Category: News
-

ပြည်သူတွေက သူ့ကို မြန်မြန်သေဖို့ ဆုတောင်းတာ သိတယ်လို့ ဇော်မင်းထွန်း ဝန်ခံ
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဇော်မင်းထွန်း တစ်ယောက် ကျန်းမာရေး အသည်းအသန် ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူတွေက ဒါဟာ ကောလာဟလ မဟုတ်ဘဲ တကယ်ဖြစ်လာဖို့ကို တစ်ခဲနက် ဆုတောင်းခဲ့ကြတာပါ။ ဒီအခြေအနေကို ဇော်မင်းထွန်းက “တချို့လည်း မေတ္တာပို့တာပေါ့နော်။ မြန်မြန်သေအေးတာပဲ ဆိုပြီးတော့” လို့ ရယ်ကျဲကျဲနဲ့ တုံ့ပြန်ခဲ့ပါတယ်။ “ပုံမှန်အားဖြင့်အားဖြင့်တော့ နိုင်ငံခေါင်းဆောင်ကောင်းတွေ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတွေထွက်လာရင် စိုးရိမ်ပူပန်ပေးကြတာ ထုံးစံဖြစ်ပေမယ့် ဇော်မင်းထွန်းအတွက်တော့ မပါပါဘူး”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
-

စစ်အုပ်စုက အသစ်ဖွင့်လိုက်သည့် MRTV နှင့် MRN သတင်းပေ့ချ်များကို Facebook က ထပ်မံဖယ်ရှားခဲ့ပြန်
အကြမ်းဖက်စစ်အုပ်စုက ယခုဒီဇင်ဘာလအတွင်းတွင်မှ အသစ်ဖွင့်လိုက်သော MRTV နှင့် MRN သတင်းပေ့ချ်များကို Facebook က ထပ်မံဖယ်ရှားလိုက်ပြန်သည့်အတွက် ယင်းသည် မြန်မာစစ်အုပ်စု ဝါဒမှိုင်းဖြန့်ယန္တရားအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ကြောင်း Justice For Myanmar အဖွဲ့က ယနေ့ထုတ်ပြန်သည်။ Facebook သည် MITV နှင့် ရတနာပုံသတင်းစာတို့၏ စာမျက်နှာများကို အစောပိုင်းကတည်းက ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း YouTube၊ Twitch နှင့် Kick တို့က ၄င်းတို့ပလက်ဖောင်းပေါ်ရှိ အဆိုပါ MRTV တိုက်ရိုက်ထုတ်လွှင့်မှုများအား ပိတ်ပင်မှုများ ရှိလာခဲ့ပြီးနောက်တွင် Facebook က ယခုကဲ့သို့ MRTV နှင့် MRN စာမျက်နှာအသစ်များကိုပါ ထပ်မံဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ Facebook ၏ မိခင်ကုမ္ပဏီ Meta သည် ၂၀၂၁ ခုနှစ်မှစတင်၍…
-

ပုဂံ၊ ညောင်ဦးမှာ ဧည့်သည်နှစ်ဦး ထပ်မံပျောက်ဆုံးနေ
ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့ကို အလည်လာတဲ့ ဧည့်သည်ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးနေကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားအနီးက Zfreeti Hotel မှာ တည်းခိုနေတဲ့ ဇနီးမောင်နှံဟာ မနေ့က ဒီဇင်ဘာ ၂၃ ရက် မနက် ၉ နာရီခန့်က ပုပ္ပါးတောင်ဘက်သွားမယ်ဆိုပြီး ငှားထားတဲ့ ဆိုင်ကယ်နဲ့ ထွက်သွားရာကနေ ဟိုတယ်ကို ပြန်ရောက်မလာတော့ဘဲ ဒီကနေ့ (ဒီဇင်ဘာ ၂၄ရက်) ညနေပိုင်းအထိ အဆက်အသွယ်မရတော့တာဖြစ်ကြောင်း ဆွေမျိုးသားချင်းတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။ “၂၃ရက်နေ့မနက် ၉နာရီလောက်မှာ ပုပ္ပါးဘက်သွားမယ်ဆိုပြီး လင်မယားနှစ်ယောက် ဆိုင်ကယ်ငှားပြီး ထွက်သွားကြပါတယ်။ ယနေ့ ၂၄ရက် ယခု Post တင်တဲ့အချိန် 6:21 pm အထိ အဆက်အသွယ် မရသေးပါရှင် ဟိုတယ်ကနေ ထွက်သွားတာပါ”လို့ ၎င်းက ရေးသားထားပါတယ်။…
-

