📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မြန်မာအပါအဝင် ၁၉ နိုင်ငံမှ ဂရင်းကတ် ကိုင်ဆောင်သူများကို ပြန်စိစစ်မည်

မြန်မာအပါအဝင် ၁၉ နိုင်ငံကနေ အမေရိကန်ကို ရွှေ့ပြောင်းအခြေချသူတွေကို ထုတ်ပေးထားတဲ့ ဂရင်းကတ် (Green Card) တွေကို ပြန်လည်စိစစ်သွားမယ်လို့ ထရမ့်ပ်အစိုးရက နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဝါရှင်တန်ဒီစီမှာ အာဖဂန်နစ္စတန် နိုင်ငံသားတယောက်က အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂ ယောက်ကို နိုဝင်ဘာ ၂၆ ရက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

ဒီသေနတ်သမားဟာ ၂၀၂၁ ခုနှစ် အမေရိကန်တပ်တွေ ဆုတ်ခွာချိန်မှာ အထူးအစီအစဉ်နဲ့ ဝင်ရောက်လာသူဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (USCIS) အကြီးအကဲ ဂျိူးဆက်ဖ်အက်ဒလိုးကတော့ သမ္မတရဲ့ ညွှန်ကြားချက်အရ သတ်မှတ်နိုင်ငံတွေက လာရောက်သူတွေရဲ့ ဂရင်းကတ်အားလုံးကို တင်းတင်းကျပ်ကျပ် ပြန်လည်စိစစ်သွားမယ်လို့ ပြောပါတယ်။

အိမ်ဖြူတော်ရဲ့ ဇွန်လ ကြေညာချက်အရ ပြန်လည်စိစစ်မယ့် နိုင်ငံစာရင်းထဲမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ အီရန်၊ ဆိုမာလီယာနဲ့ ဗင်နီဇွဲလား စတဲ့ နိုင်ငံတွေ ပါဝင်နေပါတယ်။

ဒီပစ်ခတ်မှုဟာ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုကြီးတခု ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး ဘိုင်ဒင်အစိုးရရဲ့ မဆင်မခြင် ရွှေ့ပြောင်းနေရာချထားရေး မူဝါဒတွေကို အပြစ်တင်ခဲ့ပါတယ်။

လက်ရှိမှာတော့ လုံခြုံရေးဆိုင်ရာ စိစစ်မှုတွေ ပြန်လုပ်ဖို့အတွက် အာဖဂန်နစ္စတန်ကနေ လာရောက်မယ့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လျှောက်ထားမှုအားလုံးကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပါတယ်။

Source:Reuters

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်