Category: News

  • အီရန်က သဘောတူညီချက်ရဖို့ တောင်းပန်နေပြီလို့ ဒေါ်နယ်ထရမ့် ပြော

    အီရန်က သဘောတူညီချက်ရဖို့ တောင်းပန်နေပြီလို့ ဒေါ်နယ်ထရမ့် ပြော

    အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ဆက်တိုက်တိုက်ခိုက်နေတယ် လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    အီရန်ရဲ့ ရေတပ်နဲ့ လေတပ်ဟာ အခုဆိုရင် လုံးဝကို “အမြစ်ပြတ်” သွားပြီဖြစ်သလို ဒီအခြေအနေ တွေကြောင့်ပဲ တီဟီရန်အစိုးရဟာ ညှိနှိုင်းဖို့ ဖြစ်လာတာလို့ သူက ဆိုပါတယ်။

    ဒါပေမဲ့ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက်မရရင်တော့ အမေရိကန်ဟာ အီရန်အတွက် “အဆိုး ဝါးဆုံး အိပ်မက်ဆိုး” ဖြစ်လာလိမ့်မယ်လို့လည်း ၎င်းက သတိပေးလိုက်ပါတယ်။

    ကြာသပတေးနေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဒေါ်နယ်ထရမ့်က ညှိနှိုင်းမှုအခြေအ နေတွေကို ရှင်းပြခဲ့တာပါ။ အမေရိကန်က ညှိနှိုင်းရေးအဖွဲ့မှာ အထူးကိုယ်စားလှယ် စတိဝှစ်ကော့ဖ်၊ ဒေါ် နယ်ထရမ့်ရဲ့ သမက် ဂျာရတ်ကက်ရှ်နာ နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ ပါဝင်ပါတယ်။

    အီရန်က ညှိနှိုင်းမှုတွေကို ဂျေဒီဗန့်ဟ် ပဲ ဦးဆောင်စေချင်တယ်လို့ အလွတ်သဘော လမ်းကြောင်း တွေမှတစ်ဆင့် အကြောင်းပြန်ထားတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။

    ဒေါ်နယ်ထရမ့်က “အီရန်က သဘောတူညီချက်ရဖို့ တောင်းပန်နေတာပါ။ ဟိုမှာ ဘာတွေဖြစ်နေ လဲဆိုတာ မြင်တဲ့သူတိုင်း သူတို့ ဘာကြောင့် သဘောတူညီချက်ရချင်နေကြလဲဆိုတာ နားလည်ကြပါလိမ့် မယ်” လို့ ပြောကြားခဲ့ပါတယ်။

    အီရန်က စေ့စပ်ညှိနှိုင်းလိုတဲ့ ဆန္ဒကို ပြသတဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင် သင်္ဘော ၁၀ စီးကို ဖြတ်သန်းခွင့်ပြုခဲ့ပြီး ဒါဟာ သူတို့ပေးတဲ့ လက်ဆောင်ပဲလို့ ဒေါ်နယ်ထရမ့်က ပြောပါ တယ်။

    အီရန်အစိုးရရဲ့ တောင်းဆိုချက်အရ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်နေတာကို ဧပြီလ ၆ ရက် အရှေ့ဘက်စံတော်ချိန် ည ၈ နာရီအထိ ၁၀ ရက်ကြာ ခေတ္တရပ်နားပေးထားမယ်လို့လည်း သူက ဆိုပါတယ်။

    အမေရိကန်က ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အခြေခံမူဘောင်အဖြစ် “အချက် ၁၅ ချက်ပါ လုပ်ဆောင်ရမယ့်စာရင်း” ကို တင်ပြထားတယ်လို့ ညှိနှိုင်းရေးမှူး စတိဝှစ်ကော့ဖ်က အတည်ပြုပါ တယ်။

    သူက “အခြေအနေတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အီရန်အတွက် ဒီထက် မက သေကြေပျက်စီးရတာမျိုးကလွဲလို့ တခြားရွေးချယ်စရာမရှိဘူးဆိုတာကို သူတို့နားလည်အောင် ကျွန်တော်တို့ နားချနိုင်မလားဆိုတာ ကြည့်ရပါမယ်။ အခုအချိန်မှာတော့ ဒါဟာ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ လက္ခဏာကောင်းတွေ တွေ့နေရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အီရန်အစိုးရဟာ ကြားခံညှိနှိုင်းပေးသူတွေကတစ်ဆင့် ဗုဒ္ဓဟူးနေ့ညပိုင်းမှာ တရားဝင်အကြောင်း ပြန်စာ ပေးပို့ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် Tasnim သတင်းဌာနက ကြာသပတေးနေ့မှာ ဖော်ပြပါတယ်။

