Category: News

  • ရက်စက်စွာနင်းခြေခံလိုက်ရတဲ့ ဘဝသုံးခု (ရုပ်/သံ)

    ရက်စက်စွာနင်းခြေခံလိုက်ရတဲ့ ဘဝသုံးခု (ရုပ်/သံ)

    ဘယ်လိုအကြောင်းပြချက်နဲ့မှ ခွင့်လွှတ်လို့မရနိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် အနာဂတ်ကိုယ်စီနဲ့ အမျိုးသမီးသုံးယောက်ရဲ့အသက်ခန္ဓာဟာ အချိန်မတိုင်မီ ကြွေလွင့်ခဲ့ရပါတယ်။

    သူတို့ကတော့ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာမှာနေထိုင်ကြတဲ့ ဒေါ်လှသိန်းရွှေ (၅၅)နှစ်၊ သူမရဲ့သမီး ဒေါ်အေးအေးသိန်း (၃၁)နှစ်နဲ့ ဒေါ်လှသိန်းရွှေရဲ့ တူမဖြစ်သူ မပြည့်စုံဝင်း (၁၃)နှစ်တို့ဖြစ်ပါတယ်။

    သူမတို့ သုံးယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ အစောပိုင်းက ‌သူမတို့ပိုင်ဆိုင်တဲ့ တောတောင်ထဲက ဥယျာဉ်ခြံတခုသို့ အလုပ်လုပ်ဖို့ အသွားမှာ ပျောက်ဆုံးနေခဲ့ပါတယ်။

    Mm News.xyz 2026 02 26 092926

    အကြောင်းကတော့ အုန်းတောကျေးရွာက သူမတို့သုံးယောက်အပါအဝင်အမျိုးသမီး ငါးယောက်ဟာ တောတောင်ထဲက ဥယျာဉ်ခြုံသို့အသွား စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ပြီး တားမြစ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေရဲ့အဆိုအရ သိရပါတယ်။

    အမျိုးသမီးငါးယောက်ထဲက နှစ်ယောက်ကတော့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ တားမြစ်မှုကြောင့် လှည့်ပြန်ခဲ့ကြပေမဲ့ ဒေါ်လှသိန်းရွှေတို့မိသားစုဝင်သုံးယောက်ကတော့ တခြားတဘက်က ဥယျာဉ်ခြံသို့ အရောက်သွားခဲ့ကြပါတယ်။

    အဲဒီခရီးဟာ သူမတို့အတွက် အသက်ရှင်လျက် အိမ်ပြန်မလာနိုင်တော့မဲ့ ခရီးတခုဆိုတာကို ကြိုသိခဲ့ကြပုံမပေါ်ပါဘူး။

    အကြောင်းကတော့ စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး မုဒိမ်းကျင့် သတ်ဖြတ်တာကို ခံလိုက်ရတာဖြစ်ပါတယ်။

  • အမေတခု သမီးတခုဘဝမှာ

    အမေတခု သမီးတခုဘဝမှာ

    အိမ်ထောင်ကွဲပြီးနောက် အမေတခု သမီးတခု အဖြစ်နဲ့ ဘဝကို ရုန်းကန်လှုပ်ရှားနေတဲ့ ဆယ်လီ အုပ်ကြီးရဲ့ သမီးလေး ဖေဖော်ဝါရီ ၂၅ ရက် နေ့လည်ကတည်းက ပျောက်ဆုံး သွားတယ်လို့ သိရပါတယ်။

    ပျောက်ဆုံးသွားတဲ့ သမီးလေးကို ရှာပေးကြဖို့ လူမှုကွန်ရက် အသုံးပြုသူတွေကို ဆယ်လီ အုပ်ကြီးက ငိုယိုတောင်းပန်ခဲ့ပါတယ်။

    လက်ရှိအချိန်ထိတော့ သမီးလေးကို ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။

    ဆယ်လီ အုပ်ကြီးရဲ့ သမီးလေးဟာ ယောက်ျားလေးကဲ့သို့ ဝတ်ဆင်နေထိုင်လေ့ ရှိပြီး ယခင်က ဆယ်လီ အုပ်ကြီးရဲ့ ဟာသဗီဒီယိုတချို့မှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လုံးဝ မပါဝင်တော့ပါဘူး။

