Category: News
-

မြန်မာဘုရင်များ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခဲ့ရသော နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်းကို AA က ပြန်လည်ရှာဖွေ တူးဖော်ရရှိ
မြန်မာဘုရင်များ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခဲ့ရသော နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်းကို AA က ပြန်လည်ရှာဖွေ တူးဖော်ရရှိ (ယတြာခေါင်းလောင်းကြောင့် ပြည်ပရန်သူများမှာ ရခိုင်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခဲ့ရဟုဆို) ရခိုင့်သမိုင်းတွင် ပြည်ပရန်ကို ကာကွယ်ပေးသော “ယတြာခေါင်းလောင်း” ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့မှ ပြန်လည်ရှာတွေ့ တူးဖော်ရရှိခဲ့ကြောင်း သိရသည်။ ရှေးဟောင်း ယတြာခေါင်းလောင်းသည် ယခင် ရခိုင့်နိုင်ငံတော်အတွက် အလွန်အရေးပါသော ခေါင်းလောင်းဖြစ်ပြီး မြောက်ဦးခေတ် ရှေးဟောင်းသမိုင်းဝင် ခေါင်းလောင်းလည်းဖြစ်သည်။ ရှေးဟောင်း သမိုင်းဝင် ယတြာခေါင်းလောင်း အား မဟာမုနိဘုရားကုန်းတော်၌ မြှုပ်နှံထားခြင်းဖြစ်ပြီး မြှုပ်နှံထားသည့် နေရာကို သိသူမှာ မဟာမုနိဂေါပကအဖွဲ့ဝင်ဟောင်း အသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင်ဖြစ်သည်။ ရခိုင့်နိုင်ငံတော်ကို…
-

မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီး
မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီး ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် KIA ၏ထိုးစစ်အားလုံး ပြန်စတင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က ယနေ့ နံနက်ပိုင်း တိုက်ခိုက်မှု တစ်ရပ်လုပ်ဆောင်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က တိုက် ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ် ဆင်ရေးအတွင်း စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီးနှင့် K 8W တိုက်လေယာဉ် ၁…
-

ဝန်းသိုတွင် ခမရ ၁၂၀ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်
ဝန်းသိုတွင် ခမရ ၁၂၀ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်စဉ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လွင်ကိုကိုထွန်း(ခ)အောင်ကိုကိုလွင်က ကိုယ်လွတ်ရုန်းထွက်ပြေးဟု စစ်သုံ့ပန်း တပ်ကြပ်ကြီး ဇော်လင်း ဝန်ခံထွက်ဆို စစ်သားအလောင်း ၉ လောင်းနှင့်အတူ ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ၇ ဦးကို ဥပဒေနှင့်အညီ ထိန်းသိမ်းထား စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၁၂၀ စစ် ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး လွင်ကိုကိုထွန်း(ခ)အောင်ကိုကိုလွင်က ကိုယ် လွတ်ရုန်းထွက်ပြေးသွားကြောင်း စစ် သုံ့ပန်း တပ်ကြပ်ကြီး ဇော်လင်းက ဝန်ခံထွက်ဆိုသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ ဝန်းသိုမြို့နယ် အခြေစိုက် ခမရ…
-

ဆင်ဖြူကျွန်းပေါ်က စစ်စခန်းတွေကို သိမ်းပိုက်မှာဖြစ်တာကြောင့် မြို့နေလူထုအားလုံး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ စလင်းပကဖထုတ်ပြန်
ဆင်ဖြူကျွန်းပေါ်က စစ်စခန်းတွေကို သိမ်းပိုက်မှာဖြစ်တာကြောင့် မြို့နေလူထုအားလုံး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ စလင်းပကဖထုတ်ပြန် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာရှိတဲ့ ဆင်ဖြူကျွန်းမြို့ပေါ်က စစ်အုပ်စုစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ရွှေ့ပြောင်းကြဖို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖက ဒီဇင်ဘာ ၂၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ဆင်ဖြူကျွန်းမြို့နယ်နေ ပြည်သူတွေအနေနဲ့ ဒီနေ့မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်းမှာ စလင်းမြို့နယ်ကို ရွှေ့ပြောင်းကြဖို့နဲ့ခရီးငွားတွေ ပြည်သူတွေအနေနဲ့လည်း စစ်ယာဉ်တန်းတွေအနီးက ကပ်မလိုက်ဖို့ စလင်း -(ပကဖ) ဆိုထားပါတယ်။ “ပြည်သူတွေ အချိန်မှီရွှေ့ပြောင်းနိုင်ဖို့နဲ့ စကမ ယာဉ်တန်းများနဲ့ အနီးကပ်မလိုက်ကြဖို့ သတိပေးချင်ပါတယ်“လို့ စလင်းပကဖ တာဝန်ရှိသူက ပြောပါတယ်။ စစ်အုပ်စုတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်ကစပြီး…
-

ပြည်သူတွေက သူ့ကို မြန်မြန်သေဖို့ ဆုတောင်းတာ သိတယ်လို့ ဇော်မင်းထွန်း ဝန်ခံ
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဇော်မင်းထွန်း တစ်ယောက် ကျန်းမာရေး အသည်းအသန် ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူတွေက ဒါဟာ ကောလာဟလ မဟုတ်ဘဲ တကယ်ဖြစ်လာဖို့ကို တစ်ခဲနက် ဆုတောင်းခဲ့ကြတာပါ။ ဒီအခြေအနေကို ဇော်မင်းထွန်းက “တချို့လည်း မေတ္တာပို့တာပေါ့နော်။ မြန်မြန်သေအေးတာပဲ ဆိုပြီးတော့” လို့ ရယ်ကျဲကျဲနဲ့ တုံ့ပြန်ခဲ့ပါတယ်။ “ပုံမှန်အားဖြင့်အားဖြင့်တော့ နိုင်ငံခေါင်းဆောင်ကောင်းတွေ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတွေထွက်လာရင် စိုးရိမ်ပူပန်ပေးကြတာ ထုံးစံဖြစ်ပေမယ့် ဇော်မင်းထွန်းအတွက်တော့ မပါပါဘူး”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။