Category: News
-

ကမာရွတ် လှည်းတန်းတွင် စစ်အုပ်စုက အင်အားအမြောက်အမြားဖြင့် ဈေးဆိုင်များကို ပိတ်သိမ်းခိုင်း
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဈေးအရှေ့မှအင်းစိန်လမ်းဘက်အထိ ဈေးဆိုင်ခန်း များကို စစ်ကော်မရှင်တပ်မှ ရာထူးကြီးသူတဦးအပါအဝင် စည်ပင်အင်အား အမြောက်အမြားဖြင့် လမ်းဘေးဈေးဆိုင်များကို ပိတ်သိမ်းခိုင်းနေကြောင်း သိရသည်။ အဆိုပါလမ်းတကြောရှိ ဆိုင်ခင်းလက်စစျေးသည်များကို ယနေ့(ဒီဇင်ဘာလ ၁၀ ရက်) ညနေ ၆ နာရီဝန်း ကျင်တွင် စစ်အုပ်စုနှင့် စည်ပင်ဝန်ထမ်း စုစုပေါင်း ၄၀ ဦးခန့်က မည်သည့်စျေးသည်မှ မထွက်ရဟုဆိုပြီး လာရောက်ပြောဆိုကာ ဆိုင်သိမ်းခိုင်းထားကြောင်း လှိုင်ကင်းထောက်အဖွဲ့(Hlaing Scout Channel-HSC) နှင့် ရန်ကုန်ကင်းထောက်ကွန်ရက်အဖွဲ့(Rangoon Scout Network-RSN)တို့က ထုတ်ပြန်ထားသည်။ “အကြောင်းရင်းတော့ မသိရသေးဘူးဗျ၊ တနေ့က Bluetooth စပီကာ ဆန္ဒပြသွားတာနဲ့ ဆက်စပ်မယ် ထင်တယ်။ အဲဒီနေ့ကလည်း ဈေးသည်တွေကို သိမ်းခိုင်းခဲ့တယ်”ဟု RSN မှ တာဝန်ရှိသူက သို့ပြောသည်။ အင်းစိန်လမ်းမပေါ်နှင့် လှည်းတန်းစျေးတဝိုက်တွင်…
-

အသံတိတ်သပိတ်တွင် အင်းစိန်ထောင် ထောင်ပိုင်အမိန့်ဖြင့် ထောင်ဝန်ထမ်များနှင့် မိသားစုဝင်များ ပါဝင်ပူးပေါင်းခဲ့ကြ
အသံတိတ်သပိတ်တွင် အင်းစိန်ထောင် ထောင်ပိုင်အမိန့်ဖြင့် ထောင်ဝန်ထမ်များနှင့် မိသားစုဝင်များ ပါဝင်ပူးပေါင်းခဲ့ကြ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်တွင် အင်းစိန်ထောင်ဝန်းရှိသူများ ဝန်ထမ်းများနှင့် မိသားစုဝင်များအားလုံး နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ရဟု ထောင်ပိုင်နှင့်တာဝန်ရှိသူများက အမိန့်ထုတ်ကာ အသံတိတ်သပိတ် – Silent Strike တွင် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။ “ဒီနေ့ အင်းစိန်ထောင်က အသိတစ်ယောက်နဲ့တွေ့ဖို့ ချိန်းထားတာ၊ အဲဒါ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ အပြင်မထွက်ရဆိုပြီး ဝန်ထမ်းတွေအားချိန်ကော မိသားစုတွေကော ထောင်ဝန်းအတွင်းက လူတွေ အပြင်မထွက်ရဆိုပြီး အမိန့်ထုတ်ထားတယ်တဲ့။ အဲဒါကြောင့် သူတို့တွေ ဝန်ထမ်းတွေ အားလုံးပဲပြောပါတော့ အသံတိတ်သပိတ် မှာပူးပေါင်းပါဝင်တယ်ပြောရမယ်။ သူတို့အပြင်မထွက်တော့ လမ်းပေါ်မှာ ပိုပြီးတော့…
-