    အဲဒီအကြောင်းပြန်စာထဲမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ပေးဖို့နဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် နစ် နာကြေးပေးဖို့ အီရန်က တောင်းဆိုထားပါတယ်။

    ကိုးကား – NHK

    Ref; Trump says Iran is ‘begging to make a deal’

  • တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲမှာ ‌တက်ရောက်ခဲ့ပြီး လက်ခုပ်လက်ဝါးတီး အားပေးဂုဏ်ပြုခဲ့သူ ချမ်းမြမြသော်

    တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲမှာ ‌တက်ရောက်ခဲ့ပြီး လက်ခုပ်လက်ဝါးတီး အားပေးဂုဏ်ပြုခဲ့သူ ချမ်းမြမြသော်

    “စစ်အာဏာရှင် ပြုလုပ်တဲ့ တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲမှာ ‌တက်ရောက်ခဲ့ပြီး လက်ခုပ်လက်ဝါးတီး အားပေးဂုဏ်ပြုခဲ့သူ ချမ်းမြမြသော်”

    တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနွေဦးတော်လှန်ရေး အင်အားစုများ နဲ့ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အ စည်းများက အာဏာသိမ်းစစ်အုပ်စုက ကျင်းပဖို့စီစဉ် ထားတဲ့ ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်ရှေ့မှာ တပ်မ တော် နေ့ဂုဏ်ပြုညစာစားပွဲကိုဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြတာကို လူအများသိရှိကြပြီးဖြစ်ပါတယ်။

    ၂၀၂၁ အစောပိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားမီဒီယာ ကနေ အသံများ စွာ Speak Out လုပ်ပေးခဲ့ဖူးသူ ချမ်းမြမြသော်တယောက် အဲဒီ ဂုဏ်ပြုညစာစားပွဲကို ‌တက်ရောက်ခဲ့ပြီး လက်ခုပ်လက်ဝါးတီး အားပေးဂုဏ်ပြု နေခဲ့တာကိုမြင်တွေ့ခဲ့ရမှုဖြစ်ပါတယ်။

    ၂၀၂၃ အစောပိုင်း နှစ်ကာလတွေမှာ ချမ်းမြမြသော် တယောက် အာဏာ သိမ်းစစ်အုပ်စုထံ ခံ၀န်ထိုးလိုက်ပြီလို့ သတင်းတွေထွက်ခဲ့ပေမဲ့ သက်သေ ပြနိုင်တဲ့ Evidence အကြောင်းတစ်စုံတစ်ရာ မရှိခဲ့တာကြောင့် ဒီနေ့အထိ လွတ်မြောက်နေခဲ့တာ ဖြစ်ပါတယ်။ယခုအခါမှာတော့ သူမ မည်သူမည်ဝါဆိုတာ ပေါ်ထွက်လာတဲ့လုပ်ရပ်လဲ ဖြစ်ပါတယ်။

    ဒီဖြစ်ရပ်ဟာ တော်လှန်ရေးမှာပါ၀င်နေတဲ့ပြည်သူ တစ်ဉီးတယောက်စီတိုင်းအပေါ်ကို ချမ်းမြမြသော် သစ္စာဖောက် တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။

    ကျနော်တို့သေချာကောင်းကောင်းသိထားဖို့လိုတာက အာဏာသိမ်းစစ်အုပ်စု နဲ့ တရား၀င်ပေါ်ပေါ် ထင်ထင် ‌ပူးပေါင်းပြီဆိုတာနဲ့ လူထုရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင် မှုနဲ့ ကြုံကြရမယ်ဆိုတာကိုပါ။

    Follow လုပ်ထားသူတွေလဲ Unfollow လုပ်ကြပါ။

    ကိုယ့်ရဲ့ ရပ်တည်ချက်ကို အကျိုးအမြတ်အတွက် အလဲ အလှယ်လုပ်သူ၊ ရောင်း၀ယ် ဖောက်ကားသူ ကို ပြည်သူတွေအနေနဲ့ ပြင်းပြင်းထန်ထန် Social Punishment လုပ်ကြရပါမယ်။

    တောင်ကိုရီးယားမှာဆိုရင် သူမက Media Power အတော် အသင့် ရှိသူ ဖြစ်တာကြောင့် သတိကြီးကြီးထားကြရမှာပါ။

    ၂၀၂၃ ကတည်းက ထွက်ပေါ်နေခဲ့တဲ့ သူမရဲ့ မကောင်းသတင်းတွေအားလုံးဟာလည်း အခုအချိန်မှာတော့ ရှင်းပြစရာမလိုအောင် ရှင်းလင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။

