Category: News
-

သံဃာ့မဟာနာယကဥက္ကဋ္ဌ ရာထူးယူထားတဲ့ဆရာတော်ကြီးတပါး
နိုင်ငံတော် သံဃာ့မဟာနာယကဥက္ကဋ္ဌ ရာထူးယူထားတဲ့ဆရာတော်ကြီးတပါး ဆေးရုံရောက်နေစဉ် ရာထူးလွှဲပေးဖို့လျှောက်တာ ရာထူးနဲ့ပဲသေပါရစေတဲ့ အခုရေးပြထားသည့်ကိစ္စသည် တကယ်ကိုဖြစ်သွားခဲ့တဲ့ဖြစ်ရပ်မှန်ပါ။ သံဃာလောကမှာ ပြောစမှတ်ပြုသွားသည့်ကိစ္စပါ။ ဘယ်ဆရာတော်ကိုပြောတယ်ဆိုတာ သံဃာတော်တွေအားလုံးသိကြပါတယ်။ မင်းသုည ဗုဒ္ဓတက္ကသိုလ်
-

နာမည်ကြီးနေတဲ့ ဗျတ္တပန်းဆက်လမ်း ခေါ် ကျိန်စာသင့်ရွာ
အခုနာမည်ကြီးနေတဲ့ ဗျတ္တပန်းဆက်လမ်းကို သီတင်းကျွတ် ပိတ်ရက်မှာ သွားခဲ့ပါတယ်။ ပုပ္ပါးတောင်ပေါ်ရွာဆိုပြီး နာမည်ကြီးနေတာနဲ့ ပုဂံကအပြန် ဝင်ကြမယ်ဆိုပြီး သွားကြတာပါ။ ညောင်ဦးက လမ်းခွဲပြီး ပန်းဆက်လမ်း ပေါ်စတက်ထဲက ကားအသွားအလာ မရှိသလောက်ကိုပြတ်တာပါ။ နောက်တလမ်းလုံး လမ်းဘေးမှာ ပိုက်ဆံထွက်တောင်းနေတဲ့ လူတွေ ဆိုတာ အရွယ်စုံပဲ။ လက်တွေတားပီး တောင်းနေကြတာ စတွေ့ခါစကတော့ ဪ ဒီဘက်က ဒီလိုပဲလေ ဆိုပီး နေပေမယ့် လမ်းတလျှောက်လုံး တွေ့ .. ကားအသွားအလာလဲမရှိ ကိုယ်တွေတစီးထဲဆိုတော့ ကြောက်လာတာပါ။ လူတွေကိုကြည့်ရင်း ဇွန်ဘီ တွေလား လို့တောင်ထင်မိတယ် 🧟♂️🧟♂️ တကယ် ကားများရပ်ပီး ပိုက်ဆံပေးမိရင် အကုန်ဝိုင်းအုံလာမှာပါ။ လူကိုအန္တရာယ်မပြုဘူးလို့လဲ မပြောနိုင်ပါဘူး ။ ကိုယ်တွေကတော့ အစထဲက အဲ့လို ကားပေါ်ကပစ်ချ ပေးကမ်းတာမျိုးမလုပ်တတ်တော့ ရပ်လဲမရပ်ပါဘူး။ အဲ့ချိန်မှာ…
-

