Category: News
-

နေပြည်တော် ကားတိုက်မှု အချိန်မီမကယ်ဆယ်နိုင်လို့ ၂ ဦးသေဆုံး
နေပြည်တော် ဇေယျာသီရိမြို့နယ်မှာအိမ်စီးကားတစ်စီး လမ်းဘေးသစ်ပင်ကိုဝင်တိုက်ပြီး ကားပေါ်ပါလာတဲ့သူနှစ်ဦးဟာ အချိန်မီဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားပါတယ်။ ဒီဖြစ်စဉ်ဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းဖြတ်သွားတဲ့ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးကျောင်းအနီးမှာ ယနေ့ ဒီဇင်ဘာလ ၇ ရက် မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။ “မနက် ၃ နာရီလောက်က ဖြတ်သွားတော့ လမ်းဘေးမှာကားကိုတွေ့တယ်။ လူတွေ မရှိတော့ဘူးထင်တာ။ မနက်မိုးစင်စင်လင်းတော့မှ လူတွေသတိထားမိတာ။ လမ်းသွားလမ်းလာနည်းသွားတဲ့အခါကျတော့ သတိမထားမိကြတာ။ ဖြစ်ဖြစ်ချင်းလူသိခဲ့ရင် အသက်ရှင်နိုင်တယ်” လို့ ဇေယျာသီရိမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ ကားတိုက်မှုဖြစ်စဉ်ဟာ ညသန်းခေါင်ကနေ မနက် ၃ နာရီခန့်မှာ ဖြစ်နိုင်ပြီး မနက် ၆ နာရီခန့်မှာမှ လူမှုရေးအဖွဲ့တွေနဲ့ ရဲတွေရောက်ရှိလာတာလို့ ဒေသခံတွေကပြောပါတယ်။ လူနာရှိနေတယ်လို့ဖုန်းသတင်းရလို့ သွားရောက်ကြည့်ရှုစဉ်မှာ ကားပေါ်ပါသူ ၂ ဦးစလုံး သေဆုံးနေတဲ့အတွက် ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့မိုးစေတနာပရဟိတအသင်းက ထုတ်ပြန်ထားပါတယ်။သေဆုံးသူနှစ်ဦးဟာလူလတ်ပိုင်းအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။…
-

မုံရွာ ချောင်းဦးနယ်က ကျီကုန်းရွာကို စစ်အုပ်စု ပထမဆုံးအကြိမ် စီးနင်း၊ မီးရှို့၊ လူသတ်
ရေခဲသေတ္တာနဲ့ ဆန်၊ဆီကအစ ရွာအတွင်းက ပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီး ကားနဲ့ တင်ကာ နမခထဲ သယ်ယူနေ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းပေါ်က စည်ကားတဲ့ ကျေးရွာကြီး ဖြစ်တဲ့ ကျီကုန်း(အနောက်)ရွာကို အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း ပထမအဆုံးအဖြစ် စစ်အုပ်စုက စီးနင်းကာ လူသတ်၊ မီးရှို့၊ ဖောက်ထွင်း၊ လုယက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက ထွက်လာတဲ့ စစ်အုပ်စုဟာ ချောင်းဦးနယ် ခင်မွန်ရွာ ပျူစောထီးစခန်းကတဆင့် နိုဝင်ဘာ ၃၀ရက်မှာ ကျီကုန်းရွာကို စတင်စီးနင်း မီးရှို့တာလို့ ဆိုပါတယ်။ စစ်အုပ်စုက ကျီကုန်းရွာကို စတင်စီးနင်းချိန် ရွာခံပြည်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး တချို့ကို ဓားစာခံ လူစားဒိုင်း…
-

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်
ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှု စစ်သား ၄ ဦး သေ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီးခေါင်းဆောင် လင်းဦး ထိခိုက်ဒဏ်ရာရကာ စစ်သား ၄ ဦး သေဆုံးသွားကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန် ရေးဘီလူးအဖွဲ့က အာယုတောင်ကျေးရွာရုံးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ ဒီနေ့မနက် ၁၁ နာရီခွဲဝန်းကျင်လောက်မှာ အာယုတောင်ကျေးရွာ ရုံးနဲ့ လင်းဦး ရှိတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်တယ်။ ဒုတိယအကြိမ်ပေါ့။ တိုက်ခိုက်တဲ့အခါမှာ သူ့အဖွဲ့က တပ်သား ၄ ဦး ကျတယ်။…
-

မီးရထားလမ်းသစ် စီမံကိန်းကြောင့် တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းမှ ‘ပရလောကသားများ’ ပြောင်းရွှေ့ခံရ
စစ်ခေါင်းဆောင်ညွှန်ကြားခဲ့သော မီးရထားလမ်းသစ် စီမံကိန်းကြောင့် တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းမှ ‘ပရလောကသားများ’ ပြောင်းရွှေ့ခံရ ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာထိပ်တွင် တည်ရှိသော ကင်းဆိပ်သင်္ချိုင်းတွင် နေထိုင်ကြ သည်ဟု ယုံကြည်ရသော ပရလောကသားများသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ညွှန်ကြားခဲ့သည့် မီးရထားလမ်းသစ် စီမံကိန်းဧရိယာနှင့် မလွတ်သည့်အတွက် ပြောင်းရွှေ့ ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ သင်္ချိုင်းသည် ကင်းဆိပ်အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာ၏ အပိုင်ဖြစ်ပြီး မီးရထားလမ်းသစ် ဖောက်လုပ်မည့်နေရာနှင့် တိုက်ရိုက်ထိမိနေသောကြောင့် သတ်မှတ်နေရာသစ်သို့ ပြောင်းရွေ့ပေးရခြင်း ဖြစ်သည်။ “သချိုင်း အကုန်ပါသလား၊ တစ်ခြမ်းပါသလား အတိအကျတော့ မသိသေးဘူး။ ဒါပေမဲ့ ပရလောက သားတွေအတွက် အကျွတ်အလွတ်ပွဲ နဲ့ ပြောင်းရွေ့ဖို့တော့ လုပ်ဆောင်နေကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။…