Category: News

  • ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက် နိုင်ငံရေးလမ်းစဉ်ကို အာဏာရူးတို့ မလိုက်နာသဖြင့် စစ်ဖြစ်နေခြင်းဟု ငါးမင်းဆွေဆို

    ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက် နိုင်ငံရေးလမ်းစဉ်ကို အာဏာရူးတို့ မလိုက်နာသဖြင့် စစ်ဖြစ်နေခြင်းဟု ငါးမင်းဆွေဆို

    ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက် နိုင်ငံရေးလမ်းစဉ်ကို အာဏာရူးတို့ မလိုက်နာသဖြင့် စစ်ဖြစ်နေခြင်းဟု ငါးမင်းဆွေဆို

    ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်သော နိုင်ငံရေးလမ်းစဉ်ကို အာဏာရူးတို့က မလိုက်နာ ကြသဖြင့် စစ်ဖြစ်နေရခြင်းဖြစ်ကြောင်း ငါးမင်းဆွေက ပြောကြားလိုက်သည်။

    ငါးမင်းဆွေ(ခ) ဦးမင်းဆွေက မတ်လ ၂၈ ရက်တွင် ၎င်း၏ လူမှုကွန်ရက်ပေါ်၌ ရုပ်သံထုတ်လွှင့်ကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “အမဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလမ်းစဉ်က အကြမ်းမဖက်တဲ့ နည်းပဲဗျနော်။ အကြမ်းမဖက် တဲ့ နည်းပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ရှင်းမယ်ဆိုတာ အမဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလမ်းစဉ်။ အဲဒီနိုင်ငံရေးလမ်းစဉ်ကို မလိုက်နာကြလို့ အခုလိုဖြစ်တာ။ အာဏာရူးတွေ အဲ့ဒီနိုင်ငံရေးလမ်းစဉ်ကိုလည်း မလိုက်နာကြဘူးနော်။ အဲဒီတော့ လူငယ်တွေပဲ သေတယ်”ဟု ငါးမင်ဆွေက ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါက ၎င်းတို့ အာဏာ ထိခိုက်လာမည်ကို ကြောက်နေကြသလားဟုလည်း ငါးမင်းဆွေက မေးခွန်းထုတ်သည်။

    “အခုလည်း ရွေးကောက်ပွဲအတုဆို ဟိုဘက်က ပြောပြန် ၊ ဒီဘက်ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးဖို့ပြောရင် တုတ်တုတ်မလှုပ်တဲ့အပြင် ကျနော့်ကိုပါ လှည့်လှည့်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရကောင်း ပြောရကောင်းလား ရန်တွေ့နေတယ်။ မတော်ရင် ကျနော့်ကိုပါ ထောင်ထဲထည့်ရင် ထည့်ဦးမှာ။ ကျနော်က လုံးဝမကြောက်ဘူးဗျ။ နိုင်ငံတော် ငြိမ်းချမ်းရေးအတွက်ပဲ ကျနော် လုပ်နေတာ။ အရင်တုန်းကလည်း နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် လုပ်ရင်းလုပ်ရင်း ထောင်ထဲ ရောက်သွားတာပဲ”ဟု ၎င်းကဆိုသည်။

    ငြိမ်းချမ်းစွာ အတူနေထိုင်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်းနှင့် မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ ဟုလည်း ပြောသည်။

    စစ်ပွဲအတွင်း လူငယ်များ သေကုန်ကြပြီဖြစ်၍ အသက်၆၀ကျော် လူကြီးများ အာဏာမရူးကြရန် ငါး မင်းဆွေက တိုက်တွန်းသေးသည်။

    ငါးမင်းဆွေသည် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့မှ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ထိ ငြိမ်းချမ်းရေးအတွက် တစ်ကိုယ်တော်လမ်းလျှောက်ရန် စီစဉ်ခဲ့ပြီး ၂၅ ရက်ခန့် လမ်းလျှောက်အပြီး မတ်လ ၂၁ ရက်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းနယ်စပ် ၊ ဧရာဝတီတံတား(ရတနာပုံ)အရောက်တွင် စစ်တပ်၏ တားဆီးခြင်း ခံခဲ့ရသဖြင့် လှည့်ပြန်ခဲ့ရကာ မတ်လ ၂၃ ရက်၌ ကျိုက်ထိုမြို့နယ်ရှိ ၎င်း၏ နေအိမ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

