Category: News

  • ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃၄ ဦး သေဆုံးခဲ့ကြောင်း NMSP-AD/Ramonnya Mon Army က သတင်းထုတ်ပြန်ထားသည်။ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၁ နာရီခန့် အထိ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲသည် ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၄ ဦး သေဆုံးကာ…

  • KNU ကို မတရားအသင်းအဖြစ် အာဏာသိမ်းစစ်တပ် ကြေညာ

    KNU ကို မတရားအသင်းအဖြစ် အာဏာသိမ်းစစ်တပ် ကြေညာ

    ကရင်အမျိုးသားအစည်းအရုံး(KNU)ကို နိုင်ငံတော် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ အေးချမ်းသာယာရေးကို နှောင့်ယှက်မှုကြောင့် မတရားအသင်းအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အဖွဲ့ဝင်များ၊ ၄င်းတို့ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ဆက်နွယ်သူများသည် နိုင်​ငံတော်တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အေးချမ်းသာယာရေးကို အန္တရာယ်အနှောက်အယှက်ဖြစ်စေသည်ဟု ယုံကြည်ကြောင်း အာဏာသိမ်းစစ်တပ်က ဆိုထားသည်။ ထိုသို့ စစ်တပ်က မကြေညာမီ သြဂုတ်လ (၁၂)ရက်နေ့ (၇၅) နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့တွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက စစ်တပ်၏ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူရန် မိန့်ခွန်းပြောကြားထားသည်။ ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းတွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခြင်းဖြစ်ပြီး နိုင်ငံစီမံအုပ်ချုပ်ရေးတွင် စစ်အာဏာတည်မြဲရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကာ နိုင်ငံအတွက် ပဋိပက္ခ…

  • မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

    မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

    ချောက်မြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် တပ်သား လုံလောက်စွာ မရရှိဟုဆိုကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် လာမည့် စက်တင်ဘာလ စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိဟုဆိုကာ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး တင်ထွန်းဦးက စစ်တပ်နှင့်ပျူစောထီးများကို နေအိမ်များအပေါ်အထိပါ လူငယ်မှန်သမျှကို တက်ဖမ်းခိုင်းနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ပြီး ချောက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးတင်ထွန်းဦးက စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိသေးသည့်အတွက် ပျူစောထီးများ၊ စစ်တပ်နှင့်ရဲများကို နေ့ရောညပါ…

  • အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    ယူနီကွန်းကို_ရှောင်_လို့ စိတ်တော့ မကောင်းးးးဘူး အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ ငိုတောင် ငိုနေသေးတယ်ဟ ပေကပ်ကပ်လုပ်တဲ့ကောင်ကတော့ သေမှာတဲ့ အရှင်ဖမ်းခံရရင် အချိုးလေးတွေက တမျိုးနော် ငါး​ကောင်တို့ ကြည့်ရဲမှ ကြည့်နော် မင်းကွန်းမှသည်… မန္တလေးဆီ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF

  • ဝိုင်းမော်မှ စစ်စခန်းတစ်ခု KIA၊ KPDF သိမ်းပိုက်

    ဗန်း​မော်တွင်လည်း KIA ထိုးစစ်ဆင်၍တိုက်ပွဲပြင်းထန် ဝိုင်းမော်မြို့နယ်၊လမြန်ရွာအနီး၌ စစ်တပ်နှင့် ပြည်သူ့စစ်တပ်စွဲထားသော စခန်းတစ်ခုကို KIA၊ KPDF က သိမ်းယူလိုက်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံခဲ့​ကြောင်း စစ်​​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။ လမြန်ရွာမှ ဘုရားကျောင်းဝင်းအတွင်း တပ်စွဲထားသည့်စစ်ကြောင်းကို သြဂုတ်လ၂၈ရက်နေ့မှစ၍ KIA၊ KPDF က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသြဂုတ်လ၂၉ရက်ညနေတွင် သိမ်းယူလိုက်ခြင်းဟုသိရသည်။ “မနေ့ကရောဒီနေ့ရောလေကြောင်းကနေတောက်လျှောက်လာကြဲတယ်။ မပခ (​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေလည်း လက်နက်ကြီးတွေပစ်တယ်။ ဒီနေ့တော့စခန်းသိမ်းလိုက်တာဟုတ်တယ်။ စကစက လကနက်ကြီးတွေ အခုထိ ပစ်နေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကယနေ့ည ၉နာရီခန့်တွင် ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်တွင်ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်သုံ့ပန်းများရော လက်နက်ခဲယမ်းများပါ KIA၊KPDF ပူးပေါင်းတပ်ကသိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။ KIAက သတင်းအသေးစိတ်မထုတ်ပြန်သေးသော်လည်း စစ်ကောင်စီအရာရှိအပါအဝင် ၁၈ ထက်မနည်း ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ၁၈ ဦးသည် စစ်သုံ့ပန်း(သို့မဟုတ်) ရုပ်အလောင်းဆိုသည်ကို…