အကြမ်းဖက်စစ်တပ် အာဏာလုယူမှုဖြစ်စဉ်ဖြစ်ပြီးနောက် က စလို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလည်အထိ မြန်မာနိုင်ငံရဲ့ ကျေးရွာပေါင်း ၁၄၀၀၀ ကျော်မှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာဟာ ၂၁ ရာခိုင်နှုန်းပဲရှိတော့တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ လလယ်အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ က မြန်မာနိုင်ငံရဲ့ ၄၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

ကျန်ရှိတဲ့ ဒေသတွေမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေသလို သူနိုင်ကိုယ်နိုင်အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်အခြေစိုက် လက်နက်ကိုင်ပဋိပက္ခတည်နေရာနှင့် ဖြစ်ရပ်ဒေတာပရောဂျက် (Acled) အရ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ အကြီးအကျယ်ရှုံးနိမ့်မှုနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းနေတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ အကြီးအကျယ် ရှုံးနိမ့်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *