အဖွဲ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်တပ် ဘန်ကာများကို အသေခံဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိအချိန်အထိ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ဖလမ်းမြို့ အနီး Khuangli နှင့် Sumhrang ရွာတို့၌ တပ်စွဲထားပြီး ကလေးမြို့မှ စစ်ကူတက်လာသော စစ်ကြောင်းသည်လည်း သိုင်းငင်း-ဖလမ်း အကြားရှိ Tuphei ရွာအနီးတွင် ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရှိရသည်။

    “လက်ရှိမှာ ဖလမ်းမြို့ကို စစ်တပ်က စစ်သည် အင်အား ၁၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေပြီး အသေ အပျောက် အလွန်များနေပါတယ်။ အခုထုတ်ပြန်ထားတဲ့ စစ်ဆင်ရေးကို AIF ရဲ့ WITCH အဖွဲ့က ဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ အရေးပါမှုကို အလေးပေးဖော်ပြလိုပြီး အာ ဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ နိုင်ငံရှိ အမျိုးသမီးများအားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်” ဟုAIF Myanmar မှ တာဝန်ရှိသူက ပြောဆိုသည်။

    အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ခုကို CNA အပါအဝင် ချင်းတောလှန်ရေးစုပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၃၀ နီးပါးနှင့် ကျည်ဘောက်များ၊ ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    ဖလမ်းမြို့နယ် တစ်ခုလုံးကို ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ချင်းတော်လှန်ရေး တပ်ပေါင်းစုက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စစ်တပ်ကင်းစင် နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်လည် ထိန်းချုပ်နိုင်ရန် အကြမ်းဖက် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

  • ဟားခါးတွင် ရဲအရာရှိအပါအဝင် သုံးဦး ပစ်ခတ်ခံရ၍ ပွဲချင်းပြီးသေ

    ဟားခါးတွင် ရဲအရာရှိအပါအဝင် သုံးဦး ပစ်ခတ်ခံရ၍ ပွဲချင်းပြီးသေ

    ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် ပစ်ခတ်တိုက်ခိုက်ခံရသည့်အတွက် ရဲအရာရှိအပါအဝင် သုံးဦး ပွဲချင်းပြီးသေဆုံးပြီး ငါးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Hakha)ကို ထောက်ပံ့နေသည့် CDF-Hakha Support Team of North America က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။

    “ချင်းပြည်နယ်၏မြို့တော် ဟားခါးတွင် တာဝန်ကျသူ ရဲမင်းကြီးသည် လူမဆန် အင်မတန် ကြမ်းကြုတ် ရိုင်းစိုင်းနေပါသည်။ သူ့လက်အောက် ရဲဘော်တွေကို တနေ့ သိန်း ၃၀ ထက်မနည်း ပြည်သူတွေဆီမှ မတရားလုယူခိုင်းပြီး တပ်ကုန်းနေ ဗျုဟာမှူးထံ ကန်တော့လေ့ရှိကြောင်းသိရှိရပါသဖြင့် ပြည်ထောင်စုနေ့ ညနေခင်းတွင် CDF Hakha မှ operation လုပ်ရခြင်းဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဟားခါးမြို့တွင် အေးချမ်းစွာနေထိုင်နေသော ပြည်သူများထံမှ ပိုက်ဆံ မတရားထပ်မံကောက်ခံပါက ယခုထက်ပို၍ ပြင်းထန်သောပစ်ခတ်မှုများ/ဖောက်ခွဲမှုများ ထပ်မံပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

    ဟားခါးမြို့နေပြည်သူများအနေဖြင့်လည်း ဖေဖော်ဝါရီလ ၉ ရက်မှစ၍ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသများအတွင်း သွားလာလှုပ်ရှားမှုများမလုပ်ကြရန် CDF – Hakha က အသိပေးထားသည်ဟု သိရသည်။

    ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၃ နာရီကလည်း ဟားခါးမြို့မရဲစခန်းကို CDF-Hakha နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကစီးနင်းခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ ငါးဦးသေဆုံးပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ခဲ့သည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင်လည်း CDF – Hakha က ဟားခါးမြို့မရဲစခန်းအား ဝင်ရောက်စီးနင်းပြီး အကျဉ်းသား အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

  • BNRA ရဲဘော် ၂ ယောက်ကပစ်ခတ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၄ အဖွဲ့ဝင်ကိုကတုံးသေဆုံး

    BNRA ရဲဘော် ၂ ယောက်ကပစ်ခတ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၄ အဖွဲ့ဝင်ကိုကတုံးသေဆုံး

    ယင်းမာပင်ခရိုင်တပ်ရင်း ၄ ရဲ့အဖွဲ့ဝင်ကိုကတုံးဟာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အဖွဲ့ဝင် ၂ ယောက်နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ကိုကတုံးသေဆုံးသွားခဲ့ပါတယ်။

    ယင်းမာပင်ခရိုင် တပ်ရင်း ၄ နဲ့နီးစပ်သူတွေရဲ့ ထုတ်ပြန်ပြောဆိုချက်အရ ကိုကတုံးဟာ ပုလဲမြို့နယ် မုံသွင်ရွာကနေ ချင်ပြစ်ရွာကို ဆိုင်ကယ်စီးပြန်အလာမှာ ဗိုလ်နဂါးရဲ့ BNRA အဖွဲ့ဝင်ရဲဘော်နှစ်ယောက်ကလုပ်ကြံသတ်ဖြတ်သွားတာလို့ဆိုပါတယ်။

    လှိုင်းရွာ အနောက်ဖက်နားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ကိုကတုံးရဲ့ အလောင်းကို မုံသွင်သုသာန်ဆီယူဆောင်သွားတယ်လို့ဆိုပါတယ်။

    အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး BNRA ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ BNRA ထုတ်ပြန်ချက်မှာရေးသားထားတာကတော့ ကိုကတုံးက ပစ္စတိုသေနတ်နဲ့ စတင်ပစ်ခတ်တာဖြစ်ပြီး အဲဒီပစ်ခတ်မှုကြောင့် BNRA ရဲဘော်တဦးရဲ့ပေါင်ကို ရှပ်မှန်သွားခဲ့တယ်လို့ ဆိုပါတယ်။

    ကိုကတုံးကပစ်ခတ်ပြီးထွက်ပြေးစဉ်မှာ BNRA ဘက်က ၃ ချက်ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲသလိုပစ်ခတ်ရာမှာ ပေါင်ကိုတချက်၊ နံဘေးကိုတချက်ကျည်ဆန်ထိမှန်လဲကျသွားခဲ့ပြီး နံဘေးကဒဏ်ရာက သွေးထွက်လွန်တဲ့အတွက် အသက်ဆုံးရှုံးသွားခဲ့တယ်လို့ဆိုပါတယ်။

    BNRA ကထုတ်ပြန်ရာမှာ ကျေးရွာတွေက အာမခံငွေအပေါင်ပေးပြီး BNRA ဆီကသေနတ်ကို ငှားရမ်းထားတာတွေရှိတဲ့အကြောင်းရေးသားထားပြီး အဲသလိုကျေးရွာတွေကငှားရမ်းထားတဲ့သေနတ်တွေကို တခြားသူတွေဆီ ထပ်ဆင့်ငှားရမ်းပြီး အသုံးပြုခွင့်ပေးထားတာတွေရှိကြောင်းလည်း ရေးသားထားပါတယ်။

    ဒါပေမဲ့ အဲသလိုအာမခံငွေပေးပြီး ငှားရမ်းထားတဲ့သေနတ်တွေကို အလွဲသုံးစားပြုတာတွေရှိကြောင်းကြားသိရတဲ့အတွက် BNRA ကသေနတ်တွေကိုပြန်သိမ်းနေတယ်လို့ဆိုပါတယ်။

