Category: News
-

နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့
တပ်မ(၉၉)၊ စကခ(၁၇)တို့အထိနာခဲ့တဲ့ နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတဲ့နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်က တပ်မ(၈၈)ကိုပါ အသုံးပြုလာပြီး မူလရှိနေတဲ့ အမှတ် (၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းတွေအပါအဝင် အင်အား ၁,၀၀၀ ခန့်အထိ သုံးပြီး ခုခံဖို့ပြင်ဆင်နေပါတယ်။ မင်းဘူးမြို့အခြေစိုက်တပ်မ(၈၈) လက်အောက်ခံတပ်ရင်းတွေကို စစ်တပ်နတ်ရေကန်ဗျူဟာခုခံတိုက်ခိုက်ဖို့ ပို့ဆောင်နေတာဖြစ်ပါတယ်။ “တပ်မ ၈၈ကိုပါ ပြန်သုံးလာတယ်။ ဒါကြောင့် စကခ(၁၇)နဲ့ တပ်မ(၈၈)ပေါင်းပြီးအင်အား ၁၀၀၀ ကျော်သုံးနေတယ်။ တိုက်ပွဲကတော့ တပ်ဆိုင်ထားပြီးချနေတဲ့အနေအထားဖြစ်တယ်”လို့ ဒေသခံစစ် ရေးသတင်းရင်းမြစ်ကပြောပါတယ်။ လက်ရှိမှာ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ခန့်အကွာက ဂုတ်ကြီးစခန်းအနီးမှာ တိုက်ပွဲဖြစ်နေတာပါ။ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပါတယ်။ ဂုတ်ကြီးစခန်းကို AAက ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလမှာ ပြန်ရဖို့ တန်ပြန်ထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။…
-

ရွှေဘိုခရိုင် တပ်ရင်း ၁ မှ ရဲဘော်က ရွာသားကို သေနတ်ဖြင့် ပစ်ခတ်
ရွှေဘိုခရိုင် တပ်ရင်း ၁ မှ ရဲဘော်က ရွာသားကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား၍ ဒေသခံများ NUG ထံတိုင်ကြား စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် PDF တပ်ရင်း ( ၁ )မှ ရဲဘော် တစ်ဦးက ဝက်လက်၊ စိုင်နိုင်လေးရွာမှ ဒေသခံ ရွာသားတစ်ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သတင်းရရှိသည်။ ဝက်လက်၊ စိုင်နိုင်လေးကျေးရွာမှ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကိုဖိုးအေးမှာ ဆီးခုံ ကျည်ဆံဖောက်ဝင်၍ ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု ဒေသခံများကပြောဆိုသည်။ “ချစ်မောင်က ရွာထဲမှာ တစ်ရွာလုံး သတ်ပစ်မယ်လို့ရတယ်၊ ငါလက်ထဲမှာ ကိုင်ထားတာကိုကြည့်၊ အကုန်သေကုန်မယ်လို့ အော်နေချိန်၊ အသံကြားလိုက်လို့ ကိုဖိုးအေးကထွက်ကြည့်မိတာ၊ မင်းကငါ့ကိုမကျေနပ်လို့ထွက်ကြည့်တာလားဆိုပြီး ဆဲဆိုကြိမ်းမောင်းထိုးကြိတ်လုပ်တယ်။ ပြီးတော့ ဒီလောက်သေချင်တဲ့ကောင်…
-

