Category: News
-

CDM ဆရာမနှင့်ခင်ပွန်းအား သတ်ဖြတ်ခဲ့သူ ၄ ဦးကို ဖမ်းဆီးရမိဟု KNU ထုတ်ပြန်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာမှ CDM ကျောင်းအုပ်ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ တာဝန်ခံဖြစ်တဲ့ CDM ကျောင်းအုပ်ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ပုလောမြို့နယ်၊ ဆားခဲရွာ၊ နေအိမ်မှာ ဒီဇင်ဘာ ၁၆ ရက် မနက် ၁ နာရီလောက်မှာ အသတ်ခံခဲ့ရတာပါ။ ပြစ်မှုကျူးလွန်သူတွေဖြစ်တဲ့ မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်နဲ့ မောင်ဝင်းစိုး တို့ဟာ ဒီဇင်ဘာ ၁၃ ရက်က KNU တပ်ရင်း (၇) တပ်ခွဲ (၅) အချုပ်ခန်းထဲမှ ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ…
-

ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး ဗုံးပေါက်
ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရဲ့ ရန်ကုန်တိုင်းရုံး အနီးမှာ ဒီဇင်ဘာ ၂၁ ရက် မနေ့ည ၇ နာရီခွဲက ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ည ၇ နာရီခွဲက ရန်ကုန်တိုင်း ပြည်သူ့ပါတီရုံးခန်း အဆင်းအတက်လှေကားဘေးက တိုက် ၂ လုံးကြားမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုပြင်းထန်ကြောင်း မြို့ခံတယောက်က ပြောပါတယ်။ “ဗုံးပေါက်တာ အတော်ပြင်းတယ်။ ညဘက်ပေါက်တော့ လူထိခိုက်မှုတော့ မရှိဘူး။ အဆောက်အအုံက မှန်တွေတော့ ကွဲကုန်တယ်။ စစ်တပ်ရော၊ ရဲရော ရောက်လာပြီး ပန်းဆိုးတန်းတလျှောက် ပိတ်ဆို့ပြီး ကားတွေရော လူတွေရော စစ်ဆေးတယ်။” ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ လူထိခိုက်တာ မရှိပေမဲ့ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်နဲ့ ရပ်ထားတဲ့ မော်တော်ယာဥ်တချို့ ပျက်စီးသွားတယ်လို့ ပြည်သူ့ပါတီဝင်တယောက်က ပြောပါတယ်။ “ဗုံးပေါက်တာ မှန်တယ်။…
-

Justice For Myanmar ၏ လုပ်ရပ် စစ်ကော်မရှင်၏ အရှိုက်ကိုထိပြီး ပြည်သူများကြိုဆို
အကြမ်းဖက်စစ်အုပ်စု၏ အွန်လိုင်းဝါဒဖြန့် စစ်ဆင်ရေးများသည် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများ၏ တစ်ပြိုင်နက်တည်း အရေးယူဆောင်ရွက်မှုကြောင့် အကြီးအကျယ် အထိနာသွားခဲ့ပြီး ၎င်းတို့၏ အွန်လိုင်းခံစစ် ကျိုးပျက်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ Twitch၊ Facebook နှင့် YouTube အပါအဝင် နည်းပညာကုမ္ပဏီကြီးများသည် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်ချိရေး အကောင့်များကို ဖယ်ရှားခဲ့ရာ အဆိုပါ လုပ်ရပ်အပေါ် စစ်အုပ်စုအတွက် ဝါဒဖြန့်သူများက Justice For Myanmar (JFM) အဖွဲ့အား ဝေဖန်ကာ ဒေါသူပုန်ထလျက်ရှိသော်လည်း ပြည်သူလူထုကမူ ဝမ်းမြောက်စွာ ကြိုဆိုနေကြသည်။ “ကျော်နု (ကျော်မျိုးမင်း) တို့အဖွဲ့ပိုဆိုးတယ်။ ဆွေ့ဆွေ့ခုန်နေကြတယ်။ ပြည်သူတွေရဲ့ နားမျက်စိကို ပိတ်လိုက်တယ်လို့တောင် ပြောလိုက်သေးတယ်။ သူတို့အလှည့်လဲ ဘယ်တော့လာမလဲမသိဘူး။ တကယ်က သူတို့က ပြည်တွင်းထဲမှာနေပြီး မြေပြင်အခြေအနေတွေကို တိတိကျကျ မပြောပေးဘူး။ ရိုင်းရိုင်းပြောရရင် ဘောလိုက်မနေတာက…
-