    ယခု ပျောက်ဆုံးမှုမှာ မှတ်ပုံတင်ပါ ယူဆောင်သွားခဲ့တာကြောင့် အိမ်ကနေ ထွက်ပြေးတာ ဖြစ်နိုင်တယ်လို့ လူမှုကွန်ရက်အသုံးပြုသူတွေက သုံးသပ်နေကြပါတယ်။

    ဆယ်ကျော်သက် အရွယ်ဖြစ်တာကြောင့် မိခင်နဲ့ စိတ်အခန့်မသင့်လို့ အိမ်ကနေ ထွက်သွားတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

    အကြားအမြင်ဟောကိန်းတွေ မှန်ကန်တဲ့ ဆရာ လင်းညှို့တာရာကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရုံထဲမှာ တမျိုးဖြစ်နေကြောင်း ကွန်းမန့် ပေးထားတာ တွေ့ရပါတယ်။

    လက်ရှိအချိန်မှာ လူငယ်တွေအနေနဲ့ အထူးဂရုပြုနေထိုင်ရတဲ့ အချိန် ဖြစ်တာကြောင့် ဆယ်လီ အုပ်ကြီးရဲ့ သမီးလေးအနေနဲ့ အပြင်မှာ ရောက်နေတာဟာ အထူး စိုးရိမ်ဖို့ ကောင်းတဲ့ အခြေအနေ ဖြစ်နေပါပြီ။

    မိခင်ကို စိတ်ဆိုးနေခဲ့ရင်လည်း တယောက်တည်း ဖြစ်နေတဲ့ မိခင်ရဲ့ ပူပင်သောကကို ထောက်ထားညှာတာပြီး အမြန်ဆုံး ပြန်လာခဲ့ပါ သမီးလေးရေ၊ လောကကြီးမှာ အမေ့ ရင်ခွင်ကသာ အနွေးထွေးဆုံးဆိုတာ သမီးကို သိစေချင်ပါတယ်။ ဆယ်လီ အုပ်ကြီးရဲ့ သောကတွေ အမြန်ဆုံး ငြိမ်းအေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

  • သူ့စကေးလ်နဲ့သူ သွားရှုပ်လို့မရတဲ့ မိုင်းဖုန်းဆရာတော်

    သူ့စကေးလ်နဲ့သူ သွားရှုပ်လို့မရတဲ့ မိုင်းဖုန်းဆရာတော်

    မိုင်းဖုန်းဆရာတော် က မဟနဆရာတော်ကြီးတွေကို လာကန်တော့တဲ့အခါ ပုံမှန်သင်္ကန်းအရောင်ကို ရုံတာ တွေ့ရတယ်။

    641604699 3375586159283436 5515500133865987134 N

    ကျန်တဲ့အချိန်တော့ အဝါရောင်တွေရုံတာများတယ်။

    ဆိုတော့…

    ခုနောက်ပိုင်း သတိထားမိသလောက်က ဆရာတော်က ထေရဝါဒလို့ပြောလို့မရသလို မဟာယာနလို့ ပြောဖို့တောင် ခပ်ခက်ခက်ရယ်။

    အဲ့တော့…

    မိုင်းဖုန်းဆရာတော်ဟာ မိုင်းဖုန်းဆရာတော်ပုံစံ အနေနဲ့ပဲ မြင်ရမလို ဖြစ်နေတယ်။

    သွားရှုပ်လို့ မရတာက _

    ဆရာတော်က ဂူအောင်းပြီးကျင့်တဲ့အကျင့်တွေကို သေချာလုပ်နိုင်တယ်။

    မေတ္တာ နဲ့ ဗုဒ္ဓါနုဿတိ ကို သေချာပွားပုံရတယ်။

    မိန်းမကိစ္စ လုံးလုံး ကင်းရှင်းတာမျိုး တွေ့ရတယ်။ အနားကို အကပ်မခံဘူး အေးရော။

    ကိုယ်တို့ ထေရဝါဒက ဆရာတော်ကြီးတွေ အများစုတောင် ဒကာမချောချောဆို ပြုံးပြုံး ပြုံးပြုံးနဲ့ ဆက်ဆံပုံလည်း တစ်မျိုးပြောင်းသွားတယ်။

    သာယာပုံ ရပါတယ်။

    ဥုးဇင်းငယ်တွေအများစုကတော့ ပြောမနေနဲ့တော့

    Massager မှာ q ရတာနဲ့၊ ပရောပရီနေရတာနဲ့ ၊ မန့်တွေမှာ သွားပြောရတာနဲ့ အရမ်းရှုပ်ရှက်ခတ်နေကြတာ ။

    မိုင်းဖုန်းဆရာတော်က ပစ္စည်းလာဘ်လာဘကိုလည်း စွဲထားပုံမရဘူး။

    ဒီဘက်က အလှူခံပြီး ဟိုဘက်ကို တန်းလှူတာမျိုး။

    အဲ့တော့…

    ဆိုင်ရာနတ်တွေလည်း ချစ်ခင်ပြီး အတော်လေး စောင့်ရှောက်ပုံရပါတယ်။ ပုံမှန် အ‌နီးနေနတ်တွေလည်း ရှိပုံရပါတယ်။

    ဒါ့ကြောင့်လည်း ထိုင်းက ပျောက်တဲ့ကလေးတွေကို ရက်အတိအကျနဲ့ ပြန်လာမယ် ပြောနိုင်တာမျိုး နေမယ်။

    ဗမာအခေါ် ရုက္ခစိုးမှော် အောင်သလိုမျိုးပေါ့။

    မေတ္တာ နဲ့ ဗုဒ္ဓါနုဿတိထုံတယ်၊ မိန်းမကိစ္စရှင်းတယ်။ လာဘ်လာဘအစွဲနဲတယ်။

    အဲ့ ၄ချက်က သွားရှုပ်လို့မရတဲ့ ၄ချက်ပဲ။

    ကိုယ်လည်း မပြောရဲဘူး 😁။

    ပြောရဲတာကတော့ မိုင်းဖုန်းဆရာတော်ရဲ့ အဆောင်တွေကို ဆောင်ရင် လာဘ်လာဘရှိတယ်။

    ( ဆရာတော်က အဆောင်မပေးဘူး ထင်ပါတယ်။

    ပြန်စွန့်တာကို အဆောင်အဖြစ်သုံးပြီး လာဘ်ရွှင်မယ်လို့ ထင်နေကြတာ)

    ဆရာတော်ကို ဖူးရုံနဲ့ ကံတွေကောင်းမယ် လို့ ယုံကြည်နေကြတာတွေကတော့ မဟုတ်သေးပါဘူး။

    ကိုယ့်ကျင့်မှ ကိုယ်ရမှာပါ။

    မေတ္တာတွေ ဗုဒ္ဓါနုဿတိတွေထုံပါ။

    အဲ…

    ကုသိုလ်တော့ ရမှာပါ။

    မူရင်းရေးသားသူ သက်ပိုင်စိုး

  • တာချီလိတ်မှာ စောင်နဲ့ထုပ်ကာ စွန့်ပစ်ခံရတဲ့ အမျိုးသမီး ရုပ်အလောင်းအမှုက ဆက်စပ်တရားခံ ၁ ဦးကို ဖမ်းဆီးရမိ

    တာချီလိတ်မှာ စောင်နဲ့ထုပ်ကာ စွန့်ပစ်ခံရတဲ့ အမျိုးသမီး ရုပ်အလောင်းအမှုက ဆက်စပ်တရားခံ ၁ ဦးကို ဖမ်းဆီးရမိ

    တာချီလိတ်မြို့ မြို့ပတ်လမ်းမှာ စောင်နဲ့ထုတ်ကာ စွန့်ပစ်ခံရတဲ့ အမျိုးသမီးရုပ်အလောင်းအမှုနဲ့ ပတ်သက်ပြီး အလောင်းကို စွန်ပစ်ခဲ့သူတွေနဲ့ ဆက်စပ်တဲ့ တရားခံတစ်ဦးကို ဖမ်းမိတယ်လို့ သိရပါတယ်။

    ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တာချီလိတ်မြို့ပတ်လမ်းမှာ အသက် ၂၅ အရွယ် အမျိုးသမီးရုပ်အလောင်းကို စောင်နဲ့ထုတ်လျက်အနေအထားနဲ့ ဒေသခံတွေက တွေ့ရှိခဲ့ကြပြီးနောက် တရားခံတွေကို လိုက်လံစုံစမ်းခဲ့ရာက အမှုပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။

    641275839 1284916413735962 7742667397269269819 N

    ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သေဆုံးသူအမျိုးသမီး မဖြူဖြူအေးနဲ့ အလောင်းဖျောက်ခဲ့သူ ဉာဏ်လင်းထက် (ခ)အားစန်းကော တို့ဟာ KTV မှာတွေ့ဆုံခဲ့ကာ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြပြီးနောက် မဖြူဖြူအေး ဆေးလွန်သွားခဲ့တာကြောင့် တည်းခိုခန်းတစ်ခုမှာ ထားခဲ့တယ်လို့ သိရပါတယ်။

    တည်းခိုခန်းမှာထားပြီးနောက် နေအိမ်ကိုခေါ်ကာ အရပ်ဆေးနည်းတွေနဲ့ကုခဲ့ပြီး အခြေအနေမကောင်းတော့တာကြောင့် ဉာဏ်လင်းထက်(ခ)အားစန်းကောနဲ့ မိခင်ဖြစ်သူ ဒေါ်နန်းဆိုင်သန်း တို့ဟာ မဖြူဖြူအေးရဲ့ ရုပ်အလောင်းကို စောင်နဲ့ထုပ်ကာ မြို့ပတ်လမ်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စွန့်ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

    Mm News.xyz 2026 02 26 054006

    “အခုဖမ်းမိတဲ့ကောင်လေးက အားစန်းကောရဲ့ သူငယ်ချင်း၊ အားစန်းကောက ကောင်မလေးရဲ့ ရည်းစားပေါ့။ ကောင်မလေး ဆေးလွန်တာကို ဆေးရုံမပို့ဘဲ ဆားရည်တိုက် ဘာညာလုပ်တော့ ဆုံးသွားတာ။ အဲဒါကိုကြောက်ပြီး အလောင်းကို လမ်းဘေးမှာ သွားပစ်တာ။ အားစန်းကော အမေလည်းပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အလောင်းဖျောက်မှုမှာပါဝင်ခဲ့တဲ့ ဉာဏ်လင်းထက်(ခ)အားစန်းကောရဲ့ သူငယ်ချင်းဖြစ်သူ စိုင်းဇော်ပိုင် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာက ဖြစ်စဉ်တွေကို သိခဲ့ရတာလို့ ဆိုပါတယ်။

    Mm News.xyz 2026 02 26 054037

    “ကောင်မလေးက Happy Pod တွေ သုံးပြီးတော့ ဘိန်းဖြူ ထပ်ထိုးလိုက်တာမှာ ရှော့ဖြစ်သွားတာ၊ ဖြစ်ဖြစ်ချင်း ဆရာဝန်နဲ့မပြဘဲ တည်းခိုခန်းမှာထား ဆားရည်တွေတိုက်တော့ ပိုဆိုးပြီး အန်တာတွေဖြစ် နောက်တော့ သေသွားတာ၊ သေသွားတော့ အဖမ်းခံထားရတဲ့သူနဲ့အတူ ကောင်မလေးရည်းစားဖြစ်တဲ့ ဉာဏ်လင်းထက်(ခ)အားစန်းကောနဲ့ သူ့အမေတို့ ကားနဲ့သယ်ပြီး စွန့်ပစ်လိုက်ကြတာ၊ ရုပ်အလောင်းတွေ့တဲ့ကိစ္စ လိုင်းပေါ်ပျံ့တော့ အဲ့သားအမိက ထိုင်းကို ထွက်ပြေးသွားပြီ၊ ကျန်ခဲ့တဲ့သူ တစ်ယောက်ပဲ မိသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “ဒီအမှုက စစချင်းမှာတင် တပ်နဲ့ရဲရဲ့ လုပ်ပုံကိုက အလောင်းဖျောက်ဖို့ ကြိုးစားနေသလို ဖြစ်နေတာ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညက မဖြူဖြူအေး ဆုံးတာ။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အလောင်းတွေ့တယ်၊ ဒါကို နာရေးကူညီမှုအသင်းက ဘယ်သူ့ကိုမှ အသိမပေးဘဲ သဂြိုဟ်ပစ်လိုက်တယ်။ မိသားစုက လူပျောက်တိုင်လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကျမှ ဆုံးသွားပြီ၊ သဂြိုဟ်ပြီးပြီဆိုတာ သိရတာ။ ပုံမှန်ဆို ဒီမြို့က ‘ကိုလှမိုးနာရေးကူညီမှုအသင်း’ က လမ်းဘေးပျံကျ သေတာတောင် ဓာတ်ပုံရိုက်ပြီး အသေးစိပ် သတင်းတင်နေကျ။ ဒီကောင်မလေးကျမှ ဘာလို့ သဂြိုဟ်တာတောင် မသိလိုက်ရတာလဲ။ အခု တရားခံတစ်ယောက် မိပြီဆိုပေမဲ့ အရင်က အမှုဖျောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မတရားမှုတွေကိုလည်း အမှုပြန်ပတ်စေချင်တယ်။လူမှုကွန်ရက်နဲ့ အပြင်မီဒီယာတွေကို အကူအညီတောင်းပြီး သတင်းတင်ခိုင်းရလို့သာ အခုလို အမှုပေါ်လာတာပါ။ တကယ်လို့သာ ကျွန်တော်တို့ နှုတ်ပိတ်နေခဲ့ရင် ဒီအမှုက ဒီအတိုင်း ပျောက်သွားမှာ။”ဟု မဖြူဖြူအေး၏ မိတ်ဆွေဖြစ်သူက ရှင်းပြသည်။

    Mm News.xyz 2026 02 26 054043

    အလောင်းဖျောက်မှုမှာပါဝင်ခဲ့တဲ့ စိုင်းဇော်ပိုင်ကို ရဲက ပူးပေါင်းကြံစည်သူအဖြစ် ဖမ်းဆီးထားတယ်လို့သိရပြီး တာချီလိတ်မှာ မူးယစ်ဆေးဝါးတွေ ပေါများနေပြီး ဆေးလွန်ကာသေဆုံးမှုတွေလည်း လူငယ်တွေကြား မကြာခဏ ဖြစ်နေကာ Happy water နဲ့ တခြားမူးယစ်ဆေးဝါးတွေလည်း KTV တွေမှာ အလွယ်တကူ ရရှိနေတယ်လို့ သိရပါတယ်။

    အားစန်းကောနှင့် မဖြူဖြူအေးတို့မှာ သမီးရည်းစားများဖြစ်ကြပြီး မသေဆုံးမီ ရက်သတ္တပတ်ခန့်မှ သမီးရည်းစားဖြစ်သူများဖြစ်ကြောင်း၊ မဖြူဖြူအေးမှာ Happy Pod ခေါ် မူးယစ်ဆေးဝါတစ်မျိုး သုံးစွဲထားစဉ် ဘိန်းဖြူထပ်မံထိုးသွင်းခဲ့သည်ဟု သိရကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

    Mm News.xyz 2026 02 26 054144

    “Happy Pod တွေ လစ်နေချိန်မှာ ဘိန်းဖြူထပ်ထိုးတာလို့ သိရတယ်။ မိဘတွေအနေနဲ့လည်း ဒါကို သတိထားဖို့လိုတယ်။ အခုက တာချီလိတ်မှာ မူးယစ်ဆေးဝါးတွေက ပေါနေတာ။ ကိုယ့်သားသမီးအခြေအနေ အကဲခတ်ပြီး မူးယစ်ဆေးစွဲနေတယ်ဆိုရင် ထိန်းသိမ်းကြဖို့လိုတယ်” ဟု ၎င်းက သတိပေးထားပါတယ်။

    မဖြူဖြူအေး သေဆုံးမှုမှာ သားလုပ်သူရဲ့အမှားကို လမ်းမှန်မပြဘဲ အလောင်းဖျောက်ဖို့အထိ အတူတူကြံရာပါဖြစ်ခဲ့တဲ့ မိခင်ဖြစ်သူအပါအဝင် တရားခံများပေါ်ပြီ

    ချစ်သူများနေ့ဆိုတာ ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးတဲ့နေ့ပါ။ ဒါပေမဲ့ တာချီလိတ်မြို့က အသက် ၂၁ နှစ်အရွယ် မဖြူဖြူအေး အတွက်တော့ သူမရဲ့ နောက်ဆုံးနေ့ ဖြစ်သွားခဲ့ရရှာပါတယ်။

    အခုအချိန်မှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကွင်းဆက်တရားခံတစ်ဦး ဖမ်းဆီးခံလိုက်ရပြီဖြစ်တဲ့အကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။

    KTV ပါတီပွဲလေး ဘယ်လိုအဆုံးသတ်သွားခဲ့သလဲ?

