Category: News

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို မူလရာထူး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအဖြစ် ပြင်သစ်နိုင်ငံက ဆက်လက်ခေါ်ဝေါ်သုံးစွဲ

    ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို မူလရာထူး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအဖြစ် ပြင်သစ်နိုင်ငံက ဆက်လက်ခေါ်ဝေါ်သုံးစွဲ

    ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို မူလရာထူး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအဖြစ် ပြင်သစ်နိုင်ငံက ဆက်လက်ခေါ်ဝေါ်သုံးစွဲပြီး ချက်ချင်းပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တောင်းဆို

    စစ်တပ်၏ ရွေးကောက်ပွဲမှာ အတုအယောင် ဟန်ပြသာဖြစ်ပြီး နိုင်ငံတကာစံနှုန်း ပြည့်မီခြင်းမရှိ၍ ပြင်သစ်နိုင်ငံက အသိအမှတ်မပြုဘဲ ပယ်ချ

    စစ်တပ်က မတရားဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို မူလရာထူး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအဖြစ် ပြင်သစ်နိုင်ငံက ဆက်လက်ခေါ်ဝေါ်သုံးစွဲပြီး ချက်ချင်းပြန်လွှတ် ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးတွင် တောင်းဆိုလိုက်သည်။

    မတ်လ ၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြုလုပ်သည့် မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်ဒုတိယအမြဲတမ်းကိုယ်စားလှယ် Mr. Jay Dharmadhikari က မြန်မာစစ်တပ်၏ ဖမ်းဆီးထိန်း သိမ်းမှုခံထားရသည့် မြန်မာခေါင်းဆောင်များကို ၎င်းတို့၏ မူလရာထူးအမည်များဖြစ်သော “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်” နှင့် “နိုင်ငံတော်သမ္မတ” အဖြစ် တရားဝင် ဆက်လက်သုံးနှုန်းခေါ်ဝေါ်ခဲ့ပြီး၊ စစတပ်ဖြင့် ၎င်းတို့ကို မတရားဖမ်းဆီးထားရာမှ ချက်ချင်းပြန်လည်လွှတ်ပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

    ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်ဒုတိယအမြဲတမ်းကိုယ်စားလှယ် Mr. Jay Dharmadhikari က မြန်မာအကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းမှုကို “ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်” ဟု သတ်မှတ်ခဲ့ပြီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များကို မူလရာထူးအမည်များဖြင့် သာ သုံးစွဲသွားခြငးဖြစ်သည်။

    “ပြင်သစ်နိုင်ငံအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (State Counsellor Daw Aung San Suu Kyi)၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (President U Win Myint) နဲ့ အခြားသော မတရားဖမ်းဆီးခံထားရတဲ့ သူ အားလုံးကို စစ်အုပ်စုက ချက်ချင်းပြန်လည်လွှတ်ပေးဖို့ တောင်းဆိုပါတယ”ဟု Mr. Jay Dharmadhikari ကပြောဆိုသည်။

    ယခုကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို မူလရာထူးအမည်များကို အသုံးပြု၍ တောင်းဆိုခြင်းမှာ စစ်အုပ်စု၏ အာဏာသိမ်းမှုကို အသိအမှတ်မပြုဘဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒကိုသာ ပြင်သစ်နိုင်ငံက ဆက်လက်ရပ်တည်နေကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

    စစ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း မြန်မာပြည်သူများ၏ ဒီမိုကရေစီမျှော်လင့်ချက်များ နင်းခြေခံထားရပြီး စစ်အုပ်စုသည် နိုင်ငံတကာဥပဒေများကို စနစ်တကျချိုးဖောက်ကာ အရပ်သားများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ခွဲခြားမှုမရှိဘဲ ဗုံးကြဲတိုက်ခိုက်နေကြောင်း ပြင်သစ်ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။

    ထို့ပြင် စစ်အုပ်စုက မကြာသေးမီက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမှာလည်း ဟန်ပြသာဖြစ်ပြီး နိုင်ငံတကာစံနှုန်း တစ်ခုကိုမျှ ပြည့်မီခြင်းမရှိဟုဆိုကာ စစ်တပ်၏ ရွေးကောက်ပွဲကို ပယ်ချခဲ့သည်။

    ပြင်သစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အကြမ်းဖက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အတားအဆီးမရှိ ပေးအပ်ခွင့်ပြုရန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်နေမှုကို တိုက်ဖျက်ရန်၊ ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံမှုရပ်တန့်၍ ၎င်းတို့ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး စီစဉ်ရန် တို့ကို တောင်းဆိုသည်။

    ပြင်သစ်နိုင်ငံသည် မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံ၏ ကြိုးပမ်းမှုများကို ထောက်ခံကြောင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန် အာဆီယံနှင့်အတူ ပူးပေါင်း၍ ဆက်လက်ကတိကဝတ်ပြု လုပ်ဆောင်သွားရန် တိုက်တွန်းသည်။

    ပြင်သစ်နိုင်ငံ၏ ထုတ်ပြန်ချက် အပြည့်အစုံ

    Depuis cinq ans les aspirations démocratiques des Birmans sont piétinées

    Je remercie Madame la Ministre des Affaires étrangères des Philippines et Envoyée spéciale de l’ASEAN, Mme Teresa Lazaro, dont je salue la présence parmi nous. Je remercie également l’Envoyée spéciale des Nations Unies, Madame Julie Bishop, pour vos exposés sur la situation en Birmanie.

    Monsieur le Président,

    1/. Cinq ans sont passés depuis le coup d’Etat brutal de la junte militaire en Birmanie, qui a renversé un gouvernement démocratiquement élu.

    Depuis cinq ans les aspirations démocratiques des Birmans sont piétinées. Depuis cinq ans la junte multiplie les violations massives et systématiques du droit international, les bombardements indiscriminés contre les civils, les écoles et les hôpitaux. Depuis cinq ans la Birmanie est devenue un épicentre de la criminalité transnationale organisée, déstabilisant la région et mettant en péril la paix et la sécurité internationales.

    Alors que les violences se poursuivent dans le pays, l’organisation par la junte d’un simulacre d’élection en décembre et janvier dernier ne peut être qualifiée de processus démocratique. Soyons clairs : la France soutiendra toujours l’organisation d’élections, lorsque celles-ci remplissent les critères de transparence, de liberté, d’inclusion et de crédibilité fixés par les normes internationales. Le processus organisé par la junte ne remplissait aucun de ces critères, comme l’ASEAN l’a indiqué elle-même. Pire, ce processus mettait en danger les citoyens birmans appelés à se rendre aux urnes alors que les hostilités se poursuivaient.

    Monsieur le Président,

    2/. Nos attentes sont claires : ce sont celles agréées par les parties dans le cadre du consensus en cinq points et entérinées par ce Conseil dans sa résolution 2669.

    Premièrement, la cessation immédiate des violences et des bombardements et l’instauration d’un cessez-le-feu sur l’ensemble du territoire. La France rappelle que le respecter du droit international humanitaire est une obligation qui s’impose à toutes les parties.

    Deuxièmement, le rétablissement de l’accès humanitaire à l’ensemble du territoire. Alors que seize millions de personnes ont besoin d’un soutien humanitaire à travers le pays, plusieurs millions en demeurent privés en raison du blocage des accès humanitaires par la junte. La poursuite du financement humanitaire est indispensable : la France et l’Union européenne y prennent toute leur part.

    Troisièmement, un processus politique inclusif, commençant par la reprise des négociations entre toutes les parties en Birmanie et la libération de tous les prisonniers politiques. La libération de 7300 personnes détenues arbitrairement par la junte est une étape notable mais insuffisante. La France appelle à la libération de la Conseillère spéciale de l’État Daw Aung San Suu Kyi, du Président U Win Myint et des autres prisonniers détenus arbitrairement par le régime.

    Quatrièmement, le respect des droits de l’Homme et la lutte contre l’impunité. La France soutient à cet égard le travail essentiel du Mécanisme d’enquête indépendant pour la Birmanie.

    Cinquièmement, la fin des discriminations systémiques à l’encontre des Rohingyas. Un dialogue exigeant entre l’ensemble des parties et la résolution de la question de la citoyenneté sont indispensables pour créer les conditions d’un retour digne, sûr et volontaire des réfugiés.
    Monsieur le Président,

    3/. La France soutient les efforts de l’ASEAN en faveur d’une résolution durable de la crise.

    Les Etats de la région jouent un rôle essentiel pour favoriser le dialogue et convaincre la junte d’enfin entamer un dialogue avec les concitoyens qu’elle prétend diriger. La France encourage la poursuite de la coopération entre la nouvelle Envoyée spéciale de l’ASEAN et l’Envoyée spéciale des Nations Unies. Elle se tient prête, en appui des efforts internationaux, à apporter sa contribution à une solution acceptable par toutes les parties engagées dans le règlement du conflit.

    Ce Conseil doit poursuivre sa mobilisation en soutien à ces efforts de médiation. La Charte des Nations Unies lui confère la responsabilité de promouvoir la paix et la sécurité internationales. La France appelle tous les membres du Conseil à poursuivre leur engagement en faveur du règlement durable du conflit en Birmanie, aux côtés de l’ASEAN.

    Je vous remercie.