ကမ္ဘောဒီးယားနယ်စပ်အနီး၌ တင့်ကားများ ပစ်ခတ်နေပုံ ရုပ်သံဖိုင် ထိုင်းစစ်တပ် ထုတ်ပြန်
ထိုင်းနဲ့ ကမ္ဘောဒီးယား အိမ်နီးချင်း ၂ နိုင်ငံ နယ်စပ်ရဲ့ ကမ္ဘောဒီးယားဘက်ခြမ်းက ခြံဝင်းတခုကို ဖျက်ဆီးဖို့ ‘တင့်ကားနဲ့ပစ်ခတ်တဲ့ စစ်ဆင်ရေး’ လုပ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၉ ရက်မှာ ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေမီချေပြည်နယ်၊ ဆရာငွိုင်မြို့မှာရှိတဲ့ အဲဒီပစ်မှတ်ဟာ ထိုင်းနိုင်ငံ၊ ဆာကဲးပြည်နယ်၊ ထာ့ဖရာယာ ခရိုင်မှာရှိတဲ့ ဘန်းထာ့ဖရာယာ နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ တခြားတဖက်မှာ ရှိတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ အဆောက်အအုံဖွဲ့စည်းပုံ၊ စိုက်ခင်းတွေနဲ့ လမ်းအပြင်အဆင်တွေက ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ ဗီဒီယိုရဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ထိုင်းစစ်တပ်က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ရဲ့ ရိုက်ကူးတဲ့ ရက်စွဲကိုတော့ လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံစလုံးက သူတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ နောက်မဆုတ်ဘူးလို့ ပြောခဲ့ကြလို့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား…
-

ထိုင်းတွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ ကမ္ဘောဒီးယား နုတ်ထွက်
ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုများကြောင့် အားကစားသမားများ၏ လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေကို အကြောင်းပြ၍ အဖွဲ့ဝင် ၁၃၇ ဦးပါဝင်သော ကမ္ဘောဒီးယားအားကစားအဖွဲ့ သည် ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA Games) မှ နုတ်ထွက်ကြောင်း ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအဖွဲ့သည် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်မှ နုတ်ထွက်ကြောင်း ကြေညာပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထောက်ပြကာ ကြာသပတေးနေ့တွင် ၎င်းတို့နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီတွင် ပြိုင်ပွဲစီစဉ်သူများထံ နုတ်ထွက်ကြောင်း အတည်ပြုစာတရားဝင် တင်သွင်းရန် ယင်းအဖွဲ့က စီစဉ်ထားသည်။ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့သည် ရာဇမန်ဂလာ အမျိုးသားအားကစားကွင်းတွင် ပြုလုပ်ခဲ့သော ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့သည်။ အားကစားသမားနှင့်…
-

ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲများ ရပ်တန့်ရန် ဖုန်းခေါ်ဆိုမည်ဟု ထရမ့် ပြော
အာရှ အိမ်နီးချင်းနှစ်နိုင်ငံ ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဇူလိုင်လအတွင်းက ငါးရက်ကြာ တိုက်ပွဲကို အောင်မြင်စွာ အပစ်အခတ် ရပ်စဲအောင် ကြားဝင်စေ့စပ်ပေးခဲ့သူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိ ထပ်မံ ဖြစ်ပွားနေသော သုံးရက်တိုင်ပြီဖြစ်သည့် ထို နှစ်နိုင်ငံကြား တိုက်ပွဲ ရပ်တန့်ရေးအတွက် ဖုန်းခေါ်ဆိုမှု ပြုလုပ်မည်ဟု ပြော သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ်ပေါင်ကတ်ကူးက နယ်စပ်ပဋိပက္ခကို ညှိနှိုင်းဆွေးနွေးနိုင်ရေး အလားအလာ မရှိကြောင်း အင်္ဂါနေ့က ပြုလုပ်သည့် အင်တာဗျူးတရပ်၌ ပြောပြီး အခြေအနေက ကြားလူ ဝင်ရောက်စေ့စပ်၍ အဆင်မပြေနိုင်ကြောင်း ထပ်လောင်း ဆိုသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ ထိပ်တန်းအကြံပေးတဦးကမူ ၎င်းတို့နိုင်ငံက ”စကားပြောဆိုရန် အချိန်မရွေး အသင့်ရှိကြောင်း” ပြောသည်။ ပန်ဆယ်ဗေးနီးယားတွင် အင်္ဂါနေ့ စုဝေးပွဲတရပ်၌ ထရမ့်က အရှေ့တောင်အာရှ၌ တကျော့ပြန်…