Category: News
-

လေယာဉ်ပျံ ဆိုက်တာ မိုးချုပ်လို့ ခရီးသည်တွေ အိမ်ပြန်ဖို့ စာထုတ်ရတဲ့ ရန်ကုန်လေဆိပ်
ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ လေယာဉ်ပျံ ဆိုက်ရောက်တာ မိုးချုပ်လို့ ခရီးသည်တွေ အိမ်ပြန်ဖို့ စာထုတ်ရတဲ့ ရန်ကုန်လေဆိပ် ညဖက် မာရှယ်လော ထုတ်ထားဆဲ ဖြစ်တဲ့အပြင် တချို့မြို့နယ်တွေဆို ညဖက် သွားလာတာတွေ ခွင့်မပြု ဖြစ်နေကြဆဲ ဆိုတဲ့ စာတစောင်ပါ။ ကလပ်တွေကတော့ တညလုံး မိုးအလင်းဖွင့်သလို ကြိုက် တဲ့ အချိန် ကြိုက်သလို ဒိုးလို့ ရတယ်။ လူကောင်းတွေ ကြောက်ရတဲ့ ခေတ်ဆိုတာ ဒါမျိုးကို ဆိုလိုတာ။ ထူးထူး ခြားခြား သမိုင်းမှတ်တမ်း စာရွက်မို့ မျှဝေပေးလိုက်ပါတယ်။ Credit
-

မန္တလေးစျေးချိုတော် ဆန္ဒပြပြီးနောက် စစ်အုပ်စုက စျေးသည်တွေကို ရန်ပြု၊ စျေးဆိုင်တွေ ဖျက်ဆီး
အင်အား ၂၀၀ ကျော်နဲ့ စျေးဆိုင် ၅၀ ကို ဖျက်ဆီးခဲ့တာလို့ စစ်လော်ဘီတွေ အောင်ပွဲခံ သတင်းဖြန့် မန္တလေးမြို့ စျေးချိုတော်အနီးမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေက ဖက်ဆစ်တပ် အမြတ်ဖြတ်ရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပြီးနောက် စစ်အုပ်စုက အဲ့ဒီ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့တဲ့ နေရာကို စီးနင်းကာ စျေးဆိုင်တွေကို အကြမ်းဖက် ဖျက်ဆီးသွားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ဒီဇင်ဘာ ၄ရက် မနေ့က ညပိုင်းက စတင်ကာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက လက်နက်အားကိုးနဲ့ မန္တလးစျေးချိုတော် အနီးတဝိုက်ကို စီးနင်းကာ စျေးဆိုင်တွေကို ညလုံးပေါက် ဖျက်ဆီးတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃ရက် မနက်ပိုင်းက စျေးချိုတော်အနီး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြောင်း ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ သပိတ်အဖွဲ့တွေက…
-

တရုတ်၏ မြေရှား အလွန်အကျွံတူးမှုကြောင့် မြန်မာ့သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှု ထိန်းမရ သိမ်းမရ ဖြစ်လာ
ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်မှုများကို အသစ်ချထားပေးခြင်းမရှိဘဲ မူလလုပ်ကွက်အဟောင်းများကိုသာ ဆက်လက်ခွင့်ပြုထားဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူပြော တရုတ်၏ မြေရှား အလွန်အကျွံတူးမှုကြောင့် မြန်မာ့သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှု ထိန်းမရ သိမ်းမရ ဖြစ်လာ ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်မှုများကို အသစ်ချထားပေးခြင်းမရှိဘဲ မူလလုပ်ကွက်အဟောင်းများကိုသာ ဆက်လက်ခွင့်ပြုထားကြောင်း KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။ ယခု ၂၀၂၅ ခုနှစ် ၉ လအတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိခဲ့ပြီး ကမ္ဘာ့မြေရှားတူးဖော်မှုတွင် မြန် မာ နိုင်ငံက အဓိကပါဝင်သူအဖြစ် ဆက်ရှိနေကြောင်း၊ ၂၀၂၄ ခုနှစ် စာရင်းများအရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုတွင် တရုတ်နိုင်ငံက ၆၁ ရာ ခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး မြန်မာနိုင်ငံက ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်…
-

ကျားဖြန့်မှာ မြန်မာစစ်တပ် ပါဝင်နေတယ်လို့ အမေရိကန် သတ်မှတ် (ရုပ်/သံ)
နိုင်ငံခြားငွေလိမ်လည်မှုဂိုဏ်းများ ဖြိုခွင်းရေး အက်ဥပဒေ (Dismantle Foreign Scam Syndicates Act) HR 5490 ကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ဒီဇင်ဘာ ၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ အမေရိကန်အစိုးရအေဂျင်စီတွေ စုပေါင်းပါဝင်မယ့် လုပ်ငန်းအဖွဲ့ ဖွဲစည်းရေးနဲ့ ပတ်သက်တဲ့ ဒီဥပဒေကို ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုလိုက်ကာ လွှတ်တော်အစည်းအဝေးတွေကို ဆက်လက်တင်သွင်းသွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးကော်မတီရဲ့ အတည်ပြုချက်ထဲမှာ ကျားဖြန့်လုပ်ငန်းမှာ မြန်မာစစ်တပ်က ပါဝင်နေပြီး အွန်လိုင်းကျားဖြန့် လိမ်လည်မှုကို ခွင့်ပြုတယ်၊ လျစ်လျူရှု့တယ်၊ အမြတ်အစွန်းရယူတယ်လို့ ပါရှိပါတယ်။ မြန်မာစစ်တပ်ရဲ့ ပါဝင်ပတ်သက်နေမှုတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ပြည်သူတွေကို ထိခိုက်နစ်နာစေတဲ့ ဒီကျားဖြန့် လုပ်ငန်းတွေကို ဖြိုခွင်းဖို့ဟာ အရေးတကြီး လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း အတည်ပြုဆုံးဖြတ်လိုက်ကြပါတယ်။ ကျားဖြန့်လုပ်ငန်းမှာ မြန်မာစစ်တပ်ဘယ်လိုပါဝင်ပတ်သက်နေတာလဲ၊ ဒီဥပဒေအရ…
-

ဒေါက်တာတေဇာဆန်း ဦးဆောင်၍ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် ဆန္ဒပြ (ရုပ်/သံ)
မန္တလေးမြို့လယ် ဈေးချိုအနီး ဒေါက်တာတေဇာဆန်း ဦးဆောင်၍ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် ဆန္ဒပြ (ရုပ်/သံ) ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်တွင် ပြည်သူအားလုံးပူးပေါင်း ပါဝင်ကြရန် တောင်းဆို မန္တလေးမြို့လယ် ဈေးချိုအနီး ဒေါက်တာတေဇာဆန်း ဦးဆောင်၍ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို ဆန္ဒပြပွဲတွင် အကြမ်းဖက် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုအရေးတော်ပုံတပ်သားများဖြစ်သော ဒေါက်တာတေဇာဆန်း ၊ ကိုနန်းလင်း (ရန်ကုန်) ၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း) တို့အပါအဝင် ရဲဘော်ရဲဖက်များနှင့် ပြည်သူလူထုနှင့် အတူ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း…