    Mm News.xyz 2026 03 10 091514

    Mm News.xyz 2026 03 10 091527

  • အဆိုတော် လမင်းကဗျာ(ခ) DJ Moon ကို ဖမ်းဆီးလိုက်ပြီ

    အဆိုတော် လမင်းကဗျာ(ခ) DJ Moon ကို ဖမ်းဆီးလိုက်ပြီ

    PDF ထိန်းချုပ်ထားသော မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာတွင် သွားရောက် ဖျော်ဖြေခဲ့သော အဆိုတော် လမင်းကဗျာ(ခ) DJ Moon ကို ဖမ်းဆီးလိုက်ပြီး တီးခတ်ခဲ့သော ကျော်ဆန်းဝင်း ရွှေမြန်မာဆိုင်းအဖွဲ့ကိုလည်း အရေးယူရန် အမှုဖွင့်ထား

    မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ PDF များ ထိန်းချုပ်ထားသော မြိုင်မြို့နယ်၊ ဝယ်တောင်(မြောက်) ကျေးရွာရှိ အလှူပွဲတစ်ခုသို့ သွားရောက် သီချင်းဖျော်ဖြေခဲ့သော အဆိုတော်လမင်းကဗျာ (ခ) DJ Moon ကို စစ်တပ်က ယမန်နေ့ ဖမ်းဆီးပြီး လက်ရှိ စစ်ကြောရေးတွင် ပို့ဆောင်ထားကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

    ယမန်နေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဦးဖိုးမှန်လမ်းတွင် နေထိုင်သော အဆိုတော် လမင်းကဗျာ(ခ) DJ Moon (ခ) မလှလှဝင်းကို စစ်ထောက်လှမ်းရေး(စရဖ)၊ နယ်မြေခံ လှိုင်မြို့နယ်ရဲတပ်ဖွဲ့၊ နယ်မြေတပ်နယ်မှ စစ်အရာရှိများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ လတ်တလော စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

    649350391 1294821786078758 2012174112939190758 N

    “သူ့အိမ်ကိုရှာတာ ၂ ရက်ပါ။ ပထမရက်က အိမ်မတွေ့လို့ မနေ့က မနက် ၁၀ နာရီမှာ ဖမ်းဆီးပါတယ်။ ပထမသတင်းပေးတိုင်ကြားချက်နဲ့ရဲလုပ်ငန်းစဉ်တွေကတော့ လှိုင်မြို့မ ရဲစခန်းမှာ ဖွင့်ထားပါတယ်။ လတ်တလောက တပ်ဘက်က စစ်ကြောရေးလုပ်နေပါတယ်။ ပြီးရင်တော့ စခန်းဘက်ကို ပြန်လွှဲမယ်လို့ သိထားပါတယ်။ ပုဒ်မကတော့ အမှု မတပ်ရသေးပါဘူး” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၂၈ ရက်နေ့ မြိုင်မြို့နယ်၊ ဝယ်တောင်(မြောက်)ကျေးရွာတွင် ပြုလုပ်သော အလှူပွဲသို့ သွားရောက် ဖျော်ဖြေခဲ့သော လမင်းကဗျာကို စစ်တပ်က ခေါ်ယူစစ်ဆေးခြင်းဖြစ်ပြီး ယင်းပွဲတွင် ဆိုင်းတီးခတ်ခဲ့သော ယောမင်းသားလေး ကျော်ဆန်းဝင်း(ရွှေမြန်မာဆိုင်း) အဖွဲ့ကိုလည်း အရေးယူရန် ညွှန်ကြားချက်ရှိ၍ အမှုဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရှိရသည်။

    လူမှုကွန်ရက်များတွင် အဆိုတော်လမင်းကဗျာက PDF စိုးမိုးထားသော နေရာများသို့ သွားရောက် ဖျော်ဖြေခဲ့သည့် ဗီဒီယိုဖိုင်များ ပျံ့နှံ့လာပြီးနောက် စစ်လော်ဘီများက တယ်လီဂရမ်မှတစ်ဆင့် သူမကို ဖမ်းဆီးရန် လှုံ့ဆော်ကြရာမှာ နောက် ဆုံးတွင် ဖမ်းဆီးမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

    ရုပ်သံ – လူမှုကွန်ရက်

  • ဖခင်ဖြစ်သူက သားဖြစ်သူကို ကျပ်သိန်း ၅၀ ဖြင့်စစ်တပ်ထံရောင်းစား

    ဖခင်ဖြစ်သူက သားဖြစ်သူကို ကျပ်သိန်း ၅၀ ဖြင့်စစ်တပ်ထံရောင်းစား

    သားဖြစ်သူကို ဖခင်ဖြစ်သူကငွေကျပ်သိန်း ၅၀ နဲ့ စစ်တပ်ထံစစ်သားသစ်လုပ်ဖို့ရောင်းစားခဲ့တဲ့ဖြစ်စဉ် ရန်ကုန်မြို့ ၊တောင်ဥက္ကလာမြို့နယ်မှာ ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဖခင်ဖြစ်သူဟာရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် တညင်းကုန်းမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်ကိုသွားပြီး သိန်း ၅၀ နဲ့ရောင်းစားခဲ့တာဖြစ်ပါတယ်။

    “သူတို့အဖေက နောက်အိမ်ထောင်ပြုထားတာ။ အရင်အိမ်ထောင်နဲ့က သားသမီးနှစ်ယောက်ရှိတယ်။ သူတို့ရဲ့သားလေးကအရွယ်ကောင်းလေး။ အစက မုန့်တိုက်မှာအလုပ်လုပ်တာ။ သူ့အမေကိုရှာကျွေးနေတာ။ အဲဒါကို သူ့အဖေက အပြင်မှာနေရင်ပျက်စီးမယ်၊ ဆေးသမားဖြစ်မယ်ဆိုပြီး ပိုက်ဆံနဲ့သွားရောင်းစားခဲ့တာ” လို့ ဖြစ်စဉ်ကိုသိသူတစ်ဦးကပြောပါတယ်။

