Category: News

  • စစ်​တွေက စစ်​ကောင်စီမိသားစု ၉၀ ​​စုရေ​ကြောင်းမှ​ထွက်ခွာ

    စစ်​တွေက စစ်​ကောင်စီမိသားစု ၉၀ ​​စုရေ​ကြောင်းမှ​ထွက်ခွာ

    ရခိုင်ပြည်နယ်၊စစ်​တွေမြို့ရှိ ​စစ်​ကောင်စီမိသားစုဝင် အိမ်​ထောင်စု ၉၀ စုမှ လူဦးရေ ၃၀၀ ဝန်းကျင်မှာ ရွှေမင်းဂံ​​ရေတပ်ဆိပ်ကမ်းမှတဆင့် ဇက်သင်္ဘောများဖြင့် ယမန်​နေ့(ဒီဇင်ဘာလ ၂၀ ရက်) ညပိုင်းက​ ပြောင်း​ရွှေ့သွား​ကြောင်း စစ်တွေဒေသခံထံက သိရသည်။

    “စစ်သား​တွေ​တော့မပါဘူး သူတို့တပ်မိသား​စု​တွေ ဇက်သင်္ဘောနဲ့ချပြီး​ ကျောက်ဖြူဘက်ကို သွားတယ်။ မ​နေ့ညက​ နောက်ဆုံး​ပြောင်းတာ။သူတို့ဆင်းသွားတာမြင်​နေရတာ​ပေါ့။ သူတို့က​တော့ တိတ်တဆိတ် ပြောင်း​နေကြတာ​ပေါ့”ဟု စစ်​တွေမြို့သတင်းရင်းမြစ်ကပြောသည်။

    ယခုလ ဒီဇင်ဘာလဆန်း​ပိုင်းကစပြီး စစ်​ကောင်စီတပ်အရာရှိ၊ လက်​အောက်ငယ်တပ်သားများ၏ မိသားစုဝင်များမှာ စစ်​လေယာဥ်၊ဇက်သင်္ဘောများနှင့်​ကျောက်ဖြူမြို့သို့ တ​ရွေ့​ရွေ့​ပြောင်း​ရွှေ့​ခဲ့ခြင်းဖြစ်​ကြောင်း၎င်းကဆိုသည်။

    စစ်​တွေမြို့တွင် တပ်မိသားစုဝင် အနည်းငယ်သာကျန်ခဲ့ပြီး အများစုမှာမြို့မှ စွန့်ခွာရွှေ့​ပြောင်းသွားခြင်းဖြစ်​ပြီး မြို့​ပေါ်သို့ စစ်အင်အားရာချီထပ်​မံတိုးချဲ့ထား​ကြောင်း သိရသည်။

    စစ်​တွေမြို့တွင် နပခတိုင်းမှူး ကျော်စွာဦးမှာလည်း ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက​ ထပ်မံတိမ်း​ရှောင်သွားခြင်း​ကြောင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူးသာကျန်ရှိ​ကြောင်း စစ်​တွေမြို့သတင်းရင်းမြစ်က​ ပြောသည်။

    တပ်မိသားစုဝင်များ​ ရွှေ့​ပြောင်းသွားခြင်း​ကြောင့် စစ်ရိပ်​သမ်း​နေသည့် စစ်​တွေမြို့တွင် တိုက်ပွဲဖြစ်ပွား​သောအခါ စစ်​ကောင်စီမှမြို့ကိုဖျက်ဆီးမည်ကို​စိုးရိမ်​နေကြ​ကြောင်း ဒေသခံ​များကဆိုသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က စစ်တွေမြို့ အခြေစိုက်ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) ရုံးအနီးတွင် လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့သည်။

    ထို့​ကြောင့်စစ်​​တွေမြို့​ပေါ် AA ထိုးစစ်အချိန်မ​ရွေး​​ရောက်လာနိုင်​ကြောင်း​ ဒေသခံများက တွက်ဆထားကြသည်။

