Category: News

  • ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဘတို့ကို ရက်စက်မှာလား…

    ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဘတို့ကို ရက်စက်မှာလား…

    ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဘတို့ကို ရက်စက်မှာလား…

    ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုတာ မအလစစ်တပ်ကို ငယ်နိုင်လို့တောင် ပြောလို့ရသလို ICJ အထိ မအလရဲ့တပည့်တွေကို ဖမ်းပြီး သက်သေရအောင် ပို့ထားနိုင်သူဖြစ်တယ်။

    မြန်မာပြည်ကို အုပ်စိုးခဲ့ကြတဲ့ လူတွေကို ကြည့်ရင် ဘုရင်ခေတ်ကနေ လက်ရှိ မအေ-ိုးရဲ့ခေတ်အထိ ယတျာတွေ ဗေဒင်တွေ အင်းတွေ ဆင်ဖြူတော်တွေကို ယုံကြည်ခဲ့ကြတဲ့သူ အတော် များခဲ့တယ်။

    အာဏာမြဲဖို့အတွက်ဆိုရင် ဖအေလဲ သ-တ်၊ ညီအကိုလဲ သ-တ်၊ ဆွေမျိုးသားချင်းလဲ သ-တ်၊ ပြည်သူတွေကိုပါ သ-တ်ခဲ့ကြတယ် မဟုတ်လားး။

    အဲဒီအထဲမှာ မအလ ဖက်စစ်စစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်တွေက အဆိုးဆုံးပါ။ နေဝင်းဆိုရင် မြေးအရွယ် ရခိုင်မနဲ့ ယတျာချေတယ်။ သန်းရွှေက သူစောက်ခွက်ကို ဘုရားပုံထုပြီး ရွှေတိဂုံမှာ ထားတယ်။ ခင်ညွှန့်က မဟာမြတ်မုနိဘုရားကို ဗိုက်ဖေါက်ပြီး ဌာပနာယူရုံတင်မကဘူး တနိုင်ငံလုံးက နာမည်ကြီး ဘုရားတွေကို ထီးတော်တွေ တင်သလိုလိုနဲ့ ဌာပနာတွေဖေါက်ပြီး လိုချင်တာတွေ ယူခဲ့တယ် မဟုတ်ပါလား။

    ကျန်တဲ့ စစ်ဗိုလ်ချုပ်တွေကတော့ မြတ်စွာဘုရားကိုတောင် ဘယ်လို ပုံပျက်ပမ်းပျက်တွေ လုပ်ပြီး ယတျာ ချေခဲ့ကြသလဲဆိုရင် ပျဥ်းမနားက အဘတွေကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကိုသာ သွားကြည့်ကြပေတော့လို့ ပြောပါရစေ၊ လက်နောက်ပြန် ချိုးထားတဲ့ဘုရား၊ ခေါင်းကြီးကိုယ်သေး ဘုရား၊ လိမ်တွန့် ရူံ့တွ နေတဲ့ဘုရား၊ ဘုရားရုပ်နဲ့ မတူတဲ့ ဘုရားမျိုးစုံကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီဘုရားတွေရဲ့ ဒါယကာတွေဟာ “အမျိုးဘာသာ သာသနာ”လို့ အော်နေကြတဲ့ ဖွတ်ပါတီခေါင်းဆောင် စစ်ဗိုလ်ချုပ်တွေချည်းပါပဲ။

    ဒါ့အပြင် နဝတ နအဖ ခေတ်မှာ အထင်ရှားဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်လို့ ကတ်ကင်းဖြစ်တဲ့ “စုကြည်”ရဲ့ နာမည်ပြောင်းပြန် “ကြက်ဆူ” တွေကို တတိုင်ငံလုံး ပတ််စိုက်ခိုင်းခဲ့တယ်။ သူတို့ ဂျင်းထည့်ခဲ့သလို ကြက်ဆူပင်ကနေ ဘာစောက်ဆီမှလဲ မထွက်ခဲ့ပါဘူး။