    ဖေဖော်ဝါရီလ ၁၄ ရက်၊ ချစ်သူများနေ့ညမှာ မဖြူဖြူအေးနဲ့ သူမရဲ့ရည်းစားဖြစ်သူ အားစန်းကောတို့ဟာ KTV တစ်ခုမှာ ပျော်ပျော်ရွှင်ရွှင် ဆုံဆည်းခဲ့ကြပါတယ်။ ပျော်ရွှင်မှုတွေကြားထဲမှာ စိတ်.ကြွ..ဆေး-ဝါး နဲ့ ဘိ-န်း-ဖြူ ကိုပါ ရောနှောသုံးစွဲမိခဲ့ကြတယ်လို့ သိရပါတယ်။

    အဲ့ဒီနေရာကနေ စတင်ခဲ့တဲ့ ပျော်ရွှင်မှုဟာ သိပ်မကြာခင်မှာပဲ အိပ်မက်ဆိုးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

    ဆေး-အ-လွန်အ-ကျွံသုံးစွဲမိပြီး မဖြူဖြူအေး အခြေအနေ ဆိုးရွားလာချိန်မှာ …

    သူမကို ဆေးရုံအမြန်ပို့ပြီး အသက်ကယ်သင့်ပေမဲ့ ရည်းစားဖြစ်သူနဲ့ သူငယ်ချင်းတွေက တည်းခိုခန်းတစ်ခုကို ခေါ်သွားခဲ့ကြပါတယ်။ အခြေအနေက ပိုဆိုးလာပြီး ပါးစပ်က အမြှုပ်တွေထွက်လာချိန်မှာတော့ အိမ်ကိုခေါ်သွားပြီး အရပ်နည်းတွေနဲ့ ကုသဖို့ ကြိုးစားခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ မဖြူဖြူအေးဟာ Aသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

    အမှားကို ဖုံးကွယ်ဖို့ နောက်ထပ် အမှားကြီးတစ်ခု

    ဒီနေရာမှာ ပိုပြီး ထိတ်လန့်စရာကောင်းတာက သူတို့ရဲ့ နောက်ဆက်တွဲ လုပ်ရပ်တွေပါပဲ။

    ဖမ်းဆီးခံထားရတဲ့ စိုင်းဇော်ပိုင် ရဲ့ ထွက်ဆိုချက်အရ သိရတာကတော့

    အဓိကပါဝင်သူ ဉာဏ်လင်းထက် (ခ) အားစန်းကော နဲ့ သူ့ရဲ့မိခင်ဖြစ်သူတို့ဟာ မဖြူဖြူအေး ဆုံးပါးသွားတာကို သိရှိပြီးတဲ့နောက်မှာ အကြောက်လွန်ပြီး အမှုဖုံးကွယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

    ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရုပ်Aလောင်းကို မြို့ရှောင်လမ်းဘေးမှာ သွားရောက်စွန့်ပစ်ခဲ့ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာပါ။

    အခုအချိန် ဘယ်သူတွေ အရေးယူခံထားရပြီလဲ?

    လက်ရှိမှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စိုင်းဇော်ပိုင်ကို ဖမ်းဆီးရမိထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်နေပါတယ်။ ထွက်ပြေးနေတဲ့ သားအမိနှစ်ဦးကိုလည်း ဆက်လက်ခြေရာခံနေဆဲဖြစ်ပါတယ်။

    ဒီဖြစ်ရပ်က ဘာတွေကို သတိပေးနေတာလဲ?

    ဒီဖြစ်စဉ်ဟာ လူငယ်တွေအတွက်ရော၊ မိဘတွေအတွက်ပါ နိုးကြားစရာ သတိပေးခေါင်းလောင်းသံတစ်ခုပါ။

    ၁။ မူးယစ်ဆေးဝါးရဲ့ နောက်ဆက်တွဲဆိုးကျိုး တစ်ခဏတာ ပျော်ရွှင်မှုက ဘဝတစ်ခုလုံးကို အဆုံးသတ်သွားစေနိုင်ပါတယ်။

    ၂။ တာဝန်ယူမှုကင်းမဲ့ခြင်း – မိတ်ဆွေတစ်ယောက် အသက်အန္တရာယ်ကြုံလာချိန်မှာ ဆေးရုံအမြန်ပို့ဖို့ထက် အကြောက်လွန်ပြီး ဖုံးကွယ်ဖို့ကြိုးစားတာဟာ လူသားဆန်တဲ့ အပြုအမူ မဟုတ်ပါဘူး။

    ၃။ မိဘတွေရဲ့ လမ်းမှားလိုက်မှု – အမှားလုပ်မိတဲ့ သားသမီးကို လမ်းမှန်ပြရမယ့်အစား အတူတူ အမှုဖုံးကွယ်ပေးတာဟာ ပိုမိုကြီးမားတဲ့ ရာဇဝတ်မှုဆီကိုပဲ တွန်းပို့လိုက်တာပါ။