    ယခင်လ​ပေါင်းများစွာကတည်းက စစ်​တွေမြို့ခံအများစုမှာ ရန်ကုန်မြို့သို့ လေယာဥ်ဖြင့် စစ်​​ဘေးတိမ်းရှောင်သွားကြ​သော်လည်း မြို့၏သုံးပုံနှစ်ပုံ​သောအရပ်သားများမှာ ငွေ​ကြေးမတတ်နိုင်သူများဖြစ်ကြ​​သော​ကြောင့် ကျန်ခဲ့​ကြောင်း ဒေသခံများထံက သိရသည်။

    ထို့အပြင် စစ်​တွေမြို့နယ်၊ ကျေးရွာ ​ပေါင်း ၁၄ ရွာရှိ​ ရွာခံများကို စစ်ကောင်စီက ပြီးခဲ့သည့်​ဖေ​​ဖော်ဝါရီလမှစကာ စစ်​​တွေမြို့​ပေါ်သို့​ပြောင်း​ရွှေ့ခိုင်းထားခြင်း​ကြောင့် လူသားဒိုင်းလုပ်မည်ကိုလည်း အရပ်သားပြည်သူများမှာ စိုးရိမ်​နေကြသည်။

    “တိုက်ပွဲမဖြစ်​သေးတာကို စစ်တပ်က လက်နက်ကြီး​တွေနဲ့ ​တောက်​လျှောက်လှည့်ပစ်​နေတယ်။ ပစ်တာက သုံး၊​ လေးရက်​လောက်ရှိပြီ ။ စစ်​တွေမြို့​ပေါ်က​နေ တခြား​နေရာ​တွေကို ပစ်တာ။ ညဆိုပစ်ပြီ၊ နား​တွေဆူတာ ​နေ့လယ်က​နေ ညအထိပစ်တယ်။ နှစ်နာရီခြား သုံးနာရီခြား တခါပစ်တယ်”ဟုစစ်​တွေမြို့​ဒေသခံက​ ပြောသည်။

    ​မောင်​တော နခခ-၅ ကျပြီး​ နောက်ပိုင်းစစ်​တွေတွင် စစ်​ကောင်စီ အကြီးအကဲပိုင်းများ မြို့​ပေါ်ရပ်ကွက်တိုင်း ဘုန်းကြီး​ကျောင်း၊ ကယ်ဆယ်​ရေးစခန်းများပါမကျန် အိမ်​စေ့ဝင်​ရောက်စစ်​ဆေးမှု​များကို လက်ရှိအချိန်ထိ ခပ်စိပ်စိပ်ပြုလုပ်​နေသည်။

    ​​စစ်​ကောင်စီသည် စစ်​တွေမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့ (၂၀)ခုအထိုင်ချထားပြီး စစ်ကူအင်အားများလည်းတိုးချဲ့ထားသည်။

    တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့ ၁၄ မြို့ကိုသိမ်းထားနိုင်သည့် အာရက္ခတပ်​တော်(AA) အ​နေဖြင့် လက်ရှိတွင်ဂွမြို့​ရှိ ခမရ(၅၆၃)ကိုထိုးစစ်အရှိန်မြင့်တင်ထားခြင်း​ကြောင့်တိုက်ပွဲများပြင်းထန်​နေသည်။

    ပုံအညွှန်း-​​မေယုကမ်းရှိစစ်​ရေယာဥ်တစီး(ဓါတ်ပုံ-စစ်​ကောင်စီ)

  • တနိုင်ငံလုံးမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်နိုင်တဲ့ ဧရိယာ ၂၁ ရာခိုင်နှုန်းသာရှိတော့

    တနိုင်ငံလုံးမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်နိုင်တဲ့ ဧရိယာ ၂၁ ရာခိုင်နှုန်းသာရှိတော့

    အကြမ်းဖက်စစ်တပ် အာဏာလုယူမှုဖြစ်စဉ်ဖြစ်ပြီးနောက် က စလို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလည်အထိ မြန်မာနိုင်ငံရဲ့ ကျေးရွာပေါင်း ၁၄၀၀၀ ကျော်မှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာဟာ ၂၁ ရာခိုင်နှုန်းပဲရှိတော့တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာ လလယ်အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ က မြန်မာနိုင်ငံရဲ့ ၄၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

