Category: News

  • မြင်းခြံမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

    မြင်းခြံမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ထနောင်းမြေစစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ နို၀င်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်အချိန် မြင်းခြံမြို့နယ်၊ ဂေါင်းကွဲကျေးရွာနှင့် ကန်ရွာကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ထနောင်းမြေ စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဂိတ်စခန်းကို ဒရုန်းဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး မြေပြင်မှလည်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကြောင်း ၂ ကြောင်းခွဲ၍ ဂိတ်စခန်းအတွင်းထိ ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို စခန်းတွင် အကြမ်းဖက် စစ်သား ၁၅ ဦးဖြင့်…

  • နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာ

    နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာ

    နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီသုံးသပ်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ်ခြောက်ခြားနေလောက်ပြီလို့ဆို နေပြည်တော် နယ်မြေအထိ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီတစ်ဦးက သုံးသပ်ပြောဆိုလိုက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ် ခြောက်ခြားနေလောက်ပြီလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ နေပြည်တော် ဥတ္တရသီရိမြို့နယ်က စစ်အုပ်စု၏စစ်တပ်လုံခြုံရေးကင်းစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က နိုဝင်ဘာ ၁၂ ရက်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သလိုနိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း ထပ်မံပြီး အဲဒီစခန်းကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ စခန်းဟာ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပြီးစခန်းကို ရှင်းလင်းရေးလုပ်စဉ်မှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။ အလားတူ နေပြည်တော်၊တပ်ကုန်းမြို့နယ်က “လေးက” တံတားစခန်းဂိတ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေကဒီလ ၁၁ ရက်ညအချိန်က ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စု…

  • AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

    AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစစ်စခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ) ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံးသွားကြောင်း AA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ကျောက်ဖြူမြို့ မင်းပြင်ရွာ ရေဒါစခန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်များ က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာကြောင်း၊ ယင်းနောက် AA က…

  • မိုးညိုမြို့မှာ အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို မဲစာရင်းလာကြည့်ဖို့ အတင်းဖိအားပေးပြီး ဓာတ်ပုံရိုက်ကာ ဝါဒဖြန့်

    မိုးညိုမြို့မှာ အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို မဲစာရင်းလာကြည့်ဖို့ အတင်းဖိအားပေးပြီး ဓာတ်ပုံရိုက်ကာ ဝါဒဖြန့်

    ပဲခူးတိုင်း၊ မိုးညိုမြို့ပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုတွေက ရွေးကောက်ပွဲမဲစာရင်းကို ရပ်ကွက်ရုံးတွေမှာ တစ်အိမ်တစ်ယောက်နှုန်းလာကြည့်ဖို့ လိုက်လံပြောဆိုပြီး လာမကြည့်တဲ့အိမ်တွေကို အရေးယူမယ်လို့လည်း ပြောဆိုချိန်းခြောက်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိုးညိုမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေဖြစ်တဲ့ မြို့မရပ်ကွက်က အုပ်ချုပ်ရေးမှူး ခင်လတ်ဆိုသူနဲ့ ရွှေဥဒေါင်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြသန်းဆိုသူက သူတို့ရပ်ကွက်တွေမှာ တစ်အိမ်တစ်ယောက်လာကြည့်ဖို့ လိုက်လံပြောဆိုပြီး လာမကြည့်တဲ့အိမ်ထောင်စုတွေ ကိုယ်ဖြစ်ကိုယ်ခံရမယ်ဆိုပြီး ပြောတယ်လို့သိရပါတယ်။ “လာမကြည့်တဲ့အိမ်တွေ ကိုယ်ဖြစ်ကိုယ်ခံရမယ်၊ မလာရင်အရေးယူမယ်ဆိုတဲ့ စကားတွေပြောတယ်၊ အဲ့လိုတွေပြောလို့ တစ်အိမ်တစ်ယောက် သွားကြည့်ရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မြိုခံတွေ မဲစာရင်းလာကြည့်တဲ့ပုံတွေကို အဲ့ဒီရပ်ကွက်အုပ်ချုပ်ရေးမှုးကော ရဲနဲ့တပ်က သတင်းပေးတွေကော ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်ပေါ်မှာ ပြည်သူတွေရွေးကောက်ပွဲကို စိတ်၀င်စားတဲ့ပုံစံ ဝါဒဖြန့်တာတွေလည်း လုပ်ခဲ့တယ်လို့သိရပါတယ်။ “ကျမတို့ သွာကြည့်နေတဲ့ပုံတွေကို လိုင်းပေါ်တင်တယ်၊ ရွေးကောက်ပွဲအတွက် ပြည်သူတွေစိတ်ဝင်စားပြီး မဲစာရင်းတွေ လာကြည့်နေကြတယ်ဆိုပြီးတင်တာ၊…

  • မိုးကုတ်ဒေသခံ ထက်ဝက်ကျော် မြို့ကနေ တိမ်းရှောင်နေကြ

    မိုးကုတ်ဒေသခံ ထက်ဝက်ကျော် မြို့ကနေ တိမ်းရှောင်နေကြ

    မန္တလေးတိုင်း မိုးကုတ်မြို့က ဒေသခံ ထက်ဝက်ကျော်ဟာ မြို့ကနေ အခြားနေရာဒေသဘက်ကို နေ့စဉ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လာမယ့် နိုဝင်ဘာ ၂၅ ရက်မှာ TNLA က မိုးကုတ်မြို့ကနေ ပြန်လည်စွန့်ခွာသွားမှာဖြစ်ပြီး မြို့ထဲကို စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာတော့မယ်ဆိုတဲ့အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “မြို့ခံ ၆၀ ရာခိုင်နှုန်း​​လောက်က ပြေးကုန်ကြပြီ။ ကျန်တဲ့သူတွေက ကျောက်တူးတဲ့သူတွေ၊ ကျောက်လုပ်သမားတွေပဲ ကျန်တော့မှာ” လို့ ပြောပါတယ်။ မြို့ခံတွေဟာ တအာင်းတပ် ထိန်းချုပ်ရာ နမ့်ဆန်နဲ့ စစ်ကောင်စီထိန်းချုပ်ရာ ကျောက်မဲမြို့၊ မန္တလေးမြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတာလို့ သိရပါတယ်။ ​မိုးကုတ် မြို့ခံ အမျိုးသမီးတစ်ဦးက “ထွက်ပြေးကြတဲ့သူတွေ ထွက်ပြေးကြပါပြီ။ ကျောက်မဲမှာတောင် ကားအစီး ၅၀၀ လောက်ပိတ်တယ်လို့ ပြောကြတာပဲ” လို့ ပြောပါတယ်။ ဒါပေမယ့်…