Category: News
-

အတုအယောင်ရွေးကောက်ပွဲကို လက်မခံပဲ NUG နှင့် CRPH တရားဝင်အသိမှတ်ပြု
ဥရောပသမဂ္ဂပါလီမန်က စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို လက်မခံပဲ NUG နှင့် CRPH တရားဝင်အသိမှတ်ပြု ဥရောပသမဂ္ဂပါလီမန်က စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘဲ အမျိုးသားညီညွတ်ရေး အစိုးရနှင့် CRPH က ပြည်သူလူထု၏ တရားဝင်ကိုယ်စားလှယ်များ ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် ထပ်မံတည်ပြုထုတ်ပြန်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့သာလျှင် မြန်မာပြည်သူထု၏ ဒီမိုကရေစီဆန္ဒကို ကိုယ်စားပြုသည့်တရားဝင် အဖွဲ့အစည်းအဖြစ် ထောက်ခံအသိ အမှတ်ပြုကြောင်းလာည်းပါဝင်သည်။ ထို့ပြင်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ်နိုင်ငံများက စစ်အုပ်စုထံ လက်နက်ခဲယမ်းများ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာများကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်း၊ ပို့ဆောင်ပေးခြင်းတို့ကိုတားမြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ လက်နက်ပိတ်ဆို့ရေး ဆုံးဖြတ်ချက် အမြန်ဆုံးချမှတ်နိုင်ရန် တောင်းဆိုထားသည်။ အကြမ်းဖက်စစ်အုပ်စုက တစ်ဖက်သတ်စီစဉ်နေသောရွေးကောက်ပွဲအားလုံးကို တရားမဝင်ကြောင်း ပယ်ချပြီး နိုင်ငံတကာ၏…
-

နတ်တလင်း စစ်တပ် တပ်စွဲထားသော နေရာများကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်
နတ်တလင်းတွင် ဒမငယ်ရဲစခန်း၊ တောင်ညိုကွက်သစ်ရဲစခန်း အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက် မီးရှို့ရှင်းလင်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ဒမငယ်ရဲစခန်း၊ တောင်ညိုကွက်သစ်ရဲစခန်း အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့ကြောင်း ၃၈၀၁ တပ်ရင်း ဒုရင်းမှူး ကိုညီညီက ပြောဆိုသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာရှိ စစ်တပ်၏ သစ်ချိုခြံ (အထွက်တိုးစခန်း) ၊ ဒမငယ်ရဲစခန်းနှင့် တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အားလုံး…
-

ပဲခူးတွင် လုယက်မှုကျူးလွန်သူ ၃ ဦးကို သေဒဏ်ကြိုးမိန့်ချမှတ်
ပဲခူးမြို့မှာ အသက် ၄၀ ကျော် အမျိုးသား တယောက်ကို ဓားနဲ့ထိုးသတ်ကာ ဆိုင်ကယ်၊ ဖုန်းနဲ့ ရွှေလက်စွပ် လုယက်ခဲ့သူ ၃ ယောက်ကို နိုဝင်ဘာ ၂၇ ရက် မနက် ၁၀ နာရီခွဲမှာ ပဲခူးတွဲဖက်ခရိုင်တရားရုံးက သေဒဏ် ကြိုးမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အုပ်စုဖွဲ့လုယက်သတ်ဖြတ်မှုနဲ့ မျိုးမင်းပိုင်၊ အောင်အောင်နဲ့ ဝင်းကျော်တို့အား ပုဒ်မ ၃၉၂၊ ၃၀၂ အရ သေဒဏ်ကြိုးမိန့်ချခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။ “အမှုက ၁ နှစ်ကျော်လောက်ရှိပြီ။ မြသီတာ ဗားမဲ့ဘုန်းကြီးကျောင်းနားမှာဖြစ်တာ။ ဓားနဲ့ထိုးပြီး ဆိုင်ကယ်နဲ့ဖုန်းကို လုတယ်။ အလုခံရတဲ့သူက ဓားဒဏ်ရာနဲ့မသေဘူး ထွက်ပြေးတယ်။ အဲ့ဒါကို လုတဲ့သူ ၃ ယောက်က မသေမချင်း ဓားနဲ့လိုက်ပြီးထိုးသတ်တာ။ ဒါကြောင့် တရားရုံးကလည်း သူတို့ကို…
-