    ကျေးရွာတရွာက BNRA ဆီကနေငှားရမ်းအသုံးပြုထားတဲ့သေနတ်တလက်ဟာ ကိုကတုံးဆီရောက်နေပြီး အဲဒါကိုပြန်သိမ်းဖို့ BNRA ရဲဘော်တွေက ကြိုးစားရာကနေ အငြင်းအခုံဖြစ်ပွားပြီး ကိုကတုံးက ပစ္စတိုနဲ့ စတင်ပစ်ခတ်ပြီးထွက်ပြေးတယ်လို့ဆိုပါတယ်။

    ထွက်ပြေးတဲ့အချိန်မှာ BNRA ရဲဘော်တွေက သေနတ်နဲ့ ၃ ချက်ပြန်ပစ်ခတ်ခဲ့ရာမှာ သေဆုံးသွားတာလို့ဆိုပါတယ်။

    ကိုကတုံးဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက် မုံရွာမြို့ မြဝတီရပ်ကွက် နဝရတ်ရွှေဆိုင်ဓားပြတိုက်မှုမှာပါဝင်ပတ်သက်လို့ BNRA အနေနဲ့ဖမ်းဆီးအပ်နှံပေးပါရန် မုံရွာပကဖက အကူအညီတောင်းခံထားတယ်လို့ BNRA ကြေညာချက်မှာဖော်ပြပါတယ်။

    ယင်းမာပင်ခရိုင် တပ်ရင်း ၄ နဲ့နီးစပ်သူတွေကလည်း BNRA ဟာ ယင်းမာပင်တပ်ရင်း ၃ အဖွဲ့ဝင် ရဲဘော်မင်းထက်နိုင်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတာရှိတယ်လို့ပြောဆိုထားကြပါတယ်။

    ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA နဲ့ NUG လက်အောက်ခံ ပကဖတွေ တပ်ရင်းတွေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာ အခုဖြစ်စဉ်ထပ်မံပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

  • ရဲဘော်ကတုံး ပစ်သတ်ခံရမှု တာဝန်ယူဖြေရှင်းသွားမယ်ဆိုတဲ့ ဗိုလ်နဂါး

    ရဲဘော်ကတုံး ပစ်သတ်ခံရမှု တာဝန်ယူဖြေရှင်းသွားမယ်ဆိုတဲ့ ဗိုလ်နဂါး

    အသိပေးထုတ်ပြန်ကြေညာချက်

    ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက်

    12. 2.2026 ညနေ (၅:၃၀) အချိန်ခန့် ပုလဲမြို့နယ်အတွင်းတနေရာတွင် ယင်းမာပင်ခရိုင်၊ တပ်ရင်း (၄) မှရဲဘော်ကတုံးနှင့် BNRA ရင်း (၃) မှ ရဲဘော်နှစ်ဦး အပြန်အလှန်ပ၊စ်ခ၊တ်မှုဖြစ်ပွားခဲ့ရာ ရဲဘော်ကတုံးကျဆုံးပြီး BNRA ရင်း (၃) မှ ရဲဘော်တဦးညာဘက်ပေါင်တွင် ကျည်ထိ၊မှန်ဒါဏ်ရာရရှိခဲ့ပါသည်။

