Category: News

  • မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း  စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံး

    မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံး

    မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံးပြီး တော်လှန် ရေးရဲဘော် ၄ ဦးကျဆုံး

    ကရင်နီပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၄၂၂ တပ်ရင်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင် စီ၏ ခလရ ၄၂၂ တပ်ရင်းကို အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၅ ဦး သေ ဆုံးခဲ့ကြောင်း၊ ၂ တာတိုက်ခိုက်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၃ ဦး သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “၂ တာတိုက်ခိုက်မှုအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေတာပါ၊ ဒီရက်ပိုင်းတိုက်ပွဲတွေ မှာလည်း စစ်ကောင်စီတပ်သားတွေ အကျအဆုံးများပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း ၄ ဦးကျဆုံးထားပါတယ်” ဟု အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ အကြမ်းဖက် စစ်တပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ သို့သော်လည်း အကြမ်းဖက်စစ်သားများမှာ အထိနာပြီး ထိုးဖောက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ မိုးဗြဲမြို့ကို အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ၊ PDF ၊ KNDF ၊ တပ်ပေါင်းစုများက ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

  • ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့

    ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့

    အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော မင်းအောင် လှိုင်က ရုရှားနိုင်ငံသို့သွားရောက်ပြီး ယူကရိန်းကို ကျူးကျော်သူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည်

    ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့ပြီး ကမ္ဘာ့ခေါင်းဆောင်ကြီး အဖြစ်မြှောက်ပင့်ပြောဆိုခဲ့

    အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယူကရိန်းနိုင်ငံကို စတင် ကျူး ကျော်ကာ ယူကရိန်းပြည်သူများကို သတ်ဖြတ်နေသူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။

    ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်က ခရီးစဉ်အတွင်း ရုရှား စစ်ခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ၊ ရုရှားနိုင်ငံ ဝန်ကြီးချုပ် ၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ အပါအဝင် ရုရှားအစိုးရ အဖွဲ့ တာဝန်ရှိသူများနှင့်ပါ တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

    လတ်တလော စစ်ကောင်စီက တနင်္သာရီတိုင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် စီမံကိန်း စာချုပ်ကို ၉ ခုကို ရုရှားနှင့်လုပ်ကိုင်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

    မင်းအောင်လှိုင်က ၂၀၂၂ခုနှစ် စက်တင်ဘာလ ရုရှားနိုင်ငံသို့ Eastern Economic Forum အစည်းအဝေး သွားတက်စဉ် ရုရှား စစ်ခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် ဗလာဒီမာပူတင်ကို မင်းအောင်လှိုင်က လက်အုပ်ချီကန်တော့ခဲ့ကာ ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် မြှောက်ပင့်ပြောဆိုခဲ့ဖူးသည်။

    ဓာတ်ပုံ- မင်းအောင်လှိုင်က ပူတင်ကို တွေ့ဆုံစဉ် လက်အုပ်ချီကန်တော့နေခဲ့စဉ်။

  • မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်

    မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်

    စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား

    မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်းများအား လာရောက် စစ်ဆေးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ မကျီးစင်ရွာ သို့ စစ်ကား အကြီး ၅ စီး ၊ စစ်ကား အသေး ၂ စီး ဖြင့် ဆိပ်ဖြူဘက်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး ကပစ-၂၁ ကို သွယ်တန်းထားသော လျှပ်စစ်မီးတိုင်များကို လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

    ယင်းနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စလင်း (ပကဖ-ဇုန်၃) ရဲဘော်များ အပါအဝင် တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက ၂ ရက်ဆက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်၊

    ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် လက်နက်ကြီးများ ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခြင်းများပါ လုပ်ဆောင်ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “စစ်ခွေး စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၇ ကောင်ထက်မနည်း ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်။ တခြား ဒဏ်ရာရတဲ့ စစ်ခွေးတွေလည်း များတယ်။ ခွေးစစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားပြီ” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်းမြို့နယ် -ပကဖ) ၊ (ဇုန် ၃-ပကဖ) ၊ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း ၊ ဒေါင်းစစ်အောင် (LPDF) ၊ မကွေးခရိုင်အမှတ် (၂) တပ်ရင်း၊ မကွေး (ပကဖ) နှင့် မကွေးတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၄၂ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့ဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

  • ရှမ်းမြောက် မန်တုံမြို့နယ်တွင် TNLA နှင့် KIA တို့ ထိုးကြိတ်ပွဲ ထပ်မံဖြစ် (ရုပ်သံ)

