Category: News

  • အင်္ဂပူတွင် စစ်မှုထမ်းအကြောင်းပြ ငွေတောင်းကြမ်းသည့် ပျူခေါင်းဆောင် ခွေးတောက်ရွက် တက်ခူးရင်း သစ်ပင်ပေါ်ကပြုတ်ကျ၍ ဇက်ကျိုးသေဆုံး

    အင်္ဂပူတွင် စစ်မှုထမ်းအကြောင်းပြ ငွေတောင်းကြမ်းသည့် ပျူခေါင်းဆောင် ခွေးတောက်ရွက် တက်ခူးရင်း သစ်ပင်ပေါ်ကပြုတ်ကျ၍ ဇက်ကျိုးသေဆုံး

    ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ငွေကြေးအဆမတန် တောင်းခံနေသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး မတ်လ ၂ ရက်နေ့က သစ်ပင်ပေါ်ကပြုတ်ကျပြီး ဇက်ကျိုးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

    သေဆုံးသူမှာ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စု၊ ကုန်းတောင်နီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော် ဖြစ်ပြီး ၎င်းသည် သစ်ပင်ပေါ်သို့ ခွေးတောက်ရွက်တက်ခူးစဉ် ပြုတ်ကျ၍ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။

    “ခွေးတောက်နွယ်က အပင်ကြီးပေါ်တက်နေတာ။ အဲဒါ ခူးရင်းနဲ့ အပင်ပေါ်ကပြုတ်ကျပြီး ဇက်ကျိုးသေတာ။ သူက ထန်းရည်သောက်ပြီး ပြန်လာတာမို့ မူးနေပုံရတယ်” ဟု ကုန်းတောင်နီ ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

    646146167 122124840159075642 5339559952092926182 N

    ဦးသိန်းဇော်သည် မသေဆုံးမီအချိန်အထိ သဲဖြူကျေးရွာရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးအသစ် ဦးမြင့်ဦး၏ နေအိမ်တွင်ပြုလုပ်မည့် အစည်းအဝေးသို့တက်ရောက်ရန် ရွာအတွင်း လိုက်လံဖိတ်ကြားခဲ့ သေးကြောင်း သိရသည်။

    ၎င်းသည် ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုဌေးနှင့်ပေါင်းကာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြချက်ဖြင့် ပြည်သူများထံမှ ငွေကြေးများ အဆမတန်တောင်းယူကာ အလွဲသုံးစားလုပ်ခြင်းများကြောင့် ဒေသခံများ အကြား နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    လက်ရှိတွင်လည်း နွားခြံအုပ်စုအတွင်းရှိ စစ်မှုထမ်းရန် အသက်ပြည့်မီသည့် လူငယ်များအနေဖြင့် အုပ်ချုပ်ရေးမှူးသစ် ဦးမြင့်ဦးထံသို့ တစ်ဦးလျှင် ငွေကျပ်လေးသောင်းစီ မတရားပေးဆောင်နေရကြောင်း ဒေသခံများက ဆိုသည်။

    စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ အကျပ်ရိုက်နေချိန်တွင် ယခုကဲ့သို့ လက်ပါးစေ ပျူစောထီးခေါင်းဆောင် သေဆုံးသွားမှုအပေါ် ဒေသခံအချို့က “ဝဋ်လည်တာ” ဟု မှတ်ချက်ပြု ပြောဆိုသည်။

    ဓာတ်ပုံ-ကုန်းတောင်နီကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော်

  • စစ်ကော်မရှင်ခန့် မြန်မာနိုင်ငံရဲချုပ် ဖမ်းဆီးခံထားရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တယ်လို့ဆို

    စစ်ကော်မရှင်ခန့် မြန်မာနိုင်ငံရဲချုပ် ဖမ်းဆီးခံထားရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တယ်လို့ဆို

    ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်ကမှ မြန်မာနိုင်ငံရဲချုပ်ဖြစ်လာသူ ဒုတိယရဲချုပ်ကြီး ဝင်းဇော်မိုးကို စစ်ကော်မရှင်က တရုတ်နိုင်ငံရဲ့ ခိုင်းစေမှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

    အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာထူးကနေ ဒုရဲချုပ်ကြီးအဖြစ် ပြောင်းရွှေ့လာပြီးတော့မှ ရဲချုပ်ဖြစ်လာခဲ့တာလို့ သိရပြီး ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်တာကြောင့် တရုတ်နိုင်ငံရဲ့ ခိုင်းစေမှုနဲ့ ဖမ်းထားတာလို့ သိရပါတယ်။

    Mm News.xyz 2026 03 04 103226

    “ဝင်းဇော်မိုးက အဂတိကိစ္စ လာဒ်စားတာ အရမ်းဆိုးတယ်၊ အရင်က ဒုတိုင်းမှူးတုန်းက စစ်ဆင်ရေးတခုမှာ Double Cub/4 Wheel ကားတွေကို ပြည်သူတွေဆီက သိမ်းပြီး တခြားတိုင်းမှူးတွေကို တယောက်တစီးပေးတာ၊ အဲ့ကိစ္စကို တိုင်းမှူးသိတော့ ကွိင်တွေတက်တာ ရှိခဲ့ဖူးတယ်၊ ရဲချုပ်တိုင်း ခုလိုလုပ်စားနေကြတာပါ” လို့ ရဲနဲ့နီးစပ်သူတဦးက ပြောပါတယ်။

    လတ်တလောမှာ စစ်ကော်မရှင်ဘက်က ရဲချုပ်ဖမ်းဆီးထိန်းသိမ်းထားခြင်းနဲ့ ပတ်သတ်ပြီး သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

  • စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ်

    စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ်

    အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အမိန့်ထုတ်လိုက်ကြောင်း စစ်တပ်ပိုင် မီဒီယာက ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

    လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/—3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရမည်ဖြစ်ပြီး EV မော်တော်ယာဉ် ၊ EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း ထုတ်ပြန်ချက် အမိန့်တွင် ဖော်ပြထားသည်။

    646675713 1290086113218992 59359468386925413 N

    နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များ အသုံးပြုနိုင်ကြောင်း၊ စက်သုံးဆီ လုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်လည်း ပါရှိသည်။

    အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

  • ဆီပြတ်မှာကို စိုးရိမ်လို့ နယ်စပ်ဖြတ်ပြီး မယ်ဆိုင်မှာ ဆီတန်းစီဝယ်ယူသူများ​နေ

    ဆီပြတ်မှာကို စိုးရိမ်လို့ နယ်စပ်ဖြတ်ပြီး မယ်ဆိုင်မှာ ဆီတန်းစီဝယ်ယူသူများ​နေ

    ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိ​သေးဘူးလို့ဆို

    ထိုင်းနိုင်ငံဖက်ခြမ်းက မယ်ဆိုင်နဲ့ မြန်မာဖက်ခြမ်းက တာချီလိတ်တို့မှာ လောင်စာဆီ ပြတ်တောက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေက တန်းစီဝယ်ယူနေကြပါတယ်။

    အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာစက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဓာတ်ဆီ တင်ပို့မှုတွေကို ဆိုင်းငံ့ထားဖို့ ထိုင်းအစိုးရက စီစဉ်နေကြောင်း သတင်းတွေကြောင့် ထိုင်းနယ်စပ်မှာရှိတဲ့ တာချီလိတ်မှာစက်သုံးဆီလုံးဝ ဝယ်မရတာမျိုး ကြုံလာမှာကိုစိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။

    646831100 1250215473843909 3891999287206496411 N

    မတ်လ ၃ ရက်နေ့မှာတော့ မနက်ပိုင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား စဖွင့်ချိန် ကတည်းက မြန်မာဖက်မှာ မှတ်ပုံတင်ထားတဲ့ ကားနဲ့ဆိုင်ကယ်တွေဟာ မယ်ဆိုင်ဖက်ကို ဖြတ်ကူးပြီးဆီဝယ်ဖြည့်နေခဲ့တာကိုတွေ့ရပါတယ်။