    ကျန်ရှိတဲ့ ဒေသတွေမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေသလို သူနိုင်ကိုယ်နိုင်အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

    အမေရိကန်အခြေစိုက် လက်နက်ကိုင်ပဋိပက္ခတည်နေရာနှင့် ဖြစ်ရပ်ဒေတာပရောဂျက် (Acled) အရ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ အကြီးအကျယ်ရှုံးနိမ့်မှုနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းနေတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ အကြီးအကျယ် ရှုံးနိမ့်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

  • မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်

    မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်

    မင်းတပ်မြို့နယ်တွင် စစ်တပ်လုံး၀ ကင်းစင်သွားပြီး ချင်းညီနောင်တပ်ဖွဲ့များက အလုံးစုံ ထိန်းချုပ်

    ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မင်းတပ်မြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ ချင်းညီနောင်တပ်ဖွဲ့က မကြာမီ တရားဝင် အများပြည်သူသို့ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရှိရသည်။

    နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းမှ စစ်သားနှင့်ရဲ စုစုပေါင်း ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ လက်နက်ချ အညံ့ခံလာကြောင်း သိရှိရသည်။

    “ခလရ ၂၇၄ တပ်ရင်းတစ်ခုပဲ ကျန်တော့တာ။ အဲဒါကို အခုသိမ်းလိုက်တာ” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ချင်းညီနောင်တပ်ဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းရာ မင်းတပ်မြို့သိမ်းအောင်ပွဲကို မကြာမီ တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုထားသည်။

    ဓာတ်ပုံ- ယမန်နေ့ ထုတ်ပြန်သော မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။

  • ပုသိမ်ကကုန်ကားများ ယနေ့ကစပြီး ထွက်ခွင့်ပိတ်

    ပုသိမ်ကကုန်ကားများ ယနေ့ကစပြီး ထွက်ခွင့်ပိတ်

    ပုသိမ်မြို့က ကုန်ကားတွေကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကစလို့ မြို့ကနေထွက်ခွင့် ပိတ်လိုက်တယ်လို့ ပုသိမ်ကုန်ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

    ပုသိမ်မြို့ကုန်ကားသမားတယောက်က “အရင်ရက်က ကုန်ကားတွေစစ်တာ တိုးပြီးလုပ်တယ်။ ကုန်ကား အမိုးမအုပ်ဖို့ မှာတယ်။ ဒီနေ့ မနက်က ကုန်ကားတွေချောဆွဲမယ်ကြားပြီးတော့ ရန်ကုန်ဘက်အထွက် ကုန်ကားတွေ ပိတ်လိုက်တာ” လို့ ပြောပါတယ်။

    ပုသိမ်မြို့ကနေ ကုန်ကားတွေထွက်ခွင့်ပိတ်လိုက်တာကြောင့် ကုန်စည်ပို့ဆောင်တာတွေ ရပ်တန့်သွားနိုင်တယ်လို့ ဒေသခံတွေကပြောပြီး ရန်ကုန်ဘက်အထွက်ကို ကုန်ကားတွေ ဘာကြောင့်ပိတ်တာ၊ ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာ အခုထိ တိတိကျကျ မသိရသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

    ရခိုင်ပြည်နယ်၊ ဂွမြို့ကို AA က ထိုးစစ်ဆင်နေချိန် ဧရာဝတီတိုင်းမှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်နေသလို ဒီဇင်ဘာ တတိယပတ်ထဲမှာ လူငယ်တွေကိုပေါ်တာဆွဲတာလည်း ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

    ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ဗေဒါစစ်ဆေးရေးဂိတ်ကို AA က သိမ်းယူထားပြီး စစ်ကောင်စီကတော့ ငါးသိုင်းချောင်းမှာ ခံစစ်ပြင်ဆင်ထားတယ်လို့ ရေကြည်မြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

  • အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း

    အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း

    နပခ (အမ်း) မကျဆုံးမီ အချိန်က မင်းအောင်လှိုင်ရဲ့ ကျွန်သပေါက် အကြမ်းဖက် ဖက်ဆစ်ခွေးတွေက အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း