သစ်ဖုလတောင်စစ်စခန်းက စစ်သားအလောင်းအများအပြားတွေ့ရှိ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရာ စစ်သားရုပ်အလောင်းတွေ အများအပြားတွေ့ရှိတယ်လို့ စုံစမ်းသိရပါတယ်။ ဒီဇင်ဘာ ၂၁ ရက် မှာ နယ်မြေရှင်းလင်းစဉ် စစ်သားရုပ်အလောင်းတွေနဲ့ ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်သုံ့ပန်းအချို့ထပ်မံဖမ်းမိခဲ့ပါတယ်။ ကောလင်းမြို့နယ်ထဲက စစ်တပ်ရဲ့စခန်းတချို့ကို PDF ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၁၉ ရက် ညမှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စခန်းကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကြားကနေ ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ၂၁ရက်မှာလည်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပေမယ့် နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ စစ်သားအလောင်းတွေအများအပြား တွေ့ရှိရတာဖြစ်ပါတယ်။ “သူတို့ကဘန်ကာကိုအခိုင်အမာဆောက်ပြီး အဲဒီထဲကနေ ခုခံတာ။ မနေ့ကရော၊ညကပါ တိုက်ပွဲတွေဆက်ဖြစ်ပြီး ဒီနေ့ နယ်မြေရှင်းလင်းရေးလုပ်တယ်။ စခတွေ (စစ်သားတွေ)အသေများတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ်တဦးကလည်း “အသေက များပေမယ့် ဘယ်လောက်လဲဆိုတာ သေချာမသိရဘူး။ အဲဒီတပ်စခန်းမှာတော့…
-

ကောလင်းတိုက်ပွဲကို စစ်ကူလာတဲ့တပ်ရင်းကို PDF တွေကြားဖြတ်တိုက်ခိုက်
ကောလင်းတိုက်ပွဲကို စစ်ကူလာတဲ့တပ်ရင်းကို PDF တွေကြားဖြတ်တိုက်ခိုက်၊ ၃ ဦးသေဆုံး ၇ ဦးဖမ်းမိ ကောလင်းတိုက်ပွဲကို စစ်ကူပို့တဲ့ ဝန်းသိုမြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူ းပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိထားပါတယ်။ ဝန်းသိုမြို့နယ်၊အခြေစိုက် ခမရ (၁၂၀)တပ်ရင်းကနေ ကောလင်းမြို့ဘက်ကိုဦးတည်ထွက်ခွာလာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းကို ကောလင်းခရိုင်တပ်ရင်း (၄)နဲ့ပူးပေါင်းစစ်ကြောင်းတွေကဒီဇင်ဘာလ၂၁ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ခမရ(၁၂၀)က တပ်မ(၃၃) လက်အောက်ခံတပ်ရင်းဖြစ်ပါတယ်။ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင် ဖမ်းမိကာသေနတ် ၁၀ လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်း နိုင်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ကောလင်းမြို့နယ်ထဲက စစ်တပ်ရဲ့ အဓိကစခန်းတချို့ကို PDFတပ်ရင်းတွေနဲ့ ပူးပေါင်းတပ်တွေ ဒီဇင်ဘာလ၁၉ရက်နေ့ညမှာ စတင် တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်က…