  • ပုံးဖြင့် ဆီမရောင်းသဖြင့် အလောင်းနှင့် အခေါင်းပါ ဆိုင်သယ်လာပြီး သုဘရာဇာ ဒီဇယ်ဝယ်ခဲ့ရ

    ပုံးဖြင့် ဆီမရောင်းသဖြင့် အလောင်းနှင့် အခေါင်းပါ ဆိုင်သယ်လာပြီး သုဘရာဇာ ဒီဇယ်ဝယ်ခဲ့ရ

    ထိုင်းတွင် ပုံးဖြင့် ဆီမရောင်းသဖြင့် အလောင်းနှင့် အခေါင်းပါ ဆိုင်သယ်လာပြီး သုဘရာဇာ ဒီဇယ်ဝယ်ခဲ့ရ

    ထိုင်းနိုင်ငံ၊ ဘန်ဘူယန်းခရိုင်ရှိ သုဘရာဇာတစ်ဦးသည် အလောင်းအား မီးသင်္ဂြိုဟ်ရန် ဆီဆိုင်မှ ဒီဇယ် သွားဝယ်ရာတွင် ပုံးဖြင့်မရောင်းနိုင်ဟု ဝန်ထမ်းများက တုံ့ပြန်သဖြင့် ဒေါသထွက်ကာ နိဗ္ဗာန်ယာဉ်ပေါ် လူသေပါ ပါသည့် အခေါင်းအား သယ်လာပြီး သက်သေပြကာ ဒီဇယ်များ ဝယ်ခဲ့ရသည်။

    အသက် ၄၈ နှစ်အရွယ် ပရီးချားဆိုသော သုဘရာဇာသည် ယခင်ကတည်းက ထိုဆီဆိုင်မှာပင် မီးသင်္ဂြိုဟ်ရာ၌ မဖြစ်မနေအသုံးပြုရသည့် ဒီဇယ်များကို ဝယ်နေကကျဖြစ်သော်လည်း အမေရိကန်နှင့် အီရန်တို့ စစ်ဖြစ်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီ ရှားပါးမှုက ထိုင်းနိုင်ငံတွင်လည်း သက်ရောက်မှုရှိ သဖြင့် ပုံးဖြင့် လာဝယ်သူများမှာ ဆီများစွာ ဝယ်လှောင်ထားသူများ ဖြစ်နိုင်သည်ဟုဆိုကာ ပရီးချားကို ဆီမရောင်းခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် ဒေါသထွက် ပေါက်ကွဲနေသော ပရီးချားသည် နိဗ္ဗာန်ယာဉ်ပေါ် အလောင်းပါသည့် အခေါင်းပါ တင်ဆောင်ကာ ဆီဆိုင်သို့ ပြန်လာပြီး သက်သေပြကာ ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့သည်။

    ဆိုင်မန်နေဂျာထံ ဝန်ထမ်းများက သွားရောက် ပြောပြပြီးနောက် ပရီးချားကို ၁၈ လီတာဆန့် ပုံး ၃ လုံးဖြင့် ဒီဇယ်များ ရောင်းချပေးခဲ့သည်။

    ဘန်ဘူယန်းခရိုင် အဝေးပြေးလမ်း ၃၄၄ ပေါ်ရှိ ဘုရားကျောင်းသုဿာန်တွင် မီးသင်္ဂြိုဟ်သည့်အလုပ် လုပ်သူ ပရီးချားထံ သတင်းထောက်များ ရောက်လာပြီး မေးမြန်းရာ သေဆုံးသူ မိသားစုသည် ဆင်းရဲသဖြင့် ငွေမတတ်နိုင်သလို သုဿန်ကိုလည်း သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်နေသောကြောင့် ချက်ချင်း အသုဘမချနိုင်ခဲ့ကြောင်း၊

