📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ပဲခူးတွင် လုယက်မှုကျူးလွန်သူ ၃ ဦးကို သေဒဏ်ကြိုးမိန့်ချမှတ်

ပဲခူးမြို့မှာ အသက် ၄၀ ကျော် အမျိုးသား တယောက်ကို ဓားနဲ့ထိုးသတ်ကာ ဆိုင်ကယ်၊ ဖုန်းနဲ့ ရွှေလက်စွပ် လုယက်ခဲ့သူ ၃ ယောက်ကို နိုဝင်ဘာ ၂၇ ရက် မနက် ၁၀ နာရီခွဲမှာ ပဲခူးတွဲဖက်ခရိုင်တရားရုံးက သေဒဏ် ကြိုးမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အုပ်စုဖွဲ့လုယက်သတ်ဖြတ်မှုနဲ့ မျိုးမင်းပိုင်၊ အောင်အောင်နဲ့ ဝင်းကျော်တို့အား ပုဒ်မ ၃၉၂၊ ၃၀၂ အရ သေဒဏ်ကြိုးမိန့်ချခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“အမှုက ၁ နှစ်ကျော်လောက်ရှိပြီ။ မြသီတာ ဗားမဲ့ဘုန်းကြီးကျောင်းနားမှာဖြစ်တာ။ ဓားနဲ့ထိုးပြီး ဆိုင်ကယ်နဲ့ဖုန်းကို လုတယ်။ အလုခံရတဲ့သူက ဓားဒဏ်ရာနဲ့မသေဘူး ထွက်ပြေးတယ်။ အဲ့ဒါကို လုတဲ့သူ ၃ ယောက်က မသေမချင်း ဓားနဲ့လိုက်ပြီးထိုးသတ်တာ။ ဒါကြောင့် တရားရုံးကလည်း သူတို့ကို မသေမချင်းကြိုးပေးသတ်ဖို့ အမိန့်ချလိုက်တာ။ နှစ်ရှည်ထောင်ဒဏ်ချလည်း လွတ်ငြိမ်း နဲ့ ပြန်လွတ်လာပြီး ဒီလိုပဲ လုယက်သတ်ဖြတ်နေဦးမှာ။”

၂၀၂၄ ခု ဧပြီ ၂၆ ရက်က ပဲခူးမြို့၊ ဥဿာမြို့သစ် ၈ရပ်ကွက် ဘုရင့်နောင်လမ်းသွယ်မှာ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးတင်နိုင်စိုးကို မြသီတာကျေးရွာ ဗားမဲ့ဘုန်းကြီးကျောင်းအနောက်မှာ လုယက်သူ ၃ ယောက်က ဓားနဲ့ ၁၃ ချက်ထိုးကာ ဆိုင်ကယ်၊ ဖုန်းနဲ့ ရွှေလက်စွပ်ကို လုယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်ကလည်း ပဲခူးမြို မဇင်းဆည်အနီးမှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားအား ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူ ၂ ယောက် ကိုလည်း ပဲခူးခရိုင်တရားရုံး က ထောင်ဒဏ်အနှစ် ၂၀နဲ့ သေဒဏ်ကြိုးမိန့်ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ဇွန် ၃၀ ရက်ကလည်း ပြည်ခရိုင်တရားရုံးမှာ ပြည့်တန်ဆာအလုပ် နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အမျိုးသမီးတယောက်အား မုဒိမ်းကျင့်သတ်ဖြတ်ပြီး ဖုန်းနဲ့ငွေလုယက်ခဲ့တဲ့ အမျိုသားတယောက်ကို သေဒဏ်ကြိုးမိန့်ချမှတ်ခဲ့ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်