    စစ်တပ်မှာ ရောင်းစားခံရတဲ့သားဖြစ်သူဟာ အသက် ၂၃ နှစ်ဝန်းကျင်သာရှိသေးပြီး သူ့ကိုမှီခိုနေရတဲ့ မိခင်ဖြစ်သူကတော့ သားဖြစ်သူကို ပြန်ခေါ်ချင်ပေမယ့် ငွေကြေးမတတ်နိုင်ဘူးလို့ စုံစမ်းသိရပါတယ်။

    ဒါ့အပြင် မကြာခဏဆိုသလို အုပ်ချုပ်ရေးမှူးတွေကလည်း စစ်တပ်နဲ့ပေါင်းပြီး ရပ်ကွက်ထဲမှာ လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့ မဲဆွယ်စည်းရုံးနေတာတွေရှိပါတယ်။

    စစ်တပ်ထဲဝင်ရင် လစဉ်ထောက်ပံ့ကြေးအပြင် လစာနဲ့ရိက္ခာတွေကိုပါ မိသားစုဝင်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ပြောဆိုပြီး​တော့စည်းရုံးနေကြတယ်လို့ ရန်ကုန်မြို့ခံအချို့က​ပြောပါတယ်။

    စစ်ကောင်စီအာဏာသိမ်းပြီး စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၄ ဧပြီလကစတင်ပြီး စစ်မှုထမ်းခေါ်ယူခဲ့ရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းအပတ်စဉ် (၂၂) ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ကြိမ်လျှင် လူဦးရေ ငါးထောင်နှုန်းနဲ့ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ် တစ်သိန်းကျော် ရရှိသွားပြီဖြစ်ပါတယ်။

    စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ​​ငွေလိုသူ​တွေကို​ငွေ​ပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး​တော့လူစားထိုးမှု​တွေလည်းများလာပါတယ်။​

    အခုလို ဖခင်ရင်းက​တောင် မိမိရဲ့သားကို ပြန်လည်ရောင်းချတဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

    ငွေ​​ကြေးဖို့ မတက်နိုင်တဲ့ အ​ခြေခံလူတန်းစား​တွေက တော့စစ်တပ်က အဓမ္မ ဖိအား​ပေး စစ်မှုထမ်းခိုင်းတာကို​ပေးစရာ​ငွေမရှိတာ​ကြောင့် ​လိုက်​နေကြရပါတယ် ။

    စစ်တပ်ကလစဥ်စစ်မှုထမ်း​ခေါ်တာအပြင်လူငယ်​တွေကိုအ​ကြောင်းပြချက်မျိုးစုံနဲ့ ​ပေါ်တာဆွဲတာ​တွေကိုလည်းစစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာလုပ်​နေပါတယ်။

    စစ်တပ်ကလူငယ်​တွေကို စစ်သင်တန်းပို့ပြီး ​ရှေ့တန်းကို​စေလွှတ်စစ်တိုက်ခိုင်းတာ​ကြောင့်​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိ​နေပါတယ် ။

    နိုင်ငံ့ရဲ့​ဒေသ အများစုမှာတိုက်ပွဲ​တွေ ပြင်းထန်​နေတာ​ကြောင့် စစ်တပ်ကစစ်သားသစ်​တွေကိုဆက်တိုက်​ခေါ်ယူ​နေတာဖြစ်ပါတယ် ။

    (စစ်တပ်က စစ်မှုထမ်းဥပ​ဒေနဲ့ ဖိအား​ပေးပြီးစု​ဆောင်းထားတဲ့လူငယ်​တွေကို ကြိုဆိုပွဲလုပ်​နေစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

  • ရေတပ်စခန်းတစ်ခုဆုံးရှုံးထားပြီး ရေတပ်စခန်းဌာနချုပ်တစ်ခုတိုက်ခိုက်ခံနေရချိန်မှာ စစ်တပ်က အကြီးဆုံးရေလုံလွန်းကျင်းဖွင့်ပွဲကို ခမ်းခမ်းနားနားလုပ်

    ရေတပ်စခန်းတစ်ခုဆုံးရှုံးထားပြီး ရေတပ်စခန်းဌာနချုပ်တစ်ခုတိုက်ခိုက်ခံနေရချိန်မှာ စစ်တပ်က အကြီးဆုံးရေလုံလွန်းကျင်းဖွင့်ပွဲကို ခမ်းခမ်းနားနားလုပ်

    ရေတပ်စခန်းတစ်ခုဆုံးရှုံးထားပြီး ရေတပ်စခန်းဌာနချုပ်တစ်ခုတိုက်ခိုက်ခံနေရချိန်မှာ စစ်တပ်က အကြီးဆုံးရေလုံလွန်းကျင်းဖွင့်ပွဲကို ခမ်းခမ်းနားနားလုပ်

