Category: News

  • ဒီနေ့စပြီ.. ဖုန်းအပိတ်ခံရမယ့် လူတွေအတွက် သတင်းကောင်း  ကိုယ့်ဖုန်းပါနေလားဝင်ကြည့်သွား

    ဒီနေ့စပြီ.. ဖုန်းအပိတ်ခံရမယ့် လူတွေအတွက် သတင်းကောင်း ကိုယ့်ဖုန်းပါနေလားဝင်ကြည့်သွား

    ဒီနေ့စပြီ.. ဖုန်းအပိတ်ခံရမယ့် လူတွေအတွက် သတင်းကောင်း ကိုယ့်ဖုန်းပါနေလားဝင်ကြည့်သွား

    လတ်တလောမှာ ဖုန်း SIM Card တွေ ပိတ်သိမ်းခံရမှာစိုးလို့ E-SIM ပြောင်းရမလား၊ ကတ်အသစ်ဝယ်ရမလားနဲ့ လူတော်တော်များများ စိုးရိမ်ပူပန်နေကြတာ တွေ့ရပါတယ်ရှင်။

    ဒါနဲ့ပတ်သက်ပြီး နည်းပညာကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်အရ “ကိုယ့်ရဲ့ SIM Card ကို မှတ်ပုံတင်ထားပြီးသားဆိုရင်” အလောတကြီး စိုးရိမ်စရာမလိုဘူးလို့ သိရပါတယ်ရှင်။ ✨

    ✅ SIM Card နဲ့ ပတ်သက်ပြီး သိထားရမည့်အချက်များ

    မှတ်ပုံတင်ထားဖို့ အဓိကပါ: မိမိအသုံးပြုနေတဲ့ SIM Card ကို မိမိရဲ့ နာမည်၊ မှတ်ပုံတင်အမှန်နဲ့ စနစ်တကျ မှတ်ပုံတင်ထားမယ်ဆိုရင် ပိတ်သိမ်းခြင်း ခံရမှာမဟုတ်ပါဘူး။

    E-SIM ပြောင်းဖို့ လိုသလား: E-SIM ဆိုတာ SIM Card အစစ်ထည့်စရာမလိုဘဲ သုံးရတာ အဆင်ပြေအောင် လုပ်ထားတာပါ။

    မှတ်ပုံတင်ထားပြီးသား SIM Card ရှိရင် E-SIM ကို အခုချက်ချင်း အလောတကြီး ပြောင်းစရာမလိုပါဘူး။ နောက်ပိုင်းမှ အေးအေးဆေးဆေး ပြောင်းလဲလို့ ရပါတယ်ရှင်။

    🛡 ဖုန်းဟမ်းဆက် (Handset) အခွန်ကိစ္စ

    ကိုယ့်ဖုန်းက အခွန်ဆောင်ထားခြင်း ရှိ၊ မရှိကို www.CEIR.gov.mm မှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်ရှင်။

    ဖုန်းဆိုင်က ဝယ်ထားလျှင်: ပြည်တွင်းဖုန်းဆိုင်ကြီးတွေက ဝယ်ထားတဲ့ ဖုန်းအများစုဟာ အခွန်ဆောင်ပြီးသားဖြစ်လို့ စိတ်ချရပါတယ်ရှင်။

    ပြည်ပမှ တိုက်ရိုက်သယ်လာလျှင်: နိုင်ငံခြားကနေ ကိုယ်တိုင်သယ်လာတာ ဒါမှမဟုတ် တရားဝင်လမ်းကြောင်းမဟုတ်ဘဲ ဝင်လာတဲ့ ဖုန်းတွေဆိုရင်တော့ အခွန်ဆောင်ဖို့ လိုအပ်နိုင်ပါတယ်ရှင်။

    အနှစ်ချုပ်အနေနဲ့ – ဖုန်း SIM Card တွေကို မှတ်ပုံတင်ထားဖို့ပဲ လိုအပ်တာဖြစ်လို့ စိုးရိမ်စိတ် လွန်ကဲပြီး အလောတကြီး လုပ်ဆောင်စရာ မလိုပါဘူးရှင်။ မိမိတို့ရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေလည်း စိတ်အေးသွားအောင် ဒီသတင်းလေးကို Share ပြီး မျှဝေပေးလိုက်ပါဦးရှင်။ 👇