    အကြောင်းအရင်းမှာ ၂၀၂၂ ခုနှစ် တော်လှန်ရေးအစောပိုင်း MRDA အဖြစ်လုပ်ဆောင်စဥ်ကာလတွင် ကျေးရွာ‌လုံခြုံရေးအတွက် ကျေးရွာရပ်မိရပ်ဖများနှင့်ကာကွယ်ရေးခေါင်းဆောင်များမှ MRDAနှင့်ဦးဆောင်သူဗိုလ်နဂါးထံ တင်ပြတောင်းခံမှုအရ အာမခံကြေးဖြင့် (xxx) ကျေးရွာတွင်တပ်ဆင်ပေးထားသည့် ပါရီလက်နက်နှစ်လက်အား ကိုကတုံးနှင့် (ကို အ-မ) တို့မှ ယူငင်ကိုင်ဆောင်ထားခဲ့သည်။ (ကို အ-မ) ကိုင်ဆောင်ထားသောလက်နက်မှာ ကနဦးပိုင်းတွင်ကျေးရွာမှသိရှိလက်ခံထားသော်လည်း ကိုကတုံးကိုင်ဆောင်ထားသောလက်နက်ကိုမူကျေးရွာမှလက်ခံပေးအပ်ထားခြင်းမရှိဘဲ ယူဆောင်အသုံးပြုနေခြင်းဖြစ်သည်ဟု သိရှိရသည်။

    (xxx) ကျေးရွာသာမက MRDA ကာလတွင် ကျေးရွာရပ်မိရပ်ဖများနှင့် ကာကွယ်ရေးအဖွဲ့အစည်းခေါင်းဆောင်များ၏တင်ပြတောင်းဆိုမှုအရ အာမခံကြေးပေးသွင်း၍ ကျေးရွာလုံခြုံရေး၊ကာကွယ်ရေးအတွက် လက်နက်အငှားတပ်ဆင်ပေးထားသည့်အခြားကျေးရွာများလည်းရှိခဲ့သည်။

    ၎င်းတပ်ဆင်မှုများအနက် အချို့ကျေးရွာများတွင် ကျေးရွာအဖွဲ့အစည်း၏သဘောတူညီချက်မရဘဲ ကျေးရွာလုံခြုံရေးလက်နက်များယူငင်ကိုင်ဆောင်ခြင်း၊ လက်လွှဲရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ဓါးပြတို၊က်ရာတွင်အသုံးပြုခြင်းနှင့် လောင်းကစားဝိုင်းများအတွင်း ဝှက်၍ယူဆောင်ပြီး အငြင်းပွားမှုများရှိချိန်တွင် လက်နက်ထုတ်၍ခြိမ်းခြောက်ခြင်းများ သတင်းရရှိထား၍ BNRA နှင့် ဒေသခံကျေးရွာလုံခြုံရေးတပ်ဖွဲ့များပူးပေါင်းပြီး တပ်ဆင်လ၊က်န၊က်များကို ပြန်လည်သိမ်းဆည်းခြင်းနှင့် ကျေးရွာလုံခြုံရေးတပ်ဖွဲ့များထံ စနစ်တကျလေ့ကျင့်သင်တန်းပေးကာ ပြန်လည်အပ်နှံခြင်းများပြုလုပ်လျက်ရှိသည်။

    ထို့သို့ပြန်လည်သိမ်းဆည်း/တပ်ဆင်မှုပြုလုပ်ဆောင်ရွက်ချိန်တွင် ကောင်းမွန်စွာပူးပေါင်း၍ ပြန်လည်အပ်နှံသူများရှိသကဲ့သို့ ရှောင်တိမ်းနေသူများလည်းရှိနေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းကိစ္စသည် ဒေသလုံခြုံရေးနှင့် ရာဇဝတ်မှုကြိုတင်တားဆီးရေးအတွက် BNRA အနေဖြင့် ပြီးမြောက်အောင်ဆောင်ရွက်ရမည်ဖြစ်သည်။

    ယခုဖြစ်စဉ်တွင်လည်း (xxx) ကျေးရွာ၏ အငှားလက်နက်များပြန်လည်သိမ်းဆည်းခြင်းနှင့် စနစ်တကျပြန်လည်တပ်ဆင်ခြင်းလုပ်ငန်းစဉ်တွင် (ကို အ-မ) မှ ၎င်းကိုင်ဆောင်ထားသည့် ပါရီလက်နက်တလက်အားပြန်လည်အပ်နှံသော်လည်း ကိုကတုံးမှာပြန်လည်အပ်နှံခြင်းမပြုဘဲ ခရိုင်တ၊ပ်ရင်း (၄) နောက်ခံယူထားပြီး တိမ်းရှောင်နေခဲ့ပါသည်။