    ရေတပ်စခန်းတစ်ခုဆုံးရှုံးပြီး နောက်ထပ် ရေတပ်စခန်းဌာနချုပ်တစ်ခု တိုက်ခိုက်ခံနေရချိန်မှာ အာဏာသိမ်းခေါင်းဆောင်က အကြီးဆုံး ရေလုံလွန်းကျင်းဖွင့်ပွဲနဲ့ စစ်ရေယာဉ် ၅ စီး ရေချပွဲခဲ့ပါတယ်။

    ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ နဲ့ စစ်ရေယာဉ် ၅စီး စတင် အသုံးပြုတဲ့အခမ်းအနားကို မတ်လ ၈ရက်မှာ ပြုလုပ်ခဲ့တာလို့ စစ်တပ်ဝါဒဖြန့် မီဒီယာ​တွေမှာ အကျယ်တဝင့်​ဖော်ပြ​နေပါတယ်။

    649189979 1254680536730736 2035675402204328194 N

    အဲ့ဒီပွဲကိုအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကြည်းချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊‌ ရေချုပ်ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ လေချုပ်ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ တက်ရောက်ခဲ့ပေမယ့် စစ်ကောင်စီဒုခေါင်းဆောင်ဖြစ်တဲ့ ‌ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်လာခြင်းမရှိပါဘူး။

    တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဟာ မြန်မာနိုင်ငံမှာအကြီးဆုံးဖြစ်ကြောင်း နဲ့ သာလွန်မင်းလို့ အမည်ပေးထားတဲ့ဖရီးဂိတ်စစ်ရေယာဉ် ၁စီး၊ မြစ်တွင်းသွားဘက်စုံသုံး စစ်ရေယာဉ်(၄)စီး ရေချခဲ့တယ်လို့ဆိုပါတယ်။ရေတပ်အတွက် အားသစ် လောင်းခြင်းလို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဟာ ၂၀၂၃က မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အပြင် သံတွဲမြို့က မောင်ရွှေလေးရေတပ်စခန်းလည်း ဆုံးရှုံးခဲ့ပါတယ်။

    649265665 1254680580064065 4921838437382694980 N

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် (MNDAA)က သိမ်းပိုက်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်ကောင်စီထံ MNDAA က ပြန်လွှဲပေးထားရပါတယ်။

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

    ရေတပ်ပင်မရေငုပ်နဲ့ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းလို့ခေါ်တဲ့ မောင်ရွှေလေးရေတပ်ကို၂၀၂၄ ဩဂုတ်လ ၇ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်လမကြာပဲ ၂၀၂၄စက်တင်ဘာလ (၅) ရက်မှာ သိမ်းယူခဲ့တာလို့ AAက ထုတ်ပြန်ခဲ့ပါတယ်။

    ဒါဟာစစ်တပ်အတွက် ​ရေတပ်စခန်းဌာနချုပ်တစ်ခုကို ပထမဆုံးလက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

    အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀၀ခန့် ရှိပြီး ၄၀၀ခန့် သေဆုံးခဲ့သလို ကျန်တဲ့သူတွေကို စစ်ကောင်စီကစစ်တွေနဲ့ဧရာဝတီတိုင်းဖက်ကို အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့တယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။

    လက်ရှိမှာလည်း AAက ကျောက်ဖြူမြို့သိမ်းတိုက်ပွဲအရှိန်မြှင့်နေပြီး ကျောက်ဖြူပင်လယ်ပြင်မှာရှိတဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို ဦးတည်ပြီး စစ်ရေးဖော်ဆောင်နေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

    ကျောက်ဖြူမြို့က တရုတ်အစိုးရနဲ့ ဆက်စပ်တဲ့ စီမံကိန်းတွေက စက်ပစ္စည်းတွေနဲ့ဝန်ထမ်းတွေကိုလည်း တရုတ် ကုမ္ပဏီတွေက နေရာရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီဝါဒဖြန့်ချီရေးစာမျက်နှာတချို့ကပါ လူမှုကွန်ရက်မှာ တင်ထားကြပါတယ်။

    649970850 1254680623397394 4661428161612859854 N

    လက်ရှိမှာ နေပြည်တော်နဲ့ရန်ကုန်ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်တပ်က လေကြောင်းအင်အားသုံး ခုခံနေပါတယ်။ နေပြည်တော်မှာ ဇန်နဝါရီ ၄ ရက်က ပြုလုပ်တဲ့ ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်ပွဲမှာလည်း စစ်တပ်ကိုကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ Standard Army ဖြစ်အောင် တည်ဆောက်နေတယ်လို့ ဝါဒဖြန့်ချိရေးမိန့်ခွန်း ပြောခဲ့ပါတယ်။