လူမြင်ကွင်းမှာ လိ-င်ဆက်ဆံမှုပြုလုပ်ခဲ့တဲ့ ဒိန်းမတ် အမျိုးသားနဲ့ ထိုင်းအမျိုးသမီး
ပတ္တရား ကမ်းခြေ လူမြင်ကွင်းမှာ လိ-င်ဆက်ဆံမှုပြုလုပ်ခဲ့တဲ့ ဒိန်းမတ် အမျိုးသားနဲ့ ထိုင်းအမျိုးသမီးကို ရဲတပ်ဖွဲ့ ဝင်ရောက်တားဆီး ပြီးခဲ့တဲ့ စနေနေ့ (ဒီဇင်ဘာ ၂၀) ညက ပတ္တရား၊ Jomtien ကမ်းခြေက ရေပေါ်တံတား ပေါ်မှာ ဒိန်းမတ် အမျိုးသားတစ်ယောက်နဲ့ ထိုင်းအမျိုးသမီးတို့ လိ-င်ဆက်ဆံနေတာကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်တားဆီးခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကို အသက် ၂၇ နှစ်အရွယ် Bas ဆိုတဲ့ ထိုင်းအမျိုးသားတစ်ဦးက Mueang Pattaya ရဲစခန်းကို တိုင်ကြားခဲ့တာပါ။ သူက ည ၁၀ နာရီလောက်မှာ ကမ်းခြေတစ်လျှောက် ခရုကောက်နေတုန်း ဒီမလျော်ကန်တဲ့ လုပ်ရပ်ကို သတိထားမိခဲ့တာလို့ ပြောပါတယ်။ Bas က ရဲတွေကို ပြောပြရာမှာတော့ သူက ကမ်းစပ်တစ်လျှောက် လမ်းလျှောက်နေတာဖြစ်ပြီး အနီးအနားမှာလည်း…
-

မြန်မာစစ်တပ်ထံသို့ ရောင်းချမည့် တရုတ်လုပ်ဒရုန်း ၁၀ စီးနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဘန်ကောက်မြို့တွင် ဖမ်းဆီးရရှိ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာစစ်တပ်ထံသို့ ရောင်းချမည့် တရုတ်လုပ်ဒရုန်း ၁၀ စီးနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရရှိကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းဖော်ပြသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများ ပျံသန်းမှု သတင်းရရှိပြီးနောက်ထိုင်း ရဲတပ်ဖွဲ့က လေဆိပ်အနီးရှိ ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းကာ မြန်မာနိုင်ငံသား ၄ ဦးကို တရုတ်လုပ် ဒရုန်း ၁၀ စီးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့က သုဝဏ္ဏဘူမိလေဆိပ်မှ ၃ ကီလိုမီတာခန့်အကွာရှိ Grand BS Airport Hotel ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး အဆိုပါဟိုတယ်ခန်းအား လေဆိပ်အနီး ဒရုန်းပျံသန်းမှုကို ထိန်းချုပ်သည့် စခန်းအဖြစ် သံသယရှိသဖြင့် စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ အခန်းအတွင်းရှိ DJI…
-

မန္တလေးမြို့ထဲမှာ စစ်တပ်က ကား ၃စီးနဲ့ ပေါ်တာဆွဲနေလို့ ဈေးဆိုင်တွေ စောပိတ်နေရ
မန္တလေးမြို့၊စိန်ပန်းရပ်ကွက်မှာ စစ်တပ်က ကား၃စီးနဲ့ ပေါ်တာဆွဲနေတာကြောင့် ညနေ ၅ နာရီခွဲဆို ဈေးဆိုင်တွေပါ စောပိတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မဟာအောင်မြေမြို့နယ်၊ ပျူစောထီးခေါင်းဆောင်အပါအဝင် စစ်အုပ်စုက ဒီဇင်ဘာ ၁၉ ရက် ညနေ ၆ နာရီမှာ စစ်ကား ၃ စီးနဲ့ လမ်း ၉၀၊ ၃၄လမ်းပတ်ဝန်းကျင်ကို ပေါ်တာဆွဲခဲ့တာလို့ သိရပါတယ်။ “လမ်းပေါ်မှာ ညနေ ၆ နာရီဆို လူကိုမရှိတော့ဘူး။ ဆဲဆိုပြီး တွေ့သမျှအကုန်ဆွဲတာ။ မိန်းကလေးတော့မပါဘူ။ ယောကျာ်း လေးပဲ ခေါ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါ့အပြင် ထွက်ကြည့်တဲ့ အမျိုးသမီးတွေကိုလည်းအဲဒီစစ်ကား တွေကဆဲဆိုသွားတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း ပုသိမ်ကြီး မြို့မပျူစောထီးအုပ်စုက ကုန်းတန်းရွာက လူငယ်တွေကို ပေါ်တာဆွဲခဲ့ပြီး တဦးကို…