    ရှမ်းမြောက် မန်တုံမြို့နယ်တွင် TNLA နှင့် KIA တို့ ထိုးကြိတ်ပွဲ ထပ်မံဖြစ် (ရုပ်သံ)

    ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တိုက်နယ်ရုံးကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ဝင်ရောက် စီးနင်းရာမှ အပြန်အလှန် ထိုးကြိတ်၊ ရိုက်နှက်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

    မွန်းလွဲပိုင်းတွင် မြို့နှင့် ၇ မိုင်ခန့်အကွာ မန်မောက်ရွာ KIA တပ်စခန်းကို TNLA က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းသည်၊ ထိုးကြိတ်ရိုက်နှက်မှုများဖြစ်ခဲ့ရာ KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရသည်ဟု ကချင်ဒေသအခြေစိုက် KNG သတင်းဌာနက ရေးသားထားသည်။

    အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများတွင် TNLA တပ်ဖွဲ့ဝင် ၁ ဦးက KIA တပ်ဖွဲ့ဝင် ၁ ဦးကို ပါးရိုက်ပြီး ဆောင့်ကန်လိုက်သည်ကို တွေ့ရသည်၊ အခြားရုပ်သံတစ်ခုတွင်လည်း TNLA တပ်ဖွဲ့ဝင်များက KIA ရဲဘော်တစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်နေကြကြောင်း တွေ့ရသည်။

    ထိုဖြစ်ရပ်များအတွင်း KIA တပ်ဖွဲ့ဝင် ၁၂ ဦး ဒဏ်ရာ ရရှိသွားသည့်အတွက် TNLA တပ်ဖွဲ့က ကား များဖြင့် မန်တုံဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။

    မန်တုံမြို့၊ မန်မောက်ရွာသည် KIA တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း(၃၄) နယ်မြေအဖြစ် သတ်မှတ် ထားရာ အဆိုပါတပ်ရင်းက စခန်းထိုင်နေခြင်းဖြစ်သည်။ မန်တုံမြို့ကိုမူ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့အချိန် အထိ မြို့ကို ထိန်းချုပ်ထားသည်။

    စစ်ရေး၊ နိုင်ငံရေးအရ မဟာမိတ်များဖြစ်ကြသော KIA နှင့် TNLA တို့သည် ယမန်နှစ်များအတွင်းက အောက်ခြေတပ်တချို့ ဆက်ဆံရေးတင်းမာလာခဲ့ပြီး ထိုးကြိတ်မှုများ ပေါ်ပေါက်သည်အထိ ပြင်းထန်ခဲ့သည်။

    ထိုသို့ဆက်ဆံရေးတင်းမာမှုကို ညှိနှိုင်းဖြေရှင်းနေသည်ဟု KIA ဘက်က ပြောခဲ့သော်လည်း တင်းမာမှု အရှိန် ယခုနှစ်အတွင်း ပိုတက်လာခဲ့သည်။

    ဖေဖော်ဝါရီ ၂၃ ရက်ကလည်း TNLA က မန်တုံမြို့နယ်ရှိ KIA ဂိတ်စခန်း ၃ ခုကို ဝင်ရောက်စီး နင်းခဲ့သည်။ ယင်းနေ့မှာပင် TNLA က မန်တုံမြို့နယ် မန်မောက်ရွာရှိ မန်ပွန်း KIA တိုက်နယ်ရုံးကို စီးနင်း၍ KIA အရာရှိနှင့် တပ်သားများကို ဖမ်းဆီးကာ လက်နက်များလည်း သိမ်းယူသွားခဲ့သည်။

    ထိုပဋိပက္ခများနှင့်ပတ်သက်ပြီး TNLA ဘက် တရားဝင်ထုတ်ပြန်ပြောဆိုမှု မရှိသေးပေ။

    KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့်ရက်များတွင် မန်တုံကိစ္စကို ညှိနှိုင်း ဆွေးနွေးနေသည်ဟု ပြောခဲ့အပြီး ပဋိပက္ခ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။

    ရှမ်းမြောက်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက နယ်မြေထိန်းချုပ်မှု တိတိကျကျ မသတ်မှတ်နိုင်သရွေ့ အငြင်းပွားမှုများရှိနေဦးမည်ဖြစ်ကြောင်း ပြောသည်။

