ဂျပန်နိုင်ငံကို ရောက်ရှိတာ ၂ လအတိမှာပဲ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ မြန်မာလူငယ်လေး မောင်သန့်ဇင်အောင်အတွက် စိတ်မကောင်းစရာ သတင်း… 💔
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကမှ ကျောင်းဗီဇာနဲ့ ဂျပန်နိုင်ငံကို စတင်ရောက်ရှိခဲ့တဲ့ မောင်သန့်ဇင်အောင်ဟာ ဂျပန်ရောက် ၂ လပြည့်တဲ့ ဇွန်လ ၁ ရက်နေ့မှာပဲ မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။
ရင်းနှီးသူ သူငယ်ချင်းတစ်ဦးကတော့ “Forward ဂျပန်စာသင်တန်းကျောင်းမှာ အတူတူစာသင်ရင်း ခင်ခဲ့ကြတာ။ ဂျပန်မှာ ရှိနေမှန်းတောင် မသိလိုက်ရဘူး။ အလုပ်ကပြန်လာပြီး သတင်းကြားရတာ ရင်ထဲ တကယ်အမောဆို့ရပါတယ်” လို့ စိတ်မကောင်းစွာနဲ့ ပြောကြားထားပါတယ်။
လက်ရှိမှာတော့ ရင်ခွဲစစ်ဆေးမှုတွေ ပြီးစီးသွားခဲ့ပြီဖြစ်ပြီး အခြားဘေးပယောဂ တစ်စုံတစ်ရာမရှိဘဲ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းသာ ဖြစ်တယ်လို့ နာရေးစရိတ် ကူညီကောက်ခံပေးနေသူတစ်ဦးက အတည်ပြုပြောကြားထားပါတယ်။
တစ်စိမ်းပြင်ပမြေ၊ ယဉ်ကျေးမှုနဲ့ လူနေမှုပုံစံအသစ်တွေကြားထဲ ဘယ်လောက်တောင် စိတ်ဖိစီးမှု (Stress) တွေ များနေခဲ့ရင် အခုလို ဆုံးဖြတ်ချက်မျိုး ချသွားရမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်ဘတ်ထဲ မချိအောင် ခံစားရပါတယ်။
ကျန်ရစ်သူ မိဘဆွေမျိုးတွေအတွက်လည်း ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။
အခုနောက်ပိုင်း ဂျပန်ရောက် မြန်မာလူငယ်တွေကြားထဲ အလားတူ ဖြစ်ရပ်မျိုးတွေ ခပ်စိပ်စိပ် ကြားလာနေရတာမို့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ဂရုစိုက်ပေးကြဖို့၊ စိတ်ဆင်းရဲစရာ၊ အခက်အခဲရှိလာရင် ရင်ဖွင့်တိုင်ပင်ကြဖို့ တိုက်တွန်းချင်ပါတယ်။
မောင်သန့်ဇင်အောင်တစ်ယောက် ကောင်းရာသုဂတိလားပါစေ… 🕊️🙏


Leave a Reply