Category: News

  • ဓာတ်ကြွင်းတွေ့ရှိမှုကြောင့် ငရုတ်သီးတင်ပို့မှုကို ဓာတ်ခွဲခန်း စစ်ဆေးပြီးမှ ခွင့်ပြုတော့မည်

    ဓာတ်ကြွင်းတွေ့ရှိမှုကြောင့် ငရုတ်သီးတင်ပို့မှုကို ဓာတ်ခွဲခန်း စစ်ဆေးပြီးမှ ခွင့်ပြုတော့မည်

    မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ ငရုတ်သီးတွေမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ မှိုအဆိပ် ဓာတ်ကြွင်းတွေ တွေ့ရှိလာတာကြောင့် နောက်ပိုင်းကာလမှာ တင်ပို့မယ့် ငရုတ်သီးတွေကို အရည်အသွေး ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေး ဦးစီးဌာနက ကြေညာချက်ထုတ်လိုက်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ ငရုတ်သီး(အခြောက်)၊ ငရုတ်သီး (အစို) တွေမှာ Chlorpyrifos နဲ့ Triazophos လို့ခေါ်တဲ့ ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ် ဓာတ်ကြွင်းများကို တွေ့ရှိပြီးတဲ့နောက် အခုလို မူဝါဒ သတ်မှတ်လိုက်တာပါ။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ပြည်ပတင်ပို့မှု မပြုခင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်) ရဲ့ ISO 17025 လက်မှတ်ရ စိုက်ပျိုးရေး ထွက်ကုန် အရည်အသွေး စစ်ဆေးရေး…

  • “ရွေးကောက်ပွဲ ဖြစ်မြောက်ပါက တော်လှန်ရေး အင်အားစုများ ရပ်တည်ရန် ခက်ခဲလာမည်” ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြော

    “ရွေးကောက်ပွဲ ဖြစ်မြောက်ပါက တော်လှန်ရေး အင်အားစုများ ရပ်တည်ရန် ခက်ခဲလာမည်” ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြော

    “ရွေးကောက်ပွဲ ဖြစ်မြောက်ပါက တော်လှန်ရေး အင်အားစုများ ရပ်တည်ရန် ခက်ခဲလာမည်” ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာတွင် ပြုလုပ်မည့် ၎င်းတို့၏ ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက ခုခံဆန့်ကျင် တော်လှန်နေသည့် အင်အားစုများ ရှေ့ဆက်ရပ်တည်ရန် ခက်ခဲလာမည်ဟု ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်သော ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲ အခမ်းအနားတွင် စစ်ခေါင်းဆောင်က မိန့်ခွန်းပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ “ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ဖြစ်ပေါ်လာခဲ့ရင် လက်ရှိ ၎င်းတို့ကို ဆန့်ကျင်နေသူတွေအနေနဲ့…

  • ပဲခူးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ဆရာဝန် အပါအဝင် ၅ ဦး သေဆုံး

    ပဲခူးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ဆရာဝန် အပါအဝင် ၅ ဦး သေဆုံး

    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃ ရက်မှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ CDM ဆရာဝန်တယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ နေ့လယ်ပိုင်းမှာ တောင်ငူလေတပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော့ပတာ ၂ စီးနဲ့ ညောင်ပင်သာရွာကို ဗုံးကြဲခဲ့ရာ ဗုံးတလုံးက ရွာထဲက ဆေးပေးခန်းမှာ ကျရောက်ပေါက်ကွဲကာ CDM ဆရာဝန်တယောက်နဲ့ ဆေးဝန်ထမ်း ၂ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ခဲ့တာပါ။ ရွာလမ်းမပေါ်မှာလည်း ဗုံးတလုံး ကျပေါက်ကွဲလို့ အရပ်သား ၂ ယောက် သေဆုံးကာ တယောက် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ရွာထဲနဲ့ ရွာအနီးနားတဝိုက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လာရောက်တိုက်ခိုက်ခဲ့တာလို့…

  • မန္တလေး ဈေးချိုအနီး၌ ဒေါက်တာတေဇာဆန်း ဦးဆောင်ပြီး ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြ

    မန္တလေး ဈေးချိုအနီး၌ ဒေါက်တာတေဇာဆန်း ဦးဆောင်ပြီး ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြ

    လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ကြားက မန္တလေးမြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြတာကို ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ မနေ့ ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။ မနေ့မနက် ၅ နာရီဝန်းကျင်မှာ ချမ်းအေးသာစံမြို့နယ်အတွင်းက စျေးချိုအနီးမှာ လူငယ်တွေ စုပေါင်းဆန္ဒပြခဲ့တာဖြစ်ပြီး လက်ကမ်းစာဆောင်တွေ ဖြန့်ဝေကျဲချတာ၊ စစ်အုပ်စုလုပ်မဲ့ ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ ပြည်သူတွေကို အသိပေး နှိုးဆော်တာတွေ လုပ်ဆောင်ခဲ့တာ တွေ့ရ ပါတယ်။ အဲဒီဆန္ဒပြပွဲမှာ မန္တလေးမြို့က နာမည်ကျော် ဒေါက်တာတေဇာဆန်းလည်း ပါဝင်ခဲ့တာ တွေ့ရပြီး လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက အခုလို ဆန္ဒပြခံရတဲ့အတွက် စစ်အုပ်စုက ဒေါသထွက်နေပြီး ဆန္ဒပြလူငယ်တွေကို ပိုက်စိတ်တိုက် ရှာဖွေနေတယ်လို့လည်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ မန္တလေးမြို့ခံတယောက်က “မိရင် အသေသတ်မယ်ဆိုပြီး လိုက်ရှာနေတာပဲ၊ လောလောဆယ်တော့ တယောက်မှ…

  • အမေရိကန် အောက်လွှတ်တော်တွင် နိုင်ငံဖြတ်ကျော် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြု

    အမေရိကန် အောက်လွှတ်တော်တွင် နိုင်ငံဖြတ်ကျော် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြု

    အမေရိကန် အောက်လွှတ်တော်တွင် နိုင်ငံဖြတ်ကျော် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြုလိုက်ပြီး မြန်မာစစ်တပ် အပါအဝင် အကျင့်ပျက်အစိုးရများ၏ ပါဝင်ပတ် သက်မှုကို စုံစမ်းစစ်ဆေးမည် အမေရိကန် အောက်လွှတ်တော်တွင် အမေရိကန်နိုင်ငံသားအများအပြားကို ပစ်မှတ်ထား လိမ်လည်နေသော နိုင်ငံဖြတ်ကျော်ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြု လိုက်ကြောင်း အမေရိကန်အောက်လွှတ်တော်က တရားဝင် သတင်းထုတ်ပြန်သည်။ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ (အမေရိကန်စံတော်ချိန် ဒီဇင်ဘာ ၃ ရက်နေ့) အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက H.R. 5490 – ကျားဖြန့် နိုင်ငံခြားသားလိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲရေးဥပဒေ ကို အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ၊ ယင်းဥပဒေကို အမေရိကန် အောက်လွှတ်တော်အမတ် ဂျက်ဖာဆင် ရှရီဗ် (ရီပတ်ဘလစ်ကန် – အင်ဒီယားနား) က တင်သွင်းခြင်းဖြစ်ပြီး…