    အကျိုးအမြတ်အတွက်ရပ်တည်ချက် ပြောင်းလဲ တဲ့ သူတွေများလာတာက ကောင်းတဲ့အလားအလာ မဟုတ်တာကို လည်း အများကသိရှိနားလည်ဖို့လိုပါတယ်။

    ဒီလို ရပ်တည်ချက်ပြောင်းလဲသူ၊ ပြည်သူအပေါ် သစ္စာ ဖောက်မှုဟာ ပြင်းပြင်းထန်ထန် ရှုတ်ချ ရမဲ့ ဖြစ်ရပ်ဖြစ် ပြီး သက်ဆိုင်တဲ့ သူရဲ့ လုပ်ငန်းတွေ ၊မိသားစု တွေက အစ အသေးစိတ် အထိကို Boycott & Social Punishment သေချာလုပ်ကြဖို့လိုပါတယ်။

    ချမ်းမြမြသော် တစ်ယောက် အာဏာသိမ်းစစ်အုပ်စုနဲ့ပူးပေါင်းနေကြောင်း သတင်းစကားကို တောင်ကိုရီးယားဘက်က သိအောင် အသိ‌ပေးဖို့လိုပါတယ်။

    ချမ်းမြမြသော်ကို အားပေးထောက်ခံနေတဲ့ လူငယ်တွေလဲ သူတို့ရဲ့ ဆရာမ ဆိုသူဟာ သားသမီးရှိပါလျက်နဲ့ သူ့သားသမီး အရွယ် ကလေးငယ်‌တွေ မြန်မာနိုင်ငံ အတွင်းမှာ နေ့စဉ်နဲ့အမျှ ဗုံးကြဲ သတ်ဖြတ် ခံနေရတာကို ကြားသိမြင်သိပါလျက်နဲ့ ဒီလို လုပ်ရပ်ကို လုပ်ချသွားတာပါ။

    လူငယ်တွေကို Misinformation ပေးပြီး အတုယူမှားနိုင်တဲ့ သူတစ်ယောက်ဖြစ်နိုင်ကြောင်းကိုလဲ သူမကိုယ်တိုင်က သက်သေပြသွားတယ်လို့ ဆိုရင်လဲ လွန်ဖွယ်မရှိပါ။

    ပညာတတ် အောက်တန်းစား တွေဘယ်လောက်ကြောက် စရာ ကောင်းသလဲဆိုတာကိုလဲ လက်တွေ့မြင်ကြရတဲ့ ဖြစ်ရပ်လဲ ဖြစ်ပါတယ်။

    အားလုံး ချမ်းမြမြသော်ကို ပြင်းပြင်းထန်ထန် Social Punishment လုပ်ကြပါ။လုံး၀ ရပ်တည်နိုင်စွမ်း မရှိအောင် လုပ်ကြရပါမယ်။သူ့လုပ်ငန်းတွေအားလုံးကိုလည်း Boycott လုပ်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

    တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေတဲ့ ကိုယ်ချင်းစာနာစိတ်နှလုံးသားရှိသူ မြန်မာနိုင်ငံသားအားလုံးလည်း ဒီ လုပ်ဆောင်မှုမှာပါ၀င်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

    တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနွေဦးတော်လှန်ရေးအင်အားစုများ နဲ့ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများက အာဏာသိမ်းစစ်အုပ်စုက ကျင်းပဖို့စီစဉ်ထားတဲ့ ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်ရှေ့မှာ တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲကိုဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

    အဆိုပါ ဆန္ဒပြပွဲကို မတ်လ ၂၆ ရက် တောင်ကိုရီးယားစံတော်ချိန် ညနေ ၅နာရီမှ ည ၈ နာရီအချိန်ထိ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။

    ဆန္ဒပြတဲ့သူတွေဟာ အလုပ်တွေဖျက်ပြီးဆန္ဒ သွားပြခဲ့ကြရတာ ဖြစ်ပါတယ်။

    အဲဒီပွဲကို တော့ အရင်က တော်လှန်ရေးအတွက် အသံပေါင်းစုံ တောင်ကိုရီးယားမီဒီယာကနေ အသံ တောက်လျှောက်ထွက်ပေးခဲ့တဲ့ ချမ်းမြမြသော်တစ်ယောက် ရောက်ရှိနေတာကို ပွဲပြင်ပက ဆန္ဒ ပြသူတွေ တွေ့မြင်ခဲ့ကြပါတယ်။

    ဒီလိုအခြေအနေကို ဘယ်လို လုပ်သင့်တယ်ဆိုတာက အများပြည်သူဆုံးဖြတ်ရမဲ့ ကိစ္စဖြစ်ပါတယ်။

    Boycott & Social Punishment လုပ်ကြမယ်ဆိုရင် အထောက်အထား သက်‌သေ က အရမ်း အရေးကြီးပါတယ်။