    ထို့အပြင် ကိုကတုံးမှာ

    ၁။ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၂၆ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက် “နဝရတ်” ရွှေဆိုင်အား ဓါးပြတို၊က်သည့်ဖြစ်စဉ်တွင်လည်း ပါဝင်ပါတ်သက်ထားပြီး တပ်ရင်းနောက်ခံအရှိန်အဝါသုံး၍ ရှောင်တိမ်းခွင့်ရနေသဖြင့် မုံရွာခရိုင်ပကဖမှ ပူးပေါင်းဖမ်းဆီးအပ်နှံပေးပါရန် BNRA ထံ အကူညီတောင်းခံထားသည့်ဖြစ်စဉ်လည်းရှိခဲ့သည်။

    ၂။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ကျေးရွာဖဲဝိုင်းတွင် ကိုကတုံးမှ မိမိရှုံးကြေးမပေးဘဲ ပစ္စတို၊‌ေ၊သန၊တ်ဖြင့် ထုတ်၍ခြိမ်းခြောက်အနိုင်ကျင့်သည့်အမှုမျိုးရှိခဲ့ပြီး BNRA ထံသတင်းပေးတိုင်ကြားခံထားရသည့်ဖြစ်စဥ်လည်းရှိထားသည်။ အလားတူကိစ္စမျိုး နောက်ထပ်နှစ်ကြိမ်အထက်ရှိခဲ့သည်ဟုလည်း သိထားရသည်။

    ယခုဖြစ်စဉ်တွင်လည်း BNRA ဗဟို၏တာဝန်ပေးချက်အရ ရဲဘော်နှစ်ဦးမှ ကျေးရွာလုံခြုံရေးတပ်ဆင်ထားသည့် လက်နက်တလက်အား အပ်နှံရန်ကိစ္စ ညှိနှိုင်းပြောဆိုချိန်တွင် ကိုကတုံးမှ ငြင်းဆန်ခဲ့သည်။

    ထို့နောက် အင်္ကျီအောက်တွင် လျှို့ဝှက်ယူဆောင်လာသည့် ပစ္စတို သေ နတ်ဖြင့်ပစ်ခတ်ထွက်ပြေးရာ BNRA တပ်ရင်း (3) မှရဲဘော်တဦး ညာဘက်ပေါင်တွင်ရှပ်ထိမှန်ခဲ့ပြီး BNRA ရဲဘော်နှစ်ဦးမှ ခုခံကာကွယ်သည့်အနေဖြင့် (3) ချက် ပြန်လည်ပစ်ခတ်ရာ ကိုကတုံးအား ပေါင်တွင် (၁)ချက်၊ နံဘေးတွင် (၁)ချက်ထိ၊မှန်ပြီးလဲကျခဲ့ပါသည်။

    နံဘေးဒါဏ်ရာမှ သွေးထွက်လွန်နေသောကြောင့် ကုသရန်ခေါ်ဆောင်လာသော်လည်းလမ်းတွင်သေဆုံးခဲ့ပါသည်။

    လုံခြုံရေးလုပ်ငန်းစဉ်အရလုပ်ဆောင်ရခြင်းဖြစ်သော်လည်း ယခုကဲ့သို့ အသက်သေဆုံးရသည်အထိဖြစ်ခဲ့ခြင်းအပေါ် များစွာစိတ်မကောင်းဖြစ်ခဲ့ပါသည်။