    “၁၀၂၇ ပြီးတဲ့နောက်ပိုင်းမှာ အခြေအနေက စားပွဲပေါ်မှာ နယ်မြေသတ်မှတ်မှုမရှိဘဲနဲ့ ဖြစ်နေရင်တော့ ဘယ်လိုပဲ (ဆွေးနွေး)တွေ့နေနေ၊ ထိတွေ့မှုကတော့ တောက်လျှောက်ရှိနေမှာပဲ။ ရှမ်းမြောက်ပြည်သူ တစ်ယောက်အနေနဲ့ဆိုရင်တော့ ဘုံရန်သူကိုပဲ အဓိကထားပြီးမှ တိုက်စေချင်သေးတယ်” ဟု သူက ပြောသည်။

    လူမျိုးရေးနှင့် စီးပွားရေးအကျိုးအတွက် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကို အာဏာရှင်ပြုတ်ကျရေး ခေါင်းစဉ်အောက်မှ ပြုလုပ်နေခြင်းသည် ပဋိပက္ခ ပိုမိုတိုးမြင့်လာစေသည်ဟု အဆိုပါအမျိုးသမီး က ဆက်ပြောသည်။

    စစ်တပ်အာဏာ မသိမ်းမီအချိန်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် TNLA, KIA အပြင် ရှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်များက ၎င်းတို့ လှုပ်ရှားနယ်မြေအသီးသီး၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေခဲ့သည်။

    ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက် သက်ဆိုင်ရာ အဖွဲ့များအလိုက် ထိန်းချုပ်နယ်မြေများနှင့် မြို့များ သိမ်းပိုက်နိုင်သည့်အခါ KIA, TNLA နှင့် MNDAA တို့အကြားတွင် နယ်မြေအငြင်းပွားမှုများ ရံဖန်ရံခါ ဖြစ်ပွားလာခဲ့သည်။

    ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းသော KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ(၃) ခု အခြေ စိုက်ပြီး၊ ကချင်ပြည်နယ်တွင် တပ်မဟာ(၈)ခုရှိသည်။

    ၁၀၂၇ စစ်ဆင်ရေး ၂ ကြိမ်အတွင်း TNLA က ၁၂ မြို့ သိမ်းထားသလို KIA လည်း ၂၀၂၄ မတ်လမှစတင် သော ထိုးစစ်အတွင်း ၁၅ မြို့ သိမ်းပိုက်ထားသည်။

    TNLA နှင့် MNDAA သည် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်များ ဖြစ်ကြသလို MNDAA နှင့် KIA သည်လည်း လက်နက်ကိုင်များ ပေါင်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များဖြစ်ကြသည်။

  • နေပြည်တော်တွင် ဧည့်စာရင်းအပါအဝင် အစစ်အဆေး တင်းကျပ်နေပြီး ဖမ်းဆီးခံရသူများလည်းရှိ

    နေပြည်တော်တွင် ဧည့်စာရင်းအပါအဝင် အစစ်အဆေး တင်းကျပ်နေပြီး ဖမ်းဆီးခံရသူများလည်းရှိ

    စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင် ဧည့်စာရင်းစစ်ဆေးမှုများအပါအဝင် လမ်းသွားလမ်းလာ နေရာအချို့တွင် စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးအဖွဲ့များက အစစ်အဆေးများ ပိုမိုပြုလုပ်နေပြီး ဖမ်းဆီးခံရသူများလည်းရှိကြောင်း နေပြည်တော်မြို့ခံများထံမှ သိရသည်။

    နေပြည်တော်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းတွင် ယခုဖေဖော်ဝါရီလထဲ ဧည့်စာရင်းစစ်ဆေးမှုများ ပိုမိုပြုလုပ်လာပြီး ထိုသို့လာရောက်စစ်ဆေးမှုများကိုလည်း ရဲအင်အား၊ စစ်သားအင်အားအများအပြားဖြင့် ပြုလုပ်လာခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

    “ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပေါ့။ သူတို့ ကြားတာတော့ ပီ(PDF)တွေ ဒီထဲရောက်နေတယ်လို့ကြားလို့ဆိုပြီးတော့ အင်အားလေးရာလောက်နဲ့ ညကြီးပေါ့။ သုခတော်ဝင်ကိုဝိုင်းပြီးတော့ ဧည့်စာရင်းတွေဝင်စစ်တာ။ အယောက် ၅၀ လောက်အဖမ်းခံလိုက်ရတယ်။ ဧည့်စာရင်းမတိုင်တဲ့လူတွေရယ်၊ ဧည့်စာရင်းရက်ကျော်နေတဲ့လူတွေရယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

