Category: News
-

ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာသဘောတူညီချက် ရရှိ
ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာသဘောတူညီချက် ရရှိ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးကို ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အရှိန်မြှင့် ပူးပေါင်း လုပ်ဆောင်သွားဖို့ နိုင်ငံပေါင်း ၆၀ ဝန်းကျင်က သဘောတူခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေက ကျင်းပခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး နိုင်ငံတကာညီလာခံ (International Conference on the Global Partnership against Online Scams) ညီလာခံ အပြီးမှာ “၂၀၂၅ ဘန်ကောက် ပူးတွဲကြေညာချက်” အဖြစ် ဒီဇင်ဘာ ၁၈ ရက်နေ့က အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ တစ်နေ့တခြား ပိုမိုပျံ့နှံ့လာတဲ့ အွန်လိုင်းလိမ်လည်မှု ကွန်ရက်တွေကို တုံ့ပြန်နိုင်ဖို့၊ ပြည်တွင်းဥပဒေတွေကို…
-

“ဘောနပ်စ်”
သူ့နာမည်က ဇွဲ .. ။ နာမည်အရင်းက ဇွဲနေအောင် ဖြစ်သော်လည်း နေအောင်ဆိုသည်က သူ့အဖေနာမည် ဖြစ်သဖြင့် သူ့ကိုယ်သူ ဇွဲဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့သည်။ အများကလည်း သူပြောသလို သူ့ကို ဇွဲဟုသာ ခေါ်ခဲ့သဖြင့် အပေါင်းအသင်းများကြားတွင် သူ့နာမည်အရင်း ဇွဲနေအောင်ကို သိသည့်သူတောင် ရှားပါးလှသည်။ ဇွဲသည် ခေတ်လူငယ် တစ်ယောက် .. တိတိကျကျ ပြောရလျှင် တက္ကသိုလ်ကျောင်းပြီးခါစ အသက်၂၄နှစ်အရွယ် တက်သစ်စ လူငယ်တစ်ယောက်။ ဘယ်နေရာတွင် အသုံးတည့်မည်မှန်း သေချာမသိသော ဘွဲ့တစ်ခုကို ရန်ကုန်မြို့စွန်ရှိ တက္ကသိုလ်တစ်ခုမှရရှိပိုင်ဆိုင်ထားသော လူငယ်ယောက်ျားလေးတစ်ယောက်ဟုလည်း ထပ်မံ၍ ဖြည့်စွက်ဆိုလို့ရသည်။ ဇွဲသည် ရန်ကုန်ဇာတိတော့ မဟုတ်။ အထက်အညာရှိ မြို့တစ်မြို ့မှ နေ၍ ရန်ကုန်လာပြီး ကျောင်းတက်ခြင်း ဖြစ်သည်။ အညာသားဟု ဆိုလို့ရသော်လည်း ဇွဲက…
-

မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့သည့် အက်ပ်နှင့် ဝဘ်ဆိုက်များပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွား
Twitch ၏ အရေးယူမှုကြောင့် မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့သည့် အက်ပ်နှင့် ဝဘ်ဆိုက်များပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွား Amazon ပိုင် အမေရိကန် တိုက်ရိုက်ထုတ်လွှင့်မှု (livestream) ပလက်ဖောင်းတစ်ခုဖြစ်သော Twitch သည် Justice For Myanmar (JFM) ၏ တိုင်ကြားမှုများကြောင့် ၄င်း၏ ပလက်ဖောင်းအတွင်း စစ်အုပ်စုအသုံးပြုနေသော MRTV အက်ပလီကေးရှင်းများ နှင့် MRTV နှင့် MITV ဝဘ်ဆိုက်များတွင် အသုံးပြုနေသည့် တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ် ၁၄ ခုကို မကြာသေးမီက ဖယ်ရှားလိုက်သည်။ အဆိုပါ အက်ပ်များနှင့် ဝဘ်ဆိုက်များကို ၂၀၂၂ ခုနှစ်တွင် မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေး ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ စတင်ရန် နှစ်ပတ်ပင် မလိုတော့သည့် အချိန်အရောက်တွင်မှ ယခုကဲ့သို့ ထုတ်လွှင့်မှုများ…
-

မြန်မာက နယ်သာလန်သံရုံးပိတ်မယ်
ရန်ကုန်က နယ်သာလန်သံရုံး ပိတ်သိမ်းသွားမယ်လို့ သံရုံးဒုတိယအကြီးအကဲမစ္စတာ ဝင်းဗန်ဒေါန်က ဒီဇင်ဘာ တတိယအပတ်ထဲမှာ အတည်ပြုပါတယ်။ ဥရောပနိုင်ငံသံရုံးတွေဆက်တိုက်ပိတ်သိမ်းနေချိန်မှာပဲ နောက်ထပ်သံရုံးတစ်ခုထပ်ပိတ်တာ ကြုံလာရတာပါ။ ရန်ကုန်က နယ်သာလန်သံရုံးကိုပိတ်ဖို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက စီစဉ်နေခဲ့တာလို့ သူက အသိပေးပါတယ်။ နယ်သာလန်နိုင်ငံအနေနဲ့ မြန်မာအပါအဝင် ကမ္ဘာတလွှားက သံရုံး ၁၁ ရုံးကို ပိတ်သွားမှာဖြစ်ပြီး ဒါဟာ အစိုးရရဲ့ ငွေကြေးဖြတ်တောက်စီမံမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ သံရုံးပိတ်ရတာဟာ နယ်သာလန်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေမှာ အခက်အခဲတွေရှိလာတာကြောင့်လို့ ယူဆနိုင်တဲ့အကြောင်း သူကဖြည့်ပြောပါတယ်။ ဒါပေမဲ့ မြန်မာက နယ်သာလန်သံရုံးပိတ်မယ့် ကာလကိုတော့ မစ္စတာ ဝင်းဗန်ဒေါန်က အတိအကျ ထုတ်မပြောခဲ့ပါဘူး။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ နယ်သာလန်သံရုံးကနေပဲ ကိုင်တွယ်စီမံသွားမယ်လို့ သိရပါတယ်။ နယ်သာလန်…
-

ပုပ္ပါးမှာပျောက်သွားတဲ့ မိသားစု ၂စု တစ်လခွဲကျော်အကြာမှာ အိမ်ပြန်ရောက်လာ
ပုပ္ပါးမှာပျောက်သွားတဲ့ မိသားစု ၂ စု တစ်လခွဲကျော်အကြာမှာ အိမ်ပြန်ရောက်လာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးဒေသကို အလည်သွားရင်း ပျောက်ဆုံးသွားတဲ့ မိသားစု ၂ စုက မိသားစုဝင် ၆ ဦးဟာ တစ်လခွဲကျော်အကြာမှာ ပြန်လည်ရောက်ရှိလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးကို အလည်သွားတဲ့ မိသားစု ၂စုဟာ ပုပ္ပါးမှာ ရောက်ရှိနေချိန် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ ဆွေမျိုးသားချင်းတွေဟာ လိုက်လံရှာဖွေခဲ့ကြပေမဲ့ မတွေ့ခဲ့ကြဘဲ လူမှုကွန်ရက်ကနေတဆင့် သတင်းပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီနောက် သတင်းအစအနမရတော့ဘဲ တစ်လခွဲကျော်အကြာ မနေ့က ဒီဇင်ဘာ ၁၈ ရက်မှာတော့ ကျောက်ဆည်မြို့က နေအိမ်ကို ၆ ဦးလုံး ပြန်လည်ရောက်ရှိလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။ “အားလုံး…