    အဲ့ဒီလိုပဲ၊ ဒီပုတ်ထဲက ဒီပဲဖြစ်တဲ့ မအေ-ိုး မင်းအောင်လှိုင် ၂၀၂၁ အာဏာသိမ်းတုန်းက “ခေတ်ကို ပြောင်းချင်ရင် ခေါင်းကို ပစ်၊ တွန်းဖွင့်လို့မှ မရရင် ကန်ဖွင့်”စတဲ့ ဟာတွေဟာ ဝစီပိတ်လို့ ဆိုတဲ့ အလဇ္ဇိ ဂတုံးရဲ့ အခါတော်ပေးတွေအတိုင်း ပြည်သူတွေကို ခေါင်းတွေချည်း တည်ပစ်ခိုင်းခဲ့တယ် မဟုတ်ပါလား။

    အဲ့ဒီနောက်တော့ ရွှေဘုန်းပွင့် ဘုရားတို့၊ ထီးလိုမင်းလို ဘုရားတို့၊ ကံပွင့်ကန်ဆယ် ဘုရားတို့ စတဲ့စတဲ့ နာမည်စီး ဘုရားတွေမှာ ထီးတွေတင်၊ ယတျာတွေ ချေ၊ ဌာပနာတွေ ဖေါက်ပြီး လိုချင်တာတွေ ယူခဲ့တယ်။ ခရုသင်းစွဲနေတဲ့ ဆင်ကို ဆင်ဖြူလုပ်ပြီး ခင်ညွှန့်လိုပဲ ကိုးကွယ်ခဲ့တယ်။

    အကျိုးဆက်က ကိုဗစ်ရောဂါကြီး ဖြစ်တာ၊ ရေတွေ ကြီးတာ၊ မြေတွေပြိုတာ၊ မုန်တိုင်းတွေ ဝင်တာ၊ နောက်ဆုံး ငလျင်လှုပ်ခါတဲ့ ဒဏ်ကြီးကိုပါ အကြီးအကျယ် ခံခဲ့ရရှာတယ်။

    မည်သို့ဆိုစေ

    မြန်မာစစ်ဗိုလ်ချုပ်တွေ အသည်းအသန် လိုချင်ခဲ့တဲ့ ရခိုင်ပြည့်စောင့် ယတျာခေါင်းလောင်းကြီးက အခုဆိုရင် ရခိုင် သစ္စာရှိ ပုဂ္ဂိုလ်ကြီးရဲ့ ကျေးဇူးနဲ့ AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် “တီးခွင့်၊ ထိုးခွင့်” ရရှိ သွားပါပြီ။

    အလိုလိုမှ AAဆိုရင် ဒူးတုန်အောင် ကြောက်လန့်နေရတဲ့အထဲ အဲ့ဒီ ခေါင်းလောင်းကြီးကို AAရသွားပြီဆိုတဲ့ သတင်းက အဘတို့ကို သွေးပျက်စေရုံမျှမက စိတ်တွေကိုပါ လေးသွားစေပါတယ်။

    ခေါင်းလောင်းရတဲ့ ဂျုလှိုင်ကနေ ဒီဇင်ဘာအထိ၊ ၅လကျော် ကာလအတွင်းမှာ ရခိုင်ကို ပို့သမျှ တပ်တွေ အကုန် ကုန်ပြီး၊ ဆုံးရူံးထားတဲ့ စစ်စခန်းတွေကို အင်အား ဘယ်လောက် သုံးသုံး ဓါတ်ပုံ ရိုက်ချိန်လေးကလွှဲလို့ ပြန်သိမ်းလို့ မရပဲ တပ်ပျက်ကုန်တာတွေက အကောင်းဆုံး သက်သေပဲ မဟုတ်လား။

    နိဂုံးချုပ်ရရင်

    ဗေဒင်နဲ့ ယတျာတွေကို အထူး အားကိုးနေတဲ့ မအလရော၊ စစ်ဗိုလ်ချုပ် အဘတွေပါ အခုဆိုရင် အရမ်း အရမ်းကို သိနေချင်တဲ့ ကိစ္စကြီး ရှိနေပါပြီ။

    အဲ့ဒီ ရခိုင်ပြည်စောင့် ယတြာ ခေါင်းလောင်းကြီးကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် “ထိုးထား ပြီးပြီလား”၊ “မထိုး ရသေးဘူးလား”၊ “ဘယ်တော့ ထိုးမှာလဲ” ဆိုတဲ့ ကိစ္စပါ။ အဲ့ဒီ ခေါင်းလောင်းကြီးကို “တခါထိုးရင် ဘေးက ရန်သူနိုင်ငံ ၃ခါ ပျက်လို့ပါ”တဲ့။

    AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဖြေပေးလိုက်ပါ၊

    ပြေးစရာရှိရင် ပြေးချိန်ရအောင် အဘတို့ကို မနှိပ်စက်ပါနဲ့တော့။ 😁😁

    ✍🏻 ချစ်ကိုကြီး

  • ဆင်ဖြူကျွန်းဘက် စစ်ကူလာတဲ့ စစ်သားတွေနဲ့ ခဲယမ်းတင်ကားကို ကြားဖြတ်တိုက်ခိုက်

    ဆင်ဖြူကျွန်းဘက် စစ်ကူလာတဲ့ စစ်သားတွေနဲ့ ခဲယမ်းတင်ကားကို ကြားဖြတ်တိုက်ခိုက်

    စလင်းကနေ ဆင်ဖြူကျွန်းဘက် စစ်ကူလာတဲ့ စစ်သားတွေနဲ့ ခဲယမ်းတင်ကားကို ကြားဖြတ်တိုက်ခိုက်၊ ကားတွေမီးလောင်ပျက်စီး

    မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းဘက်ကို စစ်သားနဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်ပြီး စစ်ကူထွက်လာတဲ့ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

    မနေ့ညပိုင်းက စစ်သားအင်အား ၁၅၀နဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ ကား၅စီးကို သာစည်ရွာ နဲ့ မိုးဝန်းရွာကြားမှာ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

    “ယာဉ်တန်းနဲ့ လာချိန်မိုင်းဆွဲတာ။ လက်နက်ခဲယမ်းတွေ မီးလောင်ပေါက်ကွဲကုန်တယ်။ စစ်သားတွေကလည်း သာစည်ရွာက ဘုန်းကြီးကျောင်းထဲဝင်ပြေးတာ။ ခံစစ်ပြင်ထားတဲ့။ ခဲယမ်းတွေပေါက်ကွဲလို့ လမ်းဘေးက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တလုံးမီးထဲပါသွားတယ်”လို့မြို့ခံတဦးကပြောပါတယ်။

    အခုလိုတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပေမယ့် အလောင်းတွေ မီးထဲပါသွားတာကြောင့် အရေအတွက်ကိုတော့ အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့သိရပါတယ်။

    တိုက်ပွဲအတွင်း စစ်အုပ်စုဆီကနေ လက်နက်ခဲယမ်းတွေ နယ်မြေရှင်း သိမ်းပိုက်နေတယ်လို့လည်း သိရပါတယ်။

    စစ်ရေးအရှိန်မြင့်ပြီး ဆင်ဖြူကျွန်းကို တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စလင်းမြို့ဘက်ကို အရေးပေါ်ပြောင်းရွေ့ကြဖို့နဲ့ လေကြောင်းအန္တရာယ် သတိနဲ့နေထိုင်ကြဖို့ စလင်း ပကဖဘက်က တိုက်တွန်းထားပါတယ်။

  • သက်သက်ခိုင်ရဲ့ PPPပါတီမှော်ဘီရုံးမှာ ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

    သက်သက်ခိုင်ရဲ့ PPPပါတီမှော်ဘီရုံးမှာ ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

    ရန်ကုန်၊ မှော်ဘီမြို့နယ်မှာ အတုယောင်ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မယ့် သက်သက်ခိုင်ရဲ့ PPPပါတီရုံးက ပျူစောထီးတွေ ဝိုင်းဖွဲ့ အရက်သောက်နေချိန် တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

    မနေ့ည ၁၁နာရီခန့်က သက်သက်ခိုင်ရဲ့ PPP ပါတီရုံးမှာ အရက်တွေဝိုင်းဖွဲ့သောက်စားနေတဲ့ ပျူစောထီးတွေကို မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

    “သက်သက်ခိုင်ပါတီရုံးထဲဝင် အရက်သောက်နေတဲ့ပျူစောထီးတွေကို မိုင်းနဲ့ခွဲတာ။ပြီးတော့ ပြန်ဆုတ်ချိန်မှာ လက်ပစ်ဗုံးတလုံး ပစ်သွင်းလိုက်တာဆိုတော့ အထိခိုက်ကရှိမယ်ဗျ”လို့မြို့ခံတဦးကပြောပါတယ်။