    ထိုသို့ ရုတ်တရက်ဝင်ရောက်စစ်ဆေးမှုတွင် အဖမ်းခံလိုက်ရသူများကို ညတွင်းချင်းပင် အချုပ်ထဲခေါ်ပြီး နောက်ရက်တရားရုံးတင်ဒဏ်ရိုက်ကာ နှစ်ပတ်ခန့်အချုပ်ထဲထားသည်ဟုသိရပြီး နောက်ဆက်တွဲမသိရသေးကြောင်း ၎င်းကဆက်ပြောသည်။ သုခတော်ဝင်အိမ်ရာသည် နေပြည်တော်ဇမ္မူသီရိမြို့နယ်၊ ပျဉ်းမနား – တောင်ညိုလမ်းဘေးတွင်ရှိပြီး ဝန်ထမ်းအိမ်ယာများနှင့်လည်း နီးကပ်သည့်နေရာတွင်ရှိသည်။

    စစ်​ကောင်စီအ​နေဖြင့် အခြားမြို့နယ်များတွင်လည်း ဧည့်စာရင်းစစ်​ဆေးမှုများ ပိုမိုပြုလုပ်လာပြီး လမ်းများတွင် အစစ်အဆေးတင်းကျပ်မှုများကိုမူ လတ်တ​လော နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကပြေးအဝိုင်းအနီးနှင့် လယ်ဝေးမြို့နယ်ရှိ နေရာအချို့တွင် ပြုလုပ်နေကြောင်း သိရသည်။

    ထိုသို့ လမ်းစစ်ဆေးရေးဂိတ်များတွင် အစစ်အဆေးတင်းကျပ်ထားမှုကြောင့် အသွားအလာကျပ်တည်းနေရကြောင်း လယ်​ဝေးမြို့နယ်၊ အေလာဒေသခံတစ်ဦးကလည်း ပြောသည်။

    “လမ်းမှာဆိုရင်တော့ သူတို့က Tool box တွေ လှန်ပြရတယ်။ ဘာမှပစ္စည်းမပါရင်တော့ ပြန်လွှတ်တယ်။ ဓားတွေဘာတွေပါရင်တော့ လက်နက်ပစ္စည်းပါရင်တော့ သူတို့ခေါ်ထားတယ်။ အဲ့ဒီလိုခေါ်ထားတဲ့လူလည်း တချို့တဝက်ကျတော့ ရှိတယ်။ တချို့တဝက်ကျတော့လည်း ပြန်လွှတ်လိုက်တယ်။ တချို့ကျတော့လည်း ဘယ်ခေါ်သွားတုန်းမသိဘူး” ဟု ဆိုသည်။

    လယ်​ဝေးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်တတ်သည့် အေလာလေယာဉ်ကွင်း အနီးအနားရှိ ကျေးရွာများတွင် စစ်ဆေးမှုများ ပိုမိုပြုလုပ်နေပြီး ဧည့်စာရင်းစစ်ဆေးရာတွင်လည်း ရွာလူကြီးများ၊ ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦးခန့်နှင့် စစ်သား ၁၅ ဦးခန့်စသည်ဖြင့် လုံခြုံရေးယူပြီး လာရောက်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီလ ၁၆ ရက်​နေ့တွင်လည်း ပျဥ်းမနားမြို့နယ်အတွင်း လုံခြုံမှုကိုထိခိုက်​စေမည့် လုပ်​ဆောင်မှုများမရှိ​စေ​ရေးအတွက် ရပ်ကွက်၊ ​ကျေးရွာများအတွင်း အခြား​ဒေသများမှ ညအိပ်၊ ည​နေ လာ​ရောက်ပါက ဧည့်စာရင်းတိုင်ကြား သတင်းပို့ရန်နှင့် မပို့ပါက အ​ရေးယူမည်ဟု ​စစ်​ကောင်စီဘက်က ဒေသန္တရအမိန့်ထုတ်ထားပြန်ထားသည်ကို​တွေ့ရသည်။

    အာဏာသိမ်းပြီး​နောက် လုံခြုံ​ရေးတင်းကျပ်ထားသည့် ​နေပြည်​​တော်တွင် တိုက်ခိုက်ခံရမှုများရှိပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းတွင်လည်း စစ်​​ကောင်စီ​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင် တရုတ်သွားသည့်​နေ့တွင် ​အေလာ​လေယာဥ်ကွင်း၌ ဗုံး​ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

    ပုံအညွှန်း – ​နေပြည်​တော် ​ခြောက်လုံးတန်းအနီးရှိ လုံခြုံ​ရေးဂိတ်တခုအား ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ​တွေ့ရစဉ်