  • ရန်ကုန်မှာဆီတန်းရင်း လူThatမှုတွေပါဖြစ်ကုန်ပြီ

    ရန်ကုန်မှာဆီတန်းရင်း လူThatမှုတွေပါဖြစ်ကုန်ပြီ

    ရန်ကုန်မှာဆီတန်းရင်း လူThatမှုတွေပါဖြစ်ကုန်ပြီ

    ရန်ကုန်-ပဲခူး ကားလမ်းဘေးက ဆီဆိုင်တစ်ခုမှာ ဆီဖြည့်ဖို့ ရပ်နားထားတဲ့ ၂၂ ဘီး တွဲကားပေါ်မှာ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ဝမ်းနည်းစရာ အသက်ဆုံးရှုံးမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

    ဖြစ်စဉ်မှာ ပဲခူးတိုင်း၊ အင်းတကော်မြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ “မိတ်ဆွေကောင်း” ဆီဆိုင်မှာ ဆီဖြည့်ဖို့ ရပ်နားထားစဉ် ယာဉ်မောင်းဖြစ်သူ ဦးမိုးမြင့်ဦးနဲ့ ယာဉ်နောက်လိုက် သန်းကျော်တို့အကြား ဆီတန်းစီချိန်ကြာမြင့်တာနဲ့ပတ်သက်ပြီး စကားများရာကနေ စတင်ခဲ့တာပါ။

    ယာဉ်မောင်းဖြစ်သူ ယာဉ်ခေါင်းခန်းထဲမှာ အိပ်ပျော်နေစဉ်အတွင်း ယာဉ်နောက်လိုက်က မကျေနပ်စိတ်နဲ့ အနီးရှိ တူနဲ့ ကတ်ကြေးတို့ကို အသုံးပြုကာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့တာကြောင့် ယာဉ်မောင်းမှာ ရရှိတဲ့ ဒ-ဏ်ရာတွေနဲ့အတူ အခင်းဖြစ်နေရာမှာတင် ကွယ်လွန်သွားခဲ့ရပါတယ်။

    အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဦးမိုးမြင့်ဦးမှာ ဦးခေါင်း၊ လည်ပင်းနဲ့ လက်မောင်းတို့မှာ ဒ-ဏ်ရာအများအပြား ရရှိခဲ့တယ်လို့ သိရပါတယ်။

    လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ယာဉ်နောက်လိုက် သန်းကျော်ကို အင်းတကော်နယ်မြေရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ စစ်ဆေးဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်ရှင်။

  • တိုက်နယ်ဆေးရုံသွားပြရာ ဆရာဝန်က ဆေးထိုးပေးလိုက်လို့ ကလေးငယ် သေဆုံး

    တိုက်နယ်ဆေးရုံသွားပြရာ ဆရာဝန်က ဆေးထိုးပေးလိုက်လို့ ကလေးငယ် သေဆုံး

    (၄)နှစ်အရွယ်ကလေးငယ် နေမကောင်းလို့ စစ်ကောင်စီရဲ့တိုက်နယ်ဆေးရုံသွားပြရာ ဆရာဝန်က ဆေးထိုးပေးလိုက်လို့ ကလေးငယ် သေဆုံး

    မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ (၄)အရွယ်ကလေးငယ်တစ်ဦး ဝမ်းသွားနေမကောင်းဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်နယ်ဆေးရုံသွားရောက်ပြသရာ ဆရာဝန်က ဆေးထိုးလိုက်လို့ ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

    မတ်လ ၂၉ ရက်မှာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာက (၄)နှစ်အရွယ် မောင်းဖုန်းမြတ်ဟာ ဝမ်းသွားပြီး နေမကောင်းတာကြောင့် အဘွားဖြစ်သူက ကလေးငယ်ကိုခေါ်ပြီး စစ်ကောင်စီရဲ့ သိမ်ဆိပ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်ရဲ့ ပြင်ပမှာဖွင့်ထားတဲ့ ဆေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။

    အဲ့ဒီနောက် ဆရာဝန်က ကလေးငယ်ကို စစ်ဆေးပြီးနောက် ဆေးရုံကြီးမှာ ဆေးသွားထိုးဖို့ ပြောခဲ့ပါတယ်။

    အဲဒီနောက် တိုက်နယ်ဆေးရုံက အခြားဆရာဝန်တွေက ဆေးထိုးပြီးနောက် အိမ်ပြန်စဉ်လမ်းမှာ ကလေးငယ် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

    ” အကြောင်းက ဆေးခန်းပြတယ်။ ဆေးရုံထဲလွှတ်ပြီးဆေးထိုးခိုင်းတဲ့ပုံစံပါ။ ဆေးရုံရောက်တော့ ဆရာမ တစ်ယောက်က ဆေးထိုးတယ် ကလေးအဖွားက မထိုးဘူးပြောတော့ မထိုးရင် ဆရာပြောလိမ့်မယ်ဆိုပြီးထိုးလိုက်တာ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ကလေးငယ် သေဆုံးမှုနဲ့ပတ်သက်ပြီး အခြားဆရာဝန်တစ်ဦးက “၁၂ အောက်ကလေး ဘယ်ဆရာဝန်မှ ဆေးမထိုးဘူး လေ။ အဲ့မှာထဲက အဲ့ဆရာဝန်က မှားနေပြီ “လို့ ပြောပါတယ်။

    မတ်လ ၃၀ ရက်မှာတော့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ကလိကျွန်းသုဿန်မှာ မီးသဂြိုလ်ခဲ့ကြပါတယ်။

    သိမ်ဆိပ်တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်ဟာ လူနာတွေကြည့်ရှုရာမှာ ရိုင်းစိုင်းစွားပြောဆိုတာတွေမကြာခဏလုပ်လေ့ရှိသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ” ရွာကလူကြီးနည်းနည်းခေါ်ပြီး ဆရာဝန်ဆီသွားပြောပြတော့ဆရာဝန်က အမှုဖွင့်ချင်ဖွင့်၊ တရားစွဲချင်စွဲကြိုက်သလိုလုပ်ဆိုပြီး ခပ်အေးအေးပဲပြန်ပြောလိုက်ပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    (သေဆုံးခဲ့ရတဲ့ မောင်ဖုန်းမြတ်ရဲ့ နာရေးကို လိုက်ပါပို့ဆောင်နေကြစဉ်။ ဓာတ်ပုံ − Saw Moe Kaung Kin/FB)

  • စက်သုံးဆီအတွက် သတင်းကောင်း

    စက်သုံးဆီအတွက် သတင်းကောင်း

    လောင်စာဆီရှားပါးသည့်ကာလအတွင်း မြန်မာနှင့် လာအိုသို့ စက်သုံးဆီတင်ပို့မှုအပေါ် ထိုင်းအစိုးရ ဖြေရှင်းချက်ထုတ်

    ထိုင်းပြည်တွင်း၌ စက်သုံးဆီအကျပ်အတည်း ဖြစ်ပေါ်လာနိုင်ခြေရှိပြီး ပြည်ပသို့ ဆီတင်ပို့မှုကို ပိတ်ပင်ထားသော်လည်း မြန်မာနှင့် လာအိုနိုင်ငံများသို့ လာအိုနှင့် တစ်ရက်လျှင် စက်သုံးဆီ လီတာငါးသန်းခန့် ဆက်လက်တင်ပို့လျက်ရှိနေခြင်းအပေါ် ထိုင်းအစိုးရက ဖြေရှင်းချက် ထုတ်ပြန်ထားရသည်။

    မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်ပို့နေခြင်းမှာ ထိုင်းနိုင်ငံရှိ အဓိက လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် မရှိမဖြစ်လိုအပ်သော သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံမှ ဆက်လက်ရရှိနိုင်ရန်အတွက် ဖြစ်ပြီး လာအိုနိုင်ငံသို့ တင်ပို့ရခြင်းမှာ ရေအားလျှပ်စစ် ပြန်လည်တင်သွင်းနိုင်ရန်အတွက် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

    ထိုင်းပြည်သူများအနေဖြင့် ဓာတ်ဆီဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အစိုးရကလည်း အရေးပေါ်စီမံချက်များနှင့် အမိန့်ဒီကရီများ ထုတ်ပြန်ကာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနေသည်။

    အရှေ့အလယ်ပိုင်းစစ်ပွဲ ကြာရှည်လာပြီး ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဒေသတွင်း ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုများကို ထိခိုက်လာပါက စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်သည် လာအိုနှင့် မြန်မာနိုင်ငံမှလွဲ၍ ကျန်ပြည်ပနိုင်ငံများသို့ စက်သုံးဆီတင်ပို့ခြင်းကို ပိတ်ပင်သည့် အမိန့်အား လက်မှတ်ရေးထိုးခဲ့သည်။