    ယာဉ်မောင်း အများအပြားဟာ ဆီအပြည့် ဖြည့်ယူသွားရုံတင် မကဘဲ လိုရမယ်ရ ကြိုတင် စုဆောင်းထားမှုအဖြစ် ပုံးအပိုတွေနဲ့ ဝယ်ယူသိုလှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ဆီဆိုင်တွေမှာ တန်းစီပြီး ဝယ်ယူစုဆောင်းနေတဲ့ ယာဉ်အများစုဟာ မြန်မာလိုင်စင် နံပါတ်တွေနဲ့ဖြစ်ပြီး တချို့ ထိုင်းဒေသခံတွေကလည်း အလားတူ ဝင်တန်းစီနေခဲ့ကြပါတယ်။

    မယ်ဆိုင်မှာတော့သိုလှောင်ထားတဲ့ဆီအားလုံးကုန်သွားလို့ မတ်လ ၂ ရက်နေ့ ကတည်းက ဆီဆိုင်နှစ်ဆိုင်ကယာယီပိတ်ထားရပါတယ်။ဒါပေမဲ့မြို့လယ်တဝိုက်က အကြီးစားဆိုင်ကြီးတွေကတော့ စက်သုံးဆီ လုံလုံလောက်လောက်ရှိနေဆဲလို့ ပြောပါတယ်။

    646707496 1250215510510572 3311386919969248213 N

    ရွှေတြိဂံ ဒေသထဲမှာ ပါဝင်တဲ့ ချီယန်ဆန်မှာတော့ ထိုင်းအစိုးရက ဆီတင်ပို့ခွင့် ဆိုင်းငံ့နိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းကြောင့်ပို့ကုန်လုပ်ငန်းရှင်တွေက အခြေအနေစောင့်ကြည့်နေခဲ့ရာက မတ်လ ၃ ရက်နေ့မှာတော့အာဏာပိုင်တွေဆီကမီးစိမ်းပြမှုကြောင့် ဆီတင်ရေယာဉ်တွေစတင်ထွက်ခွာခဲ့ကြပါတယ်။

    အလားတူ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့မဲ​ဆောက်မြို့ကစက်သုံးဆီဆိုင်​တွေမှာလည်း ဒီက​နေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကကူးလာပြီး စက်သုံးဆီ ထိုင်းစွမ်းအင်ဝန်ကြီးဌာနရဲ့အရာရှိတစ်ဦးကတော့ ဝန်ကြီးဌာနဟာပြည်ပကို လောင်စာတင်ပို့မှု ပိတ်ပင်တဲ့ အမိန့်တစ်ခုခု ထုတ်မထားသေးဘူးလို့ ဆိုပါတယ်။

    အစောပိုင်းတုန်းကတော့ ထိုင်းရဲ့ The Nation သတင်းဌာနက ထိုင်းအစိုးရဟာ ပြည်တွင်းဖူလုံရေးအတွက်ဓာတ်ဆီနဲ့ ဆက်စပ်လောင်စာထွက်ကုန်တွေပြည်ပတင်ပို့ခွင့်ကိုချက်ချင်းရပ်ဆိုင်းမယ်လို့ ထိုင်းသတင်းဌာန​တွေကမတ်လ ၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

    စွမ်းအင်လုပ်ငန်းဌာနကအရှေ့အလယ်ပိုင်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အနီးကပ် လေ့လာ စောင့်ကြည့်နေပြီး အပြောင်းအလဲ တစ်ခုခု လိုအပ်ရင် တရားဝင် ကြေညာချက် ထုတ်ပြန်မယ်လို့ ပြောကြားထားပါတယ်။

    ကိုးကား- Khaosod

    (မယ်ဆိုင်ကစက်သုံးဆီဆိုင်မှာဝယ်ယူဖို့တန်းစီ ​စောင့်ဆိုင်း​နေကြတဲ့မြန်မာ​တွေ။ ဓါတ်ပုံ-Khaosod)

  • ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေ

    ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေ

    ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာဘက်ရှိ ကျားဖြန့်ဝင်းများကို ဓာတ်ပုံရိုက်ယူနေသည့်ပုံကိုပါ FBI က တစ်ပါတည်း ထုတ်ပြန်

    အရှေ့တောင်အာရှတစ်ခွင်တွင် အမြစ်တွယ်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို အမြစ်ပြတ်ချေမှုန်းရန် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း အမေရိကန် FBI ၏ သတင်းထုတ်ပြန်ချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

    HCccez4WwAEmBdZ

    အမေရိကန် FBI က လူမှုကွန်ရက် X (Twitter) တို့မှတစ်ဆင့် ယင်းသို့ ပူးပေါင်းဆောင်ရွက်နေမှုကို​ယနေ့ သတင်းထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ကျားဖြန့်ဝင်း (Scam Compounds) များကို ထိုင်းဘက်အခြမ်းမှ ဓာတ်ပုံရိုက်ယူထားသည့် ပုံရိပ်များကိုပါ တစ်ပါတည်း ထုတ်ပြန်ထားသည်။

    ဘန်ကောက်မြို့အခြေစိုက် အမေရိကန် FBI ၏ တရားဝင်ကိုယ်စားလှယ်ရုံး (Legat Bangkok) က ထိုင်းနိုင်ငံရဲတပ်ဖွဲ့အပြင် ဒေသတွင်းရှိ အခြားသော မဟာမိတ်အဖွဲ့အစည်းများနှင့် လက်တွဲကာ “Scam Compounds” ဟု ခေါ်ဆိုသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း အခြေစိုက်စခန်းများကို တိုက်ဖျက်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

    FBI ၏ သတင်း ထုတ်ပြန်ချက် ဓာတ်ပုံများထဲတွင် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်ဝင်းများကိုပါ ပစ်မှတ်ထား ဓာတ်ပုံရိုက်ကူးနေသည့် ပုံ ၁ပုံကိုလည်း ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

    FBI ၏ အဆိုအရ အဆိုပါ ငွေလိမ်ဂိုဏ်းများကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေရပြီး၊ သားကောင်ဖြစ်ရသူ ပေါင်းများစွာသည်လည်း ဆိုးရွားစွာ ထိခိုက်နစ်နာနေရကြောင်း သိရသည်။

    HCccezwWwAAKl0B

    အထူးသဖြင့် အမေရိကန်ပြည်သူများကို အကာအကွယ်ပေးနိုင်ရန်အတွက် FBI သည် နိုင်ငံရပ်ခြားရှိ ထိပ်တန်းရဲတပ်ဖွဲ့များ၊ ထောက်လှမ်းရေးများနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ကာ ယခုကဲ့သို့ စစ်ဆင်ရေးများကို လုပ်ဆောင်လာခြင်း ဖြစ်သည်။

    ယခုစစ်ဆင်ရေး၏ အသေးစိတ် အချက်အလက်များကိုမူ လုံခြုံရေးအရ FBI ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း ဒေသတွင်းရှိ နယ်စပ်ဖြတ်ကျော် Transnational Fraud Networks (နယ်စပ်ဖြတ်ကျော် ငွေလိမ်ကွန်ရက်များ) ကို အရေးယူနိုင်ရန် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို အမြင့်ဆုံးအဆင့်ဖြင့် လုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာနတချို့ က ရေးသားဖော်ပြသည်။

    FBI ကိုယ်တိုင် မြန်မာနယ်စပ်ရှိ ကျားဖြန့်ဝင်းများကို ဓာတ်ပုံရိုက်ယူကာ တရားဝင်ထုတ်ပြန်လာခြင်းသည် အရှေ့တောင်အာရှရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြင်းထန်သော သတိပေးချက်တစ်ခုဖြစ်နိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ်မှ ကရင်စစ်ရေးသတင်းရင်းမြစ်ကသုံးသပ်ပြောဆိုသည်။