Category: News
-

စစ်ကိုင်းတွင် ကြံ့ခိုင်ရေးမဲဆွယ်ပွဲအတွက် စက်ရုံဝန်ထမ်းများကို ဖိအားပေးခေါ်ယူ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ မဲဆွယ်ပွဲအတွက် စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတို့က စက်ရုံ အလုပ်ရုံတွေက ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတတ်သာလို့ မဲဆွယ်ပွဲတက်လာသူတွေကို ဓာတ်ပုံ ဗွီဒီယိုရိုက်ပြီး ရပ်ကွက်နေပြည်သူ မဲဆန္ဒရှင်တွေ မဲဆွယ်ပွဲတက်တယ်လို့ လူမှုကွန်ရက်မှာ မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်နေတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကိုင်းမြို့မှာလုပ်တဲ့ ကြံ့ခိုင်ရေးပါတီမဲဆွယ်ပွဲမှာ ပတ္တမြားရပ်ကွက်၊ စိန်ကုန်းရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊ သောတာပန်ရပ်ကွက်တို့က မဲဆန္ဒရှင် ပြည်သူတွေနဲ့တွေ့တယ်ဆိုပြီ လူမှုကွန်ရက်မှာ တင်ထားတာဟာ တကယ်တော့ ရပ်ကွက်ကပြည်သူတွေမဟုတ်ဘဲ စစ်ကိုင်းမြို့ စက်ရုံ အလုပ်ရုံတွေက ဝန်ထမ်းတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။ စက်ရုံတာဝန်ရှိသူတယောက်က “အရင်လ မဲဆွယ်ပွဲတုန်းက ငလျင်ထောက်ပံ့ကြေး ပေးမယ်ဆိုပြီး လိမ်ခေါ်တာ၊ ပွဲပြီးတော့ ဘာမှမပေးဘူး။ ဒီတခါ…
-

မြောက်ဥက္ကလာမြို့နယ်ခန်းမကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်ခန်းမကို ဖောက်ခွဲ တိုက်ခိုက်ရာ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက် အဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်ခန်းမကို မြို့ပြ ကြွက်အဖွဲ့သားများက လက်လုပ်မိုင်းနှင့် လက်ပစ်ဗုံးများဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း မြောက်ဥက္ကလာမြို့နယ်ခန်းမ၌ လုံခြုံရေး ယူထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများ အနီးကျရောက် ပေါက်ကွဲခဲ့ပြီး ရဲ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “ပေါက်ကွဲသံကတော့ တော်တော်ကျယ်လောင်တယ်။ ညအချိန် တိတ်ဆိတ်နေတော့ အသံပိုကြားရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး သိပ်မကြာဘူး။ မြောက်ဥက္ကလာမြို့နယ် ရဲစခန်းထဲက ရဲခွေးတွေကော ထွေ/အုပ်ရုံးက…
-