    တွေ့မြင်ရတဲ့အနေအထားကို မှတ်တမ်းဓာတ်ပုံ တစ်ခုခုနဲ့သာ မှတ်တမ်း တင်နိုင်ခဲ့ရင်တော့ အများပြည်သူကို ချပြ ဖို့ အင်မတန် လွယ်သွားမှာ ဖြစ်ပါတယ်။

    Page ကတင်ထားပြီး ပြောထားတာကပုံ မှတ်တမ်း ရိုက်ထားပြီး အထောက်အထားရှိရဲ့သား နဲ့ ထုတ် မပြတဲ့ သူတွေကို ပြောထားတာ ဖြစ်ပါတယ်။

    ဆန္ဒသွားပြတဲ့သူတွေက တော့ ဆန္ဒတောင် သွားပြခဲ့သေးတာ ပုံမရိုက်ရဲစရာ မရှိပါဘူး။

    ဒါကို သေချာ နားလည်အောင်ရှင်းပြခြင်းဖြစ်ပါတယ်။

    ဒီအတိုင်းဆိုရင်တော့ တော်လှန်ပြည်သူတွေအနေနဲ့ ချမ်းမြမြသော်ကိုလဲ Social Punishment လုပ်ကြ ဖို့လိုအပ်ပါတယ်။

    လူအများစု က မြင်တာဖြစ်တဲ့အတွက် ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သူ့ဘက်က ငြင်းချက်ထုတ်လို့မရတာကိုတော့ ကောင်းကောင်းသိနိုင်မယ်လို့ယူဆပါတယ်။

    ဆန္ဒပြမှုမှာ ပါ၀င်ခဲ့ကြတဲ့သူတွေအနေနဲ့လည်း ကျနော်တို့ပြောချင်တဲ့အကြောင်းအရာကို နားလည်မယ်လို့ ယူဆပါတယ်။

    BC / SP ဟာ ငြင်းမရတဲ့ အထောက်အထား သက်‌သေ အရမ်း အရေးကြီးပါတယ်။

    အချက်အလက်မပါတဲ့ အပြောတစ်ခုတည်း နဲ့ Boycott လုပ်လို့မရတာကို သိကြပြီး ဖြစ်မှာပါ။

    တော်လှန်ရေးထဲ မျက်နှာ‌ဖုံးကွာကျလာသူတွေအများကြီး ဒီရက်တွေမှာပေါ်ထွက်လာနေပါတယ်။

    သန္ဓေမမှန်သူတွေ ပေါ်ထွက်လာတာကတော်လှန်ရေး အတွက် ပိုကောင်းတဲ့ အရွေ့ပဲ ဖြစ်လာဖို့ရှိပါတယ်။

    အရောင်ပြောင်းသူတွေကို မဖော်ထုတ်နိုင်ရင် အယောင်ဆောင် ဖောက်ပြားသူတွေနဲ့ တော်လှန်ရေးဟာ ပိုပြီးတော့ အခက်အခဲ ကြုံနိုင်မှာ ဖြစ်လို့ပါ။

  • စက်သုံးဆီတန်းစီရင်း မူးလဲ၊ သေဆုံးမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပေါ်

    စက်သုံးဆီတန်းစီရင်း မူးလဲ၊ သေဆုံးမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပေါ်

    မြန်မာနိုင်ငံတဝန်းတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီအကြပ်အတည်းကြောင့် ဆီဆိုင်ကြီးများတွင် တန်းစီဝယ်ယူကြသူများ အပူဒဏ်ကြောင့် မူးလဲခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်သည်မှာ လေးကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

    စစ်ကော်မရှင်က စက်သုံးဆီဝယ်ယူနိုင်ခွင့်ကို စုံ၊ မ ရက်ခွဲခြင်း၊ QR ကုတ်ဖြင့်သာ ဝယ်ယူခွင့် ပေးခြင်းအပြင် ယာဥ်အင်ဂျင်ပါဝါအလိုက် ဝယ်ယူနိုင်မည့် ဆီပမာဏကို ကန့်သတ်ထားပြီး အများဆုံး တပတ်လျှင် နှစ်ကြိမ်သာ ဝယ်ယူခွင့် သတ်မှတ်ထားသည်။

    နိုင်ငံတဝန်းရှိ စက်သုံးဆီဆိုင်များတွင် လူကြီး၊ လူငယ်မရွေး ယာဉ်အစီးရေ ရာနှင့်ချီသည် စက်သုံးဆီ ရရှိရေး နေ့စဉ်တန်းစီနေကြပြီး နွေရာသီအပူဒဏ်ကို အမိုးအကာမဲ့ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