လူမိုက်ထွဋ်ခေါင် ဓားတင်မြင့် ( သို့မဟုတ် ) ဇိုးတင်မြင့်
ဒီတစ်ကြိမ်မှာတော့ သူ့ကို သာကေတ မြို့မရဲစခန်းနဲ့ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတို့ပူးပေါင်း အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့ဝင်ကိုသတ်ခဲ့တဲ့အမှု့အတွက် တင်မြင့်ကို ပဲခူးစစ်ခုံရုံးတင်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကို ချမှတ်ခဲ့တော့တာပါပဲ။ “ဓါးတင်မြင့် ရဲ့ နောင်တ” မြန်မာနိုင်ငံ၏ နာမည်ကျော် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းြ ဖစ်သည်။ သေဒဏ်ပေးခံရသော အကျဉ်းသားများကိုသာ သီးသန့်ထားသည့် ကြိုးတိုက် အဆောက်အဦးအတွင်း၀ယ် လူတစ်ယောက်သည် ခေါင်းကိုငိုက်စိုက်ထိုင်လျက်သတင်းစာဖြတ်ပိုင်းတစ်ခုကို စိုက်ကြည့်နေ၏ ။ သတင်းစာဖြတ်ပိုင်းကို ငုံ့ကြည့်နေသူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် သမံတလင်းပေါ် ထောက်ထားသည် ။ အသေအချာကြည့်မည်ဆိုပါက အံကို တင်းနေအောင်ကြိတ်ထားပြီး သူ့မျက်၀န်းအတွင်း မျက်ရည်များေ၀့သီနေသည်ကို တွေ့ကြရလေမည် ။ ထိုသူကား ဓါးတင်မြင့် ။ မှန်ပါသည် ။ လူသတ်မှု ၊ လုယက်မှုပေါင်းများစွာကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ ၊ အကျဉ်းထောင်များမှ…
-

နတ်ရေကန်အနီးစစ်ကြောင်းက တပ်သား ၃ ဦးလက်နက်တွေနဲ့ဘက်ပြောင်းလာ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းရှိ ရခိုင်ရိုးမပေါ်က နတ်ရေကန်တောင်ဗျူဟာစခန်းအနီးမှာ ရောက်ရှိနေတဲ့ ရှေ့တန်းစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာခဲ့တယ်လို့ CDF-Asho က ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ နတ်ရေကန်တောင်ခြေအောက်ရှိ ပဇီကျေးရွာအနီးကို ရောက်ရှိနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းက တပ်သား ၃ ဦးဟာ CDF-Asho နဲ့ ချိတ်ဆက်ပြီးတော့ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၉ ရက်တို့မှာ ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။ “(တပ်သား ၃ ဦး)က စခန်းကမဟုတ်ပါဘူး။ ပဇီရွာအနီး ရှေ့တန်းစစ်ကြောင်းကပါ။ (သူတို့ကို) မဖမ်းပါဘူး။ ကြိုတင်ဖုန်းဆက်ကြပြီးမှ ထွက်လာကြတာမျိုးပါ။ လက်ရှိတော့ လုံခြုံတဲ့စခန်းတနေရာကို ပို့ထားပေးပါတယ်” လို့ CDF-Asho မှတာဝန်ရှိသူတဦး ကပြောပါတယ်။ ဘက်ပြောင်းလာသူ ၃ ဦးမှာ…