မြန်မာအပါအဝင် ၁၉ နိုင်ငံမှ ဂရင်းကတ် ကိုင်ဆောင်သူများကို ပြန်စိစစ်မည်
မြန်မာအပါအဝင် ၁၉ နိုင်ငံကနေ အမေရိကန်ကို ရွှေ့ပြောင်းအခြေချသူတွေကို ထုတ်ပေးထားတဲ့ ဂရင်းကတ် (Green Card) တွေကို ပြန်လည်စိစစ်သွားမယ်လို့ ထရမ့်ပ်အစိုးရက နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။ ဝါရှင်တန်ဒီစီမှာ အာဖဂန်နစ္စတန် နိုင်ငံသားတယောက်က အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂ ယောက်ကို နိုဝင်ဘာ ၂၆ ရက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။ ဒီသေနတ်သမားဟာ ၂၀၂၁ ခုနှစ် အမေရိကန်တပ်တွေ ဆုတ်ခွာချိန်မှာ အထူးအစီအစဉ်နဲ့ ဝင်ရောက်လာသူဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (USCIS) အကြီးအကဲ ဂျိူးဆက်ဖ်အက်ဒလိုးကတော့ သမ္မတရဲ့ ညွှန်ကြားချက်အရ သတ်မှတ်နိုင်ငံတွေက လာရောက်သူတွေရဲ့ ဂရင်းကတ်အားလုံးကို တင်းတင်းကျပ်ကျပ် ပြန်လည်စိစစ်သွားမယ်လို့ ပြောပါတယ်။ အိမ်ဖြူတော်ရဲ့ ဇွန်လ ကြေညာချက်အရ…
-

မိုးကုတ်မြို့က ထွက်ခွာချိန် ကျည်မဖောက်ကြရန် TNLA တားမြစ်
မိုးကုတ်မြို့ကနေ ထွက်ခွာမယ့်ရက်တွေမှာ ဒေသတော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံးဝကျည် မဖောက်ဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က တားမြစ်ထားတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို လက်လွှတ်ဖို့ စစ်ကောင်စီနဲ့သဘောတူထားတဲ့ TNLA က နိုဝင်ဘာ ၂၉နဲ့ ၃၀ ရက်တွေမှာ နောက်ဆုံးထားပြီး မြို့ကနေ ထွက်ခွာသွားဖို့ရှိနေတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။ အဲ့ဒီရက်တွေမှာ စစ်ကောင်စီတပ်တွေလည်း တခါတည်းဝင်လာတာမျိုးဖြစ်လာနိုင်ပြီး ဘယ်လိုပုံစံ၊ ဘယ်လိုလမ်းကြောင်းကနေ ဝင်လာမယ်ဆိုတာကိုတော့ အတိအကျမသိနိုင်သေးဘူးလို့ ဆိုပါတယ်။ မိုးကုတ်မြို့ကို လက်လွှတ်မယ်လို့ TNLA က အောက်တိုဘာ ၂၉ ရက်က ကြေညာခဲ့ပြီးနောက်ပိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေကို သူတို့သတ်မှတ်ထားတဲ့ စခန်းကုန်းတွေမှာသာ အခြေချခွင့် ပြုထားတယ်လို့လည်း သိရပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ မတ္တရာ၊ ဖော့တော့လမ်းဆုံဘက်ကနေ အင်အားအလုံးအရင်းနဲ့ ဝင်လာမယ်၊ TNLA ဝတ်စုံတွေဝတ်ပြီး မိုးကုတ်မြို့ထဲ…