Category: News

  • ပျောက်ဆုံး ၆ နှစ်ကလေးငယ်ကို ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ

    ပျောက်ဆုံး ၆ နှစ်ကလေးငယ်ကို ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၅ နှစ်ကျော်အရွယ် ကလေးငယ်တယောက်ကို အသတ်ခံထားရတဲ့ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ နောင်နန်းကျေးရွာ၊ နယ်မြေ ၂ မှာနေထိုင်တဲ့ မလဘူမေရီ နန်ဇင်ဟာ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီကျော်ကျော်လောက်မှာ ပျောက်ဆုံးသွားခဲ့ပြီး စက်တင်ဘာ ၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က နေအိမ်နဲ့ မလှမ်းမကမ်း ဝါးရုံရှိတဲ့ ချုံတောဘေးမှာ ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။ ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က “ရွာထဲက အဖွားတယောက်က ယင်ကောင်တွေဝဲပြီး အနံ့ထွက်နေတဲ့အတွက် သွားကြည့်လိုက်တော့ အင်္ကျီကို အရင်လှမ်းတွေ့တာ။ သေသေချာချာ သွားကြည့်လိုက်တော့မှ ပျောက်နေတဲ့ကလေးဖြစ်နေတာ။ ကလေးက ကျောင်းကအပြန်မှာ ပျောက်သွားတာ” လို့ ပြောပါတယ်။…

  • ဘုတလင်တွင် စစ်သားများပစ်ခတ်သဖြင့် မိခင်နာရေးလာ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၂ ဦးသေဆုံး

    ဘုတလင်တွင် စစ်သားများပစ်ခတ်သဖြင့် မိခင်နာရေးလာ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စက်တင်ဘာ ၄ ရက်က စစ်သားတွေကပစ်ခတ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အမျိုးသမီး ၂ ယောက် သေဆုံးသွားပြီး ၁ နှစ်သားအရွယ် ကလေးငယ်အပါအဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေ ဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတယောက်က “ရှမ်းတဲကျေးရွာမှာ နာရေးလိုက်ပို့ပြီး ပြန်လာကြတဲ့ စစ်ဘေးရှောင်တွေကို စစ်သားတွေက ကားနဲ့လိုက်ပစ်လို့ သမီးယောင်းမ ၂ ယောက် ဆုံးသွားပါတယ်” လို့ ပြောပါတယ်။ သေဆုံးသွားကြသူတွေဟာ အသက် ၄၁ နှစ်အရွယ် မကြူမ နဲ့ အသက် ၃၀ ကျော်အရွယ် မအေးသီ တို့ဖြစ်ကြပြီး သူတို့မိသားစု​ဝင်တွေထဲက ကျည်ထိမှန်ပြီး လက်တဖက်ပြတ်သွားသူ အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ ယောက်ထက်မနည်း…

  • မြင်းခြံတွင် မြေကွက်‌ရောင်းဝယ်ရာ၌  ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရ

    မြင်းခြံတွင် မြေကွက်‌ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရ

    မြင်းခြံတွင် မြေကွက်‌ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရဟုဆို မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် မြေကွက်‌ ရောင်းဝယ်ရာ၌ ပျူစောထီးခေါင်းဆောင်သီတာယုမွန်ကို ကျပ်သိန်းထောင်ချီ၍ ဆက်ကြေးပုံစံ ပေးနေရကြောင်းသိရသည်။ မြို့ပေါ်ရပ်ကွက် အမှတ် (၂၀)၊အမှတ်(၁၆)၊ အမှတ်(၁၄)နှင့် ကျေးရွာအနီးရှိ ရတီကွင်းတို့မှ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေများကို အကွက်ရိုက်ရောင်းလျှင် တကြိမ်ကို သိန်း ၅၀၀ မှ သိန်း၂,၀၀၀ အထိ အမြဲပေးနေရကြောင်း မြေကွက်ပိုင်ရှင်တဦးက ပြောသည်။ “ကွက်စိပ်ကို တခါရိုက်ရင် သိန်းထောင်ချီပေးရတယ်။ ကျွန်တော့ လက်တွေ့ပေးရတာပဲ။ ဂရန်ရော ဘိုးဘွားပိုင်ရော လုပ်သမျှ အကုန်တောင်းတာ။ မြေသမား၊ အရောင်းသမားတွေ အကုန်ပေးနေရတာ။ အကွက်ရိုက်ရင် အဓိကပေးရတာ ၁,၀၀၀ ပေးရင်ရိုက်ပေါ့။ သူ့ကိုမပြောဘဲရိုက်ရင် ၃,၀၀၀ အထိတောင်းရင် တောင်းတာ”ဟု ၎င်းက ပြော သည်။…

  • ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

    ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

    ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများပြားဟုဆို မကွေးတိုင်း၊ ချောက်မြို့၊ ခလရ ၁၃ နှင့် စလေမြို့ရှိ ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးမှ Cyrus က ပြောကြားသည်။ စက်တင်ဘာလ ၄ ရက် ည ၉ နာရီ ၄၅ မိနစ်က ချောက်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ ကို ရှော့တိုက်ဒုံး – Short…

  • မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့

    မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့

    မြန်မာနိုင်ငံမှာ လူ ၃ ဦးမှာ ၁ ဦးနှုန်း ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP ကဆိုပါတယ်။ စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ မြန်မာက ဆာလောင် မွတ်သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဥ်အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဆိုထားတာပါ။ မြန်မာမှာ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာတိုးမြင့်လာတယ်လို့ WFP ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝဝလင်လင်မစားနိုင်တဲ့ လူဦးရေ ၁၃ ဒသမ ၃ သန်းရှိခဲ့တာကြောင့် တစ်နှစ်အတွင်းလူ ၃ သန်းလောက် တိုးလာပါ။ အခုတိုးမြင့်လာတဲ့ အရေအတွက်ထဲကမှ လူ ၂ ဒသမ…