    ဆေးရုံကလည်း ဆက်ထားရမည့် အလောင်းများနေရာအတွက် အလောင်းကို ပြန်သယ်သွားစေပြီးနောက် မီးသင်္ဂြိုဟ်ရေးအတွက်မှာလည်း ဒီဇယ်ဝယ်ပေးမည့် အလှူရှင်ရှာပြီး ထိုအလှူငွေရမှ ဝယ်နေကြ ဆီဆိုင်တွင် ဒီဇယ်သွားဝယ်ရာမှ ယခုလို အခက်အခဲကြုံခဲ့ ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

  • “တပ်မတော်နေ့” အခမ်းအနားတက်သည့် မချမ်းမြမြသော်ကို  လူမှုရေးပြစ်ဒဏ်ပေးရန် လှုံ့ဆော်

    “တပ်မတော်နေ့” အခမ်းအနားတက်သည့် မချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ်ပေးရန် လှုံ့ဆော်

    “တပ်မတော်နေ့” အခမ်းအနားတက်သည့် မချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ်ပေးရန် လှုံ့ဆော်

    စစ်အာဏာရှင်တော်လှန်ရေး တက်ကြွလှုပ်ရှားသူ မချမ်းမြမြသော်သည် “ တပ်မတော်နေ့“ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဓာတ်ပုံများ ထွက်ပေါ်လာသဖြင့် ၎င်းအား လူမှုရေးပြစ်ဒဏ်ပေးရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုလျက်ရှိသည်။

    ဆရာမ ချမ်းချမ်း (ခေါ်) မချမ်းမြမြသော်သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ Mondrian Seoul Itaewon ဟိုတယ်တွင် ယမန်နေ့ (မတ်လ ၂၇ ရက် ) က ပြုလုပ်သည့် စစ်ကော်မရှင် “တပ်မတော်နေ့” ဂုဏ်ပြုညစာ စားပွဲတက်ရောက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ ဆိုသည်။

    မြေလတ်ဒေါင်းတို့ ပွဲကစို့ ၊ Fncc Burma Fact Check Community နှင့် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက ၎င်းအား လူမှုရေးပြစ်ဒဏ်ပေးရန် လူမှုကွန်ရက်မှ တဆင့် နှိုးဆော်နေခြင်းဖြစ်သည်။

    “ဒီလို ပြည်သူတွေကို နေ့စဉ်ရက်ဆက် သတ်ဖြတ်နှိပ်စက်နေသူတွေကို ဂုဏ်ပြုတဲ့ပွဲမှာ လက်ခုပ်လက်ဝါးတီးပြီး ဝိုင်တွေကို အတူတူသောက်ပြီး ဂုဏ်ပြုနေတယ်။ တော်လှန်ရေးကို သစ္စာဖောက်တဲ့လူတယောက်ကို ဖော်ထုတ်နိုင်ခဲ့တာလည်း လုပ်ရကျိုးနပ်တဲ့ ပွဲတခုဖြစ်ပါတယ်” ဟု တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ကိုဝင်း (အမည်လွှဲ) က ဆိုသည်။

    ကိုဝင်းသည် ယမန်နေ့က Mondrian ဟိုတယ် ရှေ့တွင် ပြုလုပ်သည့် “တပ်မတော်နေ့” ဂုဏ်ပြုညစာ စားပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။ထို ဆန္ဒထုတ်ဖော်သူများတွင် Mondrian ဟိုတယ်တွင်း မချမ်းမြမြသော်ရှိနေသည်ကို မျက်မြင်တွေ့ခဲ့ရသူရှိကြောင်း သိရသည်။

    မချမ်းမြမြသော်သည် ၂၀၂၁ ခုနှစ်တွင် တရားစောင့်နတ်သမီးဝတ်စုံကို ဝတ်ဆင်ကာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့သလို တောင်ကိုရီးယားရုပ်သံအစီအစဉ်များတွင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သူလည်းဖြစ်သည်။