    ဒါအပြင် အခုတပ်​တော်ဝင်တဲ့ ဖရီးဂိတ်စစ်ရေယာဉ်ကြီး​စစ်​ရေယာဥ် (သာလွန်မင်း)ဟာစစ်တပ်က ပြည်တွင်းကကိုယ်တိုင် တည်​ဆောက်ထားတဲ့ အထဲအရွယ်အစားအကြီးဆုံး စစ်​ရေယာဥ်ဖြစ်တယ်လို့ဆိုပါတယ် ။ ဒါ​ကေမယ့် စစ်တပ်ဟာ ​တော်လှန်​ရေးတပ်ဖွဲ့​တွေနဲ့ ​ရေပြင်တိုက်ပွဲ​တွေမှာ အာရက္ခတပ်​တော်ကို အကြီးအကျယ်ရှုံးထားပါတယ်။

    မောင်​ရွှေ​လေး​ရေတပ်စခန်းကို AA ထံလက်လွှတ်ခဲ့ရသလို ၂၀၂၄ ​ဖေ​​ဖော်ဝါရီ လဆန်းက​ကျောက်​တော်မြို့နယ်အတွင်း မြစ်​ကြောင်းတိုက်ပွဲမှာ AA က စစ်သင်္ဘော ၂စီး နဲ့ ဇက်သင်္ဘော ၁ စီးကိုသိမ်းယူဖျက်ဆီးခဲ့ပါတယ် ။

    အလားတူ ၂၀၂၄ ခုနှစ်မိုးရာသီမှာ ဧရာဝတီမြစ်​ကြောင်းအတိုင်းဗန်း​မော်ကို စစ်ကူနဲ့လက်နက်ခဲယမ်း၊ရိက္ခာ​တွေပို့တဲ့ စစ်သင်္ဘောနဲ့စစ်​ရေယာဥ်​အများစုကိုKIA နဲ့ PDF ​တွေကတိုက်ခိုက် ဖျက်ဆီးနစ်မြှပ်ပစ်ခဲ့ပါတယ်။

    (ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ နဲ့ စစ်ရေယာဉ် ၅စီး စတင် အသုံးပြုတဲ့အခမ်းအနား ပြုလုပ်စဥ် နဲ့ AA က ၂၀၂၄စက်တင်ဘာ ၅ ရက်မှာ ​မောင်​ရွှေ​လေး​ရေတပ်စခန်းသိမ်းယူခဲ့စဥ် / ​ကျောက်​တော်မြို့နယ်အတွင်းမြစ်​ကြောင်းတိုက်ပွဲမှာ စစ်သင်္ဘောကိုသိမ်းယူခဲ့စဥ် ။ဓါတ်ပုံ-စစ်​ကောင်စီ၊AA)

  • စစ်ကော်မရှင်က အီရန်ထံမှ လေယာဉ်ဆီ ၃ ကြိမ် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း လေ့လာဆန်းစစ်သူများ ပြော

    စစ်ကော်မရှင်က အီရန်ထံမှ လေယာဉ်ဆီ ၃ ကြိမ် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း လေ့လာဆန်းစစ်သူများ ပြော

    မြန်မာစစ်အုပ်စုသည် ဒီဇင်ဘာလဆန်းပိုင်းနှင့် ပြီးခဲ့သည့်အပတ်က အမေရိကန်-အစ္စရေးနှင့် အီရန်တို့ စစ်ပွဲမစတင်မီကာလအတွင်း ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ပြီး အီရန်နိုင်ငံထံမှ လေယာဉ်ဆီများကို သုံးကြိမ်တိုင်တိုင် လျှို့ဝှက်တင်သွင်းခဲ့ကြောင်း ကျွမ်းကျင်သူများနှင့် ဆိပ်ကမ်းဆိုင်ရာ မှတ်တမ်းများတွင် တွေ့ရသည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြသည်။

    ပြည်တွင်းစစ်အတွင်း မကြာသေးမီက စစ်အုပ်စု အသုံးပြုသည့် ဆီပမာဏအပေါ် အခြေခံကြည့်လျှင် ယခုတင်သွင်းမှုသည် စစ်တပ်၏ စစ်ဆင်ရေးများအတွက် ရက်ပေါင်း ၁၂၀ မှ ၁၅၀ အထိ လုံလောက်သော ပမာဏဖြစ်သည်ဟု လောင်စာဆီကဏ္ဍနှင့်ပတ်သက်သည့် အတွင်းသိတဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။ သို့သော် အီရန်တွင် စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကော်မရှင်အနေဖြင့် စျေးနှုန်းများ မြင့်တက်နေချိန်တွင် အခြားသော လောင်စာဆီရင်းမြစ်များကို ရှာဖွေရတော့မည်ဖြစ်သည်။

    အီရန်က နောက်ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ပေးပို့မှု သုံးကြိမ်စလုံးသည် ရန်ကုန်မြို့အနီး သီလဝါဆိပ်ကမ်းရှိ ယခင်က Puma ခေါ် Myan Oil Terminal လေယာဉ်ဆီသိုလှောင်ရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အတွင်းသိတဦးက Nikkei Asia သို့ ပြောသည်။