    “လူကြီးတွေ မပြောနဲ့ ကျွန်တော်တို့ လူငယ်တွေတောင်မခံနိုင်ဘူးဗျ။ ဆိုင်ကယ်နဲ့လူတွေဆို ပိုခံရတာပေါ့။ ပြီးတော့ဗျာ နာရီနဲ့ချီ တန်းစီပြီး ရရင်ကျ အကန့်အသတ်နဲ့၊ တော်တော်ဆိုးဆိုးပဲ” ဟု လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

    မတ်လ ၂၇ ရက် နံနက် ၁၀ နာရီဝန်းကျင် အချိန်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ စက်သုံးဆီရရှိရေး ဆိုင်ကယ်ဖြင့် တန်းစီနေသည့် အသက် ၇၀ အရွယ် အဖိုးအိုတဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတဦး သတိမေ့၊ မူးလဲသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

    မတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင်လည်း ရန်ကုန်တိုင်း ၊ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်၌ အငှားယာဉ်မောင်းနေသည့် မြန်မာသံအဆိုတော် ပက်ထရစ်တင်ထွန်း ဆိုသူသည် စက်သုံးဆီ ရရှိရေး တန်းစီရင်း ၎င်း၏ အငှားယာဉ်ပေါ်၌ပင် သေဆုံးမှုဖြစ်ပေါ်ခဲ့သည်။

    မတ်လ ၂၅ ရက် မွန်းလွဲပိုင်းတွင်လည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ ဆီတန်းစီဝယ်ယူပြီး အိမ်ပြန်လာသည့် အသက် ၆၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း သိရသည်။

    အလားတူ မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ် ၊ မုဒွန်းရွာတွင် မတ်လ ၂၃ ရက်၌ စက်သုံးဆီရရှိရေးအတွက် မနက်ခင်းကပင် ညနေအထိ တန်းစီပြီးနောက် အိမ်ပြန်လာသည့် အသက် ၄၀ ကျော်အရွယ် တက်ဆီယာဉ်မောင်း သက်လတ်ပိုင်းအမျိုးသားတဦး သွေးပေါင်ထိုးကျကာ ခေါင်းကိုက်ဝေဒနာခံစားရပြီးနောက် သေဆုံးခဲ့သည်။

    “ဆီတွေကလေ မနက် ၅ နာရီက တန်းစီတာ ညနေ ၅ နာရီထိုးမှရတယ်။ ဆီတန်းစီရင်း မူးလဲကြတာ သုံးလေးယောက်ရှိတယ် ။ ဒီနေ့လေ ပူလိုက်တာ သေမတတ်ပဲ ”ဟု မရမ်းကုန်းမြို့နယ်နေသူ တဦးက ယနေ့ ညနေပိုင်းတွင် ပြောသည်။

    ထို့အပြင် ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးတို့တွင်လည်း နေ့အပူဒဏ်ကြောင့် ဆီတန်းစီရင်း မူးဝေသူများ ရှိကြောင်း သိရသည်။

    မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ နေ့လယ်ပိုင်း အပူချိန်များမှာ နေပြည်တော် နှင့် ရန်ကုန် တွင် ၁၀၀ ဒီဂရီ ဖာရင်ဟိုက် ၊ မန္တလေးမြို့ တွင် ၁၀၂ ဒီဂရီ ဖာရင်ဟိုက်တို့ ဖြစ်သည်။

    ယနေ့မှ လာမည့် ဧပြီလ ၂ ရက် အထိ မိုးလေဝသ ခန့်မှန်းချက်များမှာ – နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး ၊ မကွေး ၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ ၊ တနင်္သာရီ၊ ကရင်နှင့် မွန်တို့တွင် ၉၃ ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင်၊ ကယား၊ ရခိုင်၊ ရှမ်း မြောက်ပိုင်းနှင့် ရှမ်း အရှေ့ပိုင်းတွင် ၈၂ ဒီဂရီ ဖာရင်ဟိုက်မှ ၉၂ ဒီဂရီ ဖာရင်ဟိုက်အထိ ၊ ချင်းနှင့် ရှမ်းတောင်ပိုင်းတွင် ၇၁ ဒီဂရီ ဖာရင်ဟိုက်မှ ၈၁ ဒီဂရီ ဖာရင်ဟိုက်အထိ ခန့်မှန်းထားသည်။

    စက်သုံးဆီတန်းစီသူများအနေဖြင့် နေပူရှိန်ပြင်းလွန်း၍ လေဝင်လေထွက်ကောင်းသည့် အဝတ်များ ဝတ်ဆင်သင့်ကြောင်း၊ တတ်နိုင်သမျှ အရိပ်များတွင် နားခိုသင့်ကြောင်း၊ ရေများများသောက်သင့်ကြောင်း၊ ဓာတ်ဆားရည် မကြာခဏ သောက်ပေးသင့်ကြောင်းနှင့် နေပူလွန်းချိန်၌ အိမ်၌ပင် နားနေသင့်ကြောင်း၊ ညနေစောင်းများ၊ နံနက်အစောပိုင်းများတွင်သာ စက်သုံးဆီတန်းစီသင့်ကြောင်း CDM ဆရာဝန်တဦးက သတိပေးပြောကြားသည်။

    စစ်ကော်မရှင်တပ်က စက်သုံးဆီဝယ်ယူခွင့်ကို ကန့်သတ်ရုံသာမက စက်သုံးဆီစျေးနှုန်းကိုလည်း လေးပတ်ဆက်တိုက် မြှင့်တင်လျက်ရှိရာ ယနေ့ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများမှာ ဓာတ်ဆီ 92 တလီတာလျှင် ၄,၄၅၀ ကျပ်၊ ဓာတ်ဆီ 95 တလီတာလျှင် ၄,၉၇၅ကျပ်၊ ဒီဇယ် တလီတာ ၅,၄၅၀ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာလျှင် ၆,၀၈၅ ကျပ် အထိ မြင့်တက်လာခဲ့သည်။

    မှောင်ခိုဆီစျေးကွက်များလည်း ဒေသအလိုက် ပေါ်ပေါက်လျက်ရှိပြီး ပျမ်းမျှအားဖြင့် ဓာတ်ဆီ တလီတာလျှင် ကျပ်ငွေ ၁၀,၀၀၀ အထက်၊ ဒီဇယ် တလီတာလျှင် ၁၅,၀၀၀ ကျပ်အထက် အနည်းဆုံး ပေါက်စျေးရှိနေသည်။

  • လင်းခန့်မောင် သေဆုံးသွားခဲ့ရတဲ့ အကြောင်းရင်းအမှန်ကို ဖွင့်ဟပြောလာတဲ့ အစ်မဖြစ်သူ

    လင်းခန့်မောင် သေဆုံးသွားခဲ့ရတဲ့ အကြောင်းရင်းအမှန်ကို ဖွင့်ဟပြောလာတဲ့ အစ်မဖြစ်သူ

    မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က မီးလောင်မှုမှာ သူမမောင်လေး လင်းခန့်မောင် သေဆုံးသွားခဲ့ရတဲ့ အကြောင်းရင်းအမှန်ကို ဖွင့်ဟပြောလာတဲ့ အစ်မဖြစ်သူ

    မတ်လ ၂၆ ရက်နေ့မနက်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှမ်းဝိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီး ရင်းနှီးသူတွေ အနီးအနားကသူတွေက သူတို့သိထားကြားထားတဲ့ အကြောင်းအရာတချို့ကို ပြောခဲ့ကြတာတွေ့ရပါတယ်။

    ဒါပေမယ့် ဒီနေ့မှာတော့ သေဆုံးသွားသူ မောင်လင်းခန့်မောင်ရဲ့ အဲဒီနေ့က အကြောင်းအရင်း အဖြစ်မှန်ကို ထုတ်ဖော်ပြောပြလာခဲ့တာပါ။

    သူမက ” သူမမောင်လေးမွေးနေ့လည်း မဟုတ်သလို သူမမောင်လေးက အိပ်နေတာလည်း မဟုတ်ကြောင်း၊

    အမေဖြစ်သူက သောကြာနေ့တိုင်း အလှူလုပ်နေကျမို့ ဆီလှူဖို့လုပ်နေတာသာဖြစ်ပြီး ဆီသိုလှောင်ထားတာလည်း မဟုတ်ကြောင်း

    မောင်လင်းခန့်မောင်က အမေဖြစ်သူကို ခေါင်မိုးအထိ တွန်းတင်ပြီး ကယ်တယ်ဆိုတာလည်း မဟုတ်ကြောင်း

    သူမရဲ့မောင်လေး လင်းခန့်မောင်က ကြောက်တတ်လို့ အပေါ်တက်ပြေးရင်း နဲ့ လွတ်လမ်းမရှိ ဖြစ်သွားတာသာ ဖြစ်ကြောင်း” ပြောလာခဲ့တာဖြစ်ပါတယ်။

    မောင်လင်းခန့်မောင် ၁၆ နှစ်ရဲ့ နာရေးကိုတော့ ဒီကနေ့ မတ်လ ၂၇ရက် နေ့လယ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    27-3-2026 တောင်အင်းမြောက်အင်းသို့ မီးသဂြိုလ်ခဲ့ပါပြီ

    လူတွေစည်လိုက်တာမောင်လေးရယ် ထင်မထားဘူး

    ငါ့မောင်လေးက လူချစ်လူခင်ပေါရှာတာနေမှာ

    သနားလိုက်တာ စောလွန်းတယ်နော်

    မိစုံဖစုံရှိရက်နဲ့လိုက်မပို့နိုင်ခဲ့ကြဘူး

    မမတို့ကိုစိတ်ချနော်

    စိတ်ချလက်ချသွား

    ကောင်းရာဘုံဘဝရောက်မှာ မမသိတယ်နော် သိလား

    အဖေနဲ့အမေကိုမမတို့ကျန်တဲ့အကြီး၃ယောက် စောင့်ရှောက်မယ်

    ကလေးလေး စိတ်ချလက်ချစိတ်ဖြောင့်”နဲ့သွားနော်

    Khin Me Me Zaw

  • အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စပိန်အမျိုးသမီး ဆန္ဒအလျောက် ဆေးထိုး အဆုံးစီရင်

    အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စပိန်အမျိုးသမီး ဆန္ဒအလျောက် ဆေးထိုး အဆုံးစီရင်

    😢 အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စပိန်အမျိုးသမီး ဆန္ဒအလျောက် ဆေးထိုး အဆုံးစီရင်ပြီး ကွယ်လွန်

    စပိန်နိုင်ငံမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားရာကနေ အောက်ပိုင်း သေသွားခဲ့တဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ နောက်ဆုံးမှာ ဥပဒေအရ ခွင့်ပြုချက်နဲ့ ဆေးထိုး အဆုံးစီရင်ပြီး (Euthanasia) ကွယ်လွန်သွားခဲ့ပါတယ်။

    ဘာစီလိုနာမြို့မှ Noelia Castillo ဟာ ကြာသပတေးနေ့ (မတ်လ ၂၆ ရက်) က Sant Pere de Ribes အရပ်ရှိကျန်းမာရေးဌာနတစ်ခုမှာ သူမရဲ့ ဆန္ဒအလျောက် ဆေးထိုးပြီး အဆုံးစီရင်ခံခဲ့တာ ဖြစ်ပါတယ်။

    သူမဟာ နောက်ဆုံးညနေခင်းကို မိသားစုဝင်တွေနဲ့အတူ ကုန်ဆုံးခဲ့ပြီးမှ ဒီလုပ်ငန်းစဉ်ကို တစ်ဦးတည်း ရင်ဆိုင်သွားခဲ့ပါတယ်။ မူလက ညနေ (၆) နာရီမှာ စတင်ဖို့ စီစဉ်ထားပေမဲ့ သူမက ချစ်ခင်ရသူတွေနဲ့ အချိန်နည်းနည်းလောက် ပိုနေချင်သေးတယ်လို့ တောင်းဆိုခဲ့ပါတယ်။

    ယခု သီတင်းပတ်အစောပိုင်း အင်တာဗျူးတစ်ခုမှာ Noelia က “ကျွန်မ လှလှပပလေးနဲ့ပဲ သေချင်တယ်။ အမြဲတမ်းလည်း အဲဒီလိုပဲ တွေးခဲ့တာ။ ကျွန်မရဲ့ အလှဆုံးဝတ်စုံကို ဝတ်မယ်၊ မိတ်ကပ်လေး လိမ်းမယ်၊ ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်မှာပါ” လို့ ဖွင့်ဟပြောခဲ့ပါတယ်။

    သူမရဲ့ဖခင်ဖြစ်သူ Geronimo Castillo က သမီးဖြစ်သူရဲ့ ဒီတောင်းဆိုမှုကို တားဆီးဖို့အတွက် Christian Lawyers လို့ခေါ်တဲ့ ခရစ်ယာန်ရှေ့နေများအဖွဲ့နဲ့ ပူးပေါင်းပြီး တရားရုံးမှာ နှစ်နဲ့ချီကြာ အရေးဆိုခဲ့ပါတယ်။

    သူမ ကွယ်လွန်သွားတဲ့အကြောင်းကို ဒီအဖွဲ့က ထုတ်ပြန်ရာမှာ သူမရဲ့ မိဘတွေဟာ နှလုံးသားတစ်ခုလုံး ကြေကွဲနေရပြီလို့ ဆိုပါတယ်။

    ရှေ့နေဖြစ်သူက “ဒီစနစ်က ဒီမိန်းကလေးကို မကယ်တင်နိုင်ခဲ့ဘူး။ နောက်နောင် Noelia လို ဖြစ်ရပ်မျိုးတွေ ထပ်မရှိအောင် ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

    Noelia ရဲ့ ဘဝဟာ ငယ်စဉ်ကတည်းက ခက်ခဲခဲ့ရှာပါတယ်။ မိဘတွေ ကွာရှင်းပြီးနောက်ပိုင်း အသက် (၁၃) နှစ်အရွယ်ကတည်းက စိတ်ကျန်းမာရေး ကုသမှု ခံယူခဲ့ရပါတယ်။

    နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၂) ကြိမ်အထိ ကြုံခဲ့ရပြီး နောက်ဆုံးအကြိမ်က နိုက်ကလပ်တစ်ခုမှာ ယောက်ျားလေး (၃) ဦးရဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒီစိတ်ဒဏ်ရာတွေကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ သူမဟာ (၅) ထပ်တိုက်ပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မသေဘဲ ခါးရိုးအာရုံကြော ပြင်းထန်စွာ ထိခိုက်ပြီး အောက်ပိုင်း‌ သေသွားခဲ့ရပါတယ်။

    ထိုနောက်ပိုင်း ခြေထောက်နဲ့ ကျောရိုးမှာ ပြင်းထန်တဲ့ နာကျင်မှုတွေကို နေ့စဉ်ခံစားရပြီး အိပ်ဖို့ပင် ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

    “နောက်ဆုံးတော့ ကျွန်မ လုပ်နိုင်ခဲ့ပြီ။ ကျွန်မဘဝမှာ မိသားစုကိစ္စတွေ၊ ခံစားနေရတဲ့ ဝေဒနာတွေနဲ့ ကျွန်မကို ညှဉ်းပန်းနှိပ်စက်နေတဲ့ အတိတ်က စိတ်ဒဏ်ရာတွေကနေ နားခွင့်ရတော့မယ်။ ကျွန်မဟာ ဘယ်သူ့အတွက်မှ စံပြပုဂ္ဂိုလ် မဖြစ်ချင်ဘူး။ ဒါက ကျွန်မဘဝပဲ” လို့ Noelia က ပြောခဲ့ပါတယ်။

    စပိန်အစိုးရက သူမရဲ့ အဆုံးစီရင်ခွင့် တောင်းဆိုမှုကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ခွင့်ပြုခဲ့ပေမဲ့ ဖခင်ဖြစ်သူက တရားရုံးမှာ ကန့်ကွက်နေခဲ့တာကြောင့် (၂) နှစ်ခန့် ကြန့်ကြာခဲ့ရပါတယ်။

    ဖခင်ဖြစ်သူက ဥရောပ လူ့အခွင့်အရေးတရားရုံးကို နောက်ဆုံးအဆင့် အယူခံဝင်‌ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။

    စပိန်ဥပဒေအရ ကုသမရတဲ့ ပြင်းထန် ရောဂါဝေဒနာ ခံစားနေရသူတွေဟာ မိမိဆန္ဒအလျောက် အဆုံးစီရင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူကတော့ သမီးဖြစ်သူမှာ စိတ်ဝေဒနာရှိနေတာကြောင့် ဒီလိုဆုံးဖြတ်ချက်မျိုးကို မှန်ကန်စွာ မချနိုင်ဘူးလို့ တရားရုံးကို တင်ပြခဲ့ပါတယ်။

    Noelia က သူမရဲ့ နောက်ဆုံးအင်တာဗျူးမှာ “ကျွန်မ အခုပဲ သွားချင်ပြီ။ ခံစားနေရတာတွေ ရပ်တန့်ချင်ပြီ။ ကျွန်မ မိသားစုထဲမှာ ဘယ်သူမှ ဒါကို သဘောမတူကြဘူး။ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ဘယ်သူသိမှာလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

    သူမရဲ့ မိခင်က သမီးဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူပေမဲ့ သမီး မျက်စိပိတ်သွားမယ့် နောက်ဆုံးအချိန်အထိ ဘေးမှာ ရှိနေပေးခဲ့ပါတယ်။

    “သူမကို မသေစေချင်ဘူး။ ရှင်သန်စေချင်တယ်။ ဒါပေမဲ့ သူမနဲ့အတူ ရှိနေပေးမှာပါ” လို့ မိခင်ဖြစ်သူက မျက်ရည်ကျရင်း ပြောခဲ့ပါတယ်။

    Noelia ဟာ သူမရဲ့ဘဝကို အမှောင်ထုကြီးလိုပဲ မြင်ခဲ့ရပြီး ဘယ်သူကမှ သူမအပေါ် စာနာနားလည်ပေးတာမျိုး မခံစားခဲ့ရဘူးလို့လည်း ရင်ဖွင့်သွားခဲ့ပါတယ်။

    လက်ရှိမှာ ခရစ်ယာန်ရှေ့နေများအဖွဲ့က ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး စပိန်နိုင်ငံရဲ့ အဆုံးစီရင်ခြင်းဆိုင်ရာ ဥပဒေတွေကို ပယ်ဖျက်ဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ တောင်းဆိုနေပါတယ်။