    ဆရာမချမ်းချမ်းသည် စစ်ကော်မရှင်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့် သတင်းအချက်အလက်များ ၂၀၂၃ နှစ်စပိုင်းမှ စတင်ရရှိခဲ့သော်လည်း ၎င်းသည် မြန်မာပြည်သူလူထုနှင့် တောင်ကိုရီးယားရောက် မြန်မာပြည်သူကြားတွင် လူသိများကာ လွှမ်းမိုးမှု အသင့်အတင့်ရှိ၍ သက်သေနှင့်တကွ ဖော်ထုတ်နိုင်ရန် စီစဉ်နေခဲ့ခြင်းဖြစ်သည်ဟု ကိုရီးယားရောက် တော်လှန်ရေးတက်ကြွသူကဆိုသည်။

    “ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်နေတာတော့ ကြာပါပြီ။ ၂၀၂၃ အစောပိုင်းကတည်းက တချို့အပြုအမူတွေ၊ အပြောအဆိုတွေ စစ်တပ်နဲ့ သိသိသာသာတမျိုး၊ မသိမသာတမျိူး ပါဝင်ဆောင်ရွက် ပတ်သက်နေတာတွေ သိထားတာရှိပါတယ်။ ဒါအချိန်အခါက အခုမှ ပေးလာလို့ လူထုကို သက်သေနဲ့ ချပြနိုင်တဲ့အဆင့်ထိ ရောက်တာပေါ့နော်။ တဖက်မှာလည်း သူက အတိုင်းအတာခုထိအောင် Image ယူထားတာရှိတဲ့အတွက်ကြောင့် သက်သေအချက်အလက်မရှိရင် ဘယ်သူမှဒါကို လက်ခံမှာမဟုတ်ဘူးဆိုတော့ ဒါကြောင့်မို့ ခုလောက်ထိ အချိန်ယူပြီး သေချာမှ ချပြတာပါ”ဟု ပြောသည်။

    လက်ရှိတွင် ဆရာမချမ်းချမ်းသည် ၎င်း၏ လူမှုကွန်ရက်တွင် စာသားမှတ်ချက်ရေးသားခွင့် (Comment ) ပိတ်ထားပြီး Followers့ များ ဆက်တိုက်ကျဆင်းနေသည်။ ၎င်းသည် လူမှုကွန်ရက်တွင် ကိုရီးယားဘာသာစကားများ ပို့ချသင်ကြားပေးနေသလို ကိုရီးယားဘာသာစကားသင်တန်းကျောင်း Chan Chan School ကိုလည်းဖွင့်လှစ်ထား သည်။

    အပြုံးလေးက လှလိုက်တာ

    တပ်မတော်နေ့မှာ လူပေါင်းများစွာ သတ်ခဲ့တာကို ဂုဏ်ပြုနေသလိုပါပဲ 🤣

    Photo credit

  • စစ်တွေ ဒကစ တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် အရာရှိနှင့် စစ်သည်အချို့ သေဆုံး

    စစ်တွေ ဒကစ တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် အရာရှိနှင့် စစ်သည်အချို့ သေဆုံး

    စစ်ကော်မရှင်က အင်အားဖြည့်တင်းပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

    ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် တပ်ရင်းအချို့ကို အာရက္ခ တပ်တော် (AA) က တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် ခြောက် ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    AA သည် ‎ပြီးခဲ့သည့် မတ်လ ၂၆ ရက် ည ၁၁ နာရီဝန်းကျင်မှစတင်ကာ စစ်ကော်မရှင်၏ စစ်တွေ ဒကစ၊ ရွှေမင်းဂံရေတပ်နှင့် အခြားတပ်ရင်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    စစ်ကော်မရှင်၏တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) မတ်လ ၂၇ ရက် တွင်လည်း ဒကစ အတွင်းသို့ လက်နက်ကြီးကျည်များ ဆက်တိုက် ကျရောက်ပေါက်ကွဲခဲ့ပြီး ခမရ-၃၄၄) နှင့် ကံပြင် ရွာဟောင်းဘက်ရှိ တပ်ရင်းများတွင်လည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များက ဆိုသည်။

