📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရှမ်းမြောက် မန်တုံမြို့နယ်တွင် TNLA နှင့် KIA တို့ ထိုးကြိတ်ပွဲ ထပ်မံဖြစ် (ရုပ်သံ)

—

by

in

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တိုက်နယ်ရုံးကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ဝင်ရောက် စီးနင်းရာမှ အပြန်အလှန် ထိုးကြိတ်၊ ရိုက်နှက်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

မွန်းလွဲပိုင်းတွင် မြို့နှင့် ၇ မိုင်ခန့်အကွာ မန်မောက်ရွာ KIA တပ်စခန်းကို TNLA က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းသည်၊ ထိုးကြိတ်ရိုက်နှက်မှုများဖြစ်ခဲ့ရာ KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရသည်ဟု ကချင်ဒေသအခြေစိုက် KNG သတင်းဌာနက ရေးသားထားသည်။

အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများတွင် TNLA တပ်ဖွဲ့ဝင် ၁ ဦးက KIA တပ်ဖွဲ့ဝင် ၁ ဦးကို ပါးရိုက်ပြီး ဆောင့်ကန်လိုက်သည်ကို တွေ့ရသည်၊ အခြားရုပ်သံတစ်ခုတွင်လည်း TNLA တပ်ဖွဲ့ဝင်များက KIA ရဲဘော်တစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်နေကြကြောင်း တွေ့ရသည်။

ထိုဖြစ်ရပ်များအတွင်း KIA တပ်ဖွဲ့ဝင် ၁၂ ဦး ဒဏ်ရာ ရရှိသွားသည့်အတွက် TNLA တပ်ဖွဲ့က ကား များဖြင့် မန်တုံဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။

မန်တုံမြို့၊ မန်မောက်ရွာသည် KIA တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း(၃၄) နယ်မြေအဖြစ် သတ်မှတ် ထားရာ အဆိုပါတပ်ရင်းက စခန်းထိုင်နေခြင်းဖြစ်သည်။ မန်တုံမြို့ကိုမူ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့အချိန် အထိ မြို့ကို ထိန်းချုပ်ထားသည်။

စစ်ရေး၊ နိုင်ငံရေးအရ မဟာမိတ်များဖြစ်ကြသော KIA နှင့် TNLA တို့သည် ယမန်နှစ်များအတွင်းက အောက်ခြေတပ်တချို့ ဆက်ဆံရေးတင်းမာလာခဲ့ပြီး ထိုးကြိတ်မှုများ ပေါ်ပေါက်သည်အထိ ပြင်းထန်ခဲ့သည်။

ထိုသို့ဆက်ဆံရေးတင်းမာမှုကို ညှိနှိုင်းဖြေရှင်းနေသည်ဟု KIA ဘက်က ပြောခဲ့သော်လည်း တင်းမာမှု အရှိန် ယခုနှစ်အတွင်း ပိုတက်လာခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း TNLA က မန်တုံမြို့နယ်ရှိ KIA ဂိတ်စခန်း ၃ ခုကို ဝင်ရောက်စီး နင်းခဲ့သည်။ ယင်းနေ့မှာပင် TNLA က မန်တုံမြို့နယ် မန်မောက်ရွာရှိ မန်ပွန်း KIA တိုက်နယ်ရုံးကို စီးနင်း၍ KIA အရာရှိနှင့် တပ်သားများကို ဖမ်းဆီးကာ လက်နက်များလည်း သိမ်းယူသွားခဲ့သည်။

ထိုပဋိပက္ခများနှင့်ပတ်သက်ပြီး TNLA ဘက် တရားဝင်ထုတ်ပြန်ပြောဆိုမှု မရှိသေးပေ။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့်ရက်များတွင် မန်တုံကိစ္စကို ညှိနှိုင်း ဆွေးနွေးနေသည်ဟု ပြောခဲ့အပြီး ပဋိပက္ခ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။

ရှမ်းမြောက်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက နယ်မြေထိန်းချုပ်မှု တိတိကျကျ မသတ်မှတ်နိုင်သရွေ့ အငြင်းပွားမှုများရှိနေဦးမည်ဖြစ်ကြောင်း ပြောသည်။

“၁၀၂၇ ပြီးတဲ့နောက်ပိုင်းမှာ အခြေအနေက စားပွဲပေါ်မှာ နယ်မြေသတ်မှတ်မှုမရှိဘဲနဲ့ ဖြစ်နေရင်တော့ ဘယ်လိုပဲ (ဆွေးနွေး)တွေ့နေနေ၊ ထိတွေ့မှုကတော့ တောက်လျှောက်ရှိနေမှာပဲ။ ရှမ်းမြောက်ပြည်သူ တစ်ယောက်အနေနဲ့ဆိုရင်တော့ ဘုံရန်သူကိုပဲ အဓိကထားပြီးမှ တိုက်စေချင်သေးတယ်” ဟု သူက ပြောသည်။

လူမျိုးရေးနှင့် စီးပွားရေးအကျိုးအတွက် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကို အာဏာရှင်ပြုတ်ကျရေး ခေါင်းစဉ်အောက်မှ ပြုလုပ်နေခြင်းသည် ပဋိပက္ခ ပိုမိုတိုးမြင့်လာစေသည်ဟု အဆိုပါအမျိုးသမီး က ဆက်ပြောသည်။

စစ်တပ်အာဏာ မသိမ်းမီအချိန်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် TNLA, KIA အပြင် ရှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်များက ၎င်းတို့ လှုပ်ရှားနယ်မြေအသီးသီး၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက် သက်ဆိုင်ရာ အဖွဲ့များအလိုက် ထိန်းချုပ်နယ်မြေများနှင့် မြို့များ သိမ်းပိုက်နိုင်သည့်အခါ KIA, TNLA နှင့် MNDAA တို့အကြားတွင် နယ်မြေအငြင်းပွားမှုများ ရံဖန်ရံခါ ဖြစ်ပွားလာခဲ့သည်။

၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းသော KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ(၃) ခု အခြေ စိုက်ပြီး၊ ကချင်ပြည်နယ်တွင် တပ်မဟာ(၈)ခုရှိသည်။

၁၀၂၇ စစ်ဆင်ရေး ၂ ကြိမ်အတွင်း TNLA က ၁၂ မြို့ သိမ်းထားသလို KIA လည်း ၂၀၂၄ မတ်လမှစတင် သော ထိုးစစ်အတွင်း ၁၅ မြို့ သိမ်းပိုက်ထားသည်။

TNLA နှင့် MNDAA သည် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်များ ဖြစ်ကြသလို MNDAA နှင့် KIA သည်လည်း လက်နက်ကိုင်များ ပေါင်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များဖြစ်ကြသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်