Category: News
-

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ
ဒေါ်အောင်ဆန်းစု၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်အား ဖယ်ရှားခြင်း အစီအစဉ်များကို စစ်အုပ်စုက ဆက်တိုက်လုပ်ဆောင်လာနေပြီး ယခုရက်ပိုင်းအတွင်း နေပြည်တော်နှင့် ပဲခူးမြို့ရှိ ကြေးရုပ်အချို့ ဖယ် ရှားခံလိုက်ရသည်။ ပဲခူးမြို့လည် လမ်းဆုံတွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စစ်ကော်မရှင်က ယမန်နေ့ (ဩဂုတ်လ ၇ ရက်) ည ၁၂ နာရီမှ နံနက် ၁ နာရီအတွင်း ဖြိုချဖယ်ရှားသွားခဲ့ကြောင်း ပဲခူးမြို့ ဒေသခံများက ပြောသည်။ ဗိုလ်ချုပ်ကြေးရုပ် အောက်ခုံကို ဖြိုချဖျက်ဆီးခဲ့ပြီး ရုပ်ထုကို မည်သည့်နေရာသို့ သယ်ဆောင်သွားခဲ့ကြောင်း မသိရှိရသေးပေ။ ယင်း ရုပ်ထုကို ဖယ်ရှားရာတွင် ပဲခူးမြို့ တမြို့လုံး နီးပါးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ပြီး “ခိုးကြောင်ခိုးဝှက်” ဖယ်ရှားသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဒီလုပ်ရပ်က အတော်ဆိုးတာပဲ၊ ကိုယ်တွေငယ်ငယ်က အားကစားနေ့တို့…
-

-

ရုရှားတပ်ရင်း ၁ ခုလုံးကို ချေမှုန်းခဲ့သည့် ယူကရိန်းအထူးတပ်ဖွဲ့
ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့မှ ထိပ်တန်းတပ်ဖွဲ့ဖြစ်သော တီမားအထူးတပ်ဖွဲ့သည် သူရဲကောင်းအဖြစ် သတ်မှတ်ခံနေရပြီဖြစ်သည်။ ယူကရိန်း၏ အကြောက်ရဆုံးအထူးတပ်ဖွဲ့အဖြစ် ကာလရှည်ရပ်တည်နေသည့် အထူးတပ်ဖွဲ့သည် စစ်ပွဲတွင် အရဲရင့်ဆုံး ချေမှုန်းမှုကို စတင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ၊ ဆူမီဒေသတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပြီ ဖြစ်သည်။ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များသည် ရုရှားရှေ့တန်းစစ်မျက်နှာနှင့်ဝေးရာ ရန်သူ့နေရာများကို စိမ့်ဝင်ထိုးဖောက်ပြီး ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ကာ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်စဥ် ကွပ်ကဲရေးဌာနများကို ဖျက်ဆီးနိုင်ခဲ့ပြီး ရုရှားတပ်ရင်းတခုလုံးကို ချေမှုန်းနိုင်ခဲ့သည့်အပြင် ရုရှား၏ထိုးစစ်ကိုလည်း ရပ်တန့်နိုင်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့ဝင် ၃၃၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၅၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့(HUR) က ပြောကြားခဲ့သည်။ လျှို့ဝှက်လှုပ်ရှားလေ့ရှိသော အဆိုပါတပ်ဖွဲ့သည် ၄၁ လကြာ စစ်ပွဲအတွင်း အရှုပ်ထွေးဆုံးနှင့် မှတ်ကျောက်အတင်ထိုက်ဆုံး စစ်ဆင်ရေးအချို့ကို ဆင်နွှဲခဲ့ပြီး ချီးကျူးဂုဏ်ပြုခံနေရကာ ယူကရိန်းတွင် ဒဏ္ဍာရီဆန်ဆန်ဂုဏ်ပုဒ်ကို…
-

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စစ်တပ်က ဖြိုချဖျက်ဆီးနေတာ ဘာကြောင့်လဲ
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ်တွေကို ထိန်းသိမ်းပြီး ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ လမ်းစဉ်အတိုင်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ ဗိုလ်ချုပ်ရုပ်တုတွေကို ဖယ်ရှား ဖျက်ဆီးနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ်တွေကို ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။ ဒါပေမဲ့ အာဇာနည်နေ့ ပြီးသွားတဲ့ နောက်ပိုင်းမှာ တကယ့်လက်တွေ့မှာတော့ မြန်မာ့လွတ်လပ်ရေးဗိသုကာ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးရုပ်တုတွေကို ဖြိုချဖယ်ရှားနေတယ်လို့ သိရပါတယ်။ ဩဂုတ် ၇ ရက် ည ၁၁ နာရီ ဝန်းကျင်မှာ ပဲခူးမြို့ ရွှေမော်ဘုရားလမ်းနဲ့ တောင်ငူလမ်းဆုံ၊…
-
ဗန်းမော်တွင် နေ့စဉ် တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်သင်္ဘော ရောက်ရှိလာပြီးနောက် နေ့စဉ်လိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မန္တလေးမြို့ကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်သင်္ဘော ၁၀ စင်းလောက် ဗန်းမော်မြို့ကို ဩဂုတ် ၁ ရက်မှာ ရောက်လာပြီးနောက် မြို့တွင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေ ခြေကုပ်ယူထားတဲ့ နေရာတွေဘက်ကို စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တဝိုက် ဘေးပတ်ပတ်လည်ကို တန်ပြန်ပြီး ထိုးစစ်ဆင်လာတာလို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “သင်္ဘောရောက်ပြီး ၂ ရက်လောက်နေတော့ သူတို့ဘက်က ထိုးစစ်ဆင်လာတာ။ စကခ ၂၁ ကို KIA ပူးပေါင်းအဖွဲ့တွေ…