    ဒီစစ်ဆင်ရေးကို Yangon Armyနဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

    သက်သက်ခိုင်ရဲ့ PPPပါတီဟာ စစ်အုပ်စုကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲကို အင်တိုက် အားတိုက်လုပ်ဆောင်နေပြီး တော်လှန်ရေးတပ်တွေဘက်က ကိုကိုကြီးနဲ့ သက်သက်ခိုင်ရဲ့ ပါတီတွေကိုလည်း ရွေးကောက်ပွဲဆန့်ကျင်ရေးအဖြစ်နဲ့ စစ်ရေးပစ်မှတ်တွေထားတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

  • AA နဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ အရာရှိအဆင့် ဒါဇင်နဲ့ချီသေဆုံး

    AA နဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ အရာရှိအဆင့် ဒါဇင်နဲ့ချီသေဆုံး

    AA နဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ အရာရှိအဆင့် ဒါဇင်နဲ့ချီကျဆုံးနေပြီး ၊ စစ်ကောင်စီအသိုင်းအဝိုင်းကြားမှာစိုးရိမ်မှုကြီးမားလာနေ

    ၂၀၂၅ နိုဝင်ဘာ နဲ့ ဒီဇင်ဘာ လ မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်ဖြူ နဲ့ ရခိုင်ရိုးမတွင်း ရှေ့တန်းစစ်မြေပြင်တွေမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးကြီးအဆင့် ၊ ဗိုလ်မှူးအဆင့်တွေ ဒါဇင်နဲ့ချီပြီးသေဆုံးခဲ့တဲ့ အတွက် စစ်ကော်မရှင် အသိုင်းအဝိုင်းမှာ တုန်လှုပ်မှုတွေမြင့်တက်နေကြတယ်လို့ သတင်းရရှိပါတယ်။

    AA နဲ့ ရင်ဆိုင်နေရတဲ့ ကျောက်ဖြူ မင်းပြင်တိုက်ပွဲမှာ ‌ဗိုလ်မှူးကိုကိုဇော် ၊ ဗိုလ်မှူးကြီး ကျော်မျိုးအောင် ၊ ဒုတိယ ဗိုလ်မှူးကြီးဝင်းသန့် ၊ ဗိုလ်မှူးမျိုးမြင့်အောင် ၊ ဗိုလ်ကြီးဟိန်းမင်းဇော် အပါအဝင် အကြီးတန်းအရာရှိ ဆယ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ကျောက်ဖြူမှာပဲ မိသားစုတွေက လာရောက်သဂြိုလ်ခဲ့ရပါတယ်။

    နှစ်လအတွင်းတိုက်ပွဲမှာ အောက်ခြေပြည်သူ့စစ်သားတွေ ရာပေါင်းများစွာသေဆုံးခဲ့ပေမယ့် စစ်ကော်မရှင်အသိုင်းအဝိုင်းက အနေအစားမပျက်ခဲ့ပါဘူး။

    ဒါပေမယ့် အရာရှိပိုင်းတွေ တစ်လအတွင်း ဆယ်နဲ့ချီသေဆုံးနေတဲ့ အချိန်မှာ လူမှုကွန်ယက်တွေအထိ ငိုချင်းချလာကြတာဖြစ်ပါတယ်။

    “ရာထူးတိုးဖို့ကြောက်နေရတယ် ၊ ရာထူးတိုးရင် ရခိုင်ကို လွှတ်လို့ ၊ တချို့အရာရှိတွေ ဒီဇင်ဘာခွင့် ယူပြီး ပျောက်နေကြတယ် ” လို့ နေပြည်တော် စစ်ကော်မရှင် အသိုင်းအဝိုင်းထဲက အမျိုးသမီးတစ်ဦးကပြောပါတယ်။

    အလားတူပဲ ဒီဇင်ဘာ ၂၀-၂၂ မှာ ဖြစ်ပွါးခဲ့တဲ့ ရခိုင်ရိုးမထဲက ပွိုင့် ၆၆၆ တိုက်ပွဲနဲ့ ညောင်ကျိုးတိုက်ပွဲမှာ ဗိုလ်မှူးဝေယံလင်းနဲ့ ဒုတိယ ဗိုလ်မှူးကြီးတစ်ဦး AA ရဲ့ စနိုက်ဘာလက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။

    “ငါမြင်ချင်တဲ့ တစ်ဆင့်တိုး ဗိုလ်မှူး အဆင့်ကြယ်ပွင့်နဲ့ပုံကို မလိုသူ​တွေ အသုံးချမခံနိင်လို့ ၊ ငါ မတင်ရက်ဘူးကွာ” လို့ ဗိုလ်မှူးဝေယံလင်း သေဆုံးမှု ဝမ်းနည်းကြောင်း ပိုစ့်မှာ သူ့ရဲ့ ဆရာဖြစ်သူက ရေးသားထားပါတယ်။

    ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာလည်း စစ်တွေ ဒေသစစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် ထဲက အရာရှိဆောင်ကို လက်နက်ကြီးထိမှန်ခဲ့တဲ့ အတွက် ဗိုလ်မှူးတစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦးသေဆုံးခဲ့ပါတယ်။

    အရာရှိကတော်တစ်ဦးက “နိုင်ငံတော်အတွက်တော့ စစ်သည်တစ်ဦးဘဲ ဆုံးရှုံးလိုက်ရတာပါ ကျွန်တော်တို့အတွက်ကမ္ဘာကြီးပြိုသွားခဲ့တာပါ ကျွန်တော်တို့ကလေးတွေအဖမဲ့သွားခဲ့ရတာပါ” လို့ မှတ်ချက်ပြုပါတယ်။

    စစ်ကော်မရှင်ဟာ အရာရှိတွေကို ရာထူးတိုးပေးပြီး ရခိုင်မကွေးနယ်စပ် ၊ ရခိုင် ပဲခူးနယ်စပ် စစ်မျက်နှာတွေ နဲ့ ကျောက်ဖြူ ၊ စစ်တွေ စစ်မျက်နှာတွေကို ပို့လွှတ်ထားတာဖြစ်ပါတယ်။

    ကျောက်ဖြူတိုက်ပွဲထဲကို ပြည်သူ့ စစ် အင်အား ၁၀၀၀ ကျော် အထိကြိုတင် ပို့လွှတ်ထားပါတယ်။ ပဲခူးတိုင်း နဲ့ မကွေးတိုင်းအစပ်က တိုက်ပွဲတွေကိုလည်း အင်အား ၁၀၀၀ ကျော် အထိ အသုံးပြုထားပေမယ့် အခုလို တပ်လန်နေတာဖြစ်ပါတယ်။

  • ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက် ခိုက်

    ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက် ခိုက်

    ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက် ခိုက်သဖြင့် တိုက်ပွဲများ ပြင်းထန်နေ

    ချင်းပြည်နယ်၏မြို့တော်ဖြစ်သော ဟားခါးမြို့ရှိ စစ်တပ်စခန်းတချို့ကို ချင်းတော်လှန်ရေးတပ်ဖြစ်သော CDF ဟားခါးက ဝင်ရောက်တိုက်ခိုက်သဖြင့် ယနေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှစတင်ပြီး ဟားခါးမြို့အနီးရှိ စစ်တပ်၏ အခြေစိုက်စခန်း ၅ ခုထက်မနည်းကို ချင်းတော်လှန်ရေးတပ်ဖြစ်သော CDF-ဟားခါးက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်စခန်းများတွင် မီးများလောင်ကျွမ်းနေကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    ချင်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူ “ဟားခါးကို ဝင်တိုက်တာတော့ ဟုတ်တယ်။ လောလောဆယ် သိရသလောက်တော့ စစ်ဆင်ရေးနဲ့ ဝင်တိုက်တာလို့ပဲ သိထားတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းက ဖြေတာပိုကောင်းမယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

    လတ်တလော ရရှိထားသော သတင်းများအရ ချင်း ပြည် နယ်၊ ဟားခါးမြို့ရှိ ရုန်းတောင် (Rungtlang) စစ်တပ်စခန်း၊ ဟားခါးမြို့အနီးရှိ စစ်တပ်ဂိတ်စခန်းတချို့ အပါအဝင် ဟားခါး နေရာတချို့တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။