ဗိုလ်မှူးဝေယံလင်း ဘဝကူးမှုကြောင့် မုန့်ဟင်းခါးချက်ရပြန်ပြီ
ဗိုလ်မှူးဝေယံလင်း ဘဝကူးမှုကြောင့် မုန့်ဟင်းခါးချက်ရပြန်ပြီ၊ ကျန်၆၀ကျော်ကိုတော့ လူရာအသွင်း မခံကြ ရခိုင်ပြည်နယ် နဲ့ ပဲခူးတိုင်း အစပ်နား ညောင်ကျိုးစခန်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ အကောင်ကြီး ဝေယံလင်းဟာ ဘဝကူးနေပြီလို့ အကြမ်းဖက်စစ်တပ် အသိုင်းအဝိုင်းက ပြောဆိုနေကြ။ အကြောင်းကတော့ AA သိမ်းပိုက်ထားတဲ့ ညောင်ကျိုးစခန်းကို ပြန်ရဖို့ ဘဝကူးလက်မှတ်လာယူကြရင်း ဘဝကူး လက်မှတ်ထုတ်ပေးလိုက်ရတာ ဖြစ်တယ်။ ၆၀ ကျော်စာထုတ်ပေးရတဲ့ အတွက် အများအပြားရရှိပြီ ဖြစ်သောကြောင့် လက်မှတ်ကုန်နေလို့ တချို့က နောက်ဆုတ်လိုက်ကြပြီ။ “ကိုဝေကြီးရေ အရမ်းဝမ်းနည်းလိုက်တာ မနေ့က ခင်ဗျားအိမ်ကို ရောက်ခဲ့တယ်။ ငါတောင် မဖြေနိုင်လို့ ခင်ဗျားရဲ့ အမျိုးသမီးကို တရားသာဖြေပါလို့တောင် မပြောထွက်ဘူးဗျာ။ ‘မင်းရင်သွေးလေး နှစ်ယောက်အတွက် ကြံ့ကြံ့ခိုင်ပါ’ လို့ပဲအားပေးနိုင်ခဲ့တယ်။ ဝေယံလင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၅၃) ကျောင်းဆင်းသူဖြစ်ပြီး…
-

ကျောက်ဖြူ သိုင်းချောင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ရာချီသေဆုံးပြီး စစ်အရာရှိများ စံချိန်တင်သေဆုံး
ကျောက်ဖြူမြို့နယ်အတွင်း AAကထိုးစစ်ဆင်တိုက်ခိုက်မှုများပြန်လည်ပြုလုပ်လာရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုများနေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းသုံး ဝင်ရောက်တပ်စွဲခဲ့သော သိုင်းချောင်းနှင့် မင်းပြင်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်နေ့က AAတပ်များ ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။ သိုင်းချောင်းကျေးရွာ တိုက်ပွဲတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ရာချီသေဆုံးမှုရှိခဲ့ပြီး စစ်ကြောင်းမှူးအဆင့်ရှိသူများကိုပါ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ”တိုက်ပွဲတွေကပစ်ခတ်တဲ့အသံတွေ ကျောက်ဖြူမြို့ကအထိ ကြားနေရပြီ။ မြို့ကခွါချင်သူလည်း များနေပြီပေါ့နော် အခြေအနေ လှုပ်လှုပ်ခတ်ခတ်ရှိတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ပြောသည်။ သေဆုံးတပ်ဖွဲ့ဝင်များထဲမှ အရာရှိအဆင့်ရှိသူများကိုသာ စစ်ကော်မရှင်က ဆွဲထုတ်ပြီး ကပ်သပြေနှင့် စစ်တောလမ်းဆုံ၊ ဓညဝတီရေတပ်ဌာနချုပ်ဘက်သို့ တပ်ဆုတ်ထွက်ပြေးကြကြောင်း သိရသည်။ ကပ်သပြေဘက်ဆုတ်ပြေးရာတွင် AAကလိုက်လံတိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားနေပြီး လေကြောင်း၊ ဒရုန်းနှင့် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူနေခဲ့သည်။ ဖေဖော်ဝါရီလမှ စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲသည်…
-

မကွေးတိုင်းမြို့ ၆ မြို့မှစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်နေပြီ
မကွေးတိုင်းမြို့ ၆ မြို့မှစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူတွေတိမ်းရှောင်ပေးရန် PDF မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူပြော မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူက ပြောပါတယ်။ ဒါကြောင့် အထက်ပါမြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်စစ်ရှောင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ “စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာနဲ့ စစ်တပ်အုပ်ချုပ်မှုကို လက်မခံဘူးဆိုတာ ပြမယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာ စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့နဲ့ ပွင့်ဖြူမြို့နယ်က စစ်တပ်ရဲ့ အထိုင်စခန်းတွေကို PDF တပ်ပေါင်းစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ကို အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ မနက်ပိုင်းက သတိပေးထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စလင်း မြို့ပေါ်က သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ်တွေလည်း ကြိုတင်ရွေ့ပြောင်းထားကြဖို့…