    Nikkei မှ မြင်တွေ့ခဲ့ရသော ဆိပ်ကမ်းဆိုင်ရာ မှတ်တမ်းများအရ ကုန်တင်သင်္ဘော MV Reef က ထိုဆီများကို အီရတ်မှ စတင် တင်ဆောင်လာသည်ဟု လိမ်ထားသည်။

    MV Reef သင်္ဘောသည် ရန်ကုန်မြစ်၏ တိမ်ပြီးရွှံ့နွံထူထပ်သော ရေပြင်အခြေအနေနှင့် သင့်လျော်သည့် သင်္ဘောငယ်တစင်းဖြစ်သည်။ MV Reef သည် လောင်စာဆီ မက်ထရစ်တန်ပေါင်း ၁၈,၃၇၆ တန် (စည်ပေါင်း ၁၄၆,၀၀၀ ခန့်) ကို သယ်ယူပို့ဆောင်နိုင်သည်။

    “သူတို့ လေယာဉ်ဆီ ပမာဏအတော်များများ တင်သွင်းထားတယ်။ ပုံမှန်ထက်တောင် ပိုများတယ်။ သူတို့က ဒီအခြေအနေအတွက် အဆင်သင့်ပြင်ထားတာပါ” ဟု အတွင်းသိက ဆိုသည်။

    “မြန်မာနိုင်ငံကို အီရန်က လောင်စာဆီ ထောက်ပံ့ပေးတာဟာ အမှန်ဖြစ်သလို အရေးလည်း ကြီးပါတယ်။ ကျွန်တော် အစပိုင်းမှာ သံသယရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ယုံသွားခဲ့တယ်” ဟု ဩစတြေးလျ စီးပွားရေးပညာရှင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဟောင်းဖြစ်သူ ရှောင်တာနဲလ်က Nikkei Asia သို့ ပြောကြားခဲ့သည်။

    အီရန်သည် ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ စစ်ဘက်သုံး ဒရုန်းများကိုလည်း ထောက်ပံ့ပေးနေခဲ့ပြီး ပြီးခဲ့သည့် သုံးနှစ်လုံးလုံး ပြည်တွင်း၌ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုရန် ယူရီးယားဓာတ်မြေသြဇာများကိုလည်း ပေးပို့ခဲ့သည်။ နှစ်စဉ် ယူရီးယားပေးပို့မှုသည် တန်ချိန် ၄၀၀,၀၀၀ မှ ၆၀၀,၀၀၀ ကြားရှိနိုင်ကြောင်း ကုန်သွယ်မှုလေ့လာဆန်းစစ်သူ နှစ်ဦးက ခန့်မှန်းကြောင်း ရိုက်တာသတင်းဌာနက ဇန်နဝါရီလနှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံအတွက် အီရန်က လေယာဉ်ဆီ၊ ဒရုန်းနှင့် ယူရီးယား ပေးပို့မှုသည် တီဟီရန်အစိုးရ တချိန်က ကိုင်စွဲထားခဲ့သော မူဝါဒနှင့် သိသိသာသာ သွေဖည်နေသည်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ထိုစဉ်က အီရန်သမ္မတ ဟက်ဆန် ရိုဟာနီသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေးကို ဖြေရှင်းရန် နိုင်ငံတကာ ဖိအားပေးမှုများကို ၎င်းတို့နိုင်ငံက ထောက်ခံမည်ဟု ကတိပြုခဲ့ဖူးသည်။

    ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ပေးခဲ့သည့် စစ်ဆင်ရေးများကြောင့် မွတ်စလင်လူနည်းစုဖြစ်သည့် ရိုဟင်ဂျာ ၇၅၀,၀၀၀ ကျော်သည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားသို့ ထွက်ပြေးခဲ့ရသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မင်းအောင်လှိုင် အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံစီးပွားရေးကို ထိုးကျသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ရေနံဓာတု သန့်စင်နိုင်စွမ်း မရှိသလောက်ဖြစ်နေပြီး ဒီဇယ်နှင့် ဓာတ်ဆီ ၇၀ ရာခိုင်နှုန်းခန့်ကို စင်ကာပူနိုင်ငံမှ တင်သွင်းရသည်။

    အမေရိကန်-အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီးနောက် မြန်မာနိုင်ငံတွင် ဓာတ်ဆီစျေးသည် ချက်ချင်းဆိုသလို ၈၀ ကျပ် (၀.၀၃၈ ဒေါ်လာ) မြင့်တက်ခဲ့ပြီး ပိုတက်မည့်အလားအလာ ရှိနေသည်။

    “စစ်ကော်မရှင်ရဲ့ ဘဏ္ဍာရေး အထူးသဖြင့် နိုင်ငံခြားငွေဟာ အမြဲတမ်းလိုလို စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်။ လောင်စာဆီစျေးနှုန်း မြင့်တက်မှုတွေကြောင့် ရုရှားဆီကနေ ခဲယမ်းတွေနဲ့ လေကြောင်းလက်နက်တွေ ဝယ်ဖို့ အသုံးပြုနေတဲ့ လက်ကျန်နိုင်ငံခြားငွေတွေ ကုန်ခန်းသွားနိုင်ပါတယ်။ လေယာဉ်ဆီပေးသွင်းနေတဲ့ မဟာမိတ်တဦး ထပ်ဆုံးရှုံးသွားပြီ” ဟု ရှောင်တာနဲလ်က Nikkei Asia သို့ ပြောသည်။

    ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် စစ်ကော်မရှင်သည် မတ်လ ၇ ရက်နေ့မှစ၍ မော်တော်ယာဉ်အများစုအတွက် နံပါတ်ပြား စုံ/မ အလိုက် စုံရက်၊မရက်ဖြင့် ထွက်ကာ ဆီဖြည့်ကြရန် ကြေညာခဲ့သည်။ စျေးတင်ရောင်းခြင်းနှင့် လောင်စာဆီ သိုလှောင်ခြင်းများကိုလည်း “တားမြစ်” ထားသည်။

    မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက လောင်စာဆီ လက်ကျန်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိတော့ပေ။ ၂၀၁၉ ခုနှစ်တွင် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပုံမှန်အားဖြင့် ဓာတ်ဆီ ၃၆ ရက်စာ၊ ဒီဇယ် ၃၅ ရက်စာနှင့် လေယာဉ်ဆီ ၁၂၀ ရက်စာ ရှိတတ်သည်။ လက်ရှိ ဓာတ်ဆီနှင့် ဒီဇယ်လက်ကျန်မှာ ရက် ၃၀ ခန့်စာသာ ကျန်တော့သည်ဟု စက်မှုလုပ်ငန်း စောင့်ကြည့်သူများက ခန့်မှန်းကြသည်။

    လူဦးရေထူထပ်သော မြို့ကြီးများရှိ ဆီဆိုင်များသည် ပုံမှန်အတိုင်း ပြတ်လပ်လေ့ရှိသော်လည်း စစ်တပ်သည် လောင်စာဆီများကို ရနိုင်သမျှ ဦးအောင်ယူလေ့ရှိသည်။ သို့သော်လည်း အီရန်အကျပ်အတည်းသည် ၎င်းတို့ကို ဘဏ္ဍာရေးအရ ကျပ်တည်းစေမည်ဖြစ်ပြီး အထူးသဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ သဘာဝဓာတ်ငွေ့ တင်ပို့မှု (နိုင်ငံခြားငွေရရှိရာ အဓိကလမ်းကြောင်း) မှာ တနှစ်လျှင် ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနေချိန်လည်း ဖြစ်သည်။

    “စစ်ကော်မရှင်ရဲ့ နိုင်ငံခြားငွေ လက်ကျန်နည်းပါးနေတာကြောင့် ကမ္ဘာ့ရေနံစျေးနှုန်း တက်လာမှုဟာ နေပြည်တော်ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးတခုလုံးကို ထိခိုက်စေမှာပါ” ဟု International Crisis Group မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက်ဟောဆေးက Nikkei သို့ ပြောသည်။

    “အရင်တုန်းကဆိုရင် ဒီလို စီးပွားရေး ရိုက်ခတ်မှုတွေကို သဘာဝဓာတ်ငွေ့ကနေရတဲ့ ဝင်ငွေနဲ့ ပြန်ပြီး ခုနှိမ်လို့ ရခဲ့တယ်။ အခု ဓာတ်ငွေ့ထွက်နှုန်း ကျဆင်းနေတာကြောင့် အဲဒီလို ခုနှိမ်နိုင်စွမ်းက အရင်ကထက် အများကြီး နည်းသွားပါပြီ။ ဒါပေမဲ့ စားဝတ်နေရေး ခက်ခဲနေပြီးသားဖြစ်တဲ့ သာမန်ပြည်လူတွေအပေါ် သက်ရောက်မှုက အကြီးမားဆုံးဖြစ်မှာပါ။ သူတို့ဟာ သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေအပြင် လောင်စာဆီစျေးနှုန်း မြင့်တက်တာတွေကိုပါ ရင်ဆိုင်ရတော့မှာပါ။” ဟု ရစ်ချက်က ပြောသည်။

    ၂၀၀၇ ခုနှစ်တွင် လောင်စာဆီ ထောက်ပံ့ကြေးများကို ရုပ်သိမ်းလိုက်သဖြင့် စျေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ရာမှ သံဃာတော်များ ဦးဆောင်သည့် “ရွှေဝါရောင်တော်လှန်ရေး” ခေါ် လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ဖူးသည်။

    မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၄၀၀ နီးပါး နယ်နိမိတ် ထိစပ်နေသော ထိုင်းက နယ်စပ်မှတဆင့် လောင်စာဆီ တင်ပို့မှုကို ပိတ်ပင်လိုက်သဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ထိုင်းနိုင်ငံ မယ်ဆိုင်၊ မြန်မာနိုင်ငံ တာချီလိတ်နှင့် မဲဆောက်-မြဝတီ နယ်စပ်ဒေသတို့တွင် လောင်စာဆီ လုယက်ဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့သည်။