    ယင်းမာပင်ခရိုင်အပါအဝင် ဒေသတချို့အတွင်း ထိုကဲ့သို့အချင်းချင်းပ၊စ်ခတ်မှုဖြစ်စဥ်များ တော်လှန်ရေးကာလကနဦးအစမှပင်ရှိနေခဲ့ပြီး ပြည်သူအများစိတ်ထိခိုက်စရာအကြောင်းအရာများအဖြစ်ရှိနေခဲ့ရာ တာဝန်ရှိအဖွဲ့အစည်းများမှ တာဝန်ယူကြပ်မတ်ထိန်းသိမ်းခြင်း တာဝန်ခံဖြေရှင်းဆောင်ရွက်ခြင်းများပြုလုပ်၍ အလားတူကိစ္စရပ်များထပ်မံဖြစ်ပွားမှုမရှိအောင်ဂရုပြုကြရမည်ဖြစ်ပါသည်။ နောက်နောင်ကိစ္စရပ်များတွင်လည်း ထိခိုက်မှုကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ရန်လည်း ပိုမိုသတိပြုကြရမည်ဟုမှတ်ယူပါသည်။

    ယခုကိစ္စရပ်တွင် အခြားကျေးရွာတာဝန်ရှိသူများနှင့်ဆောင်ရွက်သကဲ့သို့ လွယ်ကူစွာပြီးစီးရန် ရည်ရွယ်ခဲ့သော်လည်း ကိုကတုံး၏ပ၊စ်၊ခတ်မှုကို ခုခံပ၊စ်ခတ်ရင်းဖြစ်ပွားခဲ့ရသည့်ကိစ္စရပ်ဖြစ်ပါသည်။

    အခင်းဖြစ်ပွားချိန်တွင် ကိုကတုံးတဦးတည်းသာဖြစ်ပြီးမျက်မြင်သက်သေမရှိသော်လည်း အမှုကိုရှောင်လွှဲရန် အ၊လောင်းဖျောက်ဖျက်ခြင်း၊ ရှောင်ထွက်လာခြင်းမပြုပဲ တာဝန်ယူမှု တာဝန်ခံမှုဖြင့် BNRA ၏ တာဝန်ရှိသူတဦးမှ သေ-ဆုံးသူ “ကိုကတုံး”၏ ရုပ်အလောင်းကို ဒေသခံရပ်မိရပ်ဖများနှင့်တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြား၍ ဖြစ်စဥ်အပြီး ၄ နာရီအကြာ ည ၁၁ နာရီအချိန်ခန့်တွင် လွှဲပြောင်းအပ်နှံခဲ့ပါသည်။

    ရဲဘော်နှစ်ဦးမှလည်း ဗဟိုမှပေးအပ်သည့်တာဝန်ကို ထမ်းဆောင်ရင်း ခုခံကာကွယ်မှုပြုခဲ့ရသည့်အတွက် ရဲဘော်နှစ်ဦးတွင် တာဝန်မရှိဘဲ မိမိတို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၌သာ တာဝန်ရှိပြီး ကိုကတုံးသေဆုံးသည့်ဖြစ်စဥ်အတွက်သက်ဆိုင်ရာတာဝန်ရှိသူများထံ BNRA မှ ဆက်သွယ်၍တာဝန်ယူ တာဝန်ခံဖြေရှင်းသွားမည့်အကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။

    ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်

    Burma National Revolutionary Army

    BNRA ၏ ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်အား အရှိအတိုင်း ဖော်ထုတ်ခြင်း

    ​”တော်လှန်ရေး သေနတ်ဆိုတာ ရန်သူ့ကို ပစ်ဖို့လား၊ ကိုယ့်ရဲဘော်ကို ပြန်သတ်ဖို့လား?”

    ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ညနေ ၅:၄၅ နာရီခန့်မှာ ယင်းမာပင်ခရိုင်ရဲ့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော်ကတုံး (တပ်ရင်း ၄ – IO) ဟာ BNRA ရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံပစ်ခတ်မှုကြောင့် အသက်ပေးခဲ့ရပါတယ်။

    ​‼️ တော်လှန်ရေးသမားအချင်းချင်း သတ်တာလား၊ ဓားပြတိုက်တာလား?

