ရန်ကုန်မှာဆီတန်းရင်း လူThatမှုတွေပါဖြစ်ကုန်ပြီ

ရန်ကုန်-ပဲခူး ကားလမ်းဘေးက ဆီဆိုင်တစ်ခုမှာ ဆီဖြည့်ဖို့ ရပ်နားထားတဲ့ ၂၂ ဘီး တွဲကားပေါ်မှာ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ဝမ်းနည်းစရာ အသက်ဆုံးရှုံးမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ ပဲခူးတိုင်း၊ အင်းတကော်မြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ “မိတ်ဆွေကောင်း” ဆီဆိုင်မှာ ဆီဖြည့်ဖို့ ရပ်နားထားစဉ် ယာဉ်မောင်းဖြစ်သူ ဦးမိုးမြင့်ဦးနဲ့ ယာဉ်နောက်လိုက် သန်းကျော်တို့အကြား ဆီတန်းစီချိန်ကြာမြင့်တာနဲ့ပတ်သက်ပြီး စကားများရာကနေ စတင်ခဲ့တာပါ။

ယာဉ်မောင်းဖြစ်သူ ယာဉ်ခေါင်းခန်းထဲမှာ အိပ်ပျော်နေစဉ်အတွင်း ယာဉ်နောက်လိုက်က မကျေနပ်စိတ်နဲ့ အနီးရှိ တူနဲ့ ကတ်ကြေးတို့ကို အသုံးပြုကာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့တာကြောင့် ယာဉ်မောင်းမှာ ရရှိတဲ့ ဒ-ဏ်ရာတွေနဲ့အတူ အခင်းဖြစ်နေရာမှာတင် ကွယ်လွန်သွားခဲ့ရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဦးမိုးမြင့်ဦးမှာ ဦးခေါင်း၊ လည်ပင်းနဲ့ လက်မောင်းတို့မှာ ဒ-ဏ်ရာအများအပြား ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ယာဉ်နောက်လိုက် သန်းကျော်ကို အင်းတကော်နယ်မြေရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ စစ်ဆေးဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်ရှင်။


Leave a Reply

Your email address will not be published. Required fields are marked *