    “ခမရ ၃၄၄ နဲ့ ကံပြင်ရွာဟောင်းဘက်က တပ်တွေထဲ လက်နက်ကြီးကျည်ကျလို့ စစ်သားတွေသေတယ် ပြောတယ်။ ဒကစ ထဲကို အဓိကကျတာ။ မဆရ (၈ ) ထဲကို ထိတဲ့သူတွေကို ပြောင်းနေတယ်။ လေကြောင်းကနေ ပြန်ပစ်လို့ ရွာခံတွေတော့ သတိထားနေကြရတယ်” ဟု စစ်တွေသတင်းရင်းမြစ်က ပြောသည်။

    အဆိုပါ တိုက်ခိုက်မှုများအတွင်း တပ်ရင်းအချို့မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထွက်ပြေးမှုများရှိခဲ့သဖြင့် စစ်ကော်မရှင်ဘက်မှ ချင်းတွင်းရေယာဉ်ဖြင့် စစ်ကူအင်အား ၂၀၀ ခန့်ကို စစ်တွေသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ စစ်ကူများကို ရဲတပ်ရင်း (၁၂)၊ (၃၆) နှင့် ရွှေမင်းဂံရေတပ်တို့သို့ ခွဲဝေစေလွှတ်ကာ အင်အားဖြည့် တင်းခဲ့ကြောင်း သိရသည်။

    ထို့ပြင် စစ်ကော်မရှင်သည် လေကြောင်းမှ Y-12 လေယာဉ်ဖြင့် ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့နယ်ရှိ ဝါဘိုကျေးရွာများကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ပုံစာ-AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

  • URGENT ၄၈-နာရီ အထူးသတိ

    URGENT ၄၈-နာရီ အထူးသတိ

    🚨 [URGENT ၄၈-နာရီ အထူးသတိ]

    လေထုညှပ်ပိတ်မှု (Atmospheric Squeeze)အမြင့်ဆုံးအဆင့် ရောက်နေပြီ! ⚠️🌩️🔥

    အခုဖြစ်နေတာက ရိုးရိုးလေတိုက်မိုးရွာတာမဟုတ်ပါဘူး။

    အနောက်ဘက် (အိန္ဒိယ) ကလာတဲ့ မိုးစွမ်းအင်နဲ့ အရှေ့ဘက် (ထိုင်း) က အပူစုပ်အားတို့ မြန်မာပြည်အလယ်မှာ ထိပ်တိုက်တွေ့ပြီး လေထုပေါက်ကွဲမှု (Storm Explosion) တွေ ဖြစ်နေတဲ့ အခြေအနေပါ။

    🛰️ 🌏 ပညာရှင်များ၏ ပူးပေါင်းဆန်းစစ်ချက် (Expert Synthesis)

    ၁။ လေထုတင်းကျပ်မှု (Compression Zone) အနောက်က ရေငွေ့တွေက တွန်း၊ အရှေ့က ၄၂°C အပူရှိန်က ဆွဲယူနေလို့ မြန်မာပြည်အလယ်ပိုင်း (မန္တလေး/မကွေး/စစ်ကိုင်း) ဟာ လေစုပ်စက်ထဲရောက်နေသလို ဖြစ်နေပါတယ်။

    ၂။ ဂြိုဟ်တုပုံရိပ်အရ ကချင်နဲ့ ရှမ်းမြောက်စွန်းမှာ Cold Coreလို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ မိုးတိမ်အူတိုင်တွေ စတင်ဖြစ်ပေါ်နေပါပြီ။

    ၃။ ဒေါင်လိုက်လေစီးကြောင်း (Microburst)ကိုဖြစ်စေမယ့် ဒီတိမ်တွေဟာ အမြင့်ပေ ၄၀၀၀၀ ကျော်အထိ တက်သွားပြီး မြေပြင်ကို လေပြင်းတွေနဲ့ ပြန်ရိုက်ချပါလိမ့်မယ်။

    📍 လာမည့် ၄၈ နာရီအတွင်း အထူးသတိပြုရမယ့် ဇုန်များ

    🔴 Red Zone (အထက်ပိုင်း)

    ကချင်၊ စစ်ကိုင်းအထက်၊ ရှမ်းမြောက်။

    (မိုးသီးကြွေခြင်း၊ နေရာကွက်မိုးကြီးခြင်း ၊ လျှပ်စီးအလွန်ပြင်းထန်ခြင်း)

    🟠 Orange Zone (ရှမ်းကုန်းပြင်မြင့် – မန္တလေး corridor):

    • လားရှိုး -> သီပေါ -> ကျောက်မဲ -> နောင်ချို-> ပြင်ဦးလွင် -> တခု ။

    • လားရှိုး-> နမ့်လန် -> ကျေးသီး-> မိုင်းရယ်-> လဲချား -> ပင်လုံ-> တောင်ကြီး -> ဟဲဟိုး အောင်ပန်း-> ကလော-> မန္တလေးတိုင်းဘက် လမ်းကြောင်းအတိုင်း တောင်ကြားလေပြင်း (Downslope Wind) များ တနာရီ မိုင် ၃၀-၅၀ နှုန်း ရုတ်တရက်တိုက်ခတ် နိုင်ပါတယ်။

    🔴 Critical Heat Zone (မြေလတ်)

    မင်းဘူး၊ ချောက်၊ မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ မန္တလေး။

    (၄၁°C ကျော် အပူရှိန် + ညနေပိုင်း ရုတ်တရက် မိုးသက်လေပြင်း)။
    လေပြင်းအထူးသတိထားပါ။

    🔵 ရန်ကုန် နဲ့တောင်ပိုင်းဒေသများ

    ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး။ အသားပူတဲ့အပူ (Dry Heat)ဒဏ်ကို ခံရပါလိမ့်မယ်။

    ရေများများသောက်ပြီး အရိပ်ရ လေ၀င်လေထွက်ကောင်းရာတွင်နေပါ။

    👨‍⚕️ ကျန်းမာ ဘေးကင်းသက်သာရေး သတိ ပေးချက်

    ၁။ ⚡ “မိုးမရွာခင် မိုးကြိုးပစ်နိုင်သည်” လျှပ်စီးလက်သံကြားရုံနဲ့ ဖုန်းပိတ်ပါ၊ အိမ်ထဲဝင်ပါ။ သစ်ပင်အောက် လုံးဝမနေပါနဲ့။

    ၂။ 🌪️ “မိုးမကျခင် လေပြင်းလာမည်”: လေပြင်းတိုက်ချိန်မှာ ဖုန်မှုန့်တွေကြောင့် မျက်စိနဲ့ အသက်ရှူလမ်းကြောင်း ဒုက္ခပေးနိုင်လို့ Mask တပ်ပါ။

    ၃။ 🔥 “အပူဒဏ်”: နေ့လယ် ၁၂ နာရီမှ ၄ နာရီအတွင်း အပြင်မထွက်ပါနဲ့။ ရေဓာတ်ခမ်းခြောက်မှု (Heatstroke) အထူးသတိထားပါ။

    💬 ” လက်ရှိပြည်သူတွေရှိတဲ့နေရာမှာ အခု နေပြင်းနေလား?

    လေစတိုက်နေပြီလား?

    မိုးအုံ့ပြီးမိုးခြိမ်းသံ ကြားရပြီလား?”

    🛡️ ကြိုတင်ပြင်ဆင်ခြင်းဟာ အသက်ကယ် ဘေးကင်းနိုင်ခြင်းရဲ့အကြောင်းရင်းဖြစ်ပါတယ်။

    ( ပြည်သူတွေဖတ်ဖြစ်အောင် ခေါင်းစဥ်တပ်ထား ရတာမို့ အတွင်းထဲက အနှစ်သာရကိုသာ ယူပါ။

    အဲဒီ မိုးလေ၀သဆိုင်ရာအနှစ်သာရတွေဟာ နိုင်ငံကြီးတွေရဲ့ အချက်လက်ကို ရယူထားပြီး ကိုယ့်နိုင်ငံရေမြေနဲ့ကိုက်ညီအောင် ချိန်ညှိတွက်ချက်သုံးသပ်ပေးထားခြင်းဖြစ်ပါတယ်။ )

    မေတ္တာဖြင့်

    🌿 AI Info Team 🌿

    Ref : 🇲🇲DMH🇹🇭TMD 🇮🇳 IMD