    ​BNRA အဖွဲ့ဟာ ရဲဘော်ကတုံးကို သေနတ်နဲ့ (၃) ချက်တိတိ ပစ်ခတ်သတ်ဖြတ်ခဲ့ရုံတင်မကဘဲ၊ ကျဆုံးသွားတဲ့ ရုပ်အလောင်းကိုတောင် လူသားချင်းစာနာမှု အစအနမျှမရှိဘဲ တိရိစ္ဆာန်တစ်ကောင်လို ဆိုင်ကယ်ပေါ်တင်ပြီး ဇရပ်တစ်ခုကို လွှင့်ပစ်ထားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ကျဆုံးရဲဘော်ကိုင်ဆောင်တဲ့ သေနတ်အတိုကိုပါ အပိုင်စီး သိမ်းဆည်းထားတာဟာ တော်လှန်ရေးလုပ်နေတာလား၊ လက်နက်လုပြီး လူသတ်နေတာလားဆိုတာ မေးခွန်းထုတ်စရာပါ။

    ​⚠️ BNRA ရဲ့ အစဉ်အလာဆိုးကြီး

    ​ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်၊ (၁၁) လပိုင်းတုန်းကလည်း BNRA ရဲ့ မဆင်မခြင် ပစ်ခတ်မှုကြောင့် ယင်းမာပင်ခရိုင် တပ်ရင်း (၃) က ရဲဘော်မင်းထက်နိုင် ကျဆုံးခဲ့ရဖူးပါတယ်။ အခုလည်း ရဲဘော်ကတုံးကို ထပ်မံသတ်ဖြတ်လိုက်ပြန်ပါပြီ။ တော်လှန်ရေးသမားအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေတာဟာ အာဏာရှင်ထက်တောင် ပိုပြီး စက်ဆုတ်ရွင်ရှာဖို့ ကောင်းနေပါပြီ။

    ​📢 အထက်လူကြီးများ သတိပြုရန် (သို့မဟုတ်) နိုးထကြရန်

    ​BNRA အထက်လူကြီးများ: လေလိုင်းပေါ်ကနေ အမိန့်ပေး၊ ကြေညာချက်ထုတ်နေရုံနဲ့ မပြီးပါဘူး။ ခင်ဗျားတို့ အောက်ခြေကလူတွေ ဘာတွေယုတ်မာနေလဲဆိုတာ ဆင်းကြည့်ကြဦး။ လူသတ်သမားတွေကို လက်သပ်မွေးမထားပါနဲ့။

    ​NUG အစိုးရ: တော်လှန်ရေးရဲဘော်တွေဟာ ရန်သူ့လက်နဲ့ သေရမှာထက် အချင်းချင်း သတ်လို့ သေရမှာကို ပိုကြောက်နေရပြီ။ ဒီလို သွေးအေးအေးနဲ့ သတ်ဖြတ်နေမှုကို ဘယ်အချိန်ထိ “ညှိနှိုင်းနေဆဲ” ဆိုတဲ့ စကားလုံးနဲ့ အချိန်ဆွဲနေဦးမှာလဲ? ပြတ်သားတဲ့ အရေးယူမှု တစ်ခုခုကို အခုချက်ချင်း ပြသပါ။

    ​”ကျုပ်တို့က တော်လှန်ရေးလုပ်နေတာလား၊ အချင်းချင်း သတ်ဖို့ စောင့်နေကြတာလား? အဖြေပေးကြပါ။”

    ​အမှန်တရားအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ်သလို၊ ကျဆုံးသွားတဲ့ ရဲဘော်အတွက် တရားမျှတမှု မရမချင်း ဒီကိစ္စကို လက်လျှော့မှာ မဟုတ်ဘူး။

    ✍️နေသူရိန်