    မိဘပြည်သူများအနေနဲ့ ကိုယ့်သားသမီးတွေ ညဘက်အပေါင်းအသင်းတွေနဲ့ ပျော်ပါးတဲ့နေရာမှာ ဘယ်လိုမျိုး အနီးကပ်စောင့်ကြည့်သင့်တယ်လို့ ထင်မြင်မိပါသလဲ? ဒါမှမဟုတ် လူငယ်တွေအနေနဲ့ ဒီလိုအဖြစ်မျိုးက ဘာသင်ခန်းစာယူသင့်တယ်လို့ ထင်ပါသလဲ? ဆွေးနွေးချက်လေးတွေ အောက်မှာ ဝေမျှခဲ့ကြပါဦး။

  • စာမေးပွဲဖြေခွင့် ထုတ်ပေး၍ ခရိုင်ပညာ‌ရေးမှူးကို အရေးယူမည်

    စာမေးပွဲဖြေခွင့် ထုတ်ပေး၍ ခရိုင်ပညာ‌ရေးမှူးကို အရေးယူမည်

    ကျောင်းအပ်နှံစာရင်းတွင်မပါ၍ မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိသည့် “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ ၁၀၀ ကျော်အား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခဲ့သည့် ခရိုင်ပညာရေးမှူးကို နိုင်ငံဝန်ထမ်းဥပဒေဖြင့် စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။

    ဖေဖော်ဝါရီ ၂၃ ရက်ကစတင်ကျင်းပသည့် အတန်းဆုံးစာမေးပွဲတွင် စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ကွက်ရှိ “ထက်”ကိုယ်ပိုင် အထက်တန်းကျောင်းမှ Grade-5 ကျောင်းသား/သူ ၇၂ ဦးနှင့် Grade-9 ကျောင်းသား/သူ ၈၉ ဦး စုစုပေါင်း ၁၆၁ တို့သည် ဖြေဆိုခွင့်ကတ်များအား ဖေဖော်ဝါရီ ၂၂ ရက်၌ စစ်ကိုင်းခရိုင် ပညာရေးမှူးထံမှရရှိခဲ့သော်လည်း ပါဝင်ဖြေဆိုခွင့် မရခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ကျောင်းသား/သူ ၁၆၁ ဦးသည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ တာဝန်ရှိသူများမှ ကျောင်းသို့ သွားရောက်စစ်ဆေးစဉ် အမှန်တကယ် ကျောင်းတက်ရောက်မှု မရှိခြင်းနှင့် အတန်းဆုံးနှင့် နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း သုံးကြိမ်ဖြေဆိုထားသည့်အထောက်အထားများ မရှိခြင်းတို့ကြောင့် ဖြေဆိုခွင့်မရခြင်း ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

    အထက်ပါအချက်များပြည့်စုံသည့် ထက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 ကျောင်းသား/သူ ၄၀ ဦးနှင့် Grade -9 ကျောင်းသား/သူ ၄၀ ဦး စုစုပေါင်း ၈၀ ဦးအား နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း ဖြေဆိုခွင့်ပြုခဲ့ကြောင်းလည်း ပြောသည်။

    “ထက်”ကိုယ်ပိုင်အထက်တန်းကျောင်းသည် ကျောင်းလုပ်ငန်းများ စနစ်တကျ မဆောင်ရွက်ခြင်း၊ လချုပ်များ အပ်ဒိတ် တင်ပြနိုင်မှု မရှိခြင်း၊ ကျောင်းခေါ်ချိန်စာရင်းတွင် ကျောင်းသူ/သား ၁,၅၂၉ ဦး ရှိသော်လည်း အမှန်တကယ် တက်ရောက်သူ ၂၂၈ ဦးသာရှိကြောင်း တွေ့ရှိရသဖြင့် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ နောက်နှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစကာ ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့်ကျောင်း ဖြစ်သည်။

    လက်ရှိတွင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုခွင့် မရခြင်းအပေါ် ကျောင်းသူ/သားများ၊ မိဘများ၏ လက်မှတ်ဖြင့် ကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ကြီး ဦးခင်မောင်ရေးက ပညာရေးဝန်ကြီးဌာနကို အသနားခံစာ တင်ထားကြောင်း သိရသည်။