Category: News
-

နတ်ရေကန်အနီးစစ်ကြောင်းက တပ်သား ၃ ဦးလက်နက်တွေနဲ့ဘက်ပြောင်းလာ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းရှိ ရခိုင်ရိုးမပေါ်က နတ်ရေကန်တောင်ဗျူဟာစခန်းအနီးမှာ ရောက်ရှိနေတဲ့ ရှေ့တန်းစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာခဲ့တယ်လို့ CDF-Asho က ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ နတ်ရေကန်တောင်ခြေအောက်ရှိ ပဇီကျေးရွာအနီးကို ရောက်ရှိနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းက တပ်သား ၃ ဦးဟာ CDF-Asho နဲ့ ချိတ်ဆက်ပြီးတော့ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၉ ရက်တို့မှာ ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။ “(တပ်သား ၃ ဦး)က စခန်းကမဟုတ်ပါဘူး။ ပဇီရွာအနီး ရှေ့တန်းစစ်ကြောင်းကပါ။ (သူတို့ကို) မဖမ်းပါဘူး။ ကြိုတင်ဖုန်းဆက်ကြပြီးမှ ထွက်လာကြတာမျိုးပါ။ လက်ရှိတော့ လုံခြုံတဲ့စခန်းတနေရာကို ပို့ထားပေးပါတယ်” လို့ CDF-Asho မှတာဝန်ရှိသူတဦး ကပြောပါတယ်။ ဘက်ပြောင်းလာသူ ၃ ဦးမှာ…
-

သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်
စစ်ခေါင်းဆောင်လာမည်ဟုဆိုကာ သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်၍ လုံခြုံရေးတင်းကြပ်ထား ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၌ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေပြီး စစ်ကော်မရှင်တပ်နှင့် ရဲများမှဧည့်စာရင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မည်ဟုဆိုကာ သန်လျင်မြို့နယ်အတွင်း၌ နံနက်အစောပိုင်းမှစတင်ကာ စစ်ကော် မရှင်တပ်ဖွဲ့နှင့် ရဲများမှ ဧည့်စာရင်းဝင်ရောက်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ “မနက်က သန်လျင်အောင်ချမ်းသာထဲကို ဧည့်စာရင်းဝင်စစ်သွားတယ်။ ရွေးကောက်ပွဲကြောင့်လို့ထင်နေတာ ဟိုဂျပု(စစ်ခေါင်းဆောင်)လာမယ်လို့နောက်မှ သိရတာ။ ဘေးတွဲတွေလည်း အပြင်မထွက်ရဲဘူး။ ရပ် ကွက်တွေထဲထိ လိုက်ဖမ်းနေတာ”ဟု အောင်ချမ်းသာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်ထဲရှိ ရေနံရပ်ကွက်၊ အောင်ချမ်းသာ၊ ညောင်သုံးပင်စသည့် ရပ်ကွက်အနီးတစ်ဝိုက်ကို အင်အားအများအပြားဖြင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးသွားခြင်းဖြစ်သည်။ ထို့အပြင် သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများပြတ်တောက်ကာ အင်တာနက်လိုင်းများလည်း ယာယီပြတ်တောက်ခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။ “ဘယ်အချိန်ကတည်းက…
-

ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်
ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ် မန္တလေးတိုင်း ၊ ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားကိုတားပြီး ပြန်ပေးဆွဲမှုဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။ စစ်တပ်လက်ဝေခံပျုစောထီးတွေပါဝင်တဲ့လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ လ ၁၉ရက် နေ့ခင်းပိုင်းမှာ အိမ်စီးကားနဲ့ ဘုရားဖူးထွက်လာတဲ့ မိသားစုတစ်စုကိုပြန်ပေးဆွဲခဲ့တာပါ။ “ဖြစ်စဉ်ကတော့မှန်တယ်” လို့ ပုဂံမြို့ခံတစ်ဦးကပြောပါတယ်။ ပြန်ပေးဆွဲပြီးနောက် ပုဂံ-ချောက်ကားလမ်းဘက်ခေါ်ဆောင်သွားပြီး ကျပ်သိန်းငါးထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တာပါ။ ညှိနှိုင်းမှုအရပြန်ပေးဆွဲခံရသူတွေဘက်ကကျပ်သိန်း၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးရပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။ အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ ပျုစောထီးအဖွဲ့ဟာ ပုဂံအနီးတဝိုက်မှာ ကျင်လည်ကျက်စားနေတာလို့ ဒေသခံအချို့က ပြောပါတယ်။ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တဲ့ စေတနာကြီးဘုရားက ပုဂံမြို့သစ်နဲ့ တစ်မိုင်ခန့်သာဝေးပြီး ခရီးသွားမရှိဘဲ လူသွားလူလာပြတ်တဲ့နေရာတစ်ခုပါ။ ဆက်စပ်သတင်း ပုဂံကို အိမ်စီးကားနဲ့ လုံးဝ မလာကြပါနဲ့တော့
-

ဘွဲ့ရလူငယ်များစာရင်း အချိန်မီပေးပို့ရန် စစ်ကောင်စီဝန်ကြီး အမိန့်ပေး
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘွဲ့ရလူငယ်တွေ စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပို့ပေးဖို့ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အမိန့်ပေး ညွှန်ကြားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မနေ့ နေ့လယ်က နေပြည်တော် MGallery ဟိုတယ်မှာ ပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေး ဦးစီးကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။ “ဘွဲ့ရလူငယ်စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပို့ပေးဖို့ ပြောတယ်။ စာရင်းတောင်းတယ် ဆိုတာထက် အမိန့်ပေးတာ။ ဒီလူငယ်တွေက ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရမှာဆိုတော့ ဘာမှပြန်မပြောဘူး။ စစ်ဘက်ကကြားရတဲ့ သတင်းတွေအရတော့ ဘွဲ့ရတွေကို စစ်ဘက်က နည်းပညာပိုင်းမှာ စစ်မှုထမ်းခိုင်းမယ်လို့ ပြောနေကြတယ်။ အရင်က…
-

ဂုတ်ကြီးကျေးရွာကို AA နှင့် ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာရဲ့ ကာကင်းစခန်းတည်ရှိတဲ့ ဂုတ်ကြီးစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ပြီး ဂုတ်ကြီးကျေးရွာက အစိတ်အပိုင်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ AA နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “ဂုတ်ကြီးကျေးရွာကို ပူးပေါင်းတပ်တွေက ပြန်ပြီးတော့ ထိန်းချုပ်ထားပြီးပါပြီ။ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တာကြောင့် တချို့နေရာတွေကို ဆုံးရှုံးလိုက်ရတာတွေ ရှိပေမဲ့ တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်ပြီးတော့ သိမ်းပိုက်လိုက်တာ။ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အတော်လေးကို အထိနာပြီးတော့ ဖရိုဖရဲနဲ့ ပြန်ဆုတ်သွားရတယ်။ အလောင်းတွေ၊ လက်နက်တွေကိုလည်း အများအပြား သိမ်းဆည်းရမိခဲ့တာ ရှိတယ်။” စစ်ကောင်စီဟာ…