မိန်းကလေးတွေသတိထားကြပါ။ တယောက်ထဲနေတာ သွားလာတာသတိထားကြပါ
အွန့်လိုင်းမှာ ပြန့်နေတဲ့ထိုင်းသတင်းမှာ ခုပုံထဲက မိန်ကလေးနဲ့ ယောကျာ်းလေးက လင်မယား မဟုတ်ဘဲ ကောင်လေးက မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကားပေါ်ကိုအတင်းဆွဲနေတာဖြစ်ပါတယ်။ မိန်းကလေးဘက်က ငြင်းနေတာကြောင့် လမ်းဘေးက ဖြတ်သွားတဲ့ထိုင်း အစ်ကိုတယောက်ကတွေ့လို့ ဝင်ကူညီဖို့ မေးလိုက်တယ် “ဘာဖြစ်ကြတာလဲ”လို့။ မိန်းကလေးက “အကိုရေကျမကိုတချက်ကူပါ သူကကျမယောကျာ်း မဟုတ်ဘူး အဓမ္မပြုကျင့်ဖို့ အတင်းခေါ်တာ”လို့ပြောတော့ ကောင်လေးဘက်က “ဒါ ကျွန်နော်မိန်းမပါ၊ သူများလင်မယားကြား လာမရှုပ်နဲ့”ဆိုပီး ကားပေါ်ကိုဆွဲခေါ်ပီးမောင်းပြေးတော့ ထိုင်းအစ်ကိုကလည်း အနောက်ကနေလိုက်သွားတာ ကောင်မလေးကလည်း ကားတခါးကိုဖွင့်ပီး ကားပေါ်ကနေခုန်ချခဲ့တာ ကံကောင်းလို့ မဟုတ်ရင် ဘဝပျက်ပါပီ🥺 (မိန်းကလေးတွေသတိထားကြပါ။ တယောက်ထဲနေတာ သွားလာတာသတိထားကြပါ)
-
ရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်က နိုင်ငံရေးတွင် ဆက်ပြီး ပါဝင်နေဦးမည်ဟု စစ် ခေါင်းဆောင်ပြော
ရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်က နိုင်ငံရေးတွင် ဆက်ပြီး ပါဝင်နေဦးမည်ဖြစ်ကြောင်း စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဒီဇင်ဘာ ၆ ရက် ) ကပြောသည်။ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများနှင့် တွေ့ဆုံရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။ “သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း” ဟု စစ်ခေါင်းဆောင်က ဆိုသည်။ နိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှသာ စစ်တပ်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။ စစ်တပ်က ဆက်လက်ကိုင်ဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံစရာမလိုဘဲ လွှတ်တော်ထဲတွင် တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခွင့်ရနေခြင်းဖြစ်သည်။…
-

နေပြည်တော် ကားတိုက်မှု အချိန်မီမကယ်ဆယ်နိုင်လို့ ၂ ဦးသေဆုံး
နေပြည်တော် ဇေယျာသီရိမြို့နယ်မှာအိမ်စီးကားတစ်စီး လမ်းဘေးသစ်ပင်ကိုဝင်တိုက်ပြီး ကားပေါ်ပါလာတဲ့သူနှစ်ဦးဟာ အချိန်မီဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားပါတယ်။ ဒီဖြစ်စဉ်ဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းဖြတ်သွားတဲ့ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးကျောင်းအနီးမှာ ယနေ့ ဒီဇင်ဘာလ ၇ ရက် မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။ “မနက် ၃ နာရီလောက်က ဖြတ်သွားတော့ လမ်းဘေးမှာကားကိုတွေ့တယ်။ လူတွေ မရှိတော့ဘူးထင်တာ။ မနက်မိုးစင်စင်လင်းတော့မှ လူတွေသတိထားမိတာ။ လမ်းသွားလမ်းလာနည်းသွားတဲ့အခါကျတော့ သတိမထားမိကြတာ။ ဖြစ်ဖြစ်ချင်းလူသိခဲ့ရင် အသက်ရှင်နိုင်တယ်” လို့ ဇေယျာသီရိမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ ကားတိုက်မှုဖြစ်စဉ်ဟာ ညသန်းခေါင်ကနေ မနက် ၃ နာရီခန့်မှာ ဖြစ်နိုင်ပြီး မနက် ၆ နာရီခန့်မှာမှ လူမှုရေးအဖွဲ့တွေနဲ့ ရဲတွေရောက်ရှိလာတာလို့ ဒေသခံတွေကပြောပါတယ်။ လူနာရှိနေတယ်လို့ဖုန်းသတင်းရလို့ သွားရောက်ကြည့်ရှုစဉ်မှာ ကားပေါ်ပါသူ ၂ ဦးစလုံး သေဆုံးနေတဲ့အတွက် ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့မိုးစေတနာပရဟိတအသင်းက ထုတ်ပြန်ထားပါတယ်။သေဆုံးသူနှစ်ဦးဟာလူလတ်ပိုင်းအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။…