    သို့သော် ယခုကဲ့သို့ အကျပ်အတည်းကာလတွင် ထိုင်းနိုင်ငံအနေဖြင့် လာအိုနှင့် မြန်မာနိုင်ငံသို့ တစ်ရက်လျှင် စက်သုံးဆီ လီတာငါးသန်းခန့် ဆက်လက်တင်ပို့နေ ခြင်းအပေါ် မေးခွန်းများ ရှိနေဆဲဖြစ်သည်။

    ယခုကဲ့သို့တင်ပို့ခြင်းမှာ နှစ်နိုင်ငံချုပ်ဆိုထားသည့် ကတိကဝတ်များကြောင့်သာမကဘဲ စွမ်းအင်စီမံခန့်ခွဲမှု မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း ထိုင်းအစိုးရ၏ အရှေ့အလယ်ပိုင်း တိုက်ပွဲများစောင့်ကြည့်ရေး အစိုးရဗဟိုဌာန၏ ရှင်းလင်းချက် ထုတ်ပြန်ထားသည်။

    အထူးသဖြင့် သဘာဝဓာတ်ငွေ့ (Spot LNG) ဈေးနှုန်းမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ မှ ၂၅ ဒေါ်လာအထိ မြင့်တက်သွားပြီးနောက် လျှပ်စစ်ထုတ်လုပ်မှုစရိတ် အဆမတန် မြင့်တက်လာနိုင်ခြင်းကြောင့် ဖြစ်သည်။

    အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) ၏ အထွေထွေအတွင်းရေးမှူး ဒါနူချာ ပီချာယာနန်က ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနှစ်နိုင်ငံသို့သာ ဆီတင်ပို့မှုကို ကန့်သတ်ထားသည်ဟုဆိုသည်။

    လက်ရှိတွင် တစ်ရက်လျှင် တင်ပို့မှုပမာဏကို လီတာငါးသန်းဝန်းကျင်တွင် ကန့်သတ်ထားပြီး လာအိုသို့ လီတာလေးသန်းကျော်နှင့် မြန်မာသို့ သုံးသိန်းဝန်းကျင် တင်ပို့နေခြင်းဖြစ်သည်။

    လာအိုနိုင်ငံသို့ ဆီဆက်လက်ပို့နေရခြင်းမှာ နှစ်နိုင်ငံစွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် လာအိုမှ ရေအားလျှပ်စစ် တင်သွင်းနေမှုကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

    ကမ္ဘာ့ LNG ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါက ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်ထုတ်လုပ်ရာတွင် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးတို့ကို မျှတစွာအသုံးပြုသည့် စွမ်းအင်အရောအနှော (Energy Mix) စနစ်ကို ပြောင်းလဲ အသုံးပြုရမည် ဖြစ်သည်။

    ထို့အပြင် ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်ချိန်တွင် လျှပ်စစ်ခဈေးနှုန်းကို လျှော့ချနိုင်ရန် ရှေ့လာမည့်ကာလများ၌ လာအိုမှ ရေအားလျှပ်စစ်ကို ပိုမိုတင်သွင်းရဖွယ်ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံကို ဆက်လက်ပံ့ပိုးပေးရန် လိုအပ်နေခြင်းဖြစ်သည်။

    မြန်မာဘက်မှ သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် တင်သွင်းနေရခြင်းကြောင့် ဆီဆက်လက်ပို့ပေးနေခြင်း ဖြစ်သည်ဟုဆိုသည်။

    အဆိုပါ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံအနောက်ပိုင်း ပိုက်လိုင်းများမှတစ်ဆင့် တင်သွင်းပြီး ရာ့ချ်ဘူရီ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများအတွက် လျှပ်စစ်ထုတ်လုပ်ရာ၌ အသုံးပြုနေသည်။

    “ရှေ့လျှောက် LNG ဈေးနှုန်းတွေ တက်လာရင် စွမ်းအင်အရောအနှော စီမံကိန်းအတိုင်း လျှပ်စစ်ထုတ်လုပ်မှုကို ပြုပြင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ဒါနူချာ ပီချာယာနန်က ပြေကြားသည်။

    ပုံစာ-ထိုင်းနိုင်ငံအခြေစိုက် PTT Exploration and Production Plc (PTTEP) ကုမ္ပဏီ၏ မြန်မာ့ကမ်းလွန်ရှိ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခု။

    (ဓာတ်ပုံ – PTTEP)

    ထိုင်းကမြန်မာကိုဆီလီတာ(၃)သိန်းနေ့စဥ်ပေးပို့နေ

    မြန်မာနိုင်ငံသို့ လောင်စာဆီ တင်ပို့မှုကိုပိတ်ပင်သွားမည်မဟုတ်ကြောင်း၊

    ယခုအခါနေ့စဥ် လောင်စာဆီ လီတာပေါင်း(၃)သိန်းခန့် တင်ပို့လျက်ရှိကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြချက်အရသိရှိရသည်။

    ထိုင်းနိုင်ငံရှိ အဓိကလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံအတွက် မရှိမဖြစ်လိုအပ်သည့် သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံထံမှ ဆက်လက်တင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံသို့ လောင်စာဆီ ပြန်လည်တင်ပို့ပေးနေရခြင်းဖြစ်သည်။

    အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုဖြစ်ပေါ်နိုင်သည့်ကိစ္စရပ်နှင့် ပတ်သက်၍ ဝန်ကြီးချုပ် အနုတင်ချာန်ဝီရာကုလ်က လာအိုနှင့် မြန်မာမှအပ အခြားနိုင်ငံခြားနိုင်ငံများသို့ လောင်စာဆီတင်ပို့မှုကို တားမြစ်သည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

  • ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်

    ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်

    မြန်မာ-ထိုင်းနယ်စပ်မှာ တစ်ခုတည်းကျန်နေတဲ့ ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်

    မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ တစ်ခုတည်းကျန်တော့တဲ့ ဝေါ်လေမြိုင်ကျေးရွာအနီးက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဒီကနေ့ မတ်လ ၃၁ရက် အစောပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းအရင်းမြစ်တွေက ပြောပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဝေါ်လေမြိုင်မြို့အနီးက စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းနဲ့ ထီးသဲလယ် တပ်စခန်းတို့ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

    ” တိုက်ပွဲက ဖြစ်နေကြတုန်းပဲ။အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ ထုတ်ပြန်ပါလိမ့်မယ်”လို့ ကရင်စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

    စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် ကာမီကာဇေဒရုန်းတွေနဲ့ ပါ ခုခံနေတယ်လို့ ပြောပါတယ်။

    “ဒီနေ့တစ်နေကုန်နီးပါး လေယာဥ်လာလိုက်၊ ဒရုန်းတွေလာလိုက်ပဲ အဆက်မပြတ် အသံတွေကြားနေရတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိနေပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးပါဘူး။

    တဖက်မှာလည်း ဝေါ်လေဗျူဟာကုန်းတပ်စခန်းက တပ်ဖွဲ့ဝင်တွေကို စစ်ကူပေးဖို့နဲ့ မြဝတီမြို့တောင်ဘက်မှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့အတွက် စစ်တပ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်းမှာ စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားခဲ့ပါတယ်။

    အဲ့ဒီလို စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပေမယ့်လည်း ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မြဝတီမြို့တောင်ဘက် မင်းလက်ပံနဲ့ ဖလူးကျေးရွာအနီးမှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေက ဝေါ်လေဗျူဟာကုန်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်ကစပြီး တိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

    မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ ဝေါလေမြိုင်မြို့က စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းဟာ ဝေါလေမြို့ရဲ့တောင်ဘက်မှာရှိပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက KNU တပ်မဟာ(၇)၊ တပ်မဟာ(၆) ၊ တပ်မဟာ(၄)က ထိုင်းနယ်စပ်တ​​လျှောက်မှာရှိတဲ့ စစ်တပ်စခန်း​တွေကို ၂၀၂၅ ဧပြီကစပြီ ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ်။

    မြဝတီမြို့တောင်ဘက်မှာ တစ်ခုတည်းကျန်တော့တဲ့ ဝေါ်လေဗျူဟာကုန်းစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ရင် ဖလူးကနေ – ဝေါ်လေထိ စစ်တပ်ကင်းစင်သွားမှာလည်းဖြစ်ပါတယ်။

    (ဝေါလေဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကော်ဘရာတပ်ဖွဲ့ဝင်တွေ။ ဓာတ်ပုံ – Cobra Column)