Category: News

  • အကြမ်းဖက်စစ်အုပ်စုအတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်မည်ဟု ဒုစစ်ခေါင်းဆောင်စိုးဝင်းပြော

    အကြမ်းဖက်စစ်အုပ်စုအတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်မည်ဟု ဒုစစ်ခေါင်းဆောင်စိုးဝင်းပြော

    စစ်တပ်တွင် မည်သူခေါင်းဆောင်မည်ဖြစ်စေ စစ်တပ်လမ်းစဉ်အတိုင်း သွားမည်ဟု ဒုစစ်ခေါင်းဆောင်ပြော

    ၈၁ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားပြုလုပ်ပြီးနောက်ပိုင်းတွင် စစ်တပ်အတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပေါ်လာပြီး စစ်တပ်လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လမ်းသွားမည်ဟု ဒုဗိုလ်ချုပ်ကြီးစိုးဝင်းက ပြောဆိုခဲ့ကြောင်း သိရသည်။

    နေပြည်တော် ဘုရင့်နောင်ရိပ်သာတွင် ယနေ့ မတ် ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်တပ်အငြိမ်းစားအရာရှိများကို စစ်တပ်မိသားစုများမှ သွားရောက်ကန်တော့သည့် အခမ်းအနားတွင် ဒုစစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

    တပ်မတော်နေ့ အခမ်းအနားပြီးဆုံးသည့်နောက်ပိုင်းတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ဖြစ်ပေါ် လာမည်ဖြစ်ပြီး မည်သူဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနှင့်တပ်မတော်၏ခေါင်းဆောင်အစဉ်အဆက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ လမ်းညွှန်ချက်များအတိုင်း စစ်ပညာရပ်အတိုင်း ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းကြရမှာ ဖြစ်သည်ဟု ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

    ထို့အပြင် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဆက်လက်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ ၏ မူဝါဒနှင့်အညီ လက်တွဲညီညီ ဆက်လက်ဆောင် ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

    ခေတ်အဆက်ဆက် စစ်တပ်မှခေါင်းဆောင်အဆင့်ဆင့် လက်ဆင့်ကမ်း သွန်သင်ဆုံးမမှုများ‌ကြောင့် နိုင်ငံကို ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ပြီး ကောင်းမွန်သည့် လမ်းညွှန်ဆုံးမမှုများ ပြုလုပ်ပေးကြရန် တပ်မိသားစုဝင်များကိုယ်စား တောင်းဆိုခဲ့သည်။

    အကြမ်းဖက်စစ်အုပ်စုအတွင်း မတ် ၂၇ ရက် တပ်မတော်နေ့ နောက်ပိုင်း ခေါင်းဆောင်ပိုင်းအပြောင်း အလဲဖြစ်မည်ဟုဒုတိယ စစ်ခေါင်းဆောင်ဖြစ်သူ စိုးဝင်းပြောကြားသည်။

    မတ် ၂၆ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် ကျင်းပသည့် စစ်အုပ်စုတွင်တာဝန်ထမ်းဆောင်ခဲ့ကြသောအငြိမ်းစား အရာရှိကြီးများ (ကြည်း၊ရေ၊လေ) မိသားစုဂါရဝပြုကန်တော့သည့် အခမ်းအနားတွင် စစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်းပြည်အတွင်းအခြေစိုက် One News သတင်းဌာကသတင်းဖော်ပြသည်။

    မကြာမီ ရက်ပိုင်းအတွင်း သမ္မတ နှင့် ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ကာဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာတော့မည်ဖြစ်ပြီးဒီမိုကရေစီအစိုးရသစ်ကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်သွားမည်ဟု၎င်းကပြောကြားခဲ့ကြောင်းသိရသည်။

    လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်မတ်လ ၂၇ရက်နေ့ တပ်မတော်နေ့အခမ်းအနားကိုတက်ရောက်ပြီး စစ်ခေါင်းဆောင် ဘဝ၏နောက်ဆုံးမိန့်ခွန်းပြောမည်ဟု သတင်းများထွက်ပေါ်နေသည်။

    ထို့နောက် နိုင်ငံတော်သမ္စတရာထူးကို ပြန်လည်ရယူပြီး တပ်ချုပ်အသစ်အဖြစ်လက်ရှိ ဒုတပ်ချုပ် စိုးဝင်း၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ တဦးဦးဖြစ်နိုင်ကြောင်းသုံးသပ်ခန့်မှန်းချက်များရှိနေသည်။

  • စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ချက်များ မနက်ဖြန်မှ စတင်မည်

    စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ချက်များ မနက်ဖြန်မှ စတင်မည်

    စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ချက်များ မနက်ဖြန်မှ စတင်မည်

    သင့်ကား မည်သည့်စာရင်းတွင် ပါဝင်နေလဲစစ်ဆေးသွား

    ယာဉ်အမျိုးအစား,အင်ဂျင်စွမ်းအား,တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသော ပမာဏ

    ဆိုင်ကယ်,-,၈ လီတာ

    သုံးဘီး,-,၂၅ လီတာ

    ထော်လာဂျီ,-,၃၀ လီတာ

    အိမ်စီးမော်တော်ယာဉ် (Saloon, Station Wagon, Jeep)”,

    ၂၀၀၀ စီစီ အထိ,၃၅ လီတာ,

    ၂၀၀၀ စီစီ မှ ၃၀၀၀ စီစီ အထိ,၄၀ လီတာ,

    ၃၀၀၀ စီစီ အထက်,၄၅ လီတာ

    Taxi,၂၀၀၀ စီစီ အထိ,၉၀ လီတာ

    ,၂၀၀၀ စီစီ မှ ၃၀၀၀ စီစီ အထိ,၁၀၀ လီတာ

    ,၃၀၀၀ စီစီ အထက်,၁၁၀ လီတာ

    ကုန်တင်ဝန်ဆောင် (Light Duty),

    ၂၀၀၀ စီစီ အထိ,၉၀ လီတာ

    ,၂၀၀၀ စီစီ အထက်,၁၁၀ လီတာ

    ကုန်တင်ဝန်ဆောင် (Heavy Duty),

    ၆၀၀၀ စီစီ အထိ,၁၂၀ လီတာ

    ,၆၀၀၀ စီစီ အထက်,၅၀ လီတာ

    Tractor Head,၈၀၀၀ စီစီ အထိ,၂၀၀ လီတာ,

    ၈၀၀၀ စီစီ အထက်,၂၅၀ လီတာ

    Dump Truck,၆၀၀၀ စီစီ အထိ,၁၂၀ လီတာ,

    ၆၀၀၀ စီစီ မှ ၈၀၀၀ စီစီ အထိ,၁၅၀ လီတာ,

    ၈၀၀၀ စီစီ အထက်,၂၅၀ လီတာ

    ခရီးသည်တင် Bus,၂၀၀၀ စီစီ အထိ,၇၀ လီတာ,

    ၂၀၀၀ စီစီ မှ ၃၀၀၀ စီစီ အထိ,၉၀ လီတာ

    ,၃၀၀၀ စီစီ နှင့် အထက်, ၁၁၀ လီတာ

    လူမှုကူညီရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ် နှင့် ရေပတ်ဖျန်းယာဉ် စသည့် ယာဉ်များကို Quota သတ်မှတ်ခြင်းမရှိဘဲ လိုအပ်သည့်ပမာဏအတိုင်း ရောင်းချပေးသွားမည် ဖြစ်သည်။

    အရေးကြီးသည့် အချက်အလက်များ

    Quota ကုန်ဆုံးသွားပါက နောက်ထပ်ဝယ်ယူခွင့် ရရှိမည်မဟုတ်ပါ။

    သတ်မှတ်ပေးထားသည့် Quota ကို တစ်ပတ်အတွင်း အပြီးအပြတ် ဝယ်ယူရပါမည်။

    ခရီးဝေးသွားရောက်မည့် ယာဉ်များအနေဖြင့် မူလဝယ်ယူထားသည့် ဆီငွေရှင်းပြေစာကို ပြသ၍ အခြားမြို့ကြီးများရှိ ဆီဆိုင်များတွင် Scan ဖတ်ပြီး ထပ်မံဝယ်ယူနိုင်ပါသည်။

    ယခုစနစ်သစ်သည် စက်သုံးဆီများအားလုံးကို စနစ်တကျ ခွဲဝေရောင်းချပေးနိုင်ရန်နှင့် မသမာသောနည်းလမ်းများဖြင့် ဝယ်ယူမှုများကို တားဆီးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

  • အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်

    အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်

    သံတမန်ရေး မအောင်မြင်ပါက အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်။

    Final Blow ဟု အမည်ပေးထားပြီး အဆမတန် ဗုံးကြဲမှုများနှင့်အတူ မရိမ်း တပ်သား ၁၂၀၀၀ ပါဝင်မည်။

    အီရန်မှ အမြဲတမ်း စစ်သည် ၂ သိန်းခွဲနှင့် အရန်တပ်သား ၂ သန်းကို အသင့်ပြင်ထား။

    အီရန်ပြည်မကြီးကို ဝင်တိုက်ဖို့ထက် Kharg ကျွန်းကို သိမ်းပိုက်ပြီး ဟော်မုခ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ အမေရိကန်က ရည်ရွယ်ထားပါတယ်။

    လွှတ်တော်ကတော့ အမေရိကန်စစ်သားတွေ လွှတ်လိုက် တာဟာ သတ်ကွင်းထဲ ပစ်ထည့်လိုက်သလိုပဲဆိုပြီး ကန့် ကွက်နေကြပါတယ်။

    အီရန်ဟာ အမေရိကန်နဲ့ မြေပြင်တိုက်ပွဲအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့တာပါ။

    “FINAL BLOW” တဲ့

    နောက်ဆုံး ကန်ချက် ပဲ

    အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် က ပြင်ဆင်ထားပြီ

    ကမ္ဘာ့သမိုင်းမှာ အကြီးဆုံး ဗုံးကြဲမှုကြီးတွေ “Massive bombing”လာလိမ့်မယ်

    အမေရိကန် မရိန်း တပ်သားတွေ ပါ အီရန် ရဲ့ ခါ့ဂ် ကျွန်းကို တက်သိမ်းဖို့ ပြင်ထားတယ်

    ဆီ တစက်မှ မကျန်အောင် ပြတ်နိုင်တယ်

    ကုန်စျေးနှုန်း တွေ တဟုန်ထိုး ထောင်တက်မယ်

    စားသောက်ကုန် ဆေးဝါး အကုန်ပြတ်မယ့် အရေး ဖြစ်လာနိုင်ပြီ

    ဒီရက်က စ လို့ Doomed Days ကံဆိုးမိုးမှောင်ကျမယ့် ရက် တွေ လာပြီ

  • စက်သုံးဆီမှောင်ခိုလောကထဲက⛽ တက္ကစီဆရာတဦးရဲ့🚕 ဖွင့်ဟဝန်ခံချက်

    စက်သုံးဆီမှောင်ခိုလောကထဲက⛽ တက္ကစီဆရာတဦးရဲ့🚕 ဖွင့်ဟဝန်ခံချက်

    ကျနော့်နာမည်က ဇော်ကြီး၊ အသက် ၃၅ နှစ်၊ ပညာအရည်အချင်းက ဆယ်တန်းပဲ၊

    အလုပ်အကိုင်က တက်စီဆွဲတာ၊ မိန်းမနဲ့ ကလေး နှစ်ယောက် ရှိတယ်။ ရန်ကုန် ဝန်းကျင်ပဲ ဆွဲတာပေါ့ဗျာ။

    ကားကတော့ ၁၃ နှစ်လောက်ကတည်းက မောင်းတတ်တာ၊ ဦးလေးတွေ လိုင်းကားထောင်လို့ တောက်တိုမယ်ရ ဝင်လုပ်ရင်းနဲ့ မောင်းတတ်သွားတာပေါ့။

    တက်စီတွေ ဆီတန်းစီပြီး မှောင်ခိုပြန်ရောင်းတဲ့ ကိစ္စလား၊ အဲဒါ ညီကိုတို့ မီဒီယာတွေ မဖွခင် အစောကတည်းက လုပ်နေကြတာ၊ အမှန်တော့ ဆီက ထင်သလောက် မပြတ်သေးဘူး။

    လိုင်းပေါ်က ဟိုသတင်း ဒီသတင်းတွေနဲ့ ဆရာကြီး အထာ ဖွနေတဲ့သူတွေကြောင့် မှောင်ခိုသမားတွေက လုပ်စားသွားတာ။

    အခုဆို တနေ့လုံး တက်စီဆွဲစရာ မလိုတော့ဘူးလေ။

    ဘော်ဒါချိတ်နဲ့ ဆီကားတစီးကို အုံနာကြေး တရက် နှစ်သောင်းပေးပြီး ယူလိုက်တယ်။

    မနက် ၅ နာရီလောက်ကတည်းက ချိတ်ထားတဲ့ ဆီဆိုင်မှာ တန်းစီတယ်။

    တက်စီဆိုတော့ စုံ/မ လည်း အုန်းစားစရာ မလိုဘူး၊ QR နဲ့လည်း အပူရှာစရာ မလိုဘူး။ ဆီဆိုင်မှာ ချိတ်ရှိဖို့ပဲ လိုတယ်။

    ဆိုင်မှာ ရောင်းဈေးက တလီတာကို ၄၀၀၀ ပဲထား၊ ၅၀၀၀၀ ဖိုးဆို ၁၂ လီတာဝန်းကျင်ရတယ်။ ပြန်ကောက်တဲ့သူက တလီတာကို ၁၂၀၀၀ နဲ့ ကောက်တယ်။

    အဲဒီတော့ ဆီတခါတန်းပြီးသွားရင် အရင်းဘာညာနှုတ် စားပြီးသောက်ပြီး ၇၀၀၀၀ ကျန်တယ်။

    တနေ့ ၃ ခေါက်ပဲ တန်းဦး ၂ သိန်းကျော် ကျန်တယ်။ ဘာလို့ အပင်ပန်းခံပြီး တက်စီဆွဲနေတော့မှာလဲ။

    ဆီက ဝယ်မယ့်သူ မရှိမှာ မပူနဲ့။ ကျုပ်တို့ မြန်မာလူမျိုးက ပိုက်ဆံရှိရင် မန္တလေးက သံပုရာသီးသုပ်ကို မြိတ်ကနေ လေယာဉ်နဲ့ မှာစားတဲ့အမျိုး၊ ဆီတန်းမစီချင်တဲ့ သူဌေးတွေ အများကြီးပဲ။

    သူတို့မှာ အပေါဆုံးက ပိုက်ဆံ၊ ကိုယ်တွေမှာ အရှားဆုံးက ပိုက်ဆံ၊ အဲဒီတော့ လိုအပ်တဲ့ အရာတွေကို လိုချင်တဲ့သူတွေ အချင်းချင်း သဘောတူညီစွာ လဲလှယ်တာကို ခင်ဗျားတို့က မှောင်ခိုဆိုပြီး နာမည်ဆိုး တပ်နေကြတာလေ။

    ဆီတန်းစီပြီးတာနဲ့ ပြန်ထုတ်ဖို့ကလည်း လွယ်သလား မမေးနဲ့၊ အညိုရောင်သမ်းသွားတဲ့ ဗိုလ်တထောင်ကမ်းနားမှာ ပြန်ကောက်တဲ့သူတွေ တောက်လျှောက် ရှိတယ်။

    အဲဒီအထိ မသွားချင်လည်း မပူနဲ့ ဆီဆိုင် အကျော်မှာတင် ပြန်ကောက်မယ့်သူတွေက အဆင်သင့်။

    အရင်ခေတ်ကလို ပုံးလေးထောင်ထားတဲ့ ဆိုင်တွေမှာ သွားရောင်းစရာ မလိုဘူး။ ခေတ်က အဆင့်မြင့်သွားတော့ ဆီကောက်တဲ့သူတွေက ဗိုင်ပါ ဂရုထောင်ထားတယ်။ အဲ့ဂရုထဲ ပေါက်ဈေးက ထွက်ပြီးသား။

    ကိုယ်က ရောင်းချင်ရင် အက်ဒမင်ကို တိုက်ရိုက် မက်ဆေ့ပို့ရုံပဲ ဆီယူမယ့်နေရာနဲ့ ဘယ်လိုငွေလွှဲမလဲ သူပြန်ပြောလိမ့်မယ်။

    ဂရုတခုထဲနဲ့တော့ ဘယ်ရမလဲဗျ။ နှစ်ခု သုံးခု ဝင်ထားရတာပေါ့။ ဈေးပိုများတဲ့သူဆီ ပြန်ရောင်းတာပေါ့။

    ဒီခေတ်မှာ အဓိကကျတာက ချိတ်ပဲ။ အားလုံးကို ချိတ်တွေနဲ့ ချိတ်ဆက်ထားတာ။

    အခုလို ချိတ်တွေရှိတော့ နေပူကြီးထဲမှာ ဘာလို့ တနေကုန် တက်စီဆွဲနေမှာလဲ။

    အိမ်ပြန်ရင် ဆီရောင်းလို့ ရတဲ့ထဲက တသိန်းခွဲလောက် မိန်းမကို ပေးလိုက်တာနဲ့ အိုကေ စိုပြေနေပြီလေ။

    အရင်ကဆို တနေ့ သုံး လေးသောင်း ရရင်တောင် ကံကောင်း၊ ခုတော့ မိန်းမကို ပေးပြီး ပိုတဲ့ ပိုက်ဆံနဲ့ ညနေစောင်းရင် အက်ဒမန်ဘူးရှည် ၂ ဘူးနဲ့ ဂရန်းမဲ စိတ်ပြားလေးရော၊ ကြက်ကင်လေးနဲ့ ဆက်ရက်မင်း စည်းစိမ်ခံစားနိုင်ပြီလေ။

    လောကမှာ အရေးကြီးဆုံးက ငွေပဲ ညီကို၊ ငွေရှိရင် ဘာမဆို လုပ်လို့ ရတယ်။

    ဆီဆိုင်တွေမှာ တန်းစီ ထုတ်မရတော့ရင်လည်း စိတ်မပူဘူး။

    ဆီတွေ စိတ်ကြိုက်ဝယ်လို့ ရတဲ့ အစိုးရဌာနတွေကနေ မှောင်ခိုလာရောင်းဦးမှာလေ၊ သူတို့ဆီကနေ ကောက်ပြီး တကယ်လိုအပ်ပေမယ့် ဝယ်လို့ မရတဲ့သူတွေဆီကို ပြန်ရောင်းမယ်။ အဓိက ချိတ်ရှိဖို့ပဲ လိုတယ်။

    ဒါကြောင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး ဖြစ်ချင်တာဖြစ်၊ ဖြတ်ကနဲ ပေါ်လာတဲ့ အခွင့်အရေးကို ဆတ်ကနဲ ထလုပ်လိုက်ဖို့ပဲ လိုတယ် ညီကိုရ။

    မပြောကောင်း ပြောကောင်း ဒီလို အခြေအနေ အချိန်ကြာကြာ ဖြစ်နေပါစေလို့တောင် ဆုတောင်းနေရတယ်၊ ပိုက်ဆံ ရလို့လေ။

    ကျနော်က ဘွဲ့တော့ မရဘူး။ ဒီခေတ်ကြီးထဲမှာ ဘွဲ့ရတော့လည်း ဘာဖြစ်မှာတုန်း၊ တက်စီဆွဲနေတဲ့ ဘွဲ့ရတွေ အများကြီး တွေ့ဖူးတယ်။

    ဘွဲ့ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံပဲ ရှိတယ်။

    သူတို့လည်း အုံနာကြေး ရအောင် သောကတွေနဲ့ တက်စီဆွဲနေတဲ့နေရာမှာတော့ ကျနော်နဲ့ အတူတူပဲလေ။

    ညီကိုလည်း ဘွဲ့ရတာပဲလေ၊ နေပူကြီးထဲ အင်တာဗျူး လိုက်လုပ်ပြီး ဝင်ငွေက ကျနော့်လောက်မှ မရတာ၊ အခန့်မသင့်ရင် ပေါ်တာ ပါသွားပြီး ပဲဟင်းသောက်နေရမယ့် အဖြစ်လေ။

    ပြောချင်တာက မှောင်ခိုဆိုတာ ဈေးကွက် လိုအပ်ချက်ကြောင့်ပေါ်လာတာ၊ ထုတ်တဲ့ အမိန့်တွေက ကြောင်တောင်တောင် ဖြစ်လေ၊ လူတွေက စိုးရိမ်တကြီး ဖြစ်လေ၊ မှောင်ခို ဈေးကွက် ကြီးလာလေပဲ။

    အဲ့ဒါကို ဖမ်းမယ် ဘာညာဆို ကိုယ့်ဌာနထဲက အရင် ဆီခိုးထုတ်တဲ့သူတွေကို အရင်ဖမ်းရမှာ၊ ကိုယ့်တာ ကိုယ်အရင်လုံအောင် လုပ်ပြီးမှ ကျန်တဲ့ ကိစ္စ စဉ်းစားကြပါလို့ ပြောချင်တယ်။

    လောလောဆယ် လုပ်ချင်တာကတော့ ပညာမတတ်ရင် ပင်ပင်ပန်းပန်း လုပ်စားရမယ်လို့ ပြောတဲ့ အမေ့ကို ပညာတတ်ကြီးတွေ ဆီတန်းစီနေတဲ့ ပုံတွေ ပြချင်လိုက်တာ ညီကိုရေ၊ ဒါပါပဲ၊ နေပူတယ် ညီကို၊ ကျနော် ဆက်ပြီး တန်းစီလိုက်ဦးမယ်။

    (ရန်ကုန် ဆီမှောင်ခိုလောကထဲက တက္ကစီဆရာတဦးရဲ့ ခံစားချက်ကို ရည်ညွှန်းဖော်ပြရေးသားထားပါသည်။)

  • တစ်ရက်ထဲ ရန်ကုန်မှာ ဟော်တယ် ၇ လွှာပေါ်က အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးပြီး မန္တလေးမှာ အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

    တစ်ရက်ထဲ ရန်ကုန်မှာ ဟော်တယ် ၇ လွှာပေါ်က အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးပြီး မန္တလေးမှာ အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

    ရန်ကုန်မြို့၊ တာမွေမြို့နယ် သမိန်ဗရမ်း လမ်းပေါ်က အကြည်တော် ဟိုတယ်ပေါ်ကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    မတ်လ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က ဖြစ်ခဲ့တာလို့သိရပြီး တစ်ဦးတည်း လာရောက်တည်းခိုတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးဟာ ၇ လွှာအမြင့်ကနေ ပြုတ်ကျ သေဆုံးခဲ့တာလို့ သိရပါတယ်။

    “ဇာတိက ရှမ်းပြည်ဘက်ကပါ၊ အသက် ၃၀ လောက်ပဲ ရှိသေးတယ်၊ သူ့ဘာသာ ခုန်ချတာလား ပြုတ်ကျတာလားတော့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

    သေဆုံးသူ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပြီး ရဲကတော့ နေရပ်လိပ်စာအရ မိသားစုနဲ့ ချိတ်ဆက်နိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

    အလားတူ မတ်လ ၂၆ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၂၂ လမ်း၊ ၅၇×၅၈ လမ်းကြားမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    “သူ့ယောက်ျားရဲ့သေနတ်နဲ့ သူ့ဘာသာ ပစ်သွားတာလို့ ပြောတယ်၊ သူ့ယောက်ျားကိုလည်း ရဲက သေနတ်ကိုင်မှုနဲ့ ဖမ်းလိုက်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

    သေဆုံးသူဟာ မရန်မန်ရှန် အသက် ၃၈ နှစ်ဖြစ်ပြီး ခင်ပွန်းဖြစ်သူကိုင်တဲ့ SIG SAUER ပစ္စတိုသေနတ်နဲ့ မိမိကိုယ်ကို ပစ်ခတ်ခဲ့ရာ ယာနားထင်အပေါ်က ဖောက်ဝင်ပြီး ဝဲဘက်ချိုစောင်းမှ ဖောက်ထွက်သွားကာ သေဆုံးခဲ့တာလို့ သိရပါတယ်။

    လတ်တလောမှာတော့ ခင်ပွန်းဖြစ်သူကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပြီး သေဆုံးသူကